တို့ နိုင်ငံတော်သားတွေ မျက်နှာငယ်ပုံများ
အမိမဲ့သား လိပ်ကျွန်းသွားဆိုလား.
ကံဆိုးမသွားရာ..မြေစာပုံက ပြိုကျရသေးရဲ့ 
အများအကျိုးဆောင်..အိုတောင်နိုင်ငံရေးအကျဉ်းသား
လယ်ထွန်သွား...နွားပိုင် မြေသိမ်းခံရသတဲ့
နွားသနားမှ...ရင်ကြားစေ့နိုင်မဲ့အဖြစ်
အော်..
တို့နိုင်ငံတော်
တို့နိုင်ငံတော်
တို့နိုင်ငံတော်..။
ထိုစဉ်
ဟိတ်...
ဘာ..တို့နိုင်ငံတော်လဲ
တိတ်စမ်း
နိုင်ငံတော်ဆိုတာ..
ငါ..။
No comments:
Post a Comment