Showing posts with label အဖြစ်စုံ. Show all posts
Showing posts with label အဖြစ်စုံ. Show all posts

Monday, June 7, 2010

မီး....လား....


မီးလား...သူနေမကောင်းဘူးကွယ်

မီးလား...သူဖျားနေတယ်

မီးလား....နာမကျန်းသည် ..

အို...နှင်းဆီ..

မီးလား...စီးပွားပျက်အောင်လုပ်တဲ့

အရက်သမားပထွေး

နံဘေးအပေါင်ဆိုင်က

အချောင်နှိုက်နေကျ....တရုပ်သူဌေးလက်

မီးကို....၀ကွက်အပ်လိုက်ပီတဲ့။

မီး...ရေ

မီး...ရေ

မီး..ရေ

မီးလား...သူမလာနိုင်တော့ဘူးကွယ်။ ။



အသက်၄၀ကျော်မှ သူငယ်ပြန်နေတယ် မထင်ကြပါနဲ့နော်း)

ဒီညမှာ..ကိုယ်တို့ဆီ..မီးလာရမယ့် အလှည့်က ညနေ၆နာရီကနေ ည၁၂နာရီအထိတဲ့။ ပြောမယ့်သာပြောတာပါ။အလှည့်ကျပေမယ့်လဲ မီးကလာချင်မှလာတာလေ။ဒီတော့


.....လာရင်..လာတယ်လို့မှတ်။မလာရင်..မလာဘူးလို့မှတ်။တရားအားထုတ်ပြီးသား ရတယ်။

ကဲ..ဒီညတော့ မီးနဲ့မှ ဖြစ်မယ့် အလုပ်ကလေးတွေ လုပ်ဖို့ ဇွဲကောင်းကောင်းနဲ့ စောင့်နေတာ။

မီး....လာပါဘီ။ည၁၂နာရီထိုးဘို့ ၁၅မိနစ်အလို။

မီးနဲ့လုပ်ရမယ့် အလုပ်ကလေးတွေစမယ်။


ဟော...မီးပြတ်သွားပါဘီ။ည၁၂နာရီထိုးဖို့ ၁၀မိနစ်အလို။ အနိစ္စ....အမြဲမရှိ။

တော်တော်နောက်တဲ့သူတွေ။တနေ့လုံး မီးကိုတွေ့ဖို့ စောင့်လို

က်ရတာ။၅မိနစ်ဘဲမြင်လိုက်ရတယ်။

အဲဒါ မြန်မာတပြည်လုံးရဲ့  လျှပ်စစ်မီးကိုစောင့်ရတဲ့ အခြေအနေ။


အင်းလေ....လုံးဝမီးမလာရင်လဲ မီတာထိန်းသိမ်းစောင့်ရှောက်ခ ၁၀၀၀ကျပ်ကိုတောင်းရမှာ အားနာလို့ထင်ပါရဲ့ ။(တကယ်တော့...အားနာရမှန်းတောင်သိတတ်ပါ့လား)


သိပ်မကြာခင်က ကွယ်လွန်သွားတဲ့ ဆရာအီကြာကွေးကိုသတိရလိုက်တာ။သူ့ဇာတ်လိုက်ကျော် ကိုငှက်ရိုးက အဲဒီခေတ်က မီတာစောင့်ရှောက်ခ ၁ကျပ်ကို အသားလွတ်ပေးရတယ်ထင်လို

့....


``ဘယ်ကောင်မှ ငါ့မီတာပုံးကိုလာမစောင့်ရှောက်ဘဲနဲ့..၁ကျပ်မပေးနိုင်ဘူး။ငါ့ဖာသာစောင့်မယ်´´

ဆိုပြီး တညလုံးမအိပ်ဘဲ တုတ်ကြီးတချောင်းကိုင်ပြီးငုတ်တုပ်ထိုင်စောင့်တဲ့ ဇာတ်လမ်းလေး။


ဂုရုကွေးရေ...။ခုတော့မီတာထိန်းသိမ်းစောင့်ရှောက်ခက ၁၀၀၀ကျပ်ဖြစ်နေပေါ့။သုံးစွဲတဲ့ ယူနစ်က ၁ယူနစ် ၂ယူနစ်ထက်မပို။(မီးမှမလာတာ) လစဉ်..မီတာသုံးစွဲခက ၅၀ကျပ်..၁၀၀ကျပ်ထက်မပို ။စောင့်ရှောက်ခက မီးလာလာ..မလာလာ။ပုံမှန်၁၀၀၀ကျပ်။ဂုရုကွေးကြီးရှိရင်...ဘယ်လိုသရော်စာတွေ ထွက်လာမယ်မသိ။

ကိုယ်ကတော့ အလကားအလုပ်မလုပ်နိုင်ဘဲစောင့်ရှောက်ခပေးနေရတဲ့ မီတာပုံး ကိုဘဲ ရိုက်ခွဲပစ်ချင်သလိုလို။


``ရော့ဟေ့...နင်တို့မီးကိုမယူတော့ဘူး။ဖယောင်းတိုင်ဝယ်ထွန်းပြီးနေတာကမှ လင်းသေးတယ်´´ လို့ဘဲ အော်ရ ကောင်းမလား။


ဒါမှမဟုတ်...မီတာပုံးတွေမှာဒီကဗျာလေးကို...ကပ်ထားရကောင်းမလား။








``လျှပ်စစ်´´



တစ်သိန်းတန်..မီတာပုံး

ရော့...သုံးတော့ပေး။

မယူတော့လည်း...မီးမလာ

ယူပြန်တော့လည်း...မီးမလာ

တစ်ထောင်သာ..စောင့်ရှောက်ခပေး

မင့်အမေ့လင်....တိုင်ပင်တွင်ချိတ်ခဲ့တော့ဟေး....။ ။