Sunday, February 7, 2016

အူသံ-၅

ဘောင်တွေထဲမှာပဲ
ဘောင်တွေ အထပ်ထပ်ခတ်လို့
အနားသတ်မှာ
အလင်းတန်းတွေညှစ်ထုတ်လို့
ဆွဲဆွဲငင်ငင်ဖြာ..။
နီဇူလိုင်
၇.၂.၁၆

Friday, February 5, 2016

အူသံ -၎



ခြေသံတဖျတ်ဖျတ်နဲ့
အနေမတတ်တဲ့ပင်လယ်
ခရုနဲ့ကမာခွံတွေ
ပြန်ပြန်
အန်အန်ချ..။
          ၆.၂.၁၆

အူသံ(၃)

ရှည်လျားပိန်းပိတ်
အမှောင်ထုတရိပ်ရိပ်ဖြတ်သန်းခဲ့
စမ်းတ၀ါးဝါးတွေကိုပဲ
ကျောနဲ့အပြည့်ထမ်းရင်း
နှင်းဆီဖျော့ဖျော့ကောင်းကင်
လင်းစင်ဝင်းပ..ရုတ်တရက်ဖြာကျ
ဆွဲဆွဲငင်..။

            နီဇူလိုင်
           ၅.၂.၁၆

အူသံ(၂)


ပင့်လေနဲ့မီး
ဝိရောဓိဖြစ်ရင်း
ရွက်ဟောင်းတွေ
ပြာဖြစ်ဖို့ငြင်းဆန်နေ။
နီဇူလိုင်
၎.၂.၁၆

အူသံ(၁)

မကောင်းဆိုးဝါးတွေကခုန်
ဘီလူးတွေလူရေခြုံတော့
ပြာပုံထဲကပဲ
ဆွဲဆွဲငင်..။
နီဇူလိုင်
( ၃.၂.၁၆)

မှုံ ရွှေရည်

မှုံရွှေရည်..ထုံဝေစီ..ခိုင်မာလာနှင်းဆီ
ငယ်ငယ်က..မြသီရိရုံမှာပြတဲ့..မှုံရွှေရည်
မှုံရွှေရည်ကြည့်ဖို့..အခါခါတန်းစီရ
မှုံရွှေရည်ကြည့်ဖို့..အခါခါ အားခဲရ
မှုံရွှေရည်.ကြည့်ဖို့..အခါခါ..လက်မှတ်ကမရ
မှုံရွှေရည်နဲ့ကိုယ်အခါခါလွဲခဲ့ရ
အခုတော့..
မှုံရွှေရည်..ထုံဝေစီ..၀သုန်မြေမဟီ
မှုံရွှေရည်ဟာ..တီဗီဖန်သားပြင်မှာ.အခါခါ...။

ဒါပေမဲ့
မှုံရွှေရည်ဟာ..အရင်မှုံရွှေရည်နဲ့ နဲနဲကွာနေသလိုလို..
ကာလရထားရဲ့ အရွေ့ အရွှေ့ မှာ
မှုံရွှေရည်ဟာ..
တုန်ခြင်းမှုန်ခြင်း သည်းခံပါ..။
နီဇူလိုင်
၁.၂.၁၆

Thursday, January 28, 2016

တောဈေးသည်


နိမ့်လိုက်
မြင့်လိုက်
သံသရာလိုတပတ်ပြီးတပတ်လည်လို့
ဒီနေရာကနေ 

ဘယ်မှမရွေ့ နိုင်တဲ့ ရဟတ်ကလေးတွေ
ဝမ်းမီးစတရှိန်ရှိန်နဲ့ မီးဖိုလေးတွေ
ဒီနေရာမှာပဲ.

.လောင်ကျွမ်းလို့
နှင်းသိပ်သိပ်မှာ
တချို့ က ကျန်းမာရေးအတွက်...
သူတို့က ၀မ်းစာရေးအတွက်..
မအေးအားရှာဘူး..။
(၂၈.၁.၁၆ နှင်းသိပ်မနက်မြင်ကွင်း)