Saturday, January 22, 2011

ကဗျာ မသေ...ကဗျာဆရာ မသေ

ပထမ ဆုံး လက်ဆောင် ရဖူးတဲ့  ကိုယ် ပိုင် စာ အုပ်ကလေး က
ဆရာ ဦးတင်မိုး ရဲ့ 
`ထီးကလေး နဲ့ မနီ´ကလေး ကဗျာ စာအုပ်ကလေး....။
စာအုပ်ပေါ်မှာ ဖေဖေ့ လက်ရေးစောင်းစောင်း
လေးတွေ နဲ့ 
`
သမီး..နီ ´ အတွက် လို့ ရေး ထားတယ်..။
ဆရာ ပေါ် ဦးသက်ရဲ့ 
သရုပ်ဖော် လက်ရာ
ဆံ ရစ်ဝိုင်း ကလေးနဲ့ နှုတ်ခမ်း ထူထူ မနီ ကလေး က
ထီး ကလေး ကို ဆောင်း
လို့ မူမူ ရာရာ...။


ကိုယ်နဲ့ နံမယ်တူမို့ ထီးကလေး နဲ့ မနီလေး ဟာ ကိုယ့် ရဲ့  သူငယ်ချင်းလို ...
ညီအမလို ကို စွဲစွဲ
လန်းလန်း ...။

ဒီ စာ အုပ်ကလေး ရတဲ့ အချိန်က ကိုယ်က ၄-၅နှစ်အရွယ် ဖြစ်လိမ့်မယ်..။
စာတွေ ဘာတွေ
မဖတ်တတ် သေး ပေမယ့် လူကြီး တွေ ဖတ်ရွတ်ပြလို့ နှုတ်တိုက် ရနေတော့ ခပ်တည်တည် ကဗျာ စာအုပ်ရှေ့ ချပြီး... သရုပ်ဖော်ပုံ လေးတွေ ကြည့် ရ
င်း
သံကုန် အော်ဟစ် ရွတ်ဆိုရင်း ကျေနပ် ပျော် ရွှင် လို့...။

စာဖတ်တတ်တဲ့ အရွယ်မှာ ဖေဖေက နောက်ထပ် ကဗျာစာအုပ် ကလေး တအုပ်
ဝယ်လာ
ပေး ပြန် တယ်...။ ဆရာ ဦးတင်မိုးရဲ့ `ပူစီ ´ ကဗျာ စာအုပ် ကလေး..။
ဒီ
တခါ တော့ `သမီးများ အတွက်´လို့ စာတမ်း ထိုးထားလေတယ်..။



ပူစီ စာအုပ် ကလေးရဲ့  အတွင်း
မျက်နှာဖုံး လေးမှာက ချစ်စရာ ကြောင်ကလေး(၅)ကောင် ပုံလေးလည်း ပါတော့ကိုယ်တို့ ညီအမတွေ တယောက် တကောင်စီ ခွဲတမ်းချရင်း သဘောကျ နှစ်ခြိုက်နေပြန်ရော......။




အား အား ရှိ ရင် ကြမ်းပြင် ပေါ် မှာ ၀မ်းလျားမှောက် ရင်း.. စာ ရွက်ဗြောင် တထပ်နဲ့ခဲတံ တချောင်း ကို ကိုင်ရင်း ၊ စိတ်ကူး တည့် ရာ ပုံပြင် ဇာတ် လမ်းမျိုးစုံ ဖန်တီး ပြီး ..ပါးစပ်ကလည်း ရွှီး..လက်ကလည်း သရုပ်ပေါ်အောင် ပုံတွေ ဆွဲ ရင်း ညီမငယ်လေး တွေ ကို ထိန်းတတ်တဲ့ ကိုယ့် အတွက် တော့..ပူစီ လေးဟာ ရတနာသိုက်ကြီးပေါ့...။

စာမဖတ်တတ်သေးတဲ့  ညီမငယ်လေး တွေ ကို ကဗျာတွေ ရွတ်ပြ ...အမူအရာ တွေ လုပ်ပြနဲ့ ကလေး ထိန်း နည်း တမျိုး တိုးရင်း...ပျော် ပျော် ရွှင် ရွှင်...။

ပူစီ စာအုပ်ကလေး ရဲ့  အစ စာမျက် နှာ မှာ...ကလေးတို့ အတွက် ဦးဦး ရဲ့  လက် ဆောင်ဆိုပြီး အမှာစာ ရေးထားတဲ့ ဦးဦး တင်မိုး ဆိုတာကို မြင်လည်း မမြင်ဘူး ပါဘဲ နဲ့ ရင်းရင်း နှီးနှီး ကို ဖြစ်လို့..။

သူ့ ဇာတ် လိုက် မနီကလေးတို့..ပူစီ ကလေး(ကတုံးမလေး)တို့...မနှင်း ကလေးတို့ ..မပန်းဖြူ ကလေးတို့
...
ရပ်ထဲ ရွာထဲ ပါးစပ်ပြဲတဲ့....ဒေါ် ဘု မ ..တို့ ဆိုတာ ကိုယ်တို့ ကစားဖော် တွေ..မိတ် ဆွေ တွေ ကို ဖြစ်လို့...။
တကယ် တော့ ကိုယ်တွေ တင် မက မြန်မာ ပြည် တနံတလျားက ၁၉၆၀ နောက်ပိုင်း မွေးတဲ့ ကလေး တော် တော် များများ ဟာ ဆရာဦးတင် မိုးရဲ့  ကလေး ကဗျာ သြဇာရိပ် ရဲ့  ထွေးပွေ့  မှုနဲ့ မကင်း ကြ ..။

လူတန်းစား အလွှာ အသီးသီးရဲ့  ကလေးငယ် တွေ ဟာ စကားသင်စတတ်စ အရွယ်မှာဆရာ့ ရဲ့ 

` ယုန်ကလေးက နားရွက် ထောင် ..ပညာ ရှိ ယောင် ယောင် ´ ဆိုတဲ့ ကဗျာ လေး ကို

အမူ အရာနဲ့  ရွတ် ဆို ရင်း ကြီး ပြင်း ခဲ့ ကြ..။

``က..ကလေးငယ် ...ချစ်စဖွယ် ´´ နဲ့ မြန်မာစာ ကို စသင် ခဲ့ ကြရတာဘယ်သူ ငြင်း နိုင် မလဲ ..နော်။

သူ့ ကလေးကဗျာ လေးတွေ ရဲ့  သြဇာ သက်ရောက် မှု အနေနဲ့ ကိုယ့် အတွေ့ အကြုံ တခု ဆို ရင်...

ဘတ်စ်ကား စီးလို့ ရထားစီးလို့ ခရီးသွားတိုင်း ကိုယ် ထိုင်စရာ နေရာ ရ ပေမယ့် နေရာဖယ်ပေးသင့် သူတွေ ကို တွေ့ လို့ ဖယ် ပေးမိတိုင်း ..ဆရာ့ ရဲ့ ကလေးကဗျာလေးတပုဒ် ကို သတိရမိ တယ်..။

နေရာ ကြပ် လို့ မတ်တပ် ခို
အဖိုး အဖွား အို..
ရို ရို သေသေ နေရာ ပေး
သာဓု သာဓု မွှေး..။


ကိုယ် လေး လက်ဝန်
သားသယ် အမေ
နေရာ ပေး ပါ လေ..။

ကလေး တွေ ကို ညှာသနား
ပွေ့ ချီ ပေး ပါလား...။


ခရီးသွားခြင်း အတူတူ
ဝိုင်း လို့ ၀န်းလို့ ကူ
ဆူဆူ ညံ ညံ မလုပ်ကောင်း
ဟီး နိုးကားကြီး မောင်း..
ဂျောင်း...ဂျောင်း ...ဂျောင်း...................ဆိုတဲ့  ကဗျာ လေးပါ..။

ငယ်ငယ် က အသံသာသာနဲ့ မို့ ... ရွတ် ဆို ကောင်းကောင်း နဲ့ ရွတ် ဆိုရုံကနေ...

စိတ်ထား ကောင်း လေးတွေ စိမ့်ဝင်နေစေခဲ့တာ ကို အံ့သြတကြီး ပြန် တွေ့လိုက်ရတော့ ....။ အော်...ကလေးကဗျာတပုဒ် ရဲ့  ကလေးတယောက် အပေါ် စိမ့်ဝင် သက်ရောက်မှုဟာ

အစွမ်းထက် လှပါလား...လို့ တွေးမိတယ်..။

နောက် ပိုင်း ကျောင်းပြီး လို့ ရန်ကုန် မှာယောင်ခြောက် ဆယ်လုပ်နေတဲ့ ကိုယ့် ကို အိမ်က
နယ်ပြန်ပြီး မူလတန်းပြ ဆရာမ ၀င် လုပ်စေ ဆိုတော့ လည်း...

ဆရာဦးတင်မိုးရဲ့  ကလေးကဗျာ ဘဏ် တိုက်ကြီးကို ရင်မှာ ပိုက်ရင်း ကိုယ့် ကလေးတွေ နဲ့ 

တပျော် တပါးရွတ်ဆိုကြတာပေါ့....။

ကလေးတွေ့ တကိုယ် ရေသန့်သန့် ရှင်းရှင်း နေတတ်ဖို့ပြောရင်း

ဆရာ ရဲ့  `နတ်သမီးကချစ်လိမ့်မယ်´ ဆိုတဲ့ ကဗျာ လေး ကိုရွတ်ဆိုဖို့သင်ပေး လိုက် တော့

နောက်တနေ့ မှာ..ခေါင်းမွေးစုတ်ဖွားကလေးတွေ ကလည်း ...ဆံပင်လေးတွေ သပ်သပ်ရပ် ရပ်ဖီးသင်လို့...။

သူတို့ ရဲ့ တိတိရိရိ သပ်သပ်ရပ်ရပ် လက်သည်း ညှပ် လာတဲ့ လက်ကလေးတွေ ကိုလည်း...

ကိုယ့်ကို တယောက်ပြီးတယောက် လာပြလို့ မဆုံး...။

ကိုယ့်မျက်လုံးထဲ မှာ ငယ်ငယ်က ကဗျာစာအုပ်ကလေးထဲ က ကိုယ်တွေ စွဲ လန်းခဲ့ရတဲ့မှန်တင်ခုံနဘေးက ရပ်ကြည့် နေတဲ့ နတ်သမီး သရုပ်ဖော် ပုံကလေးကို ကဗျာ လေးနဲ့ တွဲ ပြီး မြင်ယောင်မိသေးတော့...။

ငယ်ငယ်ဘ၀တလျှောက်လုံးကဗျာ ထဲက နတ်သမီးလေး က ကိုယ့်ကို ချစ်စေချင်လို့

သူ့ ကဗျာထဲ ကလို သပ်သပ်ရပ်ရပ် နေရတာလဲ အမော...။


လက်သည်း ရှည် ရှည် မောင်ငယ်လှီးရင်

နတ်သမီး ကချစ် လိမ့် မယ်..

သပ်ရပ် ညီညီ ခေါင်းကို ဖြီးရင်
နတ် သမီး က ချစ်လိမ့် မယ်..

ဆီ မွှေးကြိုင် ကြိုင် အုန်းဆီ လူးရင်
နတ်သမီး ကချစ်လိမ့် မယ်..

မောင်လေးငယ်ငယ်..မောင်လေးငယ်..တဲ့.။

ဒါတင် မက ..`.အရုဏ်ဦးက ကြယ် နီ ဖြာ´ တဲ့  ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ကဗျာလေး တွေ ရွတ်ဆို သင်ပြရင်း..`အာဏာ အဆိပ် ထိပ်မတက်တဲ့ ´ ဗိုလ်ချုပ် အောင်ဆန်း အကြောင်းပြော ပြရင်း...

သူတို့ ရဲ့  စိတ် နှလုံး မှာ အမှန်တရားကိုချစ်စိတ်..တိုင်းပြည်ချစ်စိတ်..မဟုတ်ရင်မခံတတ်တဲ့သတ္တိ စိတ်တွေ တဖြေးဖြေး စိမ့် ၀င် ပျံ့ နှံ့ စေ ရင်း...ဆရာမ ဘ၀မှာလည်း ကလေးတွေ နဲ့ အတူတူဆရာ့ ကလေးကဗျာ

ရင်ငွေ့ လေးတွေ ကို တ၀ကြီးရှူ လို့...။

သားတယောက် အမေ ဘ၀ ကို ရောက် တော့လည်း ဆရာ့ ရဲ့ သားချော့ တေးကလေးတွေဖြစ်တဲ့
`
အမေ့ ကျောင်း ´တို့..။`လူလေးကြီးရင် ဘာလုပ်မယ်တို့..´နဲ့ ...အမေ့ရင်ခွင်မှာထိုင်ခုံ လုပ် နေရှာတဲ့ သားလေးကို...အမေ့ နှုတ်သံ တအေးအေး နဲ့ကဗျာတေးတွေ ဆိုပြရင်း အမေ့ ကြာနွယ်လက်သွယ် ပျောင်းမှာ မျက် တောင်ညောင်း လို့ အိပ် သွားရှာအောင် ချော့သိပ် လို့ ပေါ့...။

တဖြေး ဖြေးနဲ သားလေးကြီး လာတော့ သူတို့ ရဲ့  ဘ၀တွက်တာ ဆိုတဲ့ သင်ခန်းစာတခုထဲမှာ
ကဗျာဆရာ နံမယ် ဖော်ပြမခံ ရတဲ့ ကဗျာ လေးတပုဒ် ကို သွားတွေ့ တယ်..။

ဆရာဦးတင်မိုးရဲ့  `အားကစား´ ဆိုတဲ့ ကဗျာ လေးပါ...။

ကျန်စစ်သားနဲ့ ဗန္ဒု လ
ဘော လုံးကစား ကြ
ဗန္ဒု လ က နိုင် နိုင်
ကျန်စစ်သားက နိုင် နိုင်
အင် တိုက် အားတိုက် ပြိုင်
ယှဉ်ပြိုင် မှု သာ အဓိက
ခင်ခင် မင် မင် ကစားကြ
ကျန်စစ်သားက တဂိုးနိုင်
အားပေးသံ မြိုင် မြိုင်
အရှုံး အနိုင် မဆိုရ
အားကစား သာ ..အဓိက။....


ကြည့် စမ်း...။ဘယ်လောက် ချစ်စရာကောင်းတဲ့ စိတ် ဓါတ်ကလေးပါလိမ့်...။
ကလေးတိုင်း ရဲ့  ရင်ထဲကို ဒီ လို စိတ်ဓါတ် မျိုး လေးတွေ စိမ့်ဝင်သွားအောင် သင်ပေးနိုင် ရင် ဘယ်လောက်
တန်ဖိုးရှိ လိုက် မလဲ ....။ဆရာ့ကို အခါခါ ဦးညွှတ် မိပြန်ေ၇ာ...။
အိုး...ဆရာ့ ရဲ့  ကလေးကဗျာ လေးတွေ ဟာ..ကလေးတွေ အတွက်.တကယ့်ကို မွန်မြတ်တဲ့..စံပြုထိုက်တဲ့.. စိတ်ဓါတ်အခြေခံကောင်းလေးတွေ...ချစ်စရာကောင်းတဲ့....့ရိုးသားမှုတွေ.ထုံမွှမ်းလို့ပါလား....။

တိုင်းချစ် ပြည် ချစ် စိတ်တွေ..အမှန်တရားကို မြတ်နိုး တတ်တဲ့ သတ္တိတွေနဲ့ တောက်ပ၀င်းလက်လို့ပါလား...။ ရိုးရာယဉ် ကျေးမှု ရဲ့  မြတ်နိုး ဖွယ်ရာ အငွေ့ အသက် တွေ လွှမ်းခြုံ ရစ်သိုင်း လို့ ပါလား..။

ဒီ ကလေးကဗျာ လေးတွေ နဲ့  ကိုယ် တို့ ရှင်သန် ကြီးပြင်း ခဲ့  ရသလို..ကိုယ်တွေ ရဲ

့ သားသမီးတွေ ..မြေးမြစ် တွေ အထိ ဒီလို..ကဗျာလေး တွေ ကို ပျော်ပျော်ရွှင်ရွှင်သီဆိုရင်း...

ကြီးပြင်း ရှင်သန် နိုင် အောင် လက်ဆင့် ကမ်း ရဦး မယ်..။


တနေ့က လှိုင်သာယာမှာ.. အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ဒေါ်အောင် ဆန်းစုကြည် ဦးဆောင် မှု နဲ့  ဖွင့်တဲ့

` အမေ့ အိမ်´ ဆိုတဲ့ပညာဒါန စာသင် ကျောင်းကလေးတခု ဖွင့် ပွဲ လုပ်တဲ့ သတင်းကြားလိုက်ရတယ်..။

ဖွင့်ပွဲ နေ့ မှာ စေတနာ ဆရာမ တဦးက ဆရာဦးတင်မိုးရဲ့  `ကြယ်ကလေးတွေ ´ ဆိုတဲ့ ကလေး ကဗျာ

လေးနဲ့ ကလေးတွေ ကို မိတ်ဆက် သင်ကြားပေးတော့..ဖွင့်ပွဲအခမ်းအနားတက်လာတဲ့ ဦးတင်ဦးက လည်း ဒီကဗျာ ကို
ရနေပြီး.. ကလေးတွေ နဲ့ အတူ လိုက်ပါ သီဆို လို့တဲ့....။


တပ်မတော်ကာကွယ်ရေး ဦးချုပ် ဟောင်း ကြီး ဦးတင်ဦး ...။သူ့ ရဲ့ သားသမီး တွေငယ်စဉ်တုံး ကရော..

ဆရာ ဦးတင်မိုး ရဲ့  ကလေး ကဗျာ လေးတွေ ဟာသူတို့ အိမ် ရဲ့  ဆည်းလည်းသံ လေးတွေအဖြစ်

ပျော်ပျော်ရွှင်ရွှင် ရွတ်ဆိုသံလွင် ခဲ့ ပေ လေ သလား...။

ဒီ သတင်း စကား လေးကို ကြားတော့မြန်မာပြည်တလွှား လူတန်းစား အလွှာစုံ အောင် ရောက်ရှိ ပျံ့  နှံ့  ခဲ့ တဲ့ ကဗျာ ဆရာ ရဲ့ ကဗျာသြဇာ ....ကဗျာစေတနာ... လွှမ်းခြုံ ..ထုံ မွှမ်း မှုတွေ ကို... ကြက်သီးတမြ မြ ထအောင် ကြည်နူးမိ ခဲ့  ရ .ပြန်ရော....။ကလေး ရှိ တဲ့ မြန်မာ အိမ် တိုင်း လိုလို မှာ...ဆရာ့ ရဲ့  ကလေးကဗျာလေး တွေ ကို
ရွတ်ဆို သံ တွေ ပဲ့ တင်ထပ် ခဲ့ကြ မယ် ထင် ပါတယ်...။

မြန်မာ ကလေး တွေ ရဲ့  ကလေးကဗျာ ဥယျာဉ် မှူး ကြီး..ဆရာဦးတင် မိုး...အမြဲ ရှင်သန် နေဦး မှာ ပါ..။
ကဗျာ..မသေ။

ကဗျာ ဆရာ..မသေ..။