Friday, August 28, 2015
ရာသီပြောင်းချိန်
နိုဝင်ဘာဟာ..... တကယ်တော့....့ ရာသီပြောင်းချိန်
ဆောင်းဟာ...ကပြောင်းကပြန်...ဖောက်ပြန်လို့...နောက်ပြန်လှည့်နေတယ်..
မိုးနဲ့ မြေကြားမှာ...ပြားပြားဝပ်...အသက်ရှူရပ်အောင်..မွန်းကြပ်လို့.....
မြစ်တွေကလည်း ကောက်ကွေ့ သောင်ထွန်း...လမ်းကြောင်းတွေလွဲလို့
တောတောင်တွေကလည်း...ရာသီလေကို မဖိတ်ခေါ်နိုင်အောင် ပြုန်းနေရှာ
ကမ္ဘာပျက်ချိန်ကို...စိတ်လက်ညစ်ညူးစွာ..ငါထိုင်စောင့်နေတုန်း
ကလေးတွေဟာ..အုံးအုံးကြွက်ကြွက်
လက်သီးလက်မောင်းတွေတန်းလို့..
တတိယလှိုင်းထဲမှာ
တတိယလှိုင်းထဲမှာ
ငါတို့ဟာ...လယ်သိမ်းခံအဖမ်းခံလယ်သမားတွေဖြစ်ရတယ်
တတိယလှိုင်းထဲမှာ
ငါတို့ဟာ
ဲ့ဥပဒေလက်တလုံးခြားတဲ့ချောက်ကမ်းပါးထဲ
ဆွဲဆွဲနှစ်ခံရတဲ့ ဂျာနစ်လစ်တွေဖြစ်ရတယ်
တတိယလှိုင်းထဲမှာ
ငါတို့ဟာ
ကိုပါကြီးတွေဖြစ်ရတယ်
တတိယလှိုင်းထဲမှာ
ငါတို့ဟာ
ပြည်တွင်းစစ်မီးလျှံထဲက စစ်ပြေးဒုက္ခသယ်တွေဖြစ်ရတယ်
တတိယလှိုင်းထဲမှာ
ငါတို့ဟာ
စစ်ရေး..နိုင်ငံရေး..ဘာယဉ်ကျေးမှုကိုမှ မလေးစားတဲ့ 
စစ်ဘီလူးတပိုင်း..မုဆိုးရိုင်းတို့ရဲ့  ပစ်ကွင်းထဲက ပစ်မှတ်တွေဖြစ်ရတယ်
တတိယလှိုင်းထဲမှာ
ငါတို့ဟာ..
ဘယ်အချိန်မှာ...ငါဘာဖြစ်မယ်ဆိုတာ အာမမခံနိုင်တဲ့ 
အခါခပ်သိမ်း ဘေးမငြိမ်းတဲ့ နိုင်ငံသားတွေ ဖြစ်ရတယ်..။
..
ဆောင်းမနက်
ဝင်္ကဘာ
ငယ်ငယ်က
ရပ်ကွက်ထဲမှာ..ဒီလိုပဲရှိတယ်..။
မရှုပ်ရှုပ်အောင်အတားအဆီးတွေလုပ်ထားတဲ့ဝင်္ကဘာ..။
လမ်းမှန်ကိုတွေ့ဖို့အသွား..
ဘွားခနဲအတားတွေ..တခုပြီးတခုတွေ့ မယ်.။
ဝင်းထရံကို ကျော်ခွသူက..ခွ..။
နောက်ပြန်လှည့်သူက...လှည့်..။
တရွေ့ရွေ့  နဲ့လမ်းတွေ့အောင်ရှာသူက....ရှာ..။
ဝင်္ကဘာထဲမှာ
လမ်းတွေ့လာသူတွေအတွက်
အလှူ့ လက်ဖက်နဲ့မျက်နှာလုပ်တဲ့
လက်ဖက်သုတ်တွေရှိတယ်..။
ပြီးတော့လဲ
လာရာလမ်းအတိုင်း
ပန်းတိုင်ကိုထားခဲ့ 
ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်..။
နီဇူလိုင်
၁၁.၁၂.၁၄
ဝင်္ကဘာထဲမှာ
လမ်းတွေ့လာသူတွေအတွက်
အလှူ့ လက်ဖက်နဲ့မျက်နှာလုပ်တဲ့
လက်ဖက်သုတ်တွေရှိတယ်..။
ပြီးတော့လဲ
လာရာလမ်းအတိုင်း
ပန်းတိုင်ကိုထားခဲ့ 
ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်..။
နီဇူလိုင်
၁၁.၁၂.၁၄
Tuesday, August 25, 2015
မပြီးသေးသောပန်းချီကားတချပ်
မူလတန်းတုန်းက တို့ဆရာမ
ပင်စင်ယူပြီးစ နွမ်းလှလှ
တိုးညှင်းညင်သာ
အားပေးပါဦးတဲ့
ကျောင်းဆွဲခြင်းအဟောင်းလေးကိုချ
ထီလက်မှတ်တွေကိုပြမှာလား
အတွေးပွါးတုန်း
ခြင်းအဖုံးလေးကို အသာဖွင့်
စက္ကူဝါကျင့်ကျင့်လေးတွေအောက်မှာ ပုန်းနေတဲ့
မုန့်လုံးကြီး ခြောက်ခု
နှလုံးသားကို တူနဲ့ထု
ဘယ်သူ့ကို မုန်းရမှန်းမသိ
ကျုံးလို့ဝယ်ပစ်လိုက်မိ
တလုံးပြီး တလုံး
တလုံးပြီးတလုံး
မုန့်လုံးကို စက္ကူကပ်
ကြာကလပ်နဲ့ ဆွမ်းတော်တင်
နီဇူလိုင်
၂၉.၄.၀၇
Thursday, April 23, 2015
Monday, April 20, 2015
Subscribe to:
Posts (Atom)


