Thursday, January 28, 2016
တောဈေးသည်
နိမ့်လိုက်
မြင့်လိုက်
သံသရာလိုတပတ်ပြီးတပတ်လည်လို့
ဒီနေရာကနေ 
ဘယ်မှမရွေ့ နိုင်တဲ့ ရဟတ်ကလေးတွေ
ဝမ်းမီးစတရှိန်ရှိန်နဲ့ မီးဖိုလေးတွေ
ဒီနေရာမှာပဲ.
.လောင်ကျွမ်းလို့
နှင်းသိပ်သိပ်မှာ
တချို့ က ကျန်းမာရေးအတွက်...
သူတို့က ၀မ်းစာရေးအတွက်..
မအေးအားရှာဘူး..။
(၂၈.၁.၁၆ နှင်းသိပ်မနက်မြင်ကွင်း)
Wednesday, January 27, 2016
အပြန်လမ်း
 အချိန်တန်ရင်
ဖုန်မှုန့်တွေနဲ့ အတူ
သစ်ရွက်ဆွေးတွေ
အမှိုက်တွေ
.ပြာစတွေ
 မြေပေါ်ပြန်ကျလာဦးမယ်
ကြယ်တွေတော့
သူ့နေရာနဲ့သူပဲရှိပါစေ
                            နီဇူလိုင်  
               (၂၇.၁.၁၅) (၂၇.၁.၁၆)
Monday, January 25, 2016
ရှင်သန်ခြင်း
နစ်တယ်
ပေါ်တယ်
အဆုပ်က   ဘ၀တွေကို  တ၀ကြီး ရှူသွင်းလို့
နှလုံးသားက  အနုပညာတွေကို မျှင်းမျှင်းလေး ရှူထုတ်လို့
နစ်တယ်
မြုပ်တယ်..။
Thursday, January 21, 2016
ဒုလ္လဘ
နှင်းထဲကိုရောက်လျက်
နှင်းကောက်ခက်ကြ
ငါ့နှင်းပုဝါမှာတော့
နှင်းဟာ
စွတ်စွတ်စိုဖွေးမြလို့...
                နီဇူလိုင်
Friday, January 15, 2016
မေမေ..မေမေ..
မေမေ....
မေမေ....
မေမေ့ရဲ့  ဒီတိမ်ကလေးမှာလေ
မေမေ ဘယ်လိုအရောင်တွေခြယ်ခဲ့ သလဲလို့
တိမ်ကလေးက
မေမေ့ထမီစကလေးကိုဆွဲဆွဲပြီး
စပ်စုတဲ့ အခါ....
မေမေက.....
တိမ်ကလေးကို ငုံ့ကြည့်ရင်း
မေမေ့ရဲ့ 
ဒီတိမ်ကလေးကိုလေ
မေမေ့ ကဗျာတွေနဲ့ အရောင်ခြယ်ခဲ့ တယ်...တဲ့....
တိမ်ကလေးက ကျေနပ်စွာရီမောလို့
မေမေ့ဆီကို စီးမျောလို့....
                                (၁၅.၁.၁၄)
( ဒီနေ့ အမေများနေ့...ဆိုပြီး ...မမကြီးက ညီမတွေကို သတိပေးတယ်..။မေမေ့  ဆီ  ..ဖုန်းဆက်ကြဦးတဲ့ ..။အလုပ်တွေ ရှုပ်ပြီး..သမီးက ဖုန်းမဆက်ဖြစ်..။ထုံးစံအတိုင်း..မေမေကပဲ ဖုန်းဆက်ရပြန်တယ်..။စိတ်ထဲမှာ...မေမေ့ငယ်ငယ်က  ပြောခဲ့တဲ့ ..စကားလေးတခွန်းကို သတိရမိနေတယ်..။သမီးကို မေမေလွယ်ထားရတုန်းက  မေမေကဗျာတွေ အရမ်းစပ်ချင်စိတ်ပေါ်သတဲ့ ..။ကဗျာတွေ  ရေးဖြစ်တယ်..တဲ့ ။ဒါနဲ့ ..မေမေ့အတွက်  ကဗျာလေး  တပုဒ်စပ်ရကောင်းမလား..။တွေးနေတုန်း..ဗြုန်းခနဲ..ကိုမြင့်စိုးMyint  Soe ပန်းချီကားလေးကို  တွေ့ တော့...။ပန်းချီဆရာကတော့  ဘယ်လို သတင်းစကား ပါးချင်မှန်းမသိ..။မေမေ့အတွက်..ဒီလိုလေး ချရေးမိပြီ..။)
Wednesday, January 13, 2016
နေမင်းကြီးနဲ့ မနှင်းလေး ပုံပြင်(၁)
ဟိုး...ရှေးရှေး တုန်း က   မဟုတ်ဖူးတဲ့ ..။ အ ရှေ့ ရိုးမ ကြီးနဲ့    အနောက် ရိုး မ ကြီး  ကြားက  ရွာ ကလေး တရွာ မှာ..မနှင်း လေးဆို တဲ့    ကလေး မလေး  တယောက် ရှိ သတဲ့ ...။မ နှင်း လေး ရဲ့  အိမ် လေး
ကနေ  လှမ်း ကြည့်  လိုက် ရင်  အေ ရှ့ ရိုးမ  တောင် တန်း ပြာ မှိုင်း မှိုင်း ကြီး ကို   အနောက် ရိုးမ ကြီးထက် ပို
              `` မ နှင်း လေး..  အိပ် ရာ က   နိုး ပြီ လား ဟေ့  ´´ လို့   ..အသံ သြသြ ကြီး နဲ့    နှုတ် ဆက် လေ့  ရှိ သတဲ့ ..။မနှင်း လေး ကလည်း    `` ဟုတ် ကဲ့   ..နိုး ပါ ပြီ ရှင် ။ မင်္ဂလာ ပါ´´ လို့  ပြန် နှုတ်ခွန်း ဆက်ရင်း
 မနှင်း လေး က   ကျောင်းစာ တွေ  ဖတ် ဖို့   ပြင် ဆင် လေ့ ရှိသတဲ့ ..။ ဒီ လို နဲ့  ဘဲ  သူတို့  နှစ် ယောက် ဟာ
မိတ် ဆွေ တွေ  ဖြစ်လို့  ပေါ့ ..။
Sunday, January 10, 2016
နှင်း
"နှင်း"
ချိန်းဆိုထားခြင်းမရှိပဲ
နှင်းထဲကို ရောက်ခဲ့တယ်။
မိုးသောက်မှာ
တို့လက်ဖ၀ါးနဲ့အမောက်
နှင်းတွေကောက်ခဲ့တယ်။