Friday, August 27, 2010

ခါချကြ




ကြာပွတ်သံ တရွှမ်းရွှမ်းကြား မှာ
သူတို့ သွားလိုတဲ့ လမ်းမှန်သမျှ
သူတို့ ၀န်ထုပ် ၀န် ပိုး မှန်သ မျှ
တို့ သွေး တို့ ချွေး တွေ ကျရင်း
တို့ အသက်ရှူသံတွေ ပြင်း
တို့ အံတွေကို တင်းတင်း ကြိတ်
သံ ခွာ တံဆိပ် နှိပ် ခံ ရတဲ့
တို့ ခြေ တို့ လက် တွေနဲ့
စည်းချက် ကျကျ ..မကျကျ
မလှ မပ ပြေး ခဲ့ ရတယ် ။
ဟိုး....အဝေးဆီက
မြင်းဟီ သံ တွေ
ဟို တသံ သည် တသံ
တဖြေး ဖြေး
ပို ဆူညံ လာတယ်
ပို နီးကပ် လာတယ်
ပိုသိပ်သည်းလာတယ်။
နှလုံးသည်းပွတ် မှာ
နက်ရှိုင်း နာ ကျင် စွာ
စူးစိုက် ကြား လာရတယ်။
ခါ ချ ကြ စို့ ဟေး.....
ခွာ သံ တဖြောင်း ဖြောင်း ပေးရင်း
မုန် တိုင်း တေးချင်း ဆို
လည် ဆံ မွေး ညို ညို တွေ ဝှေ့  ယမ်း လို့
ကြွက် သားဆိုင် တွေ တဆတ် ဆတ် ခုန် လို့
ဝန် ထုပ် ၀န် ပိုး
ဆိုး မျိုး မိစ္ဆာ တွေ
တို့ ကိုယ် ပေါ် ကနေ
ကျွမ်းသန္တာ လန် အောင်ပ
ခါ ချ လိုက် ကြ စို့ ။ ။

Monday, August 23, 2010

ပြည်တည်နာ

-

နာ တယ်

နာ တယ်

ကျော လည်း နာ တယ်

ရင် လည်း နာ တယ်

ကိုယ့် အရိုး နဲ့ ကိုယ် အထိုး ခံ တာ များ

ငါး ကြင်းဆီ နဲ့ ငါးကြင်း ကြော် တယ် ဆို လား

အသား ထဲ က ထွက် နေ တဲ့ လောက် တွေက

တဖွား ဖွား

-

Friday, August 20, 2010

မတွေးရဲပေါင်..


တနေ့က ဦး ရဲ ``ငါးနှစ် ရာ သီ ဗမာ ပြည်´´စာအုပ် ကို ပြန် ဖတ် မိ တယ်။ ၁၉၄၁ ခု နှစ်မြန်မာ ပြည်ထဲက နေအင်္ဂလိပ်တွေ အပြေး ၊ဂျပန် တွေ အ၀င် ကာလ။ဦး တို့ နိုင် ငံ ရေး အကျဉ်းသား တသိုက် ကို မန္တ လေး ထောင် ထဲ မှာ အင်္ဂလိပ် အစိုး က ထားပြစ် ခဲ့ ချိန် က ထောင်တွင်း အခြေ အနေ လေး တွေ နဲ့ စာအုပ်ကို စထားပြီး...
၁၉၄၅ ခု ဂျ ပန် တွေ ဗမာ ပြည် ထဲက ပြန် အပြေး မှာ ဦးနုက ဂျပန် ခေတ် အစိုး ၀န် ကြီး ဘ၀..။ဂျပန် နဲ့ အတူတူ လိုက် ပြေး ရင်း မု ဒုံမြို မှာ သောင် တင်နေတုန်း...။ဂျ ပန် တွေ လက် နက်ချ လို့ စစ်ကြီး ပြီး သွားတာနဲ့ အဆုံးသတ် ထားပါ တယ်...

စာ အုပ် ရဲ အလယ် ပိုင်း မှာ တော့ ဂျ ပန်ခေတ် ရွှေ ရည် စိမ် လွတ် လပ် ရေး တဲ့ အချိန်... အဓိပတိ ကြီး ဒေါက် တာဘ မော်။ စစ် သေနာပတိ ဗိုလ် ချုပ် အောင် ဆန်း..။လယ်ယာ စိုက် ပျိုး ရေးဝန် ကြီး သခင် သန်းထွန်း တို့ နဲ့ အတူ...ဦး က နိုင်ငံ ခြား ရေး ၀န်ကြီး အဖြစ် (မလုပ်ချင်ပေမဲ့ အားလုံး ရဲ တာဝန် ပေး မှ အရ လို့ ဦး နု က ဆိုပါတယ်) တာ ၀န်ထမ်း ဆောင်ခဲ့ တဲ့ အချိန် ကအဖြစ် တွေကို ရေးထား ပါတယ်..။အား လုံး ဖတ် ဖူးသိဖူး ကြ မယ့် စာအုပ် တအုပ် မို့ အကျယ်ပြောမနေ တော့ပါ..


ဂျပန် ခေတ် မှာ ဖက် ဆစ် ဂျပန် စစ် အာ ဏာ ရှင် တွေ ရဲ ``အရှေ့အာ ရှ သာတူ ညီ မျှ ကောင်း စားရေး´´၀ါဒ ကို အသံ ကောင်းဟစ် ပြီး ဗမာ ပြည်သူ တွေ ကို စစ် ဖိနပ် နဲ့ နင်းခြေ ခံ ရတဲ့ အချိန်.....။အုပ်ချုပ်ခံဗ မာ ပြည်သူ တွေသာ မက ဦးန ၊ဒေါက်တာ ဘမော်၊ဗိုလ် ချုပ် အောင် ဆန်း တို့ လို အစိုးရ အဖွဲ့ ၀င် ခေါင်းဆောင် တွေပါ ဖက်ဆစ်တွေရဲ အနိုင့်အထက် လူ ပါးဝ စော်ကားခံ ရတာတွေကို အောင့် အီးသီးခံ ခဲ့ ရပုံ တွေထဲ က မချိပြုံး ပြုံး စရာ အဖြစ် ကလေး တခု ကို မျှဝေ လိုက်ဦးမယ်..


ဂျပန် ခေတ် လွတ် လပ် သော မြန် မာ အစိုးရ အဖွဲ့ သစ် ရဲ နိုင် ငံခြား ရေးဝန် ကြီး ဦးန မှာ ၀န် ကြီး အဆောင် အယောင် ထားတဲ့ မော်တော်ကား တွေ ဘာ တွေ နဲ့ ပေါ့.. အဲဒီ ကားမှာ တပ် ဖို့ အလံ တခု ထား ပေမယ့် ဦး နု က တပ် မထားသေးဘူး။ အကြောင်း ကတော့ ကို ရွှေ ဂျပန် တို့က စိတ်မထင် ရင် မထင်သလို အနှောင့် အယှက် ပေး တတ် တာကိုး။ဒါကို သိထားတဲ့ ဦးနုက မဟာ အရှက် ကွဲ မှာ စိုး လို့ ပါ...။အစိုးရ အဖွဲ့ ၀င် ခေါင်း ဆောင် တယောက် ကို တိုင်းတပါးသား ဖက် ဆစ ၀ါဒီ တွေ က မထီမဲ့ မြင် အလုပ် ခံ ရရင် သူများထက် ပိုသိက္ခာ ကျ မှာကိုး..။ဒါပေ မယ့် သူ့
ဒရိုင် ဘာက လည်း ၀န်ကြီးကား မောင်းရတယ်ဆိုတော့ ခြောက်စထောင်ချင် တယ်နဲ့ တူပါ ရဲ ..

``ဆရာ ရယ် အလံ မရှိ ရင် မျက် နှာ ငယ် ပါတယ်..တပ် ပရ စေ ´´ လို့ ပူဆာ လွန်းတာနဲ့ တနေ့တော့ အလံ တပ် ခွင့် ပေးလိုက် ပါသတဲ့..။ အစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေမှ တပ်ခွင့် ရတဲ့ အလံလေး တလူလူ နဲ့...ရုံးတက် လာတဲ့ နိုင် ငံ ခြား ရေး ၀န် ကြီး ရဲ ကား ကို လမ်း မှာ ဗမာ ပု လိပ် တွေက ဆလံ ပေးပြီး တလေးတစား လုပ် တော့ ..ဦး နုက ``မင့် အလံ က တန် ခိုးကြီး သားကွ´´လို့တောင် ပြောလိုက်သေးသတဲ့ ..။သိပ်ကြာကြာ မသွားရ ပါ ဘူး...ပြည် လမ်း ကမာရွတ် ဂတ် တဲ ရှေ လည်း ရောက် ရော...ကို ရွှေ ဖက်ဆစ် တို့ နဲ့ တွေ့ ပါဘီ.. အလံ တလူ လူနဲ့ နိုင် ငံ ခြား ရေး ၀န် ကြီး ကား ကို တားပြီး.. ဂျပန် စစ် ဗိုလ် ကြီး တယောက် လာ မှာဖြစ်လို့ လမ်း ဘေးမှာ ကားကိုရပ်ခိုင်း ထားရော... လမ်း ရှင်း ထား တာ ပေါ့ လေ...

ကား ပေါ် ပါ လာ တဲ့ သခင် ဟိန်းကလည်း တတ်သမျှ မှတ်သ မျှ ဂျပန် စကားနဲ့ ``ဒါ..နိုင်ငံ ခြား ရေးဝန် ကြီး ပါ။နိုင်ငံခြား ရေး ရုံး ကို ရုံး တက် သွားမှာ ပါ လို့´´ ပြောပေမယ့် မရပါ..။ရပ် မြဲ တိုင်း ရပ် ခိုင်းထားတာမို့ သခင် ဟိန်း နဲ့ ဦးနု တို့ နှစ်ယောက်သား ရှက် လွန်း လို့ ချွေး များတောင် ပြန် လာ ပါသတဲ့...။ ကားရပ်ထား ခံ ရတာကလည်း ကမာ ရွတ် ဂတ် တဲ ရှေ ဆိုတော့ ရဲ စခန်းထဲက ရဲသားတွေကများ သူ တို့ ကို လှောင် ပြောင်နေမလား...။ကြိတ် ရီ နေကြမလား...။တွေးလေ...ရှက်လေ...ချွေးပြန်လေ ပေါ့။ ဒီကြားထဲ ကားရှေ မှာ တပ်ထားတဲ့ အလံ ကလေးက လေတိုက် တိုင်း တဖျပ်ဖျပ် လွင့် နေတာကို တောင်...သူ တို့ကို လှောင် နေသလား ထင် လာရသတဲ့..

``ဒီ..ခွေးမသား...ဒရိုင် ဘာ ဆတ် ဆော့ ချင် တာနဲ့..ဒီ လိုဖြစ် ရတာလို့´´ လဲ ဒရိုင်ဘာ ကို မဲ သဲ
စိတ် တို မိသေးသတဲ့...နောက် ဆုံး တော့..အိမ် ပြန် မောင်း ခိုင်းလိုက်ပြီး...အိမ် ရောက် တာနဲ့...ဒေါသတကြီး အလံ ကို ဆွဲဖြုတ် ပစ် လိုက်သတဲ့..``ထို နေ့ အဖို့ ကားမစီး တော့ ဘဲ အင်းလျားကန် ကို လှေ နှင့် ဖြတ် ပြီး ရုံး တက် ရလေ ဧ။် ´´ လို့ ဦး နု က ရေးထား ပါတယ်..

အင်း..အကြောင်းကြောင်းကြောင့်ဆိုပေမယ့်.....ဖက်ဆစ် စစ်ဖိနပ် အောက် မှာ အစိုးရ အဖွဲ့ ဝင် သွား လုပ် မိတာကိုး..။ဦး တို့ က ရှက်တတ်..နာတတ် လို့ ပါ။

မနာ တတ် ..မရှက်တတ် သူ တွေ ကတော့ ငယ် ထိပ် ကိုတံ တွေး နဲ့ ဆွတ်..နံပြား ရိုက်သလို တဖတ် ဖတ် ရိုက် နေတာ တောင် ... ခွင့် အရေး လေးတမျှင် တလေ လောက် မလား လို့ ...ပါးကလေး ထိုးပေး ပြီး...အလို တော် ရိ လုပ် နေသေးသကိုး... တော် ကြာ ..ဦးနုက မှ အင်းလျားကို လှေ နဲ့ဖြတ် ရုံ ဖြတ်ရတာ....ငရဲ ပို့ မယ့်
ရီး ကို...ခြေလျင် လျောက်ပြီး......တလမ်း လုံး ပါးရိုက် ခံ နေ ရင်ဖြင့်.....

တွေး ရဲ ပေါင်...

Saturday, August 14, 2010

အဘွားတို့ အမေတို့ သမီးတို့ ရဲ့ ၀ါတွင်းဆွမ်းလောင်းပွဲ

သမီးကြီးရေ...
မိ သား စု ဆွမ်း လောင်း မ ပြီး မချင်း စိတ် မအား လက် မအား ဖြစ်နေမိတာ။အောင် အောင် မြင်မြင် ပြီးသွားမှ ဘဲ စာ ရေး ဖြစ် တော့တယ်။မိ သား စု ဆွမ်းလောင်းလို့ ဆိုပေ မယ့် အရင်က လို
မိသား စု တွေ အကုန် မဆုံ နိုင် ကြဘူး။

အတောင် စုံ တဲ့ ငှက် ကလေး တွေ တကောင်ပြီး တကောင် အသိုက် ကနေ ပျံ ထွက်သွား ကြသလို အိမ်ကနေ ခွာသွား လိုက် ကြတာ....။ ဒေါ်လေးတို့ ညီ အမတွေတင် မကတော့ဘူး။ ဒေါ်လေးတို့ ရဲ့  ကလေး တွေထဲက သမီးကြီး တောင်ကိုယ့် အတောင် ကို ကိုယ် ခတ်ပြီး ပျံသန်းနေရပြီ လေ.....။ ကျန် တဲ့ ကလေးတွေလည်း အတန်းတွေ ကြီးလာ တော့ ခါတိုင်း လို ဆွမ်း လောင်း ရက် ကလေးမှာတောင် ...။ နယ်က မိသား စု အိမ်ကလေး မှာ ပြန် မဆုံ နိုင် ကြတော့ဘူး...။

ခုနှစ် တော့ သမီး မေကြီး ရယ် အတန်းငယ်သေးတဲ့ မိ ဇွန် လေး ရယ် ဘဲ လာနိုင် တယ်...။ တော် သေး တာ ပေါ့..။ ဒေါ်လေး တို့ လမ်း ထိပ် က ရပ်ကွက် ဆွမ်း လောင်း ရုံ လေး ရှိလို့ မြို့ ပေါ် သံ ဃာ (၅၀၀) ကျော် ကို ၀ါ တွင်း ဆွမ်းလောင်းနိုင် တာပေါ့...။

ဝါ တွင်း ဆွမ်း လောင်း ဆို တာ ၀ါ ဆို လပြည့် ကျော် (၁)ရက် ကနေ သီ တင်း ကျွတ်လ ပြည့်  နေ့  အထိဝါ တွင်း (၃)လ မှာ ၀ါ ဆို နေ တဲ့ သံ ဃာ တွေ ကို လောင်း တဲ့ ဆွမ်း ပေါ့..။``၀ါ ဆို´´ တယ် ဆိုတာ က၀ါ တွင်း (၃)လ မှာ သံ ဃာ တွေ ဟာ ကိုယ် သီ တင်း သုံး ရာ နေ ရာ ကနေ ည အိပ် ညနေ ခရီး မထွက် ရဘူး။မဖြစ် မနေ ခရီး ထွက် ရ ရင် လည်း ၀ါ ပန် ပြီး မှ ထွက် ရ တယ်။ခရီး ထွက် ဖို့  ခွင့် ပန် တာ ပေါ့ ။ဝါ ပန် ရင် လည်း ခု နစ် ရက် အတွင်း သီ တင်းသုံး ရာ အရပ် ကို ပြန် ရောက် ရမယ်။ အဲ လို အချိန် မီ ပြန် မရောက် ရင် ၀ါ ကျိုး တယ် လို့ ခေါ် တယ်။ အဲ ဒီ တော့ ၀ါ တွင်း သုံး လမှာ စာ သင် တိုက် ရှိ တဲ့ ဘုန်း ကြီး ကျောင်း တွေမှာ အနယ် နယ် အရပ် ရပ် က သံ ဃာ တွေဟာ ပရိယတ္တိ စာ ပေ တွေ သင် ကြား ရင်း ၀ါ ဆို ကြ လို့ ...ခါ တိုင်း ထက် သံ ဃာ တွေ ပို များတယ်။ ဆွမ်း ကွမ်း ပို လိုအပ် တယ် ပေါ့...။ဒါ ကြောင့် ၀ါ တွင်း (၃) လ မှာ ၀ါ တွင်း ဆွမ်း လောင်း ပွဲ တွေ လုပ် ကြ တာ ပေါ့...။

ဒေါ်လေး တို့ ငယ် ငယ် က တော့ ဖေ ဖေ့(သမီး တို့ ဘဘ)ရဲ့ အမေ အဖွား အိမ် မှာ ၀ါ တွင်း ဆွမ်း လောင်း တော့ မယ် ဆိုရင် ရွာ က အမျိုး တွေ ကို လှမ်း မှာ...။ အိမ် ရှေ့  မှာ မဏ္ဍပ် ကြီး ထိုး လို့...။ ဒေါ် လေး တို့ မောင် နှ မ၀မ်း ကွဲ တသိုက် ကတော့ ကလေး တွေ ဆိုတော့ ပျော်တာ ပေါ့ နော်...။ မဏ္ဍပ် ထဲ မှာ ပြေးတမ်း လိုက်တမ်း တွေ ကစား...။ ဒီထိုး တမ်းတွေ ကစား...။ဆူ ညံ လို့...မောရမှန်း မသိ..ပန်းရမှန်း မသိ။ ရွာ က လာ တဲ့ ဘ ကြီး ဘထွေး တွေက ၀က်သား အိုးကြီး ချက် ကို မိုးပြဲ ဒယ် ကြီး တွေ နဲ့ ချက် နေ ကြတာ...တအိမ် လုံးကို မွှေး လို့...။ဒေါ် လေး တို့ ကလေး တသိုက် က ဘုန်းကြီး တွေ ဆွမ်း မလောင်း ခင်ကို သားရေ တယိုယိုနဲ့.....။ မနော ကံ နဲ့ ပြစ် မှား နေကြတာကိုး...။ဒွေး ကြီး ဒွေး လေး တွေက ရွာက အလှူဝင် ဖို့ ယူ လာတဲ့ ဆန် တွေကို ပြာကြ..။ တီးကြ..။ ငပိကြော် တဲ့ သူက ကြော်...။ သရက် သီးပေါက် ချဉ် သုတ် တဲ့ သူ က သုတ်...။ပျား ပန်းခပ်သလိုဘဲ...။အလှူ အိမ် ဆိုတော့ ဆွေမျိုး တွေ ဆုံ လို့ ပျော်စ ရာ ကြီးပေါ့...။

ဆွမ်း မလောင်း ခင် နေ့ ည နေ ရောက် ရင် ဘုန်း ကြီးကျောင်း တွေက ဆွမ်း ဂျိုင့်  ကြီး တွေ တဂျိုင့် ပြီးတဂျိုင့် ရောက် လာကြ ရော...။ဒေါ် လေး တို့ ကလေး တသိုက်က ဘုန်းကြီး ကျောင်းသား လေး တွေသယ် လာ တဲ့ ဆွမ်းဂျိုင့်  တွေကို လက် ခံ သိမ်း ရတယ်...။ပြီး ရင် လူ ကြီးတွေ ဆေး ကြောပေး တဲ့ ဆွမ်း ဂျိုင့် တွေကို အ၀တ် သန့်သန့် နဲ့ ခြောက် အောင်သုတ် ပေး ရတယ်...။ရွှေ ကျောင်း ကြီး လို သံဃာ (၁၀၀) ကျော် ရှိတဲ့ ကျောင်း တိုက်တွေ က ဆွမ်း ဂျိုင့် ကြီးတွေ ဆို ဧရာမ ကြီးတွေ..။သမီး တွေ့ဘူး တယ် လေ..။ည ဖက် ရောက် တော့ လူ ကြီး တွေက ဆွမ်း ဟင်း တွေ ခပ် ထဲ့ကြတယ်..။ဘ ကြီး ဘထွေး တို့ တသိုက် က ဆွမ်း ထမင်း တွေကို ပေါင်း ကြ တယ်...။ ပေါင်း ချောင် ကြီး တွေ နဲ့....။ တပေါင်း ပြီး တပေါင်း...ပေါင်း ကြ တယ်။ ဆွမ်း တွေ နပ်ရင် နှီး တောင်း ကြီး တွေ ထဲ ထဲ့ ထဲ့ ထား တာ...။အငွေ့  တထောင်းထောင်း ပေါ့...။

မနက် အာ ရုံ မတက် ခင် (၃) နာရီ လောက် ကို ဆွမ်းထလောင်း ရတယ်..။ မြို့ ပေါ် ကျောင်း တိုက်တွေက သံ ဃာ ကုန် သူ့ ကျောင်း တိုက် နဲ့ သူ တန်း စီ ပြီး ဆွမ်း ခံ ကြွ ကြတယ်..။ မိသား စု ၀င် တွေ ကလေး လူ ကြီး မကျန် လူစုံ အောင် တယောက် တလှည့် ဆွမ်း လောင်း ကြတာ..ခုထိ မမေ့ဘူး..။ဒေါ် လေး တို့ ငယ် ငယ် မူ လတန်း ကျောင်းသူ အရွယ် ကတည်းက အဖွားက ဦးဆောင် ပြီး ၀ါတွင်း ဆွမ်း လောင်း လာတာနော်..။ ၁၉၈၈ အရေး အခင်း ဖြစ်တဲ့ နှစ်ရဲ့  နောက်ပိုင်း မလောင်း ဖြစ်ကြတော့ဘူး...။ ၈၈ အရေး အခင်း ပြီးကာစ စစ် အုပ် ချုပ် ရေးထုတ် ထား တဲ့ အချိန်
မှာ ၀ါတွင်း ဆွမ်း ထချက် ချင် ရင် သက် ဆိုင်ရာ အာ ဏာ ပိုင် တွေ ကို ခွင့် ပြု မိန့်  သွား တောင်းရ မယ် ...ဖြစ် ရော။ အဖွား မရှိ ကတည်း က ဦးဆောင် ဆွမ်း လောင်း လာတဲ့ အရီး (သမီး တို့ ဖွားလေး) က သူ တို့ ကို ခွင့် မတောင်းချင် တာနဲ့ အစီ အစဉ် တခု လုပ် တယ်..။ ည နေ ဆွမ်း ဂျိုင့်  တွေ လာ ပို့  ကတည်းက ကျောင်း ရှိ သံ ဃာ ဦး ရေ နဲ့ တွက် ပြီး ဆွမ်း ဆန် လှူ လိုက် တယ်...။``စစ် အုပ် ချုပ် ရေး အောက် မှာ ဆွမ်း ချက် မလောင်း နိုင် လို့ပါ´´လို့ လဲ ပြော လိုက်
သေးတယ်....။ ဆွမ်းဟင်း က တော့ ခါ တိုင်း လို မနက် မိုး လင်း မှ ဘုန်း ကြီး ကျောင်းသား တွေက လာ ယူကြတယ်။

အဲ ဒီ ကတည်း ကဆွမ်း မလောင်းဖြစ် ကြတာ...။ သမီး တို့ တွေကို မွေးတော့.. ကလေး တွေ လဲ ၀ါတွင်း ဆွမ်း လောင်း ဖူးကြ အောင် ဆိုပြီး.. ဒေါ် လေးတို့ ညီ အမ တွေ စုပေါင်း ဆွမ်းပြန် လောင်း ကြတာ...(၅) နှစ် ရှိဘီလေ.....။
ခေတ် အခြေ အနေ အရ ငယ် ငယ် တုန်း က လို ရွာ ကအ မျိုး တွေ မှာ ဖို့နေ နေသာသာ.. ကိုယ့် ညီ အမ တွေတောင် အကုန် မဆုံ နိုင် ကြလို့ ...အိမ် မှာ မလုပ်ဖြစ် ဘဲ ...လမ်းထိပ်က ၀ါ တွင်းဆွမ်း ရုံ ကလေး မှာ ဘဲ အလှူ ငွေ အပ် ပြီး လောင်းကြ ရတယ်..။ ဒီ ၀ါတွင်း ဆွမ်း လောင်း ရုံ ကလေး က ရပ် ဝေး ရောက် နေတဲ့ အလှူ ရှင် တွေ ကိုယ်တိုင် မလုပ်နိုင် တဲ့ သူ တွေ ဆွမ်း လောင်း နိုင် အောင် စီစဉ် ဆွမ်း လောင်း ပေးလာတာ နှစ် (၇၀) တောင် ကျော်လာ ဘီ တဲ့...။ လမ်းသူ လမ်းသား တွေ က ၀ိုင်း ကာဝန်းကာ လက် ဆင့် ကမ်း ဒါ နပြု လာ ကြတာ...။ နောက် ပြီး တမြို့  လုံးက ဆွမ်းလောင်းရုံ တွေ ထက် ထူး တာ က....ဆိုင်း ၀ိုင်းက လေးတခု အမြဲ ပါတယ်...။ ဆွမ်း မလောင်း ခင် ည နေချက် ပြုတ် နေက ထဲက ဗျော စခေါက် တယ်..။ မနက် အရုဏ် ဆွမ်း ထလောင်း ရင် လည်း ဗျော သံ ကလေး တဗြုန်းဗြုန်း နဲ့...စိတ် ကြည် နူးစရာ။
နောက် ဆုံး ရေစက်ချ အမျှ ဝေ တဲ့ အထိ ဗျော သံလေး နဲ့..။ ကျေး လက်ဝိုင်းကလေးပေ မယ့် နားထောင် လို့ သိပ်ကောင်း တာ..။ ဟိုးတုံန်းက VOA မှာ အမှူထမ်းခဲ့ တဲ့ ဒေါ် လေးတို့ မြို့သား ဘိုးလေး ဦးပါ က တောင် အသံသွင်းသွားပြီး ဗွီအို အေ ကနေ အသံလွှင့်သွားခဲ့သေးသတဲ့..။

ခု နှစ် ဆွမ်း လောင်းကို တော့ ဘုန်းကြီး တွေ အပြောင်းအလည်းလေး ဆွမ်းဘုဉ်း ပေး နိုင် နေအာင် ငါးခြောက် ထောင်းနဲ့ သီးစုံ ပဲ ကုလားဟင်း လေး လောင်း ဖြစ်တယ်..။ ငါး ခြောက် (၁၂) ပိသာ ကို ပြုတ်..။ အရိုးထွင်..ထောင်း...ကြက်သွန် နီ ပိသာချိန်(၄၀) ကို အခွံ သင် ...လှီး ရတဲ့ အလုပ် က အင် မတန် လက်ဝင် တာ လေ..။ ကြက် သွန် နီ တွေ ဈေး ကျလို့ ဧ ရာ ၀တီမြစ် ထဲ သွန် မှာ တွေ သွား သယ် လာ တာ ထင် တယ် လို့ ဆွမ်းရုံက လူ တွေက နောက်ကျ ပြောင် ကျသေးတယ်..း) အကုန် အကျသက်သာတာတော့ အမှန်ဘဲ။ ဒါ ပေ မယ့် ဒေါ်လေးတို့ ဆွမ်းရုံ ကလေးရဲ့  ချစ် စရာ ကောင်း တဲ့ ဓ လေ့ လေး ကို သမီး လဲ ကြုံ ဖူး သား ဘဲ နော်...။အလှူ ရှင် တွေ လောင်းချင် တဲ့ ဆန္ဒ ကို ဘယ် တော့ မှ မငြို ငြင် ဘူး။ ဖြစ် အောင် ၀ိုင်းကြ ၀န်းကြတာဘဲ...။ရီ ရီ မော မော...ပြော ပြော ဆို ဆို နဲ့ ဘဲ...အလှူ ပြီးေ မြာက် အောင် ကူ ညီ ကြတာ...။သူ တို့ ကို တော့ ကြာဇံ ချက် ကောင်း ကောင်း လေးချက် ပြီး ကျေး ဇူး တုန့် ပြန် ခဲ့ ပါတယ်။

အော် ...တိုက် ဆိုင် တာ ပြောရ ဦး မယ်...။ ဒေါ် လေး တို့ ဆွမ်း လောင်း က နှစ် တိုင်း ဒု တိယ ပါတ် တနင်္ဂနွေ ကို ဆွမ်း လောင်းရက် ယူထားတာ လေ...။ မနှစ်က အာ ဇာ နည် နေ့ နဲ့  သွား တိုက် ဆိုင် တယ်..။ ဒီ နှစ်ကတော့....ရှစ် လေးလုံး အရေး တော်ပုံ (၂၂) နှစ် မြောက် နေ့ နဲ့ သွားပြီး တိုက် ဆိုင် ပါတယ်...။ ။

Sunday, August 1, 2010

------


ဖုတ် လှိုက် ဖုတ် လှိုက် အသက် ရှူ ကြပ်
ပြ သ နာ ပေါင်း သောင်း ခြောက် ထောင်
ကုန်း ခေါင် ခေါင် ပေါ် ပစ် တင် ထား ခံ ရ တဲ့
ငါး တ ကောင် လို...
အ သက် ရှင် လျက် အသက် ငင် နေ တုန်း
အ ရှင် လတ် လတ်
ဖျတ် ခ နဲ
ပို က် လိုင်း သီ တံ ကြီး ထိုး လို့
သ ဘာ ၀ ဓါတ် ငွေ့  မီး ဖို ကြီး ပေါ် တင်
သူ တို့ ကင် စား တော့ မယ်....။ ။

Thursday, July 22, 2010

ရာသီစာ




စက် ဘီး ကလေး ကိုစီး....လက် ဆွဲ ခြင်းကို ဆွဲ ပြီး အိမ် နဲ့ မ နီး မဝေး က ဈေး ကလေး ကို သွား ရ တာ နေ့ တဓူ ၀....။အိမ် ရှင်မ ဆို တဲ့ အလုပ် က လည်း ဘာ မှသာ မဟုတ် တာ...ဦး နှောက် တ ကယ် စား တော့
``ဆံ ညို တွေ တောင် ...ဖြူ ဖြူလာ ပြီ´´ ဆို တဲ့ သီ ချင်း လေး ဘဲ အော် ဆို ချင် လာပြီ...။

ဒါ ပေ မယ့် ဈေး ထဲ ရောက် တာ နဲ့ လတ် လတ် ဆတ် ဆတ် ရာသီစာ သီးနှံ တွေ ဟင်း ရွက် တွေ အ သား ငါး တွေ က``လာ ပါ ...ယူပါ´´နဲ့ အပြိုင် အဆိုင် စွဲ ဆောင် နေ ကြ တာ လေ...။ ခု လို မိုး ဦး ကျဆို ...ဟင်းသီး ဟင်း ရွက် သာမက မြေ ထဲ က တိုး ထွက် လာ ကြတဲ့ မျှစ် တို့ မှို တို့ အင် ဥ တို့ လို သစ်ဥ သစ်ဖု တွေက ပေါ မှ ပေါ...။

မျှစ် ကိုမှ မျှစ် မျိုးကို စုံလို့..။ ၀ါး ပိုး ၀ါးက ရတဲ့ ၀ါးပိုး မျှစ် စို့ ကြီး တွေကို....အချပ်ကြီး ကြီး ပါးပါး လှီး ထား တဲ့ ၀ါး ပိုး မျှစ် ဆတ် နု နု ဖတ် ဖတ်ကြီး တွေ....။အဲ ဒီ မျှစ်ဆတ် ကို ကြက် သား နဲ့ ရော...။င ရုပ် သီးထောင်း စပ် စပ် ကို သံ ပု ရာရည် ရွှဲ ရွှဲ ညှစ် ထားတဲ့ ဟင်း အဖက် နဲ့ ဆို....။တ ရှူး ရှူး...တရှဲ ရှဲ ...။ထမင်းသုံးလေး ပန်းကန်တော့ အ သာ လေး...။ ကိုယ် တို့ က ပဲ ခူး ရိုးမ ခြေ ကန် ထားတော့ မျှစ် ပေါတဲ့ ဒေသ လေ...။
ခု လို မျှစ် ပေါ တဲ့ အချိန် ဆို တချို့  က မျှစ် တွေ ၀ယ် ပြီးတာရှည် ခံ မျှစ် ချဉ် ထဲ့ ကြတာ။မျှစ် ချဉ် က ရာသီ စာ မျှစ် ချို ချို အရ သာ တော့ ဘယ် မီလိမ့်မလဲ..။ရာ သီ စာ ဆို တာသူ့ အချိန် နဲ့ သူ စားရတာ ။ဒါ တောင် ..အရင် က လောက်မျှစ် မ ပေါ တော့..။ ရိုး မ တပတ်လည်မှာ ဆည် တွေ တည် ဆောက် လိုက် လို့ ၀ါးတော တွေ အ များ ကြီး ရေ အောက် ရောက် သွား လို့ လေ...။


အမ ယ်..ဒီ မှာ ဖျံ တွေ ပါလား..။
ဖျံ ဆိုလို့ သနား စရာ ဖျံသတ္တ ၀ါ လေး တွေ မ ထင် နဲ့ နော်...။စိမ်း စိမ်း အရွက် တွေ..။သူ့ အပင် က ဥကို တချို့  က`၀´ ဥ လို့ ခေါ်သတဲ့။ သူ လဲ မိုး ဦးကျ မှ မြေ ကြီး ထဲက သူ့ အလို လို တိုး ထွက် လာတာ..။တောတွေ ထဲ မှာ ပဲ ပေါက် တဲ့ အပင် တမျိုးလေ..။ဆိတ် ဖူး လို့ ခေါ် တဲ့ ဟင်းခပ် ကလေး ထဲ့..ပုဇွန် ခြောက် နိုင်နိုင် နဲ့.အရ ည် သောက် ကလေး ချက် ရင် ဖျံ ဟင်း.... ချွဲ ပြစ်ပြစ် အရသာ ကလေး..။ မချက်တတ် ရင် တော့ လျှာ ယား တတ် သတဲ့...။

ဒီ မှာက `အင် ဥ´ တွေ..။
သဲ တွေ ကပ် နေတဲ့ အ လုံး ကလေး တွေ..။သူတို့ က အင် ဖက်တော သဲ မြေ မွ မွ ကလေး တွေ ထဲ က တူး
ယူ ရတာ..။သဲ မြေ က လာ တာမို့  ရေစင် စင် ဆေး ရတယ်..။ပါး ပါး လှီး ပြီး ကြက် သွန် ဖြူ နီ ဆီ သတ်...နူး အောင် ကြော် လို့ ကတော့ အသား က အရှုံး ပေး ရ လောက်တယ်....။ သူ့ ကို မှို ဦးနှောက် လို့ လဲ ခေါ် သတဲ့...။အပြင် အခွံ ပါး ပါး လေး အောက် မှာ ဦး နှောက်က လေး လို နူးညံ့  ပျော့ အိ တဲ့ အ နှစ် ကလေး က သိပ် ဆိမ့်  တာ..။(မောင်လေးအ ငယ် ဆုံး ဖိုး ကရင် ဆို သိပ် ကြိုက် တာ..။ဟို တလော က ဖုန်း ထဲ ကနေ ပြောတယ်..အင် ဥ စား ချင် သတဲ့။)


ဟော သ မှာ ..သ ခွား ချဉ် သီးထွားထွား ကြီး တွေ ပါ လား...။
သခွား ခြစ်ကလေးနဲ့  အမျှင် အမျှင် လေးတွေ ခြစ်...။ငါးများ များ...။စိမ်း စားငပိ ကင်မွှေးမွှေး လေး သင့်ယုံ ထဲ့။
ငရုပ် သီးစပ် စပ် ..သံ ပု ရာ ရည် နဲနဲ ညှစ်ပြီး သုပ် စား ရ ရင်...သိပ်ကောင်း။သ ခွား သီးသုပ် နဲ့ ဘာ နဲ့လိုက် မလဲ ဆို တော့....။ခု လို ..မိုးဦး ကျ ...စ ပါး ပင် ပေါက် တွေ ကြား မှာပေါက် တဲ့....လယ်ကြား ငါးခူ ပေါက် ကလေး ကို အိုး ကပ် ဆီ ပြန် လေး ချက်...။ပင်စိမ်း ရွက် မွှေးမွှေးလေး အုပ် ပေါ့...။ ငါးင ပိ ရည် ကျို ..တို့ စ ရာ အစုံ အလင် နဲ့ ဆို..ထမင်း မမြိ န် မှာ ပူ စရာ မလို တော့...။

ပြောသာ နေ တာ...လယ်ကြား ငါး ခူ တွေ လဲ မစား ရ တာ ကြာလှ။
ရှား နေပြီ...။ပါးစပ် အလို လိုက်ပြီး....ငါး လေး တွေ ငယ် ထိပ် မစေ့ ခင် ကတည်းက စား ကြ တဲ့ ကိုယ်တို့ လူ သားတွေ ကြောင့် လား..။ဘက် ထရီ အိုး တွေ နဲ့ ရှော့ ရိုက်ဖမ်း ကြ လို့ လား...။လယ် တွေမှာဓါတ် မြေသြ ဇာ တွေ ပိုး သတ် ဆေးတွေ စည်း ကမ်း မဲ့ သုံး လာ ကြ လို့ လား.....။ဒေသ ငါး မျိုး စိတ် တွေ တနေ့ တခြား ရှားလာ နေ တာ.တော့ သိသိ သာ သာ...။

ဟို ကြည့် သည် ကြည့်  ....။
ဘာ ချက် ရ ပါ့မလဲ...စိတ် ကူးရင်း အသား ငါး တန်း ဖက် ရောက် လာ တယ်...။

အလို..ငါး ရှဉ့်  တွေ..ဈေးဗန်း ထဲ မှာ အခွေ လိုက်။
အကောင် ခပ် သေးသေး တောင် ၁ပိသာ ၅၀၀၀ ကျပ် ဈေး တဲ့..။ဝက်သား နဲ့ ဈေး တူ တူ..။ ငါး ရှဉ့်  ပါး မွဲ လို အကောင် ကြီး တွေဆို မ မြင် ရ တာ အတော် ကြာပြီ..။တ ရုပ် ပြည် ဖက် ခရီး လွန် နေတယ် ထင် ပါ့..။

အ မ လေး...စား ဖား ကြီး တွေက ဗန်း ထဲ မှာ ခြေကား ယား လက် ကား ယား...။တ ပိသာ ၈၀၀၀ ကျပ် ဈေး တဲ့ ..။မေ မေ့ ကို သ တိ ရလိုက် တာ..။မေ မေ တို့ မောင် နှ မ တွေ အ ကြိုက်ပေါ့..။ဖား သား ကြိုက် သူ တွေ က တော့ အဲ ဒီ ကောင် ကြီး တွေ ကို မီး မြှိုက် ကာ..အ ရေ ခွံ တွေ ခြွတ်ပြီး ချက် စား ကြ တာ မြင် ဖူး တယ်..။
မ ကျီး ရွက် စိမ်း စိမ်း လေးတွေ အုပ် လို့..။ဆီပြန် နေ အောင် ချက်ပြီး ဇီ ယာ လို့ ခေါ်တဲ့ ဟင်း ခပ် ရွက် အုပ် ထား တော့ မွှေး လိုက် တာ လွန် ပါ ရော....။ စား ဖို့ နေနေ သာ မြင် ရ တာ နဲ့ တင် အူ ယား လာ လို့ အမြန် လစ် မှ...။

ဟယ်...ရှား ရှား ပါး ပါး... ငါး သ လဲ တိုး လေး တွေ ပါလား..။
မ နေ့ က ရွာ တဲ့ မိုးကြီး နဲ့ ပါ လာ တာ ထင် တယ်။ ရေချို ငါး လေးတွေ..။တစ် ဆယ် သား ကို..၁၂၀၀ ကျပ်
ဈေး တဲ့..။၁ပိသာ..၁၂၀၀၀ကျပ် ဈေး ပေါ့ ..။ဈေး က တော့ ကောင်း ပါ့ လို့ တွေး ရင်း လက်တွန့် သွားမိ တယ်...။ သူ က တနှစ် မှ တခါ ပေါ် တဲ့ ရာ သီ စာ ကိုး..။ မိုး ကြီး ကြီး ရွာ လို့ ရေလျှံ ရင် ငါး သ လဲ တိုး တို့ ငါး စ ရစ် တို့ ငါး တောင် စီး တို့ လို ရေ ချို ငါး လေး တွေ ဟာ သူ တို့ ကို ဥ ချ ခဲ့  တဲ့ ရေ အိုင် စပ် တွေ က နေ အကောင် ပေါက်ပြီး မူ ရင်း လာရာ ချောင်း တွေ ဆီ ကို အုပ် စု လိုက် ပြန် ကြ သတဲ့...။( ငါး စ ရစ်တို့....အပြန် ပေါ့ လေ) ။ လယ် သမား တွေ ကတော့ ရွာ တဲ့ မိုး ကို တောင်...ဒါ..ငစရစ် မိုး..။ဒါ..င သ လဲတိုးမိုး ..။ငတောင် စီး မိုး...စသဖြင့်  ခွဲ သိကြတယ်တဲ့.....။တနှစ် တခါ ဌာနေ ပြန် ကျရှာ တဲ့ ငါး က လေး တွေ ခမျာ ....မ နု သ လူ သား တွေ ရဲ့  ရ သ တ ဏှာ ကြောင့် ပိုက် ထောင် ဖမ်း ဆီး ခံ ရ ရှာ တယ်...။့လူ သား တွေ ခမျာ လဲ မစား ဘဲ မှ နေ လို့ မရတာဘဲ..လို့။ကိုယ့်ဖက် ကို ယက် ပြီး စိတ် ဖြေ လိုက် ပါ တယ်..း)။ မျိုး မ ပြုန်း အောင် တရားလွန်
ဖမ်းဆီးစား သုံးတာ မျိုး ကိုတော့ ကာ ကွယ် ရ မပေါ့ လေ...။(ငါး လေး တွေ ကို သနားတာ ထက် ရေ ရှည် မှာ ကိုယ် စား စ ရာ မရှိ မှာ က ပို သ နား စရာ ကောင်း မယ်..ထင် တယ်..း)

ရေ ချို ငါး တွေရှား ပါး လာ တဲ့ နောက် အကြောင်း ရင်းက မြစ် ချောင်း အင်း အိုင် တွေခန်း ကု န် ကြ တဲ့ ......ကမ္ဘာ ကြီးပူ နွေး လာ လို့လား.. . ....။ကမ္ဘာပြား လာ လို့ လား..။နှစ် ခု စ လုံး ကြောင့်  လည်း ဖြစ် နိုင် ပါတယ်။ရေချို ငါး လေး တွေ ပတ် စ ပို့ လုပ် စ ရာမလို ဘဲ ကမ္ဘာ ပတ် နေကြ သတဲ့...။ဒီ တော့ ရေ ချို ငါး ဈေး က လည်း ဒေါ် လာ နဲ့ တွက် ရ တော့ မယ်...။ငါး ကျီး တို့ ငါး ခူတို့ ဆို လည်း ပု စွန် ထုပ်ဈေး ကို အမီ လိုက် နေဘီ..။

ကဲ ပါ လေ....အဖွား ပြော နေကျ...
``ပိုက် ဆံ ကြီး ကိုက် စား လို့ ရမလား အေ..။မစားဘဲ နေ ရင် ..ငတ် ယုံပေါ့..။ရာ သီ စာဆို တာ စား ကောင်း သ ဟဲ့..´´ ဆို တဲ့ အသံ လေး ပြန် ကြား ယောင် ရင်း ငါး သ လဲ တိုး လေး ၃၀ သား ၃၆၀၀ ဘိုး ကို မျက် စိမှိတ် ၀ယ် လိုက် တယ်။ ဆီပြန်အိုးကပ်ကလေးချက်..။ပင် စိမ်း လေးအုပ် မယ်..။ ရာ သီစာ မျှင် မျှစ် ချို ချို အချောင်း လိုက် ကလေး တွေ က...တပိသာ ၆၀၀ ဈေး နဲ့ ၅၀ ကျပ် သား ၀ယ် တယ်..။အ မျှင် လေး တွေ ခြစ် ပြီး ကြော်ရင် ဟင်း ရွက်ကြော် တခွက် ရမယ်...။နွေ မှာ ရေ လောင်း စိုက် တဲ့ ချဉ် ပေါင် မာ ဆတ် ဆတ် နဲ့ မတူ..နူး ညံ့  ပျော့ပြောင်း တဲ့ မိုး ဦး ကျ ချဉ် ပေါင် လတ် လတ် ဆတ် ဆတ်တွေက လက် ဆုပ် စည်း ၃စည်း ကို ၁၀၀
ကျပ် တဲ့..။ ၃စည်းဆိုတော့ များနေ လို့ ချဉ် ပေါင် ၂စည်း နဲ့ ရုံး ပတီ သီး ၃- ၄တောင့် ကို ၁၀၀ နဲ့ ၀ယ် တော့..။ ဈေး သည် လေး က င ရုပ် သီး စိမ်း လက် တဆုပ် ထဲ့ပေး လိုက် သေး တယ်..။ (ရောင်း သူ ၀ယ် သူ ကျေ နပ် ရင် အို ကေ ပေါ့ နော်..)

ကဲ...ငါး သ လဲ တိုးအိုးကပ်ချက် ရယ်...။ရုံး ပတီ သီးနဲ့  ချဉ် ပေါင် ဟင်း ချွဲ ချွဲ လေး ရယ်ငပိ ထောင်းစပ် စပ် ကလေး ရယ်..။မျှစ် ကြော် တခွက် ရယ်..။ဒါ ဆို....အိမ်သား တွေ ထမင်း မြိန် စေ မယ့် ရာ သီ စာ ထမင်း ပွဲ လေး ဖြစ်ပြီ....။

ဈေး ထဲ က အထွက် ...ပြောင်း ဖူး သည် ကြီး ပြောင်း ခင်း ထဲက... ခု မှ လတ် လတ် ဆတ် ဆတ် ချိုး လာ ပုံ ရ တဲ့ ပြောင်း ဖူး တတွဲ ၀ယ် ခဲ့ တယ်....။ ည နေ မိသားစု ရေ နွေး ၀ိုင်းလေးမှာ...ပြောင်း ဖူးစေ့ ချွေ ကြော် လေး နဲ့
လက်ဖက်သူုပ် ကလေးနဲ့ ပေါ့...။ သူ ကလဲ ရာ သီ စာ ဘဲ။ ၁၂ ရာ သီ လုံး ပေါ် တဲ့ နိုင် လွန် ပြောင်းဖူးတွေ
လောက် မချို ပေမယ့်....စေးစေးတွဲတွဲ စိမ့် စိမ့် ချို ပုံ လေးက မက်စရာ။အဝေး ရောက် နေတဲ့ ညီ မ လေး က ဂျီ တော့ ကနေ..``ပြောင်း ဖူး ပေါ် ပြီလား...စားချင် လိုက် တာ ´´တဲ့။ ကျွေး ချင် လိုက် တာမှ...အရမ်း ။

ကိုယ့် ဒေ သ ထွက် ရာသီ စာ လေး တွေ စား တိုင်း အဝေး ရောက် ညီ အမ တွေ နဲ့ မောင် နှ မတွေ ကို
သ တိ ရ လိုက် တာ...။

Saturday, July 17, 2010

ရှေ့ရှု ကာပဲ အလေးပြုပါတယ်လေ

၂ ၀ ၀ ၆ နှစ် က ကျမ ရန်ကုန် ရောက်နေ တုန်း အာဇာနည် နေ့ နဲ့ သွား ကြုံ နေတယ် ။ဒီ လို ကြုံ ကြိုက် တုန်း ကျမတို့ ကလေးတွေကို တာ ၀ါ လိန်း လမ်းက ဗိုလ် ချုပ် အောင် ဆန်း ပြတိုက် ကို လိုက် ပြ ဖို့ ....စိတ် ကူး ရကြတယ်..။

ဗိုလ် ချုပ် အောင်ဆန်း မကွယ် လွန် ခင် နေသွား ခဲ့ တဲ တာ ၀ါ လိန်း အိမ် ကြီး ကို သွား ကြည့် ဖို့ ကျမ တို့ ငယ် ငယ်ထဲက ကြိုး စားခဲ့ ပေ မယ့် နယ်ကမို့  ပြ တိုက် ဖွင့်ရက် နဲ့ မကြုံ တာနဲ့.....မ ရောက် ဖူး ခဲ့ ကြ....။ စာ အုပ် တွေ ထဲမှာသာ မြင်ဖူး တဲ့ ရဲ တိုက် ကြီးလို လို အမိုးချွန် ချွန် ထု လုံး ရှည် ပုံစံ အဆောင် တခု တွဲလျက် ပါတဲ့ တာ ၀ါ လိန်း လမ်းက ဗိုလ် ချုပ် အောင် ဆန်း ပြ တိုက်ကြီး ကို စိတ် မျက် စိ ထဲ မှာ စွဲ စွဲ လမ်း လမ်း။

ရန် ကုန် က အ မ နဲ့ ညီ မ ကလေးတွေ ရယ် ကိုယ့် ကလေးရယ်..။စုစု ပေါင်း ကလေး (၆) ယောက်။ညီအမ
သုံးယောက်.....။ တက္က စီ တစီး ငှားပြီး တာ ၀ါ လိန်းလမ်းက ဗို လ် ချုပ် အောင် ဆန်း ပြတိုက် ကို ပို့ ပေး ပါပေါ့....။ ကလေး တွေ ကလည်း သူတို့ ချစ်တဲ့ ဒေါ် အောင် ဆန်းစု ကြည် ငယ် ငယ်က နေခဲ့ တဲ့ အိမ် ဆို လို့ စိတ်ဝင် တစား.....။ ဟို မေး ဒီမေး...။တကားလုံး ပြည့် ကြပ် ..ဆူ ညံ လို့ ...။


ကမ္ဘာ အေး စေ တီ လမ်း ရဲ့  တနေ ရာ အရောက်..ကားသမား က ကားကို ရပ် ပြီး...``ရောက်ပြီ´´တဲ့။
အား လုံး စိတ် ၀င် တစား နဲ့ ဘေး ဘေး ဘီ ဘီ ကို ကြည့် ရင်း
``ဘယ်မှာ လဲ ဗိုလ် ချုပ် အောင် ဆန်း ပြ တိုက် ´´
ဆိုတော့..``ဟို မှာ´´လို့ ကားသမား က အိမ် ဖြူ ဖြူ ကြီး တလုံးကို လက် ညှိုး ညွှန် ပြ တယ်။အိမ် ကြီးက တော် တော်အို ဟောင်း ပြီး ပြု ပြု ပြင် ပြင် လည်း ရှိပုံ မရ..။တံ ခါးတွေ ကလည်း တရွဲ့  တစောင်း ။တ ဖက် ပွင့် ...တဖက် ပိတ်လို့...။အာ ဇာ နည် နေ့ ရယ် လို့ လူ သူ အရိပ် အယောင် တောင် မ မြင်ရ...။အား လုံး အမျှော် လင့် ကြီး မျှော် လင့် ထားတဲ့ ဗို လ် ချုပ် ပြတိုက် ကို ဒီ လို ပုံ စံ ကြီး နဲ့ မြင် လိုက် ရတော့...မင် သက် လို့...။ပြီးတော့ မှ..ဖျတ် က နဲ သတိ ရသွားတယ်...။``ဟုတ်သေးပါ ဘူး...စာအုပ် တွေ ထဲမြင် ဖူးခဲ့ တဲ့ တာ ၀ါ လိန်းအိမ် ကြီး က ဒီ ပုံ စံ မဟုတ်...။

ကား ဆ ရာ ကတော့ ခပ် တည် တည် ..
``ဟုတ် တယ်..ဒါ ဗိုလ် ချုပ် အောင် ဆန်းပြ တိုက် ´´ပါတဲ့..။

ဟို ဟို ဒီဒီ ကြည့် လိုက် တော့ မလှမ်း မကမ်း မှာ လုံခြုံ ရေး လက် ပတ် နဲ့ ရဲသား တယောက်...။

``ဗိုလ် ချုပ် အောင် ဆန်း ပြတိုက် ဒီ နားမှာ ရှိသလား´´လို့ ကျမ ကမေးတော့...ရဲ သား ကြီးက

``ဟိုး ..ရှေ့  က လမ်း သွယ် လေးထဲ ကို ၀င် သွားပါ´´ လို့ လမ်းညွှန်ပါတယ်။

``ကဲ..မောင် မင်းကြီး သား ကား ဆရာ..လမ်းသွယ် ထဲ ကို..မောင်း´´ဆိုတော့ မှ ဘ သားချော က စပ် ဖြဲ ဖြဲ နဲ့ ကျနော် က အဲဒီအိမ် ကြီးကို ဗိုလ် ချုပ် အောင် ဆန်း ပြ တိုက် လို့ ထင်ထားတာတဲ့.....

သူ့  လဲ အပြစ် မတင်ချင်...။ ဗိုလ် ချုပ် အောင် ဆန်း ကိုမှေး မှိန် မေ့ ပျောက် အောင် ..လုပ် ထား ခဲ့ သူ တွေ
ကို သာ အပြစ် ပိုတင်သင့်တယ် ထင်တာဘဲ...

+++ +++++


လမ်း သွယ် လေးထဲ ကို အေ တာ် ၀င် သွား တော့ မှ ခပ်မြင့် မြင့် တောင်ကုန်း် လေး ပေါ်မှာ ထီးထီးမား မား
ရဲ တိုက် ပုံ စံ အိမ် ဖြူ ဖြူ ကြီးကို လွမ်း မော ဖွယ် ရာ တွေ့ မြင် လိုက် ရတယ်..။ကျ မ တို့  အား လုံး စိတ် လှုပ် ရှား စွာနဲ့  ပေါ့။လုံ ခြုံ ရေး တာ ၀န် ကျသူ တွေ ဆီ မှာ ပါလာ သ မျှ ပစ္စည်း (ပိုက် ဆံအိတ် တွေက အစ)တခု မကျန် အပ် ခဲ့ရတာ...။လူ ချည်းသက် သက် ၀င် ရမယ် တဲ့...။

ပြ တိုက် လာ သူ တွေ ကို စ ၀င် ခိုင်း တဲ့ နေရာ ကတော့ ဗိုလ် ချုပ် စာ ထိုင် ဖတ် ရာ ဆင်ဝင် လေး နံ ဘေးကပါ..။အဲ ဒီ အောက် ထပ် ဆင် ၀င်ကလေး ထဲ မှာ ဗိုလ် ချုပ် စာထိုင် ဖတ်တဲ့ ပက် လက် ကု လား ထိုင် ကလေး တ လုံး ...။ဘေး က စား ပွဲ လေး ပေါ်မှာ ဖတ် လက် စ စာ အုပ် ကလေး တအုပ် နဲ့ မီးခြစ် ကလေး တခု..။(ဆေး လိပ်ရှိ မရှိကို တော့ သိပ် မမှတ် မိတော့) ဆင် ၀င် ကလေး နံ ဘေး အုတ် လှေ ကား လေး က တက် သွားတော့ စတွေ့ ရတဲ့ အခန်း က ထမင်း စားခန်းပါ...။ ထမင်း စား ပွဲ ရှည် ကြီး ပေါ် မှာ ဗိုလ် ချုပ် ရဲ့  နံမယ်ကျော်``ကြည်...ပဲ ပြုတ် နဲ့ နံ ပြား စားချင် တယ်´´ဆို တဲ့လက်ရေး မူ လေးကို လဲ တွေ့  ခဲ့ ရတယ် ။စား ပွဲ ပေါ် မှာ ပဲ ပြုတ် ပန်း ကန်ပုံ စံနဲ့ နံ ပြား ချပ် ပုံ စံ တွေ့ သ ရုပ် ပြ ထားတာ လဲ တွေ့ရတယ်။စားပွဲ ပေါ် မှာ ဘဲ သူ့  နေ ရာ နဲ့ သူ နေ ရာ တွေ မှာ နံ မယ်တွေ ရေးထား တယ်..။``အောင် ဆန်းစု ကြည် ´´ လို့ ရေးထား တာတွေ့  လို့ ကလေး တွေ သဘောကျ သွားပြီး``ဒါ..ဒေါ် စု နေ ရာ ကွ´´လို့ အော် ကြပြန်တယ်။

ကျ မ တို့ သာ မ က လာ ကြည့်သူ တွေ အကုန် လုံး ဟာ သ မိုင်းဝင် ရှေးဟောင်း အိမ် အို ကြီး ထဲ က ဗိုလ် ချုပ် တို့မိသားစု ရဲ့  လွမ်း မော စ ရာ အငွေ့  အသက် တွေကို တမြတ် တ နိုးငေး မော လို့...။

ထ မင်း စား ခန်း နဲ့ ကပ် လျက် ဧည့်  ခန်း အ ၀င် မှာ ရဲ တိုက် ပုံ စံ လုံး လုံး ကြီး ထဲ ကို ၀င်တဲ့ တံ ခါး ပေါက်
ကို တွေ့  ရပြီး အ ထဲ မှာ ကြောင် လိမ် လှေကား တ ခု။ အပေါ် ထပ် ဘု ရားခန်း ကို တက်တဲ့ နေ ရာ တဲ့။ အို ဟောင်းနေပြီ ဖြစ် လို့ လူ တွေ တက် ကြည့် ခွင့်  မပေး ပါ ....။ဧည့်  ခန်း ထဲမှာတော့ သာ မန် အိမ် ထောင် ပရိ ဘော ဂတွေနဲ့ အတူ ရှေးဟောင်း ရေ ဒီ ယို ကြီး တလုံး ...။ ဗိုလ် ချုပ်တို့ မိသားစု အား လပ် ချိန် မှာ သီ ချင်း တွေ ဘဲ တပျော်တပါး နားထောင် ခဲ့ လေ မလား....။ဒါ မှ မဟုတ် အရေး ကြီး တဲ့ သတင်း တွေကို များ တိုင် ပြည် ရှေ့  ရေး ကို တွေးရင်း နား ထောင် ခဲ့ လေ မလား...။


ကပ် လျက် အခန်း နှစ်ခု ကတော့ အိပ် ခန်း တွေ ပါ..။ ဗိုလ်ချုပ် တို့ အိပ် ခန်း ထဲ့ မှာ နှစ် ယောက်အိပ်ကျွန်း
ကုတင် တလုံး...။နံရံ ကပ် ဘီ ရို တလုံး ထဲ မှာ ဗိုလ် ချုပ် ၀တ် နေကျ ၀တ် စုံ လေး ၂စုံ..၃စုံ ကို တွေ့ ရတော့
စိတ် ထဲမှာ မကောင်း..။သူတို့ အိပ် ခန်း နံ ဘေးက အိပ် ခန်း ထဲ မှာတော့ ကလေး ကု တင် လေး သုံး လုံးက
ချစ် စ ရာ အစီ အရီ...။ညီ မ လေးကတော့ ကလေး တွေ ကို ဗိုလ် ချုပ် တို့ မိသားစု အကြောင်း တွေ ပြော ပြ လို့....။


အိပ် ခန်း တွေရဲ့  ဘေး ပေါက် ကနေ ဆက် ထွက် လိုက် တော့ အပေါ်ထပ် ကို တက် တဲ့ လှေ ကား ကြီး တစင်း။ ကျမ ကတော့ သူ များေ တွ သွားတဲ့ နောက် ကနေ အိပ် မက် ထဲမှာလမ်းလျောက် နေသလို လိုက် နေမိ တယ်။

အ ပေါ် ထပ် ကို ရောက် တော့ အစည်း အဝေး ခန်း တခု ရယ် စာ ဖတ် ခန်း တခုရယ် ..ထင် တယ်။အပေါ် ထပ် ကို တော့ စိတ်ထဲမှာ သိပ် မ မှတ်မိလှပါ။ ( ပြတိုက် လာ ကြည့် သူ တွေ ကို တချိန် လုံး ဗွီ ဒီ ယို လိုက် ရိုက်နေသူ တွေ ကြောင့် အေးအေး ဆေးဆေး မကြည့်  ရလို့ လား မသိ..။)

အောက် ထပ် ကို ပြန် ဆင်းပြီး ခြံ ထဲ ကို ဆင်း လာ တော့ ဗိုလ် ချုပ် အောင် ဆန်း စီး ခဲ့ တဲ့ ကား လေးက ကား ဂို ဒေါင် ထဲမှာ ငြိမ် ငြိမ် သက် သက်...။ခြံ ထဲ မှာ တော့ အားလပ် ချိန် တွေ မှာ သစ် ပင် စိုက် ပျိုး နေတဲ့ .....
ဗိုလ် ချုပ် အောင်ဆန်းရဲ့  ပုံ တူ ပန်းပု ရုပ် တခု နဲ့.....စိုက်ခင်း ပုံ စံ လေးတွေ....။ခပ် လှမ်းလှမ်း မှာတော့...သား လတ် အောင် ဆန်း လင်း ဆော့ကစား ရင်း ရေနစ် သေ ဆုံး ခဲ့ ရ တဲ့ ရေ ကန်ငယ် ကလေး...။

ကြီး ကျယ် မြင့် မြတ် လှ တဲ့ နိုင် ငံ့  ခေါင်းဆောင် ကြီး တဦး ရဲ့  အိမ် ဟာ ဘာ အဆောင် အယောင် အခမ်း အနား မှထူး ထူး ခြား ခြား မတွေ့  ခဲ့ ရပေ မယ့် ကြည့် ရှု သူတွေ ရဲ့  နှလုံးသား မှာ လွမ်း ဆွတ် လျက် ...နှမျော တသ လျက်။

အဲ ဒီ နေ့ က ကျမတို့ လိုဘဲ သူတို့ ကလေးတွေကို လိုက်ပြတဲ့ မိဘတွေ..။အာ ဇာ နည် နေ့ မှာ မှ ရှားရှား ပါး ပါး ကြည့် ခွင့် ရ လို့ ဗို လ် ချုပ် ကို သ တိ တရ လာ ကြည့် ကြသူ တွေ ဟာ ကြိတ်ကြိတ် တိုးအောင် များ မနေ ပေမဲ့ နဲ တော့ နဲတော့ မနဲ လှ ပါ....။

အပြ န် ရွှေ ဂုံ တိုင် လမ်း မပေါ် မှာတော့ ပင် နီ အင်္ကျီ နဲ ခမောက် တွေ ဆောင်း ထားတဲ့ N L D ပါ တီ ၀င် တွေ ၂ယောက် တတွဲ ၃ယောက် တ တွဲ စီ နဲ့ အာ ဇာ နည် ကုန်း ဖက် ကို ချီ တက် လာ ကြ တာ တွေ
ရတယ်..။ အာ ဇာ နည် ဗိ မာန် တည် ရှိ ရာ အာ ဇာ နည် ကုန်း နားကို ရောက်တော့ သံ
ဆူး ကြိုး အတားအဆီး တွေ ကို အ ကျည်းတန် စွာ တွေ့ ရ ပြန်တယ်....။ အင်္ကျီ အဖြူ နဲ့ ယော လုံ ချည် တွေ
ဝတ် ထားတဲ့ လူ ငယ် တစု ကို အာ ဇာနည် ဗိမာန် ဖက် ကို မသွား ဖို့ အတင်း အကြပ် တား နေ တဲ့ လုံ ခြုံ ရေး တွေ ကိုမြင် တော့ လည်း စိတ် မသက် သာလှ...။ ကိုယ့် တိုင်းပြည် လွတ်လပ် ရေး ရအောင် ဆောင် ရွက်ရင်း ကျ ဆုံး ခဲ့ ရတဲ့ အာ ဇာ နည် ခေါင်း ဆောင် ကြီး တွေကို ဘယ် လို ပြည်သူ ကမဆို လွတ်လွပ် လပ် လပ် အလေး ပြု ခွင့် မရှိ ရတော့ဘူး လား....။

+++ ++++

ဟို တလော က အင် တာ နက် စာ မျက် နှာတွေ မှာ တာ ၀ါ လိန်း လမ်း က ဗိုလ် ချုပ် အောင် ဆန်းပြ တိုက် ကြီး မှာ သရဲ ချောက် တယ် ဆိုတဲ့ သတင်း တွေ တွေ့ ရတော့ ...။ ဒီ လို သတင်း မျိုး တွေ သိပ် မကြိုက် လှ။အ လို လို မှ ဗိုလ် ချုပ် အောင် ဆန်း နဲ့ ပတ် သက်တာ တွေ ကို မှေး မှိန် အောင်...လူ တွေ မေ့ ပျောက် ကုန် အောင် လုပ်ခံ နေ ရတာကိုး....။ ဒီ သတင်း တွေ ကြား တော့ ကျမ တို့ ကလေး တွေ က သွား ကြည့် 
ချင် ပြန်သတဲ့...။ရန်ကုန် ရောက်တဲ့ တနေ့ ကလေး တွေ ကို လိုက်ပြ ဖြစ် ပြန် တယ်...။ အာ ဇာ နည် နေ့ မဟုတ် လို့ ခြံ ထဲ တော့ ၀င် ကြည့် လို့ မရ ။ခြံ ရှေ့ ကား ရပ် ပြီး ကြည့် တော့ တောင် ကုန်း လေးပေါ် က ရဲ တိုက် ဆန် ဆန် အိမ် ဖြူ ဖြူ ကြီး ဟာ အတိတ် ခြေ ရာ တွေ တပွေ့တပိုက် နဲ့ ....။ခန့် ခန့် ထည် ထည်...။သရဲ ချောက် မချောက် တော့ မသိ....။ ခြံ ၀န်းထဲ မှာ တော့ လုံ ခြုံ ရေး ၀န် ထမ်း တွေ လား ...။အနီး အနားရပ် ကွက် က လူ တွေ လား မသိ...။ ခြင်း ခတ် ကစား နေ ကြ တဲ့ လူ ငယ် တစု ကို တွေ့ ခဲ့ ရတယ်..။

မကျေ ပွဲ နွှဲ ချင် တဲ့ ကိုယ့် ကလေး တွေကို တော့ ကန် တော် ကြီးဗိုလ် ချုပ် ပန်းခြံထဲ က ဗိုလ် ချုပ် ကြေး ရုပ် ဆီ ကို ဘဲ လိုက် ပို့ရင်း ကလေး တွေ နဲ့ အတူ ဗိုလ် ချုပ် အောင် ဆန်းကို ...
``ရှေး ရှု ကာ ဘဲ.......အ လေး ပြု ပါ တယ် လေ....´´