Thursday, March 17, 2011

ကမ္ဘာမြေအတွက် ချစ်ခြင်းတေး


ချစ် သောကမ္ဘာ မြေ

ဒဏ်ရာတွေ အထပ် ထပ် နဲ့

ရှင့်.. ရင် ဘတ် ပေါ် မှာ

နားခို ခွင့် ရ ခဲ့တာ .

ကျေး ဇူးပါ...။


တကယ်တော့....

ကျမ ဆိုတာ...မြေကမ္ဘာ အတွက်

မိုးရေစက်ကလေး တစက် မျှသာ..။


ဒါပေမယ့်

မွေးဖွား ခြင်း နဲ့  သေဆုံး ခြင်း ကြား မှာ

မျက်လွှာ တချစာလေး.... ဆုံ စည်း ခိုက်

ကျ မ ...ပန်း တခင်း စိုက် ခဲ့ မယ်...။


ငြိမ်း ချမ်း ခြင်း

စာနာခြင်း

နွေးထွေးခြင်း

ချစ် ခြင်း မေတ္တာ

ရ နံ့  ထုံ သင်း ဖြာလို့ 

အဲဒီ..ပန်းခင်း ထဲ မှာ ....ရှိ လိမ့်  မယ်..။


ချစ် သောကမ္ဘာ မြေ အတွက်

ကျ မ ရဲ့  လက် ဆောင်

ပန်း တွေ ဝေ အောင် ထား ခဲ့ မယ်...။


ချစ် သော ကမ္ဘာ မြေ

စမ်းနဲ့  အေးပါစေ

ပန်း နဲ့  မွှေးပါစေ

နေရောင်ခြည် နဲ့ ... နွေးပါစေ

ငှက် ကလေး တွေ နဲ့ အပြိုင်

ချို တေး လှိုင် လှိုင် .....ကြူနိုင် ပါစေ

ဘေးဘယာ...ဝေးကွာ

သက္က ရာဇ် များ စွာ.....ခိုင် မာ ပါ စေ..။ ။

3 comments: