နီဇူလိုင်

တိမ်ကိုခြယ်တဲ့ ဆေးရောင်များ

Monday, March 7, 2016

ကင်ဆာ


ကင်ဆာ
ရှင်ဟာ..ကျမကို သတ်နိုင်မယ်လို့ ထင်လား..။
ဟား..ဟား..ဟား..
အားရအောင်..ရယ်လိုက်မယ်...ကင်ဆာ..။
ကင်ဆာ..
ရှင်ဟာ..လက်တံမွှာတွေဖြန့်
ကျမခန္ဓာကိုယ်အနှံ့ ကုပ်တွယ်ချုပ်ခြယ်ဖို့ကြံလား..။
ဟား...ဟား..ဟား
အားရအောင် ..ရယ်လိုက်မယ်..ကင်ဆာ..။
ကင်ဆာ
ရှင်ဟာ..အကျိတ်အခဲတွေပေးပြီး
ကျမသွေးလည်ပတ်မှုတွေကို ရပ်တန့်စေမယ်တဲ့လား..။
ဟား..ဟား..ဟား
အားရအောင် ရယ်လိုက်မယ်..ကင်ဆာ..။
ကင်ဆာ
ရှင်ဘယ်လောက် အမိန့််တွေချ..
အာဏာရှင်ဆန်ပြနေပါစေ..
ကျမ..ရှင်သန်ဖို့ရှိသလောက်ကတော့ ရှင်သန်နေဦးမှာ..။
ဒါဟာ..ကံကြမ္မာနဲ့လဲ ဆိုင်တယ်..။
ဒါဟာ...ကျမရဲ့ စိတ်ဇောအဟုန်နဲ့လဲ ဆိုင်တယ်.။
ကင်ဆာ..
ရှင်ဟာ...ကင်ဆာအစစ် ဆိုခဲ့ရင်တောင်
ကျမ..လွယ်လွယ်နဲ့ထွက်မသွားဘူး..။
ကျမ..အားရအောင်..ကုတ်ဖဲ့တွန်းလှန်ပစ်ခဲ့မယ်..။
အော်..
စိတ်မပူကြပါနဲ့..
ဒါဟာ..
အာဏာရှင်ကင်ဆာကို
တခါတရံ

ကဗျာဆန်ဆန်..
အာခံသရော်ကြည့်တဲ့.. 

ကဗျာတပုဒ်ပါ..။ ။
Posted by နီဇူလိုင် at 7:37 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

ဖြစ်စဉ်(၁)

"စီရရီ"
တနေ့
တနေ့
ခူးတယ်
ဖြည်းဖြည်းချင်း..ဂရုတစိုက်ခူးဆွတ်တယ်..။
ဖြည်းဖြည်းချင်း...တလွှာချင်းစီရီတယ်..။
ဆွတ်လေ..များလာလေ။
စီလေ..များလာလေ။
ဒါပေမဲ့
ဘယ်တော့မှ..ပြည့်မသွားဘူး
ဘယ်တော့မှ..လျှံမသွားဘူး
ဘယ်တော့မှ...လျော့မသွားဘူး..။
ဘယ်တော့မှ
စီလို့ကို လက်စသတ်မသွားဘူး..။

စီလက်စတွေ
စီရရီ..။
၅.၃.၁၆
Posted by နီဇူလိုင် at 7:07 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Wednesday, March 2, 2016

စိုးစိတ်

အယ်နီညို
တို့မြေတွေကိုကျူးကျူးကျော်ကျော်
သူပိုင်မြေလို့..ဆိုင်းဘုတ်လာစိုက်တယ်..။
အယ်နီညို
တို့မြေဆီသယံဇာတတွေခမ်းခြောက်..
တောတောင်တွေပျောက်အောင်
သူဘယ်လို .ဘယ်အချိန်မှာ.စုပ်ယူလိုက်ပါလိမ့်..။
အယ်နီညို
သူ့ကြောင့်
တို့မြေမှာ တို့တွေနေစရာမရှိတော့ပဲ
တွင်းနက်ကြီးထဲမှာဆင်းရဲခြင်းနဲ့အတူ
ကျူးကျော်တွေဖြစ်ရတယ်..။
တို့အပေါ်မှာ မွဲတေခြင်း မြေစာတွေပိပိကျလို့..။
အယ်နီညို
သူဟာ..ပိုင်စိုးပိုင်နင်း
ရာသီစောင့်နတ်သမီးလေးရဲ့  အလင်းကိုလဲဖျက်တယ်..။
ရာသီစောင့်နတ်သမီးလေးကတော့
တို့အတွက်လို့ ပြောတာပဲလေ
အယ်နီညိုကို..
ရင်ကြားစေ့ဖို့ကြိုးစားတယ်..။
ငြိမ်းချမ်းရေးသပြေခက်ကိုလက်ကမ်းတယ်..။
မေတ္တာသုတ်ရွတ်ပြတယ်..။
ဒါပေမဲ့..
အယ်နီညို
သူက မုန်ယိုတဲ့ဆင်ရိုင်းပဲ
သူက..စစ်ဦးဘီလူးပဲ
မေတ္တာသုတ်ကို နင်းချေ
ငြိမ်းချမ်းရေးသပြေခက်ကို ပုတ်ချ..။
ရင်ကြားစေ့ဖို့တွေ..ဘာတွေလဲ နားမလည်ရှာဘူး..။

သူ့မှာက အစွယ်ပဲအားကိုးရှိတော့
အစွယ်ပဲထုတ်ပြတတ်တယ်။
တို့တွေမှာသာ
ကျွမ်းပြန်
သောကတွေလျှံလို့..။
တို့မှာကွာ..
အယ်နီညိုကို ကြောက်ရတာထက်
ရာသီစောင့်နတ်သမီးလေးပါ
အယ်နီညို ဖြစ်သွားမှာစိုးလိုက်တာ..။ ။








Posted by နီဇူလိုင် at 8:51 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

လက်ချောင်းများပုံပြင်

"လက်ချောင်းများပုံပြင်"
လက်သန်းလေးတွေက သက်ပြင်းတွေ အခါခါချလို့...။
တကယ်ဆို...လက်ညှိုးငေါက်ငေါက်ထိုးလိုက်ချင်တာပါ..။
ဒါနဲ့
လက်မထောင်ချင်လို့
ဒီလက်သီးဆုပ်ကို ဖြေခဲ့တာလား.။
အဆီယစ်နေတဲ့လက်သူကြွယ်အတွက်
စဖြုတ်ခဲ့တဲ့ လက်သီးဆုပ်လား..။
မဇ္စျိ မပဋိပဒါ..
အလယ်ကောင်မှာ ရပ်..
လူရည်နပ်တဲ့ လက်ခလယ်ကများ
ဒီ..လက်သီးဆုပ်ကို ပြေစေခဲ့တာလား..။
ခုတော့...တို့မှာ
ဖြေလျှော့ထားရတဲ့ လက်ဖ၀ါးကို
မှောက်ချည်..လှန်ချည်ကြည့်ရင်း
ဘာမှ..ပါမလာတာကိုပဲ.. တွေ့လိုက်ရ..။
နီဇူလိုင်
၁.၃.၁၆
Posted by နီဇူလိုင် at 8:47 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Friday, February 26, 2016

မြင်ရုံမျှ

အလင်းလာရာ
အမှောင်ထဲကကြိုနေရှာ.။
အလင်းဆီမရောက်
အမှောင်အောက်က
မြင်ရုံမျှ.။
          ၂၆.၂.၁၆


Posted by နီဇူလိုင် at 8:34 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Wednesday, February 24, 2016

နတ်ဆိုး



Posted by နီဇူလိုင် at 8:17 AM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

Tuesday, February 23, 2016

ဝေးဝေး..လ



မနက်စောစ
ညမှတွေ့ရမယ့်
“လ”ဟာ..
ဖူးငုံဖြာကျ..။

နှင်းတောထဲက
 ဝေးဝေး.“လ”
မြူကန့်လန့်ကာတွေ  
ပိန်းပိတ်အောင်ချ
အေးမြတဲ့သန္တိသုခ။
လ
လ
လ
လွမ်းဆွတ်ဖွယ်
ဆွဲယူသိမ်းကျုံးနိုင်ပေစွ။




Posted by နီဇူလိုင် at 8:09 PM No comments:
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Newer Posts Older Posts Home
Subscribe to: Posts (Atom)
မြန်မာပြည် အင်တာနက် လိုင်း အခြေအနေ ကြား.. ကိုယ့်ဘလော့ဂ် ကိုပင်.. အမြဲ မြင်ခွင့် မရ သော ကြောင့်.. စာဖတ်သူ များ လာလည်သူများအား..ပြန်လည် မနှုတ်ဆက်နိုင် တာ ကို..
နားလည်ပေး စေလိုပါသည်။
မေးလ် ထဲသို့ ၀င်လာသော မှတ်ချက်များ အား သာ..
ဝမ်းသာ စွာ လက်ခံ ဖတ်ရှူ နိုင်သော အခြေအနေ ဖြစ်ပါကြောင်း... ကျေးဇူးတင်စွာဖြင့်-

Subscribe To

Posts
Atom
Posts
All Comments
Atom
All Comments

မှတ်ချက်များ

နှုတ်ဆက်တဲ့သူများကို ကျေးဇူးတင်ပါတယ်

Subscribe To

Posts
Atom
Posts
All Comments
Atom
All Comments

Blog Archive

  • October (2)
  • August (1)
  • July (5)
  • June (2)
  • May (7)
  • April (6)
  • March (28)
  • February (16)
  • January (11)
  • December (3)
  • November (4)
  • October (5)
  • September (10)
  • August (7)
  • April (2)
  • March (1)
  • February (3)
  • November (1)
  • October (1)
  • September (3)
  • June (1)
  • January (1)
  • October (1)
  • July (1)
  • March (4)
  • February (3)
  • October (1)
  • September (2)
  • August (1)
  • July (5)
  • June (1)
  • May (3)
  • April (4)
  • March (5)
  • February (2)
  • January (3)
  • December (7)
  • November (3)
  • October (5)
  • September (6)
  • August (6)
  • July (5)
  • June (4)
  • May (5)
  • April (9)
Simple theme. Theme images by Xaviarnau. Powered by Blogger.