Thursday, March 31, 2011

မြေပေါ်ကြွေတဲ့ ခရေ

ဒီ မြေ ပေါ် မှာ...ဒီ ခရေ ..လေး တွေ ...အကြောင်း အမျိုးမျိုးနဲ့ ...ကြွေ....။တချို့ ကတော့ ..နင်းခြေခံ ကြ ရလွန်း လို့.... မွမွ ကြေ....။သူတို့ လည်း...မွှေးရ နံ့ သင်း တဲ့ပန်းကလေးတွေဆိုတာ....တခါတလေ...လူတွေ မေ့လျော့ နေကြပေါ...။ခရေ..ဆိုတာ...ကြွေ မှာဘဲလေ..လို့ မထူးဆန်းသလို...ပြောသူကလည်း...ပြောရဲ့ .....။
ဒါပေမယ့်....ကြွေနေတဲ့...ခရေပွင့် ကလေး တွေလည်း...ရနံမပြယ်ခင်.မှာ.....လောက ကို ...တတ်စွမ်းသမျှ ....အလှဆင်လို့..ရပါသေးတယ်..။ကြွေနေတဲ့...ခရေ လေး တွေ ကို...ကြင်ကြင်နာ နာ ကောက်ယူလို့ ဖြစ်ဖြစ် ....ကြိုးကလေး နဲ့ သီလို့ ရရင် သီလို့.ဖြစ်ဖြစ်ပေါ့လေ....။ဒီ လို မလုပ်ပေး နိုင် ရင်တောင်မှ... တမင်တကာ ဘဲ
ဖြစ်ဖြစ်...ဖာသိဖာ သာဘဲ ဖြစ်ဖြစ် တော့...မနင်း ခြေကြ ပါ နဲ့ နော်.. ..။



ဓါတ်ပုံ- သက်ဝေ ( ဖေ့ဘွတ်မှတဆင့်)


+++ +++ ++++


မြို့ ကလေး ရဲ့  ဈေး ကလေး က...ခါတိုင်း လို ဈေး ၀ယ်ဈေးသည် တွေ နဲ့ စည်ကား မနေ တာ ကြာလှပေါ့ ...။ဈေး သည် တွေ ကလည်းအေးစက် နေတဲ့ ဈေးကွက် တွေ ကြောင့်  ညည်း ညည်း တွားတွား...။တနေ့ထက် တနေ့ ၀ယ်လိုအား ကျဆင်းလာတဲ့....ဈေး ၀ယ်တွေကလည်း...သူတို့ ရဲ့ ..၀င်ငွေနဲ့ 
ထိန်းချုပ် နေ တဲ့ ကြားက ပို များ နေတဲ့...ထွက် ငွေ ကို.... သဟဇာတ မျှတအောင်.. ကြံ ရင်း ဖန်ရင်း...။ ကိုယ့် အာရုံ နဲ့ကိုယ်...တလည်လည်..။ကိုယ် လဲ ဘာဝယ် ရမလဲလို့  တောင် တောင်အီ အီ ကြည့်နေတုံး....ခပ်လှမ်းလှမ်းမှာ.....မြင်ဖူးတယ်လို့.့....့ထင်တဲ့မျက်နှာလေးတခုက.ို...မြင်လိုက်တယ်...။အသက်(၁၈)နှစ်အရွယ်..နှုတ်ခမ်းနီရဲရဲ...မိတ်ကပ်ခပ်ပြာပြာနဲ့ကောင်မလေး..တယောက်...။ဘယ်သူလေးပါ
လိမ့်  လို့  ပြန်စဉ်းစား နေတုံး... သူကလေး ကခပ်လှမ်း လှမ်း ရောက် သွားပြီ.....။သူကလေး ဘေး မှာ....အသက်ကြီး ကြီး မိန်း မကြီး တယောက် က...ဟောင်ဖွာ..ဟောင်ဖွာ..ဘာတွေ ပြောနေတာ လဲ မသိ..။ ကြည့်  နေရင်း မှာပင်... မှတ် ဥာဏ်ထဲ မှာ နံမယ် တခုက ဖျတ် ကနဲ ပေါ်လာတယ်..။


`` ခရေ...ခရေ..´´ ...ဟုတ်တယ်..။

ခရေ.... ဆိုတဲ့ ကောင်မလေး.ပါလား...။ပိန်သွား လိုက် တာ ...လို့ ရေ ရွတ်ရင်း....ကိုယ့်ခြေလှမ်း တွေ က သူတို့ ရှိရာ ဖက် ကို ခပ်သွက် သွက် လှမ်းနေမိတယ်...။သူ့ နံဘေးက..မိန်းမကြီးက...သူပြောဖူးတဲ့..သူတို့ကိုခိုင်းစားနေတဲ့အဒေါ်ကြီးများလား...။ဒီ..ကောင်မလေး....အဲဒီမိန်းမကြီး
ရဲ့  အိမ်ကို ပြန်ရောက်နေပြန်ဘီလား...။ဒါဆို...အရင်လိုဘဲ...ဘ၀ ဟောင်းထဲ တ၀ဲလည် လည် နဲ့ ....ကျင်လည် နေရပြန် ပြီပေါ့...။သူတို့ နှစ်ယောက်..လမ်း ချိုး ကလေးတခု ထဲ ကို ကွေ့ ဝင် ပျောက်ကွယ် သွားတာမြင် လိုက်မှ...ကိုယ့်ဖာ သာ ဈေးဝယ်ဖို့ ကိုတောင်... မေ့လျော့ပြီးသူတို့နောက်ကိုအမှီလိုက်နေမိတာကို သတိရ မိတယ်..။မှီသွားရင်...ကိုယ်ဘာဆက် လုပ် မှာ ..လဲ လို့ တွေး ကြည့်တော့.လည်း....ဘာ လုပ်ရ မှန်း တော့ မသိ..။သူကလေး..ဒီဘ၀ထဲ မှာ တ၀ဲလည် လည် နစ်မွန်း နေရတာ ကို မကြည့် ရက် တဲ့  စိတ် ကတော့ သေချာတယ်..။ ...ဟို ..မိန်းမကြီး လက်ထဲက နေရုန်းထွက် နိုင် ဖို့ ..ကိုယ်က.ဘယ်လို ကူ ညီ ပေး နိုင် မလဲ...။သူကလေး အနားက မိန်းမကြီးက...ဟို့ ..မိန်းမကြီး...ဟုတ်ချင်မှ ဟုတ်မှာ ပါလေ...လို့ အကောင်း မြင် စိတ်လို့ ပြောရမလား...အချောင်ခို တာဝန်မဲ့ စိတ်နဲ့ လား...ခပ်ဖော့ .ဖော့ တွေးရင်း...ကိုယ့် ကိုယ်ကို စိတ်သက်သာ ရာ ရှာ မိလိုက်တယ်...။


တနေ့ လုံး...သူ ကလေးအကြောင်း ဘဲ...ခေါင်းထဲ မှာ တရစ်ဝဲ၀ဲ....။လွန် ခဲ့ တဲ့  (၃)နှစ် က...သူက
လေးနဲ့ တွေ့  ခဲ့  အတူ နေခဲ့  ရတဲ့ ...ရက်ပိုင်း ကလေး ကို...သွားသတိ ရ မိတယ်..။အဲ ဒီနေ့ က...အဲဒီနေရာ ကို ကိုယ် ရောက်ပြီး...နာရီ ၀က် လောက် အကြာ မှာ ရောက် လာခဲ့ သူလေး...။ကိုယ် နဲ့ အသားမကျ လှတဲ့ နေရာ သစ် မှာ...သတိ ကြီးကြီး ထား ပြီး...အကဲခတ်နေတုံး...သူကလေး ကတော့...ပေါ့ ပေါ့ ပါး ပါး...ယဉ်ပါး နေကျ နေရာ တခုကို ရောက် လာရသလို...။နွမ်းကြေ နေတဲ့ အ၀တ်တထည် ကိုယ်တခုကလွဲလို့....လက်ထဲ မှာ...ဘာပစ္စည်း မှ မပါ..။အထဲ မှာ...ရောက်နှင့်ပြီးသား အမျိုး သမီး တွေထဲက..တချို့ ကသူကလေး..၀င်လာ တာ
မြင်တာ နဲ့...

`` ဟေး..ပြန် လာ ပြန်ပြီ လား´´ လို့  တရင်းတနှီး နှုတ် ဆက် လို့...။ဒီလို နေရာ မျိုး ရောက် လာတာ များ ကိုယ့် အိမ် ကိုယ့် ယာ ပြန်လာ သူတယောက် ...လိုလို..။`` ဒီတခါ...နံမယ် ဘယ်သူလဲ ဟေ့´´ လို့  လှမ်း မေး သူ ကလည်း ရှိသေး...။ သူကလေး နောက် မှာ..ကပ် ပါ လာတဲ့..တာဝန်ကျ အမျိုး သမီး ၀န်ထမ်းက..နှုတ်ခမ်း
ကို ပြုံးမဲ့  မဲ့ လုပ်ရင်း...

`` ခရေ ...တဲ့  လေ..။ခရေ.. ..တဲ့´´ လို့...ခပ်ကျယ် ကျယ် လေး ကြေ ညာ လိုက် တယ်...။

သူကလေး ကလည်း...မျောက် ကလေးတကောင် နဲ့တူ တဲ့ မျက်နှာ လေး ကို မချို မချဉ် ပြုံး ရင်း...ဆွံ့ တွန့်တွန့်
အသံ လေး နဲ့...`` ဂရေ...ဂရေ´´ လို့  သံ ယောင် လိုက် နေသေးတယ်...။


အမျိုး သမီး တသိုက် က...၀ါး..ကနဲ ရီ လိုက် ရင်း...`` အဲဒါကော...ဘယ်သူပေး လိုက် တဲ့ နံမယ် လဲ လုပ်ပါ ဦး ´´ လို့ ဆက်မေးတော့

`` ဟို..တမီး ကို ဖမ်းတဲ့...လူ ဂျီး တွေ...ပေးလိုက်တာ..ဟိ´´

တ၀ါးဝါး တဟား ဟားနဲ့ ရီသံတွေ အမေး အဖြေ တွေ ကို...ကိုယ် နားမလည် ပါးမလည် ဖြစ် နေတုံး...ကိုယ့်
ဘေး နား က အမျိုး သမီး က...တိုးတိုး ပြောပြ လာတယ်...။

`` အဲဒီ ကောင် မလေးက...ညငှက် မလေး လေ..။မှောင် ရိပ် ခို မှုနဲ့ ဒီ အထဲ ကို ၀င် လိုက် ထွက်လိုက်ဘဲ..။
တခါ လာ ရင် နံမယ်က တမျိုး...ထက် ထက်ဖြစ်လိုက်...သူဇာ ဖြစ်လိုက်...ဒီတခါ တော့ ..ခရေ.. တဲ့ လေ။´´

မျက်နှာလေးက နွမ်းနေတဲ့ ခရေ ပွင့် ကလေး လို ဖြစ်နေပေမယ့်....ရွှေ ရင်သိမ်းသစ် ကိုယ်လုံး တစ်တစ်
ရစ် ရစ် ကလေး ကတော့.... ချစ်ခြင်စရာ...။ပွင့် အာစ ပန်းဖူးကလေး တဖူး ခမျာ...မပွင့် အာ ရသေး ခင်..ဘယ်သူတွေ ကများ...ခြွေ ခဲ့ ပါလိမ့်...။

ဟိုးဘက် ထောင့် က မိန်းမ ပိန်ပိန် တယောက်က...အကြောင်းသိ ပုံစံ နဲ့..`` ကဲ..ပြောပါဦး..။ဒီတခါ
ဘယ်လို ဖမ်း ခံ ထိလာ သတုံး´´ လို့ စပ်ဖြဲဖြဲ နဲ့ မေးတော့..ခရေ..က..သူ့ ရဲ့ ဆွံ့ တွန့် တွန့်  မပီမသ အသံ လေးနဲ့

`` တမီး ဖာ သာ ....မဂျီး ပင် အောက်မှာ ရပ် နေတာ ကို..အဲ ..လူဂျီး တွေ လာဖမ်း တာ ´´ တဲ့..။

`` ဟဲ့ ..နင် က ညကြီး မင်း ကြီး...မကျီး ပင် အောက် ဘာသွား လုပ်သတုံး´´
`
` ဟို...မဂျီး ရွက် ခူး ...ခူး မလို့..ဟိ..ဟိ´´

လက် သည်း တွေ ကို ပါးစပ် ထဲ အကြောင်းမဲ့  ထဲ့ ကိုက် ရင်း....ဘာ ကို မှ အလေး အနက် ခံစား ချက် မရှိ သလို...။ဝမ်း နဲ ကြေကွဲ နေ ပုံ လည်း မရ...။ ရှေ့ ရေး နောက် ရေး လဲ တွေး တော ပူ ပင် နေပုံ မပေါ်...။ဘ၀ ခါးခါး ရဲ့  ဒဏ်ရာ ဒဏ်ချက် တွေ ကို ကြုံ သလိုဘဲ ဖြတ် သန်း နေပုံ နဲ့....ခရေမလေး။


`` အဲ ဒါ နဲ့ ..သူတို့ က....ညည်းကို ...ဘယ်ခေါ်သွားလည်း...´´ မိန်းမ တသိုက်က တယောက် တပေါက် ပေါက် ပေါက် ဖောက်သလို...မေးတုံး...။သူ ကလေး ကလည်း... ရောက် တတ် ရာရာ...မခြွင်း မချန်... ဖောက်သည်ချလို့...။


`` ဟိ...အရင် နေရာ ဘဲ...ခေါ် တွား တာ ဘဲလေ..။တော် ဘီ...နောက် တခါ တူ တို့  နဲ့ တွေ့  ရင်...မဂျီး
ပင် ပေါ် တက် ပုန်း နေတော့ မယ်...´´

``ဟား...ဟား....အဲဒါ နဲ့ ..ခါတိုင်း လိုဘဲ...ဒီ ကို ပို့ လိုက် ရောလား...ဟား..ဟား..ဟား´´

`` အမယ်..ဒီတခါ...တမီး ကို ဖမ်းတဲ့ လူဂျီးတွေ က ပိုက်ဆံ ငါးရာ ..ပေးလိုက် တယ်......မုန့်ဖိုးတဲ့´´

ဆက် မကြားရက် တော့ ပေမယ့် ရှောင်ပြေးလို့ မရ တဲ့ အခန်း ကျဉ်းလေးထဲ မှာ အတိုင်းသားကြား နေရတာ တွေ က တစက် မှ စိတ် ချမ်းသာစရာ မရှိ...။တ၀ါးဝါး တဟား ဟား ရီပွဲ ဖွဲ့  နေသူ တွေကို မိန်းမသား ခြင်း ကိုယ်ချင်း မစာ ရက် လေခြင်း ရယ်လို့... ခါးခါး သက် သက် ဖြစ်နေတုံး...ရေချိုး ချိန် ရောက် လာလို့...စကား ၀ိုင်း ရပ်သွားတယ်..။


+++ ++++


နောက် နေ့ မနက် တွေ မှာ တော့ ည ဖက် အိပ် ဆောင် ထဲ မှာ လူတကာ စွန့် ပစ် ထားတဲ့ အညစ်အကြေး အိုးကြီး တွေ ကို...မရွံ မရှာ ..သူကလေးကဘဲ ဒိုင်ခံ သွန် နေတာ တွေ့  တယ်..။နောက်မှ သိရတာ က အဲဒီ အညစ် အကြေး အိုးကြီး တွေ ကို .........ခရေ တို့ လို...အိမ်က ထောက် ပံ့ မယ့်သူ မရှိ တဲ့ မျက်နှာမွဲလေးတွေ
ဘဲ အမြဲ သွန်ကြ ရတာ ကိုး....။


ည ဖက် ကျလည်း...ချဲမှု တို့ ဘာတို့ နဲ့ ရောက် လာတဲ့ ငွေ စရွှင် တဲ့ အမျိုး သမီး ကြီးတွေကို နင်း နှိပ် ပေး ရင်း...သူတို့ ပေးစာ ကမ်းစာ လေးတွေ နဲ့ ရပ်တည် နေရှာ တယ်..။ သူ့ မှာက...သူများတကာ လို...ပါဆယ် တွေ ဘာတွေ ပို့ မယ့်သူ မရှိ ...။ထောင်ဝင်စာ...လာ တွေ မယ့်သူ မရှိ...။

`` ဟဲ့ ...နင်တို့  အဒေါ် ကြီး က...ပါဆယ် လေး ဘာ လေး လာ မပို ဘူးလား...။နင်တို့ လုပ်ကျွေး တာ နဲ့
စီးပွါး ဖြစ် နေတာ များ...။တခါ မှ လာ တွေ့  ဖော် မရ ဖူး´´.. လို့..တယောက်က မေး တော့...သူ့ ထုံးစံ အတိုင်း ခေါင်း ကလေး ကို ကုပ်ရင်း...ရီ ကျဲ ကျဲ။..သူ တို့ ကို လက်ခံ ပြီး...စီး ပွားရှာစား နေသူ...မိန်း မကြီးကိုလည်း ..ထူးထူးခြားခြား စိတ်နာ နေပုံ မရ.။သူကလေး ကလည်း...ထောင်က ထွက် တိုင်း...ဘယ်မှ သွား
စရာမရှိ...ဆွေမရှိမျိုး မရှိ...လက်ခံသူ မရှိ ရှာ .....။အဲဒီ မိန်းမ ကြီး အိမ် ကို ဘဲ...တ၀ဲလည် လည် ပြန် ရောက် နေရရှာ တော့ ဒီ ဘ၀ ဆိုး ကြီး ထဲ မှာ ဘဲ...ရုန်း မထွက် နိုင် တာ လား...ရုန်း မထွက် ချင် တော့ တာ လား...တွေး ရင်း ရင် လေး ပါ ဘိ တော့ တယ်....။ဒီ လို ...ဘ၀ ဆိုးကြီး တွေ ထဲ မှာ..ပိုးဖလံ လေး တွေ ...မီးကို တိုး သလို ..တိုး နေ ရင်း....အလျှံညီးညီး ဒီ မီးတောက် တွေ ကြားမှာ..တဖြုတ်ဖြုတ် နဲ.လောင်မြိုက်ပြာကျ နေကြရတာ...။ဘယ်သူတွေ မှာ တာ ၀န် ရှိ နေ ပါ သလဲ...။သူ တို့ လေး တွေ အတွက်...လွတ် မြောက်ရာ လမ်းစ လေး တခု တလေ တောင် မရှိ နိုင် ..မပေး နိုင် ကြ တော့ ဖူးလား။ ဒီထက် ... ဆိုးဝါး ရက် စက်
ပုံက...အကာကွယ် မဲ့ နေသူလေး တွေ အပေါ် မှာ မညှာမတာ အမြတ်ထုပ် သွေးစုပ် နင်းခြေရက်သူ တွေ ပါဘဲ...။


ကိုယ်ကသာ အတွေး သံ သရာထဲ မှာ တ၀ဲလည်လည် နဲ့ စိတ်ဆင်းရဲ နေ ပေမယ့်...သူက လေး ကတော့....မနက်စာ ထမင်း တောင်းကြီး ရောက်လာ ရင် လည်း...သူများတကာရဲ့  ရှေ့ ဆုံး က အပြေးသွား ရင်း သွက် သွက် လက် လက် ခေါင်း ပေါ် ရွက် သယ်မြဲ...။ဘယ်သူ မှ အလု အယက် မယူ...အဖက် မလုပ် တဲ့ ..ပလတ်စတစ် ဘူး မဲ မဲ ညစ် ညစ်ကြီး ထဲ က အပေါ် ရေကြည် တွေ ကို သူ့ ထမင်း ဇလုံ လေး ထဲကထမင်း နီကျင်ကျင် တွေ ပေါ် ကို ဆမ်း ရင်း အားရ ပါးရ စား မြဲ...။ ဘာ ရည်တွေ မို့  သူ ဒီလောက် မက်မက် စက် စက် ဆမ်း စား နေတာ ပါလိမ့် လို့ မေးကြည့် တော့...အဲဒီ ဘူးမဲမဲ ထဲက...ငါးပိ အစိမ်း တွေ ...။ငါးပိ မှ...၀က်စား ငါး ပိ တွေ မို့ ဘယ်သူမှ မစားကြပါ တဲ့...။အဲဒါ တွေ ...ကြာရှည် စားရင် သွေး တက် ပြီး...မျက် နှာ ကြီး တွေ ဖော ယောင် လာ ပါ သတဲ့...။ ခရေကတော့....လာထား.....။ဖောကာမှ ...ဖောပစေ ဆိုတဲ့ပုံစံ နဲ့ ...။


နောက် ရက် တွေ ကျ တော့ ကိုယ့် အိမ်က ပို့ တဲ့ ပါဆယ် ထဲက...ဟင်း နဲနဲ ခွဲပေးတော့

`` အန်တီ...နင်းပေးရ မလား ...နှိပ် ပေးရ မလား ´´ လာ လုပ်ရှာတယ်..။

ကိုယ်က `မလိုပါဘူးဟယ်...။သမီး ..ဒီက ပြန် ထွက်ရင်...အဲ မိန်းမကြီး အိမ်ဘဲ ပြန်သွား ဦးမှာလား...။အမျိုးသမီး စောင့် ရှောက် ရေးဂေ ဟာ တွေ ရှိတယ် သိလား...။အဲ ဒီ မှာ...စက်ချုပ် တို့ ဘာတို့ အသက် မွေးဝမ်းကျောင်း ပညာ တခုခု သင်ပေးတယ် လေ..။အဲဒီက နေ..... သမီး ဘ၀ အသစ် စ ပါ ဟာ´´ လို့..... ကိုယ်က ပြော မိတော့...သူကလေး က ထုံးစံ အတိုင်း...ရီကျဲကျဲ။


ရန်ကုန်က ကိုယ့် အဒေါ် အိမ်ရှေ့  မှာ လူမှု ၀န်ထမ်း ဌာ နက ဖွင့် ထားတဲ့ အမျိုးသ မီး စောင့် ရှောက်ရေး ဂေ ဟာ တခုကို မျက်စိထဲ မြင်ယောင်ရင်း တိုက်တွန်း မိပေမယ့်...အဲဒီ အချိန်မှာ ကိုယ်ကိုယ်တိုင် ဘယ်အချိန် မှ လွတ် မယ် ဆိုတာ တောင် မခန့် မှန်း နိုင် တဲ့ ဘ၀ မို့....အားက ခပ်လျော့ လျော့..။ နောက်ပြီး ကိုယ့် အဒေါ်
ပြောပြ လို့ ...အဲဒီ အမျိုး သမီး ဂေဟာ က...အမျိုး သမီး တွေ လည်း ...မကြာခဏ ...ဂေဟာ ကထွက် ပြေး ကြသတဲ့...။ ဘာ ကြောင့် မှန်း တော့ မသိ...အကြောင်း တခု ခုတော့ ရှိ ရမယ်...။တကယ် သိချင် ရင် အဖြေတခုခု လဲ ..ရှိရမယ် ပေါ့..။

ခု တော့... ခရေတို့ အဖြစ်က...ဖမ်းလိုက်.... ထောင်ထဲ ထဲ့  လိုက်...နောက်င်္ဒီ လောက ထဲ ဘဲ ပြန်ရောက် လိုက် နဲ့ ...သံ သရာမဆုံးဖြစ်နေရတာ...ဘယ်သူတွေမှာတာဝန် ရှိပါသလဲ...။ဘယ်သူ တွေ က ဘယ်လို ကယ်တင် ကူ ညီ ပေး နိုင် မှာ လည်း ဆိုတာ ကိုယ့် အတွေး ထဲ မှာ ထွင် မရ သေးတဲ့ ဆူးကလေး တချောင်း လို ခုထိ ... ညိတွယ် နေဆဲ...။

`` အဲ ဒီ ...မိန်းမ ကြီး အိမ်က...ဘယ်နေရာမှာ လဲ။ညည်း တို့ လို...အရွယ်မရောက် သေးတဲ့ မိန်းမငယ်လေး တွေကို...ဒီလို ခိုင်းစားနေတာ...လူကုန်ကူး မှု နဲ့ အရေးယူ လို့ ရတယ် ´´ လို့ ကိုယ်က ဂရုဏာ ဒေါ သော နဲ့
ပြော မိတော့...ဝေ့လည် ကြောင် ပတ် လုပ်ရင်း... ဘာမှ သိပ်မထူး ဆန်းသလို...လက် ချောင်း လေးတွေ ကို...တဖျောက် ဖျောက် ချိုးရင်း..ပြောရှာတယ်။

`` အမလေး...အန် တီ ..ရယ်.။တူ..ဒီ အလုပ် လုပ်စား နေတာ...လူတိုင်းတိပါတယ်..။တမီး တို့ကို ဖမ်း တဲ့
လူဂျီး တွေ တောင် တူ့ ဖောက်သည်တွေ ဘဲဟာ...။တူက ပိုက်ဆံ တွေ လဲ ...အများကြီး ပေးထား တာ တဲံ့..။
စီ မံ ချက်ဆိုလား .. ရှိ ရင် တော့...ဒီလို ပါဘဲ..အန် တီ ရယ်..။တမီး တို့လို ကောင် မလေး တွေ ထဲ က...အလှည့်ကျအဖမ်း ပြ ခံရ တာ ပေါ့ ..။ ခဏပါ ဘဲ..အန်တီ ရယ်....´´ တဲ့။


သူ့ အပြော ကို ကြားတော့...ကိုယ့် ရင်ဘတ်ကို ကိုယ် လက်နဲ့ ဖိထားရင်း....။ဒီ လော ကကြီးထဲ မှာ.... လူ အချင်းချင်း....လူ ညွန့်ခူးစား နေကြ သူ တွေ နဲ့ ......ကိုယ်ချင်း စာ တရား ဆိုတာ ...ဂျို နဲ့ လား...ဆိုတဲ့ စိတ် ဓါတ် တွေ ....ဘာကြောင့် ...ဒီလောက်... အမြစ် တွယ် စိမ့် ၀င် ဖျက်ဆီး နေ နိုင်ကြ ပါ လိမ့်...။

ဒါ မှ မဟုတ်...သူ ကလေးကဘဲ ဒီ အမှောင် ၀ဲ ဂယက်ကို စွဲ မက်ငြိတွယ် နေလေ သလား..လို့  ရင်နာ နာ နဲ့ တွေး မိရဲ့ ..။


+++ +++ ++++



ခရေ ပင်ကြီး ရဲ့  အောက်မှာ.....ခရေ ပွင့် လေး တွေ ကြွေ လို့...။တချို့  ခရေလေးတွေ ကတော့...တမြတ်တနိုးကောက်ယူ ခံ ရပေမယ့်...တချို့  ခရေ ပွင့် လေး တွေ ကတော့....နင်းခြေ ခံ ရလွန်းလို့...မွမွ ကြေကြေ....။ ။


Sunday, March 20, 2011

သံကြိုးလေးနဲ့ ခွေးပုလေးလို

ဟင်.....မတ်လ (၂၁) ရက် နေ့ က....ကမ္ဘာ ကဗျာ နေ့...ဟုတ်လား..။သိပါဘူး ကွယ်...ကိုယ့် အတွက် ကတော့...နေ့တိုင်း ကဗျာ နေ့ချည်း မို့...ထူးမကျင်း ပတော့ ပါဘူး..။နေ့ တိုင်း ကဗျာ တွေဖတ်တယ်...။အမြဲတမ်း လို လို..ကဗျာ တပုဒ် ကို ရွတ် ဆို နေမိ တတ် တယ်...။ဒါ ပေမယ့်

..တိုက် တိုက် ဆိုင် ဆိုင်..ဒီနေ့.....သွားဖတ်မိ့ တဲ ကဗျာ တပုဒ် ...ရင်ကို လာ လို့ လှုပ်

၂၀၁၁ မတ် လထုတ် ရနံ့ သစ် မဂ္ဂဇင်း ထဲ မှာ... မောင် သင်း ခိုင်ရဲ ကဗျာတပုဒ်... ကဗျာ နံ မယ် က...


``သံ ကြိုး လေး နဲ ခွေး ပု လေး လို´´....တဲ့။


နပို လီယံ တဲ

သမိုင်း စာ မျက် နှာထဲ မှာ

ထမင်း သိုး ဟင်း သိုး ဖြစ်စေ..ဖြစ်နေ

နပို လီယံ ဟာ နပို လီယံ အဖြစ် ရှိနေ တုန်း ပါပဲ


မြေခနေ တဲ့ ပြင်သစ် သရဖူ ကို

ငါ့ ဓါးနဲ ကောက် ယူ မယ်လို

ပို လီ ယံ ကြုံးဝါးခဲ့ တယ်

သူပြောတဲ အတိုင်း လွှတ်ဟုတ်

သူ့ ဓါး အိမ်ထဲ မှာ သရဖူ ရောက် လာတယ်


`` ကြည့် စမ်း ပါ ဦးဗျာ

သူ့ ကိုယ်သူ နပို လီယံ ဆိုပြီး

နပို လီ ယံ ရူး ရူး နေတဲ့ ကောင်

ဘယ် ဟုတ် မှာလဲ

နပို လီယံ အစစ်က ကျုပ် ဗျ´´


စိတ္တ ဆေး ရုံ က အရူးတွေကလည်း

နပို လီယံ တယ် ဖြစ်ချင် နေကြသကိုး။


မြန်မာ နိုင် ငံသား ဦးသန့် ကို ကုလသမဂ္ဂ မှာ

အတွင်း ရေး မှူး ခန့် လိုက်တော့

ပြင်သစ် နိုင် ငံ က ကန့် ကွက် တယ်

ဘာ ကြောင့် ကန့်ကွက် ရသလဲ ဆိုတော့

ဦး သန့် က ပြင်သစ် စာ မတတ်လို့ ဆိုပဲ

ကျွန် တော် ပြင်သစ်စာ မတတ်သလို နပို လီယံ လည်း

ကျွန်တော့် လို အင်္ဂလိပ်စာ မတတ်ပါဘူး

နပိုလီယံ အရပ်အမောင်းက ပေမမီ ဒေါက်မမီ

ပေ ၂လက္မ တောင် မရှိ ပါဘူး

ကျွန် တော်က နပိုလီယံ ထက် အရပ် ပို ရှည်တယ်

အဲ့သလို ဦးသန့် က နှုတ်လှန်ထိုးလိုက်တော့ ကမ္ဘာ ကပြုံးတယ်


ကဗျာ ဆရာ တွေ ကလည်း

နပို လီယံဆို အတော့ကို အော့ နှလုံးနာကြတယ်

ကြည့် ဦးလေ

`` မာယာ ကော့ ဖ်စကီး ´´ကလည်း

သူ့ ရဲ ဘောင်းဘီဝတ်မိုးတိမ် ထဲမှာ

ဟော သလို ရေးထား တယ် လေ

ခင် ဗျားတို့လည်း ဖတ်ဖူးကြ မှာ ပါ


`` ရှေ့ မှာတော့

သံ ကြိုး လေးနဲ့ ခွေး ပု လေးလို နပိုလီယံကို

ခေါ်သွားလို့ ။´´

ပြင်သစ် အားလုံး သူခိုး မဟုတ်

သို သော် နပို လီယံကတော့ ဟုတ်တယ် အဲ့ ဒါ

အီတလီ စကားပုံ ပါ ကျွန်တော် ကြားဖူးတာကို

ဖောက်သည် ချ လိုက် တာပါ


တကယ်လို့ ကျွန်တော်သာ ပြင်သစ် တယောက်ဖြစ် ခဲ့ ရင်

အီ ဖယ် မျှော်စင်ထိပ်ပေါ် မှာ ရပ်ပြီး

အီတလီ အား လုံးသူခိုး မဟုတ်

သို သော် ``မူဆိုလိုနီ´´ ကတော့ ဟုတ်တယ်ဟေ့ လို့

အော် ပြီး သံ ကုန်ဟစ် ပြီး ပြောပစ် မှာ အသေ အချာ ပေါ့။


ကဗျာ က ဒီ မှာပြီးပြီ

ကျ မလဲ...ဆက် အော် လိုက်ဦးမယ်...



စစ် အာ ဏာရှင် အား လုံး ..သူခိုး
ဟုတ်တယ်
``ရှေ့ မှာတော့ သံကြိုးလေးနဲ့  ခွေးပု လေးလို
စစ်အာဏာ ရှင် တွေကို တကောင်ပြီး တကောင်
ဆွဲ ခေါ် သွား လို့ ´´

Thursday, March 17, 2011

ကမ္ဘာမြေအတွက် ချစ်ခြင်းတေး


ချစ် သောကမ္ဘာ မြေ

ဒဏ်ရာတွေ အထပ် ထပ် နဲ့

ရှင့်.. ရင် ဘတ် ပေါ် မှာ

နားခို ခွင့် ခဲ့တာ .

ကျေး ဇူးပါ...


တကယ်တော့....

ကျမ ဆိုတာ...မြေကမ္ဘာ အတွက်

မိုးရေစက်ကလေး တစက် မျှသာ..


ဒါပေမယ့်

မွေးဖွား ခြင်း နဲ သေဆုံး ခြင်း ကြား မှာ

မျက်လွှာ တချစာလေး.... ဆုံ စည်း ခိုက်

ကျ ...ပန်း တခင်း စိုက် ခဲ့ မယ်...


ငြိမ်း ချမ်း ခြင်း

စာနာခြင်း

နွေးထွေးခြင်း

ချစ် ခြင်း မေတ္တာ

နံ ထုံ သင်း ဖြာလို

အဲဒီ..ပန်းခင်း ထဲ မှာ ....ရှိ လိမ် မယ်..


ချစ် သောကမ္ဘာ မြေ အတွက်

ကျ ရဲ လက် ဆောင်

ပန်း တွေ ဝေ အောင် ထား ခဲ့ မယ်...


ချစ် သော ကမ္ဘာ မြေ

စမ်းနဲ အေးပါစေ

ပန်း နဲ မွှေးပါစေ

နေရောင်ခြည် နဲ ... နွေးပါစေ

ငှက် ကလေး တွေ နဲ့ အပြိုင်

ချို တေး လှိုင် လှိုင် .....ကြူနိုင် ပါစေ

ဘေးဘယာ...ဝေးကွာ

သက္က ရာဇ် များ စွာ.....ခိုင် မာ ပါ စေ..