အိမ်မှာ
တခြမ်းပဲ့နံရံလေးရှိတယ်
တခြမ်းမှ တခြမ်းထဲရယ်
ဒီတခြမ်းလေးပေါ်မှာ
တို့လက်ရာတွေရှိတယ်
ဒီတခြမ်းလေးပေါ်မှာ
တို့အနုပညာတွေ ရှိတယ်
ဒီတခြမ်းလေးပေါ်မှာ
တို့ဒဏ်ရာတွေရှိတယ်
ဒီတခြမ်းလေးပေါ်မှာ
တို့ချစ်ခြင်းတွေရှိတယ်
အိမ်မှာ
တခြမ်းပဲ့နေတဲ့ တခြမ်းပဲ့နံရံလေးရှိတယ်
မဖျက်သရွေ့ 
မပျက်သရွေ့ ပေါ့..။
No comments:
Post a Comment