Tuesday, September 8, 2015
တို့နဂါးနီရဲ့  ပြည်တော်ဝင်
မုတ်သုန်နှုတ်ဆက်မိုးဟာ
ရက်ဆက်ကို ရက်စက်နေတယ်
ရေတွေကြီးတဲ့  နေရာက ကြီး
ဒုက္ခတွေ ခါးစည်းခံနေကြသူ တွေ..ခံ
တို့ ဆီက ဗေဒါပျံ ကတော့
တနှစ်တခါမို့ အံခဲ
ဆောင်းဘောက်သံတွေ ခြိမ့်ခြိမ့်သဲလို့..။
အိုပါဂမ်းနားနဲ့ ..ပိုလာဘာလီ
ဘာအကောင်းဆုံးလဲဟေ့
ကျေးဇူးတင်ပါဒယ်..ဆိုတဲ့  အသံနက်ကြီးတွေနဲ့ အတူ
ပွဲဈေးတန်းလုပ်ထားတဲ့  ဘုရားကြီးလမ်းဟာ
မြို့ လည်ချောင်းကြီးပမာ..။
ဈေးဝယ်ဈေးသယ်တွေခမျာ
ဒုဌာဝတီ မြစ်ရိုးက ရေဘေး ဒုက္ခသယ်တွေ နဲ့  နင်လား ငါလား..။
ဘာပဲ ဖြစ်ဖြစ်
ကြာကြာ စိတ်မညစ်တတ်တဲ့  ဗမာလူမျိုးတွေပဲလေ..
တနှစ်ပြီး တနှစ် ပိုပို ရေချိန်တိုး လာတဲ့ 
ဝလစ်စလစ် ယဉ်ကျေးမှု အသစ် အသစ်တွေကြားမှာ
ညကတော့
နားချမ်းသာစရာ သီချင်းနှစ်ပုဒ်ကို
အိမ်ရှေ့ က ဖြတ်သွားတဲ့ 
ယိမ်းကား အိပဲ့ အိပဲ့  ကြီးဆီက
ရှားရှားပါးပါး ဗမာတီးဝိုင်းသံကြီးနဲ့ အတူကြားလိုက်ရတယ်
ဒို့ ..နဂါးနီ
တကယ် .. ပြည်တော်ဝင် ပါစေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment