Friday, March 16, 2012

ကျားရှာဖွေခန်း


“ ကျားရှာဖွေခန်း”
          လွန်ခဲ့ တဲ့   ၃-၄နှစ်က   ကျောင်းဖွင့် ချိန် မှာ   သားကို ကျောင်းအပ်ဖို့  ကျောင်းကို  ရောက်ခဲ့ တယ်..။ကျောင်းဝင်းထဲ ၀င်ဝင် ချင်း  အခန်းမှာ  ဆိုင်းဘုတ်အကြီးကြီး နဲ့  “ကျားရှာဖွေခန်း” လို့  ရေးထားတဲ့  အခန်းတခန်း ကို တွေ့ လို့  ရင်တွေ ပန်းတွေ တုန်သွားတယ်..။ဘယ်နှယ့်   မြို့ လည်ကောင်  မြို့ ကျက်သရေဆောင်ကျောင်းဝင်းထဲမှာတောကောင်တွေဝင်နေပြီလား..ဘုရား..ဘုရားပေါ့..။       နောက်မှသိရတာ က   ပြီးခဲ့ တဲ့    တက္ကသိုလ်ဝင်စာမေးပွဲ တွေ ဖြေချိန်တုံးက   စာဖြေကျောင်းသားတွေကို  စာမေးပွဲ ခန်းထဲ  မ၀င်ခင်  ခိုးကူးစာရွက် တွေ  မသမာတာတွေ  ပါ မပါ  စစ်ဖို့  ..လိုအပ်ရင် ခန္ဒာကိုယ် တခုလုံး  လှန်လှော ရှာဖွေ ဖို့    အထူးစီမံထားတဲ့  အခန်းပါတဲ့ ..။အော်..ဒါဆို  “မ  ရှာဖွေခန်း”  လည်း ရှိဦးမယ်ပေါ့ ..း(
          ကိုယ်တွေခေတ်က  တခါမှ  မကြားဖူးခဲ့  တဲ့   အစီအမံတွေပါလား..။အင်းလေ..အဲဒီ အချိန်က  တိုင်းပြည်ကို   ခုလို  လွှတ်တော် နဲ့ ဘာနဲ့ဲ့    ပြည်သူကိုယ်စားပြု ပါတယ်..လို့   တွင်တွင် ပြောနေတဲ့   အရပ်သား(တပိုင်း)အစိုးရ မင်းများ  အုပ်ချုပ် နေချိန် မဟုတ်ပေဘူးကိုး..။စစ်တပ်က အာဏာသိမ်းထားတဲ့   စစ်မင်းများ  အုပ်ချုပ်နေချိန်ကိုး.။.စစ်ပုံစံ နဲ့  ခပ်တင်းတင်း ခပ်ကြပ်ကြပ်..ပေါ့ ..။တခါမှ  မမြင်ဘူး မကြားခဲ့ ဘူးတဲ့ဲ့  မြင်ကွင်းတွေပါ..။ ကျောင်းတွေမှာ   စစ်တပ်လို  ရှာဖွေရေး အခန်းတွေ နဲ့ မို့   ကြည့် မကောင်းဘ၀င်မကျ..။ရန်သူ့ နယ်မြေ၀င်စီးနေတာ  ကြ နေတာပဲ  လို့ ..တွေးမိနေတယ်..။အဲဒါ နဲ့ မေးစမ်းကြည့် တော့    တချို့   ..ကျောင်းသားတွေ ကလည်း  ခိုးကြတာ တရားလွန်တယ်တဲ့…။.ခိုးနည်းကို မျိုးစုံနေတာပဲ တဲ့..။    ခိုးကူးစာရွက်ကလေးတွေကကို   ဈေးကွက်တခု ...ရှိသတဲ့ ။ဒီလို  ခိုးစရာ့အထောက်အကူတွေ  လွယ်လွယ်ရနေတော့   ကလေးတွေ  ခိုးတာ  ဘာဆန်းလဲတဲ့ ..။တချို့ ကလည်း ပြောကြတယ်..။တတိုင်းပြည်လုံး  သူ့ နေရာ နဲ့ သူ  ခိုးနေကြတာ..ကလေးတွေလဲ  အတုမြင်  အတတ်သင် ပေါ့ တဲ့ ..။အော်..စစ်အုပ်ချုပ်ရေး  ခေတ်ကိုး..။
ကျောင်းသားတွေဖက်  မေးစမ်းကြည့် တော့   ကျောင်းသားတွေကတော့ ဒီလုပ်ရပ်ကို  ဘယ်သူမှ သဘောမကျ
ကြဘူး..။စာတကယ်ကျက်ထားတဲ့  မခိုးတဲ့  ကျောင်းသားတွေခမျာ  စာမေးပွဲဖြေကာနီး စိတ်အနှောင့် အယှက် ဖြစ်ကြရတာပေါ့ ..။တချို့ ဆို  တုန်ရင်ပြီး  ကျက်ပြီးသားစာတွေ တောင်  မေ့ ကုန်ကြရသတဲ့ ..။ရှာတဲ့  ဆရာတွေထဲမှာလည်း  တချို့  ဆရာတွေကတော့  သိပ်မလုပ်ချင်ကြပါဘူး..အထက်အဆင့် ဆင့် က အမိန့် နဲ့  ခိုင်းလို့ သာ  လုပ်ရရှာတာကိုး..။စစ်အုပ်ချုပ်ရေး ခေတ်ကိုး..။စတိလောက် အဟန့် လောက်ပဲ စစ်ကြရှာကြသတဲ့..။တချို့ ဆရာတွေကတော့  တော်တော်ဆိုးသတဲ့..။ရလာတဲ့   အာဏာရွေးစိလောက်ကို  ဂုဏ်မောက်ပြီး အတွင်းခံပါမကျန်  လှန်ကြသတဲ့ ..။ကျောင်းသားတော်တော်များများက  မခံချင်ကြဘူး..။တချို့ ကလေးတွေများ..တော်တော် သိတယ်..။ဒါ..လူ့ အခွင့် အရေး  ချိုးဖောက်တာ တဲ့..။အင်းလေ..စစ်အုပ်ချုပ်ရေးခေတ်ကိုး..။

No comments:

Post a Comment