Monday, October 15, 2012
ရူးချင်ယောင် ဆောင်မနေနဲ့ 
+++ရူးချင်ယောင် ဆောင်မနေနဲ    +++ရူးချင်ယောင် ဆောင်မနေနဲ့ +++
    ခုခေတ် သီချင်းတပုဒ်ရဲ့  ရေပန်းစား နေတဲ့  စာသားလေးပါ..။ခုခေတ် လူငယ်တွေ ကြား ထဲမှာလဲ ဒီဝေါဟာရ
အသုံးကလေးက   တော်တော် တွင်ကျယ်သား…။လူတယောက်ယောက်က  အခွင့် အရေးတခုခုကို ရယူနိုင်ဖို့ 
နည်းမှန်လမ်းမှန် ရိုးရိုးသားသား  မကြိုးစားပဲ..ရူးသလိုလို သွပ်သလိုလို..အရူးပါးစတိုင် နဲ့  အချောင်ကြိုးစား
ကိုယ်တာဝန်ယူရမယ့်  ကိစ္စမျိုးကို  တာဝန်မယူချင်တဲ့  အခါမျိုးမှာ ဟိုလိုလို ဒီလိုလို  မသိသလို လုပ်နေရင်လဲ “ဒီကောင်..ရူးချင်ယောင် ဆောင်နေတယ်..”လို့  ပြောတတ်ကြတယ်..။ပြောကြဆိုကြတဲ့  လေသံတွေကို ကြည့်ရင်ကို ရူးချင်ယောင်ဆောင်တယ်..ဆိုတာ ကောင်းတဲ့  အပြုအမူ မဟုတ်မှန်းသိသာထင်ရှားနေပါတယ်။
                တကယ်တော့ ခပ်ရိုင်းရိုင်းစကားလုံးနဲ့  အရူးလို့  အခေါ်ခံရတတ်တဲ့  တကယ်စိတ်မနှံ့ သူတွေကို   လူအများက  တော်ရုံတန်ရုံ ဗွေ မယူ..ကြ။ခွင့် လွှတ်ထားတတ်ကြတယ်။ဒါကို  အခွင့် ကောင်းယူပြီး.တဖက်
သားရဲ့ စာနာထောက်ထားမှုကို အလွဲသုံးစား လုပ်ကာ  ရူးချင်သွပ်ချင်ယောင် ဆောင်ပြီး  ကိုယ့်လိုဘ ပြည့် ဖို့  ကြိုးစားရယူတတ်သူတွေကို   လူတော်တော်များများက  ရွံရှာကြ ပါတယ်။ဘယ်သူမှလည်း  အထင်ကြီးတန်ဖိုး
ထားကြမယ် မထင်ပါ..။တနည်းအားဖြင့်  ဟန်ဆောင်တယ်.. ဆိုခြင်းဟာ …လိမ်လည်ခြင်း တမျိုးပါပဲ..။
ကိုယ်အလိုရှိရာ တခုခုကို ရဖို့ ဟန်ဆောင်ကြိုးစားပြီး  ရလာတဲ့   အရာကကော..အမှန်စင်စစ်  တန်ဖိုးရှိ နိုင်ပါ့ မလား..။
                    ဒါပေမယ့်   ခုတလော..ရူးချင်ဟန်ဆောင်သူတွေ   များလာ လို့ လားမသိ..။ရူးချင်ယောင်
ဆောင်မနေနဲ့  .” ဆိုတဲ့  စကားလုံးက လူထုကြားမှာ ရေပန်းစားလာတဲ့  ဝေါဟာရ တခုဖြစ်လာနေတယ်..။. လူငယ်တွေကြားမှာ ရူးချင်ယောင်ဆောင်မနေနဲ့ ..လို့  ရှုံ့ ချသံ   တွေ ကြားလာရတယ်..။ဘာဖြစ်လို    ရူးချင်
    +++++                               +++++                                            +++++
ကြားနေတဲ့  ငါးတန်းကျောင်းသူ  တူမကလေး ရဲ့ စာကျက်သံကို ကြားလိုက်တော့ အလန့် တကြားဖြစ်သွားမိ
တယ်..။သူကျက်နေတဲ့  စာက  ငါးတန်းမြန်မာဖတ်စာထဲ မှာပါတဲ့   ကဗျာသင်ခန်းစာ တခုပါ။
“ပညာလိုသော်”  ဆိုတဲ့  ကဗျာ တပုဒ်ရဲ့  ဆက်စပ်အမေးအဖြေ တွေကို ကျက်နေတာပါ..။
မေးခွန်း(၃)။        ပညာရှိထံသို့  မည်သို့  ချဉ်းကပ်ရမည် နည်း။
အဖြေ(၃)။       ။ ပညာရှိထံသို့   ရူးသွပ်ချင်ဟန်ဆောင်ရွေ    အခါအခွင့် ကို ချောင်းမြောင်းကာ အနီးကပ်ဝင် ရောက်ရွေ     ပညာသင်ယူရပါမည်..။
ကြားရချက် က  နားထဲမှာ ခိုးလိုးခုလု ဖြစ်သွားတော့..  “ သမီး စာက အဆန်းပါလား..။ပညာရှာ.ပမာသူဖုန်းစား
ဆိုတာထက်တောင်  ဆိုးနေပါလား..။”  လို့  ပြောမိတယ်..။သမီးလေးက  ခေါင်းကလေးကို ကုပ်ရင်း..
       “သမီးလဲ  ဆရာမသင်လို့ သာကျက်နေရတာ..။ဘာကြီးမှန်းလဲ မသိဘူး။ပညာရှာ ပမာသူဖုန်းစားဆိုတာကကော ဘာလဲဟင်”  လို့  မျက်မှောင်ကလေးကုပ်ရင်း
ပြန်မေးရှာတယ်..။
ချင်သူတွေက  သူဖုန်းစားလို..တောင်းပန်ခယပြီး သင်ကြရတယ်..။ခုခေတ်လို  ပညာရွာခေတ်ကြီးမှာ ပညာတွေ
ကို လျှို့ ဝှက်ထားလို့  မရတော့ဘူး..။ပညာရပ်တခုခု ကို ရရင်ချက်ချင်း  ဖြန့် ဝေနေကြတဲ့  ခေတ်ကြီးကို ရောက်နေပြီ..။ဒီလို ခေတ်ကြီးမှာ ပညာရှာပမာသူဖုန်းစားဆိုတာ တောင် ခေတ်မမီတော့ တဲ့  အတွေးအခေါ်
တရပ် ဖြစ်နေပြီ။အခု ကဗျာထဲကလို  ပညာလိုလို့  ရူးချင်သွပ်ချင်ယောင်  ဆောင်ပြီး ချဉ်းကပ်ရမယ်..ဆိုတဲ့ 
နည်းနာ တွေက  ပိုတောင် ဒိတ်အောက်နေပြီ..” လို့  ရှင်းပြမိတယ်.။  ပြီးတော့  စိတ်ဝင်စားတာနဲ့  သူ့ မြန်မာစာဖတ်စာနဲ့  လေ့ကျင့် ခန်းစာအုပ်ကလေးတွေကို  ယူကြည့်မိပါတယ်..။့
ပဉ္စမတန်း မြန်မာဖတ်စာရဲ    စာမျက်နှာ(၂၅)မှာ  “ ပညာလိုသော်”   ဆိုတဲ့  ကဗျာကို တွေ့ ပါတယ်..။
   “ပညာလိုသော်”
ပညာလိုသော်၊ပညာရှိကို ယှဉ်
မေးစဉ်နေ့ ညမပြတ်။
အဖတ်အအံ၊အကြံအရေး
ရှေးရှေးထုံးကိုဆောင်။
သွပ်ကျွန်မူရွေ့ ချောင်း
ခင်ပွန်းကောင်းကိုလိုသော်
သူ့ စီးပွါးကိုရှာ။
ချစ်သသူကို ဥစ္စာ မငှားရ ။    ။တဲ့ ..။
ကဗျာအောက်ခြေမှာ ကဗျာရေးသူ စာဆိုအမည် မပါပါ..။ကျမတို့  ငယ်ငယ်က  သင်ခဲ့ ရတဲ့  ကဗျာတွေ စာတွေ
မှာ စာဆိုအမည် တင်မက  စာဆိုဖြတ်သန်းတဲ့  ခေတ်တောင် ပါတတ်ပါတယ်..။အမည်မသိရင်တောင်.
.အမည်မသိစာဆို လို့ ပါတတ်ပါတယ်..။ဒါပေမယ့်  (၁၉၈၈) အလွန်နှစ်တွေမှာ  သူပုန်စာဆိုလို့ 
ခုခေတ် ကျောင်းသုံးပြဌာန်း ကဗျာ တော်တော် များများမှာ စာဆိုအမည် မပါတော့ ပါဘူး..။အခု..ပညာလိုသော်
ကဗျာ ဟာ.. သူ့ ခေတ်သူ့ အခါ က မှန်ကန်တယ်ထင်ခဲ့ တဲ့ မသင့်တော်သော်လည်း ယာယီအောင်မြင်မှုရခဲ့ တဲ့  အတွေးအခေါ်တွေ ဖြစ်ကောင်းဖြစ်ပါလိမ့် မယ်..။
ပါပါတယ်..။ခက်ဆစ်တွေထဲမှာ
ရူးကျွန်မူ= ရူးဟန်ဆောင်သည်။
သွပ်ကျွန်မူ=သွပ်ဟန်ဆောင်သည်။
 လို့  အဓိပ္ပါယ် ဖွင့် ဆိုပေးထားပါတယ်..။
                   စကားပြေထဲမှာလည်း..ဒီအပိုဒ်ကို
 “ပညာရှိထံပါးသို့  ရူးသွပ်ဟန်ဆောင်ရွေ့  အခါအခွင့် ချောင်းမြောင်းကာ အနီးကပ်ဝင်ရောက်ရွေ့  ပညာသင်
ယူရပါမည်။”လို့  စကားပြေ ပြန်ပေးထားပါတယ်..။
                ကျမလည်း  ကိုယ့် နယ်ကို ပြန်ရောက်တော့  မနေနိုင် မထိုင်နိုင်..ကျမတို့ နယ်က ငါးတန်းကလေးတွေစာအုပ်တွေ ယူကြည့်မိပါတယ်..။အကုန် တထပ်တည်းပါပဲ..။သင်တဲ့ ဆရာမတွေကို
 မေးကြည့် တော့  သင်ရိုးညွှန်းတန်းအရ  တပြည်လုံး ဒီသင်ရိုးအရ တညီတည်း သင်ရတယ်..လို့ ပြောပါတယ်.။
ဒါဆို  တနိုင်ငံလုံးက ငါးတန်းမြန်မာစာသင်ရိုးရဲ့ ပညာလိုသော်   ကဗျာကို   သင်ခဲ့ ဖူးသူတိုင်း  ရူးချင်ယောင် ဆောင်ပြီး  ပညာရှာဖို့  လမ်းပြခံခဲ့ ရမှာပေါ့ ..။သွန်သင် ခံခဲ့ ရမှာပေါ့ ..။ကလေးတွေကို ဒီသင်ခန်းစာသင်ပေး တဲ့  ရည်ရွယ်ချက်က  ဘာပါလိမ့် ..။
           ပညာ(ကိုယ်လိုချင်တာ) ရဖို့  မသင့် တော်တဲ နည်းလမ်းမျိုးလဲ..သုံးရမယ်လို့ ဆိုလို ထားတာလား..။
မျိုးတွေ ရိုက်သွင်း နေချင်တာလား..။
                   ကျောင်းတကျောင်းက  သူငယ်ချင်းဆရာမကတော့.. ကျမနဲ့  စိတ်ချင်းတူနေတာကို ၀မ်းသာအားရတွေ့ လိုက်ရပါတယ်..။သူလဲ  ဒီကဗျာကြီးကို မကြိုက်ဘူး..။မသင်ချင်ဘူး..တဲ့ ။
ဒီတော့ ကလေးတွေကို ကဗျာ  ပုဒ်ရင်းကိုပဲ လေ့ ကျင့် ခန်းစာအုပ်ထဲမှာ ရေးခိုင်းထားလိုက်တယ်တဲ့ ..။စာမေးပွဲ မှာထဲ့  မမေးဘူးလို့ လဲ  ကလေးတွေကိုကြေညာထားလိုက် သေးသတဲ့ ..။သူ လည်း   သူတတ်နိုင်သလောက်
 လုပ်တာနေမှာ ပေါ့ လေ..။
                       တကယ်တော့..ဒီလို  .နုနယ်တဲ့ ကလေးတွေအတွက်  အတွေးအခေါ်  အဆိပ်အတောက်
ဖြစ်စေမယ့်   သင်ခန်းစာမျိုးတွေကို  သင်ရိုးထဲမှာ ပြဌာန်းထားတာကိုက  သင့် တော်တယ်  မထင်ပါဘူး..။
မိတ်ဆွေတို့ ကော  ဘယ်လို ထင်ကြပါသလဲ..။
                ကျမကတော့ ငါးတန်းကျောင်းသူ  တူမလေးရဲ့  ချက်ကြလက်ကြ ပြောလိုက်တဲ့  စကားလေးကိုပဲ ကြားယောင်နေပါတယ်..။
“ သမီးလဲ..ဒီစာကြီးကို သင်ရတာမကြိုက်ပါဘူး..။ပညာလိုချင်လို့  ရူးချင်ယောင် သွပ်ချင်ယောင်ဆောင်ရင်
အရူးပညာပဲ ရမှာပေါ့ နော်.”.တဲ့  ။        
Saturday, July 7, 2012
ကြယ်ဖျောက်တစ္ဆေ
ကောင်းကင်မှာ
ကြယ်တွေဟာ
စိန်လိုတောက်ပ
လမ်းပြလို့ ..။
တစ္ဆေကတော့
တစ္ဆေလိုပေါ့ 
ကြယ်ရောင်ကို မော့မကြည့်ရဲဘူး...။
ကြယ်ရောင်တဖျပ်ဖျပ်အောက်မှာ
တစ္ဆေဟာ
မာယာနဲ့ လှည့် စားဖို့   အခွင့် မသာ။
သွေးရူးသွေးတမ်း တစ္ဆေဟာ
ကြယ်တွေကို မြက်ရိုင်းတောအောက်
ထိုးဖျောက်ဖို့ ကြိုးစားတယ်။
အရာရာ နဲ့ ဖုံးအုပ်
ကြယ်တွေကို လှုပ်မရအောင် ကြိုးစားတယ်..။
ကြယ်တွေကိုဖျောက်ဖို့ ကြိုးစားတယ်..
ကြယ်တွေကို ဖျက်ဖို့ ကြိုးစားတယ်..
ကြယ်တွေကို မေ့   သွားအောင်ကြိုးစားတယ်..
ဒါပေမယ့် 
ကြယ်တွေက
ကြယ်တွေလေ
ကောင်းကင်မှာပဲ  တောက်ပနေသပေါ့ 
စိတ်လျှော့ 
တစ္ဆေ
နင်သာ  မကောင်းဆိုးဝါးဘ၀က
မြန်မြန်ကျွတ်လွတ်ပါစေ..။       ။
Thursday, March 22, 2012
ပေါက်ပင် ဘြာေ့ကာင့်  ကိုင်းရတယ်
           “ပေါက်ပင် ဘာကြောင့်  ကိုင်းရတယ်”
            တနေ့ က   လယ်သူမကြီးတယောက်  ဆန်လာဝယ်ရင်း  စကားစမြီပြောဖြစ်ကြတော့..လယ်ဧက နဲနဲ  ပဲ..ပိုင်တဲ့   သူ့ ခမျာ.. စပါးစိုက်ပြီး  ဆန်ဝယ်စားနေရတဲ့   သူ့ ဘ၀ကို ပြောပြရင်ဖွင့် ပါတယ်..။လယ်သမား  တော်တော်များများ  (အများစု)ဟာ  မပြေလည်ကြရှာပါဘူးတဲ့ ..။တနှစ်တနှစ်  စိုက်ချိန်ပျိုးချိန် ရောက်ရင်..စိုက်ပျိုးစရိတ်တွေ  ကြီးလွန်းလို့   ချေးရငှားရပါတယ်..။စိုက်ချိန် ပျိုးချိန် မှာ    စိုက်ပျိုးစရိတ် ချေးငွေ ထုပ်ချေး တဲ့  ပုဂလိက ကုမ္ပဏီတွေ အများကြီး  ရှိတယ်..။တချို့ ..ဓါတ်မြေသြဇာကုမ္ပဏီတွေက    သူတို့ ဓါတ်မြေသြဇာကို  ရောင်းရင်း ..စိုက်စရိတ် ချေးငွေကို အတိုးနှုန်းသက်သက်  သာသာ နဲ့  ထုပ်ချေးတာတွေရှိပါတယ်..တဲ့။ ကုမ္ပဏီက  ချေးငွေက   အတိုးနှုန်း သက်သာပေမယ့် ..သူ့ ဓါတ်မြေသြဇာတွေက   အရည်အသွေး ညံ့ လို့  ချေးငွေ ယူတဲ့ လယ်သမားတွေ မှာ  သီးနှံအထွက်  ဆုံးရှုံးရတာ  တွေ  များပါတယ်..တဲ့ ။အဲဒီလို  ကုမ္ပဏီ ချေးငွေတွေ  ရှိသလို  ဘာ..အသင်းညာအသင်း လိုလို..နိုင်ငံရေး ပါတီလိုလို တွေကလည်း  တောင်သူလယ်သမားပြည်သူ လူထုရဲ့  အသည်းကြားက   ပတ္တမြားကို   နှိုက်ယူချင်လို့   မက်လုံးပေး  ငွေချေးတာမျိုးတွေ ရှိပါသတဲ့ ..။
            အစိုးရစိုက်ဘဏ်ဆီက  ကော  စိုက်ပျိုးစရိတ်..ချေးငွေမယူဘူးလား..လို့ မေးတော့ ..တတ်နိုင်ရင်..သူ့ ဆီကလည်း  မယူချင်ပါဘူး..တဲ့..။အပြင်  ငွေတိုးချေး  တဲ့ သူတွေ ဆီကမှ  ပြန်ဆပ်ချိန်မှာ  ဒီနှစ် သီးနှံထွက်  ညံ့ လို့  ပါ ပြောပြီး.. ခဏဆိုင်းခိုင်း ရင်  ရသေးတယ်.တဲ့ .။အစိုးရ  စိုက်ဘဏ်က  သီးနှံထွက် ကောင်းတာတွေ မကောင်းတာ တွေ  ပြောလို့ မရ  ဘူး..။အချိန်တန် လို့ မှ မဆပ်ရင်..ကျေးရွာ ရပ်ရွာ အာဏာပိုင်တွေရဲ့  အာဏာ  သုံးပြီး ဖမ်းလားဆီးလားတွေ ..လယ်သိမ်းယာသိမ်းတွေ ရှိလို့ …စိတ်ညစ်ရပါသတဲ့ ..။ဒီကြားထဲ  ..လယ်သမားတွေကို  ချေးငွေပြန်ဆပ်ချိန်မှာ  စိုက်ဘဏ်ကနေ  စုဆောင်းငွေ ဆိုပြီး မစုမနေရ   ငွေဖြတ်ယူတယ်..တဲ့ ။ဒီလို  ငွေစုလာတာ   မိဘဘိုးဘွားတွေ  လက်ထက်ကနေ သားစဉ်မြေးဆက်  စုလာကြရပေမယ့်   ကိုယ့် ငွေ ဘယ်လောက်ရှိလို့  ရှိမှန်းလည်း  မသိရ..။ကိုယ့် စုဆောင်းငွေ တွေကို ကိုယ် အရေးအကြောင်း  လိုအပ်လာလို့  မှ  ထုပ်သုံးလို့  မရ..။ဘယ်မှာ သိမ်းဆည်း အပ်နှံထားမှန်းလည်း  လယ်သမားတွေကို  တခါမှ ရှင်းမပြပဲ..စုလာခဲ့ ရတာ  မနဲဘူးတဲ့ ..။အင်း..လယ်သမားတွေ   ခမျာ  ကိုယ့် စုဆောင်း ငွေ ကို ကိုယ်   ပြန် အတိုးပေးသုံး  နေရလားမသိပါဘူး လို့   လည်း…ညည်းရှာတယ်..။. တတိုင်းပြည်လုံး စားဖို့  …တိုင်းပြည် နိုင်ငံခြား ၀င်ငွေရဖို့   ဖင်ထဲကို ရွှံ့ တခွဲသား  ၀င်အောင်  ကျွဲတွေ နွားတွေ နဲ့  အတူ  ရုန်းကန်ပြီးလုပ်ပေးနေတဲ့   တိုင်းပြည် ရဲ့ ကျေးဇူးရှင်..လူများစုလယ်သမား တွေ  နင်းပြားဘ၀  ကမတက်ရတာကိုသိတော့စိတ်ဆင်းရဲမိပါတယ်..။ခေါင်းပုံဖြတ်ခံနေရတာကို..လည်း..စိတ်မကောင်းဖြစ်မိပါတယ်..။ကိုယ့် ဖာသာတောင်  တာဝန်မကျေသလို ခံစားရပါတယ်..။ဘာအကူအညီ  မှ  မပေးနိုင်ပါလားလို့ လေ..။
        တကယ်ပုံမှန် ကတော့  တဧကကို  တင်း(၂၀) ပတ်ဝန်းကျင်လောက် အနဲဆုံးထွက်ရ  မှာ..။ဒါပေမယ့်  ဓါတ် မြေသြဇာ တွေ  ပိုးသတ်ဆေး တွေ  မတရား   သုံးကြလို့ လား..။လယ်မြေတွေမှာ  တသီးနဲ့ တသီးကြား  နားချိန် မရအောင်  စိုက်ကြရလို့ လား..။သီးနှံတွေ အထွက် ဆွံ့ ကြတယ်..။နောက်ပြီး  ရာသီဥတုတွေကလည်း  ဖောက်ပြန်နေလေတော့   ခုနှစ်..  နှင်းမလိုက်ဘူး..။မတ်ပဲက  နှင်း..ကို  ကြိုက်တယ်..။နှင်းများများကျ တဲ့ နှစ်မှာ   မတ်ပဲ အထွက်  သိပ်ကောင်းသတဲ့ …။ခုတော့   မတ်ပဲခင်းတွေ  တော်တော်  များများ  ပိုးတွေ ကျကုန်ကြတယ်..။ပိုးသတ်ဆေးတွေ  မသုံးမဖြစ်  သုံးကြရတယ်..။
       သူတို့ ပြောတဲ့   အထဲက ကြောက်စရာကောင်းတာကတော့  ရွာတွေမှာ  တောင်သူတွေ အတွက်..စိုက်ပျိုးရေး   နည်းပညာ  ဗဟုသုတ  ဖြန့် ဝေမှု  အားနဲနေတာပါ..။သီးနှံတွေ အထွက်ကောင်းဖို့  ပိုးသတ်ဆေး  တွေ  သုံးကြတာမှာ..မျက်ကန်းတစ္ဆေ မကြောက်  သုံးနေကြတာကိုး..။တချို့ များ  ပိုးသတ်ဖို့ ရာမှာ..သီးနှံပင်သုံး ပိုးသတ်ဆေးတွေက  ဈေးကြီးလို့   ဈေးသက်သာတဲ့ တရုပ်ပြည်က  လာတဲ့    အင်ဆက်ကေလာ  စပရေး  ဘူးတွေကို  ..ရေဖျော် သုံးကြသတဲ့ ..။ပိုးကတော့   သေပါတယ်..။ဒါပေမယ့် ဒီ အန္တရာယ်ဟာ..စိုက်ပျိုးတောင်သူတွေ  ပါမက..စားသုံးသူတွေ ဆီကို  ပါ  ..ဒုက္ခကောင်းကောင်း  ပေးတော့ မှာ ပါလား..။
     ကြားရ  ကြားရ  နားဝ မသက်သာ ပါ…။.ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်..ဆိုသလိုပါပဲ.. အကြောင်းတခုနဲ့ တခု ဟာ  ဆက်စပ်ကြည့် လိုက်တော့   နောက်ဆုံးမှာ  ..လက်သည်တရားခံကို  တွေ့ တော့တာပါပဲ…။    
Friday, March 16, 2012
ကျားရှာဖွေခန်း
ကျားရှာဖွေခန်း
          လွန်ခဲ့ တဲ့    -၄နှစ်က   ကျောင်းဖွင့် ချိန် မှာ   သားကို ကျောင်းအပ်ဖို ကျောင်းကို  ရောက်ခဲ့ တယ်..။ကျောင်းဝင်းထဲ ၀င်ဝင် ချင်း  အခန်းမှာ  ဆိုင်းဘုတ်အကြီးကြီး နဲ ကျားရှာဖွေခန်းလို ရေးထားတဲ အခန်းတခန်း ကို တွေ့ လို ရင်တွေ ပန်းတွေ တုန်သွားတယ်..။ဘယ်နှယ်   မြို့ လည်ကောင်  မြို့ ကျက်သရေဆောင်ကျောင်းဝင်းထဲမှာတောကောင်တွေဝင်နေပြီလား..ဘုရား..ဘုရားပေါ ..       နောက်မှသိရတာ က   ပြီးခဲ့ တဲ့    တက္ကသိုလ်ဝင်စာမေးပွဲ တွေ ဖြေချိန်တုံးက   စာဖြေကျောင်းသားတွေကို  စာမေးပွဲ ခန်းထဲ  မ၀င်ခင်  ခိုးကူးစာရွက် တွေ  မသမာတာတွေ  ပါ မပါ  စစ်ဖို ..လိုအပ်ရင် ခန္ဒာကိုယ် တခုလုံး  လှန်လှော ရှာဖွေ ဖို    အထူးစီမံထားတဲ အခန်းပါတဲ ..။အော်..ဒါဆို    ရှာဖွေခန်း  လည်း ရှိဦးမယ်ပေါ ..း(
          ကိုယ်တွေခေတ်က  တခါမှ  မကြားဖူးခဲ တဲ   အစီအမံတွေပါလား..။အင်းလေ..အဲဒီ အချိန်က  တိုင်းပြည်ကို   ခုလို  လွှတ်တော့် ဘာန    ပြည်သူကိုယ်စားပြု ပါတယ်..လို   တွင်တွင် ပြောနေတဲ   အရပ်သား(တပိုင်း)အစိုးရ မင်းများ  အုပ်ချုပ် နေချိန် မဟုတ်ပေဘူးကိုး..။စစ်တပ်က အာဏာသိမ်းထားတဲ   စစ်မင်းများ  အုပ်ချုပ်နေချိန်ကိုး..စစ်ပုံစံ နဲ ခပ်တင်းတင်း ခပ်ကြပ်ကြပ်..ပေါ ..။တခါမှ  မမြင်ဘူး မကြားခဲ့ ဘူးတ မြင်ကွင်းတွေပါ.. ကျောင်းတွေမှာ   စစ်တပ်လို  ရှာဖွေရေး အခန်းတွေ နဲ့ မို    ကြည့် မကောင်းဘ၀င်မကျ..။ရန်သူ့ နယ်မြေ၀င်စီးနေတာ  ကျ  နေတာပဲ  လို ..တွေးမိနေတယ်..။အဲဒါ နဲ့ မေးစမ်းကြည့် တော့    တချို   ..ကျောင်းသားတွေ ကလည်း  ခိုးကြတာ တရားလွန်တယ်တဲ …။.ခိုးနည်းကို မျိုးစုံနေတာပဲ တဲ ..    ခိုးကူးစာရွက်ကလေးတွေကကို   ဈေးကွက်တခု ...ရှိသတဲ့ ။ဒီလို  ခိုးစရာ  အထောက်အကူတွေ  လွယ်လွယ်ရနေတော့   ကလေးတွေ  ခိုးတာ  ဘာဆန်းလဲတဲ ..။တချို့ ကလည်း ပြောကြတယ်..။တတိုင်းပြည်လုံး  သူ့ နေရ နဲ့ သူ  ခိုးနေကြတာ..ကလေးတွေလဲ  အတုမြင်  အတတ်သင် ပေါ့ တဲ ..။အော်..စစ်အုပ်ချုပ်ရေး  ခေတ်ကိုး..
ကျောင်းသားတွေဖက်  မေးစမ်းကြည့် တော   ကျောင်းသားတွေကတော့ ဒီလုပ်ရပ်ကို  ဘယ်သူမှ သဘောမကျ
ကြဘူး..။စာတကယ်ကျက်ထားတဲ မခိုးတဲ ကျောင်းသားတွေခမျာ  စာမေးပွဲဖြေကာနီး စိတ်အနှောင့် အယှက် ဖြစ်ကြရတာပေါ ..။တချို့ ဆို  တုန်ရင်ပြီး  ကျက်ပြီးသားစာတွေ တောင်  မေ့ ကုန်ကြရသတ ..။ရှာတဲ ဆရာတွေထဲမှာလည်း  တချို ဆရာတွေကတော့  သိပ်မလုပ်ချင်ကြပါဘူး..အထက်အဆင့် ဆင့် က အမိန့် နဲ ခိုင်းလို့ သာ  လုပ်ရရှာတာကိုး..။စစ်အုပ်ချုပ်ရေး ခေတ်ကိုး..။စတိလောက် အဟန့် လောက်ပဲ စစ်ကြရှာသတဲ ..။တချို့ ဆရာတွေကတော့  တော်တော်ဆိုးသတဲ ..။ရလာတဲ   အာဏာရွေးစိလောက်ကို  ဂုဏ်မောက်ပြီး အတွင်းခံပါမကျန်  လှန်ကြသတဲ ..။ကျောင်းသားတော်တော်များများက  မခံချင်ကြဘူး..။တချို့ ကလေးတွေများ..တော်တော် သိတယ်..။ဒါ..လူ့ အခွင့် အရေး  ချိုးဖောက်တာ တဲ ..။အင်းလေ..စစ်အုပ်ချုပ်ရေးခေတ်ကိုး..
        ကိုယ်တွေငယ်ငယ်တုံးကကော  ဒီလိုဖြစ်ရပ်မျိုးတွေ  ရှိခဲ့ လား..လို့ ပြန်တွေးကြည့် တော့ ဒီလောက်   မြင်မကောင်းရှုမကောင်းမရှိပါဘူး..ဘာပဲပြောပြောဒီနေရာမှာကိုယ့် ဖေဖေကိုကျေးဇူးတင်ရတယ်..။ငယ်ငယ်ထဲက  သူ့ သွန်သင်ဆုံးမ မှုကြောင့်  စာမေးပွဲခန်းထဲမှာ  စာမရရင်တောင်..ခိုးချဖို့ တော့   ဘယ်တုံးကမှစိတ်မကူးခဲ့ ဖူးဘူး..။မဖြေနိုင်ရင်  အိပ်ချင် အိပ်နေမယ်..။ဒါမှမဟုတ်..ဂဏန်းအကြီးကြီးတွေကို  မြှောက်လိုက်  စားလိုက်  နဲ့  အလုပ်ရှုပ် နေလိုက်တာပဲ..။ကိုယ့် ကလေးတွေ  ကျတော့ လည်း ..ခပ်တင်းတင်း  ဂုဏ်လုပ်ပြောနိုင်ခဲ့ တယ်..။ဟေ့..တို့ တွေ  ငယ်ငယ်ကတည်းက   ကျောင်းတက်လာတဲ့  တလျှောက်လုံး  ဘယ်တုံးကမှ  စာခိုးမချ ခဲ့ ဖူးဘူး..လို့ လေ။
            အခု…သားတို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေဖြေနေတာတ၀က်ကျိုးမှသတိရပြီး..သားတို့ သူငယ်ချင်း
တသိုက်ကို  မေးကြည့် မိတယ်..။ကျားရှာဖွေခန်း  ဆိုတာ ရှိသေးလားလို့ ..။စိတ်ထဲမှာတော့  မရှိလောက်တော့ ဖူး  ထင်တာပေါ့ ..။ခေတ်ပြောင်းသွားပြီလေ..။စစ်အုပ်ချုပ်ရေး  ခေတ်မဟုတ်တော့ဘူးလေ..။လွှတ်တော် နဲ့ ဘာနဲ့ ..လေ။လူ့ အခွင့် အရေး  ကော်မရှင် တွေ  ဘာတွေ ရှိနေပြီလေ..။သန့် ရှင်းသောအစိုးရ ရဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးတွေ  စတင်ကြဖို့  နိုင်ငံတော်  သမတကြီး  မိန့် ခွန်းခြွေ ခဲ့ တာတောင် ၁နှစ်ပြည့် ပြီလေ..။
   သားတို့  သူငယ်ချင်းတသိုက်က  ရှိတယ်..လို့ ပြန်ဖြေတော့   ကိုယ်အရမ်း အံ့သြ  သွားပါတယ်..။
က  အင်္ကျီအိတ်ထဲမှာ အောင်သပြေရွက်ကလေးတွေ ထဲ့ ထားတာကို  အထပ်ထပ် အပြန်ပြန်  လာစစ်နေသေးသတဲ့ ..။ကိုယ်ကတော့  စိတ်ပူစွာနဲ့ ..သားတို့ ကော  ပြသနာတက်သေးလား..လို့ မေးတော့ 
“သားတို့ မှာ...အစဉ်အလာ မ ရှိဘူးလေ”  လို့  တညီတညာတည်း   ပြန်ဖြေကြပါတယ်..။သားတို့ သူငယ်ချင်းတသိုက်ရဲ့  အဖြေကို  ကြားတော    ကြက်သီးမွေးညှင်းထအောင် ပီတိဖြစ်ရင်း   ကိုယ်ကျေနပ် မိပါတယ်..။
      ဟုတ်တယ်နော်..။လူတွေမှာ  သမိုင်းကြောင်းလို့ ခေါ် တဲ့   အစဉ်အလာတွေ ရှိကြတယ်..။ကောင်းတဲ့  အစဉ်အလာတွေ ရှိသလို   မကောင်းတဲ့   အစဉ်အလာတွေလည်းရှိတတ်ပါတယ်..။အစဉ်အလာကောင်းတွေကို ထိန်းသိမ်း  စောင့် ရှောက်ကြရင်း…။မကောင်းတဲ့  အစဉ်အလာတွေကိုလည်း    မကောင်းမှန်းသိပြီး  ပြုပြင်  နိုင်ကြရင်  မကောင်းပေဘူးလား…။
     နောက်နှစ် နောက်နှစ်တွေမှာ  ကျောင်းဆိုတဲ့   ပညာ ဖြန့် ဝေတဲ့   မင်္ဂလာကျက်သရေ ရှိတဲ့ နေရာမျိုးမှာ  စစ်ကြောရေးစခန်းလို..ရန်သူ့ နယ်မြေရောက်နေသလို  နိမိတ်တွေထင်ဟပ်နေတဲ့   ကျားရှာဖွေခန်းတွေ  ထားတဲ့  အစဉ်အလာဆိုးတွေ  လုံးဝ ပပျောက်ပါစေ..။
           အဲဒီလို  ပပျောက်စေဖို    ကျောင်းသားတွေဖက်ကလည်းမသမာတဲ့ စာဖြေနည်းတွေကို   လုံးဝ မသုံးပဲ ကိုယ့် တာဝန်ကိုယ်သတ္တိရှိရှိယူရတဲ့ အစဉ်အလာကောင်းတွေကိုမွေးယူကြပါစေ..။တကယ်..ခေတ်ကောင်းကို  အစဉ်အလာ ကောင်းကောင်း  ပြောင်းပါစေ..။