မြို့ ကလေးမှာ
အဲဒီ နေ့က
ခြိမ်း၍့မရွာသော မိုး.
ရုံတင်နေတယ်...။
တတိုင်းပြည်လုံးက မြို့ တွေလိုပဲ
ပြိုတော့မဲ့ မိုးတွေက ခြိမ်းလို့..။
ရွာစေချင်ပေမဲ့ 
ရွာမရွာ..ဘယ်သူမှ ကြို မသေချာခဲ့ ဘူး..။
မြို့ ကလေးဟာ
ကုမ္မာရီ ၀ံသာနုခေတ်ကစလို့
ခေတ်အဆက်ဆက် ရဲရဲလက်
သတ္တိ မီးခဲ တွေထွက်ခဲ့ တယ်..။
ဘိနပ်ချွတ် ဦးသိန်းမောင်လို
နယ်ချဲ့ ကို
စစ်အာဏာရှင်ကို
အရေခွံဆွဲခွါ မဲ့  ပွဲတိုင်းမှာ
မြို့ သမိုင်းဟာ မရိုင်း
အာဇာနည်တွေ အပြိုင်းအရိုင်းပေါ်ခဲ့ တယ်..။
အဲဒီနေ့က
အထက ကျောင်းတော်ကြီးဆီက
ဒေါင်းတွန်သံတွေ.. စကြားရတယ်..။
အိုးဝေ..အိုးဝေ
မိုးတွေ ရွာပြီဟေ့
။
လမ်းမ လမ်းသွယ်တွေ ကြားမှာ
ခေတ်အဆက်ဆက်က
သီးခြားဖွဲ့ တည်ခဲ့ ကြ တဲ့ ..
မိုးရေစီးကြောင်းတွေဟာ
မြို့ လည်က.. အာဇာနည်တို့ရဲ့  ရင်ပြင်မှာ ပေါင်းစုံတယ်
ဒေါင်းအကုန်က တဲ့  မိုးဟာ
ခြိမ်းလဲခြိမ်း ရွာလဲ ရွာတယ်..
အခု..အနှစ်နှစ်ဆယ်ကျော်ပြီ
မြို့ ကလေးမှာ
တတိုင်းပြည်လုံးက မြို့ တွေလိုပဲ
ဒေါင်းတွန်သံ စစ်စစ် တွေ ပါးလို့
မိုးရေခါးခါးထဲမှာ ပျော်တဲ့ 
စားဖားအော်သံတွေပဲ..ကြားနေရတယ်..။ ။
(၂.၈.၂၀၁၃)
No comments:
Post a Comment