Monday, July 12, 2010
ကပ်လိုက်ကြစို့ သူငယ်ချင်း
Thursday, July 8, 2010
သေတနေ့ မွေးတနေ့
ဇူ လိုင် (၆ ) ရက် နေ့  မှာ အ ေ ၀း ေ ရာက် ညီ မ လေး ဆီ က ထူး ထူး ဆန်း ဆန်း ဖု န်း ၀င် လာ ပါ တယ် ...။ စည်း စ နစ် ကြီး တဲ့ ( ကပ် စီး နဲ ) ညီ မ လေး က တော် ရုံ တန် ရုံ နဲ့ အိမ် ကို ဖုန်း ဆက် လေ့ မရှိပါ...။
``ဟက် ပီး ဘတ် ဒေး မ မ ´´တဲ့....။
ကျမ က တဟား ဟား ရီ ရင်း ``ရက် မှား နေ ဘီ ဟေ့...။ ရတယ်....ထပ် မဆက် နဲ့ တော့..။ဖုန်း ခ တွေ ကုန် နေ ဦး မယ် ´´ လို့ လှမ်း နောက်တော့.....
``မမ မွေး နေ့ က ဆဲ ဗင်း ဇူ လိုင် မတိုင် ခင် ရက် ပါ ´´တဲ့....။ သူ က များ ပြန် ငြင်း နေ သေး တယ်.....။တ ကယ် တော့ ကျ မ မွေး နေ့  က ၁၉ ၆၂ ခု နှစ် တက္က သိုလ် သမဂ္ဂ ကြီး ဗုံး ခွဲ ဖျက်ဆီး ခံ ရ တဲ့ ဇူလိုင် လ ( ၈ ) ရက် နေ့ ရဲ့  နောက် ( ၅) နှစ် တိ တိ ကြာခဲ့ တဲ့ မ နက် ခင်း လေး တ ခု ပါ....။
တိုက် တိုက် ဆိုင် ဆိုင် ၁၉ ၆ ၂ ခု နှစ် ဆဲဗင်း ဇူလိုင် အရေး အခင်း အ ပြီး (၂၅)နှစ် အကြာ ၁၉၈၇ ရဲ့  ဇူလိုင် လ (၇) ရက် ညနေ ၃ နာ ရီ လောက်မှာ ရန်ကုန် တက္ကသိုလ် ဆေးရုံ ကို လူနာ အဖြစ် နဲ့ ကျမ တက် ခဲ့ ရ ဖူး တယ်....။
အဲ ဒီ ရက် တွေ မှာ စိတ်ပါ လက်ပါ ပန်း ချီ ဆွဲ တာ များ သွား လို့ ထင် တယ်...။ ပရက်တီကယ် ခန်း ထဲ မှာ အ ကောင်း သား က နေ ရုတ် တ ရက် မူး လဲ ပြီး သ တိ လစ် သွား ပါတယ်...။ ကိုယ့် ဖာ သာ တောင်ဘာ ဖြစ် သွား မှန်း မ သိလိုက် ပါဘူး...။ သတိ ပြန် ရ လာ တော့ တက္ကသိုလ် ဆေး ရုံ ကို ရောက် နေဘီ...။အနား မှာ ပ ၇က် တီ ကယ် ခန်း က ဆ ရာ မ တွေ ရယ်... သူငယ် ချင်း တချို့  ရယ်....စိတ် ပူ တဲ့ မျက် နှာ တွေ နဲ့...။ထူး ခြား တာ က...စက် မှု တက္က သိုလ် မှာ တက် နေ တဲ့ အကို ရယ်...၊အာ စီ တူး မှာ တက်နေတဲ့ အိုင် အာ ကျောင်း သူ ညီ မ ရယ်...၊ ၀ိ ဇာ ခန်း တွေ မှာ ဖလော် ဆိုဖီ တက် နေ တဲ့ ညီ မ ရယ်....စုံ စုံ ညီ ညီ တွေ့  လိုက် ရ တာ ပါ...။ကျ မ အခြေ အနေ ဘယ် လောက် ဆိုး သွား လို့ သူတို့ ကို ဘယ် လို အကြောင်း ကြား လိုက် တာ ပါလိမ့် ပေါ့....။
နောက် မှ သိ ရတာက ဆဲဗင်း ဇူလိုင် ကို ကျမ မွေး နေ့ လို့ အမှတ် မှား ပြီး.. ကျ မ ကို ညှဉ်း ရ အောင် စု ဆောင်း ချီ တက် လာကြ တာ တဲ့...။ ကျမ စာသင်ခန်း ရောက် မှ ကျမကို ချီ ပိုး ခေါ် လာ တာမြင် မှ နောက်က နေ လွယ် အိတ် တွေ ဖိ နပ် တွေ ကိုင် ပြီး ဆေး ရုံ ကို လိုက် လာ ကြ ရ ရှာ တာ...။မျက် နှာ ငယ် လေး တွေ နဲ့....။
ကျမ က မော်ဒယ် ဂဲလ် လည်း မဟုတ် တော့... မွေး နေ့ တို့ ဘာတို့ သိပ် လုပ် လေ့ လုပ်ထ မ ရှိ ဘူး..း))။ အသက် ကြီး လာ လေ ပို မေ့ ထားလေဘဲး) ။တချို့  သူငယ်ချင်းတွေ မေး လဲ ပါး စပ် ထဲ
ရှိတဲ့ ရက် စွဲ ပြော လိုက် တာဘဲ...။ကျွေး ရ မှာ စိုးလို့..း) ။
ဒီ နှစ် ကတော့ အသက် က လဲ ဘ၀ စပြီး ၃ နှစ် ကျော်ပြီ..။ဘ၀ မှာ မထင် မှတ် တဲ့ အလှည့်  အပြောင်း တွေလည်း အတန် အသင့်  ကြုံ ခဲ့ ဖူး ပြီ..။လူ တွေ မှာ မွေး နေ့  ရှိ သလို သေ နေ့ လည်း ရှိ ဦး မှာ ဘဲ..။ ခုတလော ကျမ တို့ မြို့  က လေး က နာရေး ကူ ညီ မှု အသင်း လေး ကို တခု ခု ကူ ညီ ချင် စိတ် ပေါက် နေတယ်...။အသိ မိတ် ဆွေ နာ ရေး တွေ လိုက် ပို့ တိုင်း သူတို့ အသင်းကလေး ရှိလို့ ...နာ ရေး ကိ စ္စ တွေ အဆင် ပြေပြေ ဖြစ် ရတာ ကို အမြဲ တွေ့ တွေ့ နေ ရတယ်..။ဆင်း ရဲ ချမ်းသာ မရွေး နာရေး ကိစ္စ ကြုံ လာရင် ကာယကံ ရှင် တွေ မှာ ဘာ လုပ် လို့ ဘာ ကိုင် ရ မှန်း မသိ..ပူကြ ဆွေး ကြ တတ် တာ ကိုး...။ကို ကျော် သူ တို့ လို တိုင်းသိ ပြည်သိ တွေက နာ ရေး ကူ ညီ မှု လုပ် ငန်းတွေကို ကျ ကျ နန လုပ် ပြ လိုက် တော့ ...။တနိုင်ငံလုံး မြို့  သေး မြို့  ငယ် လေး တွေ ပါ မကျန် ...နာ ရေး ကူ ညီ မှု အသင်း လေး တွေ ပေါ် လာ တာ သာဓု ခေါ် စ ရာ ပါ...။
ကျ မတို့ မြို့  ကလေး က နာရေးကူ ညီ မှု အသင်း က လူ တွေ လူ မှုရေး စိတ် ဓါတ် အပြည့် နဲ့ လုပ် ကိုင် နေ ကြ တာမြင်တိုင်း ကျမ သူတို့ကို ဘာ ကူညီ နိုင် မ လဲ လို့ တွေး မိ ပါတယ်...။စိတ် ရှိ လက် ရှိ မကူညီ နိုင် တာ ကတော့ ...ကိုယ့် အခြေ အနေ နဲ့ကိုယ် ပါ..။
နာ ဂစ် မုန် တိုင်း တိုက် တဲ့ သတင်း ကြား ကြား ခြင်း..ကျမ တို့ မြို့  က လူ ငယ် မိတ် ဆွေ တွေစု ပေါင်း ပြီး နာ ဂစ် ဒေသကို တခု ခု ကူ ညီ ဖို့ လှုပ် ရှား ကြ ပါ တယ်...။သူတို့ သတင်း ကြားတာ နဲ့ ကျမ နဲ့ ကျမ ခင်ပွန်း တိုင်ပင် ပြီး ကိုယ် တတ် နိုင် သ လောက် လှူ ဖို့ ဆုံး ဖြတ် ကြတယ်..။ တို့ တွေ ဆန် (၂၅) အိတ် နဲ့ လိုအပ်မယ့် အ၀တ် အစား အသုံး အဆောင် တွေ လှူ ပါ မယ် လို့ ဖုန်း ဆက် ပြော လိုက် ပါ တယ်...။အိမ်ရှေ့  က ကျ မ ရဲ့ ဈေးဆိုင် လေး ထဲ မှာ အ လှူပစ္စည်း တွေ ပြင်ဆင် နေတာ မြင် ကြ သူ တွေကလည်း ၀င် ရောက် လှူ ဒါန်းကြပါ တယ်...။
လူငယ် အဖွဲ့ ဆီ မှာ တနေ့ ထဲတင် ဆန်အိတ် (၆၀၀) ကျော် နဲ့ အ၀တ် အစား အသုံး အဆောင် ထုပ် တွေစု မိပါပြီ..။ ဇတ်လမ်း က စ ပါ ပြီ...တာဝန် ရှိသူ ဆို သူတွေက မြို့  က လူ ငယ် အဖွဲ့  ကို စစ် လား ဆေး လား တွေ လုပ် ပါ ဘီ..။ဘယ် သူ တွေ လှူ တာ လဲ...ဘာ လဲ ..စသဖြင့်ပေါ့ လေ..။နောက် ဆုံး တော့ လူ ငယ် အဖွဲ့  က ရက်ဆိုင်းမနေ ဘဲ ရသ မျှ ပစ္စည်း တွေ နဲ့ ဘဲ နာ ဂစ် ဒေသ ကို အမြန် လစ်ကြ ရပါတယ်...။ ဒါေ တာင် ...ဆန် အိတ် (၂၀၀) ကို သူ တို့ ကြီး ကြပ် မှု နဲ့ လှူ တဲ့ အထဲ ကို ထဲ့ ရ မယ် ဆို ပြီး ..အတင်းယူ ထားလိုက် ပါ သတဲ့....။
အဲ ဒီ နောက် ပိုင်း ကျမ တို့ က ဘဲ အလိုက် တသိ နဲ့ ကိုယ် လှူ ချင် တန်းချင် လည်း တိတ် တိတ် ဆိတ် ဆိတ် နဲ့ ဘဲ လှူပါ တော့ တယ်..။ ကိုယ် က သူ များ လို ...သွား လာ လဲ မ လုပ် နိုင်..။ ငွေကြေး က လည်း ပေါ လွန်း လို့ မဟုတ် ဘဲ ကိုယ့်  ချွေး နဲ စာ ထဲ က မျှ တ လှူ ဒါန်း ရ တာ ဆို တော့...။ကိုယ့်  အ တွက် နဲ့ တခြား လုပ် နိုင် ကိုင် နိုင် သူ တွေ ကို အနှောင့်  အယှက် မဖြစ် စေ ချင်လို့ ပါ...။
ဒီနှစ် မွေး နေ့ မှာ တော့ ကိုယ့်ကို လူ ဖြစ် အောင် ကျွေး မွေး ခဲ့ တဲ့ မိ ဘ ၂ယောက် နံ မယ် နဲ့...မြို့ ကလေး ရဲ့  နာ ရေးကူ ညီ မှု အသင်း လေး ကို တတ်အား သရွေ့  အလှူ ငွေ နဲ နဲ လေး သွားလှူ ဖြစ် ခဲ့ ပါ တယ်...။(ဆိုင်း တွေ ဗုံ တွေ မပါ ပါ ဘူးး)) အိမ်သား တွေအ တွက် တော့ ကိုယ့် ဒေ သ စတိုင် မုန့် ဟင်း ခါး ချက် ကလေး ကို ကုလား ပဲ စိမ်း မှုန့်  ပြစ်ပြစ် ငါး ခူ နိုင်း ချင်း...ဂျင်း နံ့ မွှေးမွှေး လေး နဲ့ ချက် တယ်....။ငှက်ပျောအူ မထဲ့ ဘဲ...ပိန်း ရိုး နူးနုး အိအိ လေး တွေ နဲ့ ..။ပဲ ကြော် ရွ ရွ ကလေး နဲ့  စား မလား....ဘူး သီး ကြော် ပွ ပွ လေး နဲ့ စားမလား......။
Tuesday, July 6, 2010
ဒီကွက်လပ်ကြီးမှာ..

ဒီ ကွက် လပ် ကြီး ထဲ မှာ
မလွတ် မြောက် သေး တဲ့ ၀ိ ညာ ဉ် တွေ ရှိနေတယ်။
မြက် ရိုင်း တွေ နဲ့ တီးတိုး စ ကား ဆို ရင်း
ငို ချင်း ရှည် ရှည် ညည်း နေ ရ တုန်းဘဲ။
ရာ ဇ ၀င် ကြွေး တွေ ကျော ပိုး ပြီး
အရိုး တွန် ချိန် ကို စောင့် ရတာ
လေး လံ လွန်း လှ ပါ ပြီ ။
ပြော လိုက် ကြ ပါ...
ပြော ..လိုက် .. ကြ ပါ....
ပြော........လိုက် ကြ......ပါ..........
သား စဉ် မြေးဆက် လက် ဆင့် ကမ်းလို့ ။
ဒီ ကွက် လပ် ကြီး ထဲ မှာ
အတိတ် ရိုင်း တွေ ရှိခဲ့ တယ်
အတိတ် သမိုင်း တွေ ရှိ ခဲ့ တယ် ။
သမိုင်း ဆိုတာ
ဒိုင်း နမိုက် နဲ့ ခွဲ ဖောက်
ဘူ ဒို ဇာ နဲ့ နင်း ခြေ ဖျောက် ဖျက် ရုံ နဲ့
ပျောက် ပျက် သွား မဲ့
အ ဆောက် အ အုံ ......မဟုတ် ဘူး ။ ။
Thursday, June 24, 2010
တလိမ် နှစ်လိမ်

သြစတြေလျ က မိတ်ဆွေ တယောက် က ပြော ပြလို့ သူတို့ ဆီမှာ ပြည်သူ တွေ ရဲ့ ကျန်းမာရေး ကုန်ကျ စရိတ် ..ဆေးကုသ စရိတ် တွေ ကို တိုင်းပြည်က အကုန်ကျခံ ပါသတဲ့ ။ ဆေးရုံ တက် နေ ချိန်
တလျောက်လုံး ကောင်းရာ ကောင်းကြောင်း ကျွေး မွေး ထား ပါ သေးသတဲ့ ...။``အံ့  ပါ ရဲ့  ....တော် ´´လို့  တောင် ပြောမိ ပါတယ်....။ ကြားမှ...မကြားဖူးတာ ။ သူတို့ နိုင်ငံက..... တယ်ချမ်းသာပါလား။ သူ့ပြည်သူ လူထု ကို....တယ်...စောင့် ရှောက်ပါလား...လို့ တွေး မိ ပါတယ် ။ တခြား နိုင်ငံ တွေ ကော သူ့ ပြည်သူ လူ ထု ကို ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှု တွေ ပေးကြ ပါ လိမ့်........။
တနေ့ ကတော့ ... ကိုယ် တို့ မြို့  ကလေးက ပြည်သူ့ ဆေးရုံလေး ကို ကြုံကြိုက် လို့ ရောက်ခဲ့ ပါတယ်......။
ဆေးရုံ အ၀င်ဝမှာ ဆိုင်းဘုတ် တခု ချိတ်ဆွဲ ထားပါတယ်...။``စ ရိတ်မျှ ပေး....ကျန်း မာ ရေး ´´တဲ့....။
ဆင်း ရဲ နွမ်းပါး သူများ အတွက်.. နိုင် ငံတော် မှ အခမဲ့ ကုသပေး ပါသည်....တဲ့။ အလဲ့.....တယ်ဟုတ်ပါ လား...။ တို့ နိုင်ငံ ကြီး လဲ သဘာဝ ဓါတ်ငွေ့ တွေထွက်...ယူရေနီယံ တွေ ထွက်...သယံ ဇာတတွေ ကြွယ်ဝ တဲ့ နိုင်ငံဘဲ....သြစီ လောက် တော့ အပျော့ပေါ့ ....။ ဆက် ဖတ် လိုက်တော့.....ငွေ ကြေးတတ် နိုင်သူ များ ကတော့ စရိတ် မျှဝေ ကျခံ ကြပါ သတဲ့.....။အဲဒီ တော့....ဘယ် ပြည်သူ ကမှ ဒေ၀ါလီဘွဲ့  ခံ ပြီး အခမဲ့ ကုသမှု ကို မခံစား ကြ တော့ပါဘူး....။သူတို့ ထက် ဆင်းရဲ တဲ့ နိုင်ငံတော် ဆိုတာ ကြီးကို သနားလွန်း လို့ စရိတ်မျှ ပေး ရုံ မက ကိုယ့် ဆေး ကိုယ် ၀ယ် ကိုယ်ထူ ကိုယ်ထ စနစ် ဘဲ ကျင့်သုံး ကြ ရပါ သတဲ့ ....။ အဲဒီ လို နိုင်ငံတော် ရဲ့  ကြီးမြတ် လှတဲ့ ကျန်းမာရေး စောင့် ရှောက်မှုတွေ ကြောင့် အားလုံးကျန်းမာ နေ လို့ များလား။ ပြည်သူ့ ဆေး ရုံတွေ မှာ ဆို လူတွေကို ရှင်းလို့ ....။ဆေး ရုံ ဆေး ခန်း ဆို တာ လူ စည် ကား အပ်တဲ့ အရပ် မှ မဟုတ် တာ....နော့ ။ ( အပြင် ဆေးခန်းတွေ ပုဂ္ဂလိက ဆေးရုံတွေ မှာတော့ လူတွေ ကို စည်လို့...)
တနေ့တော့ နယ်မြို့  ကလေး တမြို့  ရဲ့  လူနာ မရှိတဲ့ ပြည်သူ့ ဆေး ရုံ ကလေး ကို ၀န် ကြီးတပါးလာ မယ်တဲ့ ...။ ၀န် ကြီးက လဲ ၂၀၁၀ ဘော လုံး ပွဲ ... အဲ လေ....ရွေးကောက် ပွဲ မှာ ၀င်နွှဲ မယ့်သူ ဆိုတော့ ...မေ့ ထား တာ ကြာ ပြီ ဖြစ် တဲ့ သူ့ မြို့  ကလေး က လူတွေ သူ့ကို ပြန် မှတ် မိအောင်...ပရိုမိုးရှင်းလေး လာ လုပ်ရှာ တာ...။ ဆေးရုံ တရုံလုံး ပျာ ယာ ခပ်ပေါ့ ...။ သန့် ရှင်းရေး တွေ လုပ် ကြ...။ မရှိတဲ့ ပစ္စည်း တွေ ... ငှား ကြ။
``လုပ် ကြ ပါ ဦး.... ဟဲ့ ´´ ကျန် တာတွေ တော့ အတော် ပြည့် စုံ ပြီ....အရေး အကြီးဆုံး က လူနာ မရှိတာ…ကဲ ... ကဲ လူနာ အတု ကလေး တွေ ငှား ကြ ပါ ဦး … တကယ် တက် မယ့်သူ တွေ ခဏ ထား....အပြင်ဆေး ရုံ တွေ သွားပစေ...။ မသွားနိုင် လဲ ..သူ့ ထိုက် နဲ့ သူ့ ကံ...။ မီးသေ မယ့် သူလေး တွေ...တနေ့ တထောင်ပေးပြီး လူနာ ကုတင်တွေ ပေါ်တင်ပြီး စောင်လေး ခေါင်းမြီး ခြုံခိုင်း ထား...။ တထောင်လား...။ ၀န် ကြီး ဧည့် ခံကျွေး မွေး စ ရိတ် ဆိုပြီး ၀န်ထမ်း တွေ ဆီက လစာထုပ် ရင် ဖြတ်လိုက်....။ စသဖြင့်.....စသဖြင့် ....။
ဝန် ကြီး ခမျာ...လက် ကြီး နောက် ပြစ် လို့...ဂရုဏာ ရှင် မျက်နှာ ပြုံး ဖြီး ဖြီး ကြီး နဲ့...လူ နာ အတု ကြီးတွေ ကို ဟို မေး သည် မေး ....။ ပြန်သာ သွား ရော.. သူ့ နယ်က လူ တွေ သူ့ ကို ၀ိုင်း လိမ် လိုက်တာ...တကယ်ဘဲ မသိ တာလား....။ သိသိ ကြီး နဲ့ ...မသိ ချင် ယောင် ဆောင် သွား ရှာ သလား...။ ခေါင်း ကြီး တညိတ်ညိတ် နဲ့...။ ကိစ္စ မရှိ ပါ ဘူး...။ သူက လဲ ပြန် လိမ် သွား တာ ဘဲ လေ...။ သူ့ ဇာတိနယ် ကျန်းမာရေး လို အပ် ချက် တွေ အတွက် ငွေ ၁၀ သိန်း လှူ တယ်တဲ့.....။ ( ကြည့်စမ်း...ရက်ရော လိုက်တာ။ သူ့ တ လ ခ နီး ပါးဘဲ...။ အဲ ဒီ လ တော့ သူ့ စားဝတ်နေ ရေး ဘယ်လို လုပ် ပါ့ မလဲ နော်....း) တကယ်တော့...အထဲ မှာ ဘာ မှ မပါ တဲ့ စက္ကူ ဘူး အလွတ်ကြီး ကို ဘေး မှာ ကျပ် ၁၀ သိန်း လို့ စာ လုံး ကြီး ကြီး ရေး..။ ၀န်ကြီး ကိုယ်တိုင် ဒေသခံ တွေ ကို ငွေလှူ နေပုံ ဓါတ် ပုံ ရိုက်...။ သတင်းစာ ထဲ ထဲ့ ။ ပြီး ပြီ ။ အဲ ဒီငွေ ၁၀ သိန်း ကို ဒေသခံ တွေ ဆီက လိုက် ကောက်ခံ။ ၀န်ထမ်းတွေ လဲ...လခထဲ ကဖြတ်။ ဒါလေးများ...ရိုး နေတာ ။ဒီ တိုင်း ပြည် မှာ....ထုံးစံ ဖြစ်နေဘီ..။ ကြားဖူးတယ် ... မဟုတ်လား။
``သူ ကြီး ဘု ရား....ရွာသား ကောင်း မှု ´´ဆိုတာ.....။
Sunday, June 13, 2010
မေတ္တာခြုံ လုံပါစေ..
++ ++
စစ် လက်ကျန် ဘတ်စ် ကားအိုကြီး ဟာ တက္ကသိုလ် ရိပ်သာ လမ်းပေါ်မှာ တအိအိ ပြေးလျှက်။ ခြံအမှတ် (၅၄)
ရှေ့ အရောက်မှာ ကားပေါ်က လူတွေရဲ့  အာရုံ က ဒေါ်စု ခြံရှေ့ ရှိ လူ ပရိသတ် ဆီစုပြုံ ရောက် သွား ကြ တယ်။
``လူတွေ တောင် တော်တော် များ နေဘီ´´
``ဒေါ်စုတော့ စကား မပြော သေး ဘူး´´
တယောက် တပေါက် ပြောသံ တွေ ကားပေါ်မှာ ထွက် လာတယ်။ လူ တော်တော် များများ က ရှေ့ မှာ ရပ်မယ့်
ကုက္ကိုင်း လမ်းဆုံ မှတ်တိုင် မှာ ဆင်းဖို့ တသိုက်သိုက်နဲ့ ပြင် နေကြ ဘီ။
``တကားလုံး ဆင်းမှာ ပါ..ခင်ဗျား´´
``တကားလုံးဆင်းမှာပါ...´´
ကား စပယ်ယာ ကလေးရဲ့  ခပ် သွက်သွက် ပြောလေး ကြောင့် တကားလုံး ပြုံး ကြတယ်။ စပယ်ယာ ကလေး မျက်နှာကလဲ ရှစ်ခေါက်ချိုး မဟုတ်။ ပြုံးလို့။ ဟုတ်ပါရဲ့...။ ဒေါ်စုခြံ အလွန် ကုက္ကိုင်း လမ်းဆုံ မှတ်တိုင် မရောက်ခင် ကား က ရပ်ပေးလိုက်တော့...တကားလုံး သွန်ချ လိုက် သလို။ ကားပေါ်မှာ ဒရိုင်ဘာ နဲ့ စပယ်ယာ ဘဲ ကျန်တယ်။ ကားပေါ်က လူတွေဟာ နောက်မှာ ကျန်ခဲ့တဲ့ ဒေါ်စု ခြံဘက် ဆီ ခပ်သွက်သွက် လှမ်းလို့။ စနေ.တနင်္ဂနွေ တိုင်း ပြုလုပ် နေကြ ဒေါ်စု ခြံရှေ့ စကားဝိုင်း လေး ဆီသို့။ အားလုံးရဲ့  မျက်နှာ တွေပေါ် မှာ ဒေါ်စု ကို ချစ်ခင် လေးစား စိတ်တွေ အပြည့်။ မေတ္တာ ဓါတ် တွေ အပြည့်။ မျှော်လင့်ချက် တွေ အပြည့်။
ခြံရှေ့  သံတံခါးကြီး ကတော့ ပိတ်ထား တုန်း။ ကားပေါ်က ဆင်းလာ သူတွေ ကလဲ ခြံရှေ့ က လူအုပ်ထဲ စီးဝင် ရောယှက်။ အချင်းချင်း လဲ သိသိ မသိသိ နှုတ်ဆက်ကြ ပြောကြ ဆိုကြ ရီမော ဖလှယ်ကြ။
ကရင် ပုဆိုး အနီ ကလေးနဲ့ ဘေးမှာ သူ့ သူငယ်ချင်း ထင်တယ်။ သူနဲ့ ရွယ်တူ နိုင်ငံခြားသား ရုပ် လူငယ် ကလေး တယောက်နဲ့ အတူ တူ။ လူအုပ် နဲ့ မလှမ်းမကမ်း က သစ်ပင် ရိပ် အောက်မှာ ထိုင်ရင်း...သူ့ အမေရဲ့ 
လူထု စကားဝိုင်း မြင်ကွင်းကို ကြည့်နေတယ်။ ငယ်ငယ်က အိပ်ယာဝင် ပုံပြင်တွေ ပြောခဲ့တဲ့ သူ့ မေမေ ဟာ
....ခုတော့ သူမရဲ့  လူထု ကို ဒီမိုကရေစီ နဲ့ လူ့အခွင့် အရေး တွေအကြောင်း ပြောရင်း သူမ ချစ်တဲ့ တိုင်းပြည်ကို...အာဏာရှင်စနစ်ဆိုး အောက်က လွတ်မြောက်ဖို့ မမောနိုင် မပမ်းနိုင် ကြိုးပမ်း နေရတဲ့ အခြေအနေ ကို ၁၄ နှစ် အရွယ် သားငယ်လေး ...ဘယ်လို နားလည် လက်ခံ ထားရ ရှာ ပါလိမ့်။
သိပ် မကြာခင် မှာ....ခြံဝင်း သံ တခါးကြီး အပေါ်မှာ...ဒေါ်စု၊ ဦးကြည်မောင်၊ ဦးတင်ဦး တို့ ၃ယောက် ပေါ်လာတယ်။ သူမရဲ့  လူထု ပရိသတ်ကြီး ဟာ...လက်ခုပ်သံ တဖြောင်းဖြောင်း တီးရင်း...သူမ တို့အဖွဲ့ကို ကြိုဆို ကြတယ်။ တဦး နဲ့ တဦး အပြန် အလှန် မေတ္တာ တုံ့ပြန် နေ ကြလို့...စင်ပေါ်က လူတွေကော..စင်အောက်က လူထု ပရိသတ်ပါ...ပြုံးရွှင်တဲ့ မျက်နှာ ကိုယ်စီနဲ့ ပါ။
လူထု က သိချင်လို့ မေးတဲ့ မေးခွန်း တွေကို ဒေါ်စုတို့ အဖွဲ့က ဖြေလို့။ လူထု က လဲ အပြန်အလှန် မေးကြ..ဖြေကြ။ တိုင်းပြည် ကို စနစ်ဆိုး အောက်က ရုန်းထွက် နိုင်ဖို့ ...၀ိုင်းဝန်း စဉ်းစား...အဖြေရှာ ကြလို့။ ကြည်နူး စရာ မြင်ကွင်း တွေပါ။
အဲဒီ အချိန်မှာ...ခပ် လှမ်းလှမ်းက ခြံဝင်း သံတိုင် တွေနောက် ကနေ..သံတိုင် တွေ ကို ကိုင်ရင်း ခြံပြင် က
လူထုကို ပြုံြး့ပုံးကြီး ကြည့်နေ သူက....မိုက်ကယ်အဲရစ်။ ဆရာကြီး မင်းသုဝဏ် အခေါ်...မိခိလ။ သူ့ ချစ်ဇနီး နဲ့
သူမ ရဲ့ လူထု တသား တည်း ဖြစ်နေ တာ ကို...ကြည်ကြည် နူးနူး ငေးမော လို့။ သူ့ အတွေးတွေ ထဲမှာ....``သူ ချစ်တဲ့...စု..ကို သူ မပိုင် တော့ပါလား´´ လို့ များ တွေးနေ လေမလား။
ခဏ နေတော့ ရှေ့ ဆုံး လူအုပ် ထဲမှာ လှုပ်လှုပ် ရှားရှား။ ဘာတွေ ဖြစ်ပါလိမ့်။ ဒေါ်စု ကလဲ.. စကား ပြောရင်း
ခဏ ငုံ့ကြည့်တယ်။ ဦးကြည်မောင် ဦးတင်ဦး တို့ က လဲ...ပြုံးပြီး ငုံ့ ကြည့်လို့။ စိတ်ပူ စရာတော့..မဟုတ် လောက်။
နောက်တော့မှ....ဒေါ်စု ခြံစည်းရိုး သံတိုင် တွေ မှာ ရှိတဲ့ သံတိုင် ကောက်ကောက် ကြီးတွေ ကြား ထဲမှာ....သံဆူးချွန် အဖြောင့် တိုတို ကလေး တခုစီ ရှိတယ်။ ဒေါ်စု က..စကား ပြောရင်း သံတိုင် ကောက်ကောက် ကြီး တွေ ပေါ်ကို လက်တင်ပြီး ပြော တာ ကိုး။
မေတ္တာ ဆိုတာ...ရောင်ပြန်ဟပ် တဲ့ သဘော ပေါ့နော်။ ပြည်သူ တွေ က...သူတို့ ချစ်တဲ့ ဒေါ်စု ကို သံဆူး ငုတ်တို ကလေး တွေ နဲ့တောင် ဆူးမိ ခြစ်မိ မှာ...မလိုလား ကြပါ။
+++ ++++
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က မြင်ကွင်း ကလေး ကို ဒီနေ့ အထိ မေ့မရ။ ပြည်သူ့ မေတ္တာ လွှမ်းခြုံ ခံထားရ တဲ့...ဒေါ်စု...ဘေး အန္တရာယ် အသွယ်သွယ် က အမြဲ လွတ်မြောက် ပါစေ။ ။
Monday, June 7, 2010
မီး....လား....
မီးလား...သူနေမကောင်းဘူးကွယ်
မီးလား...သူဖျားနေတယ်
မီးလား....နာမကျန်းသည် ..
အို...နှင်းဆီ..
မီးလား...စီးပွားပျက်အောင်လုပ်တဲ့
အရက်သမားပထွေး
နံဘေးအပေါင်ဆိုင်က
အချောင်နှိုက်နေကျ....တရုပ်သူဌေးလက်
မီးကို....၀ကွက်အပ်လိုက်ပီတဲ့။
မီး...ရေ
မီး...ရေ
မီး..ရေ
မီးလား...သူမလာနိုင်တော့ဘူးကွယ်။ ။
အသက်၄၀ကျော်မှ သူငယ်ပြန်နေတယ် မထင်ကြပါနဲ့နော်း)
ဒီညမှာ..ကိုယ်တို့ဆီ..မီးလာရမယ့် အလှည့်က ညနေ၆နာရီကနေ ည၁၂နာရီအထိတဲ့။ ပြောမယ့်သာပြောတာပါ။အလှည့်ကျပေမယ့်လဲ မီးကလာချင်မှလာတာလေ။ဒီတော့
.....လာရင်..လာတယ်လို့မှတ်။မလာရင်..မလာဘူးလို့မှတ်။တရားအားထုတ်ပြီးသား ရတယ်။
ကဲ..ဒီညတော့ မီးနဲ့မှ ဖြစ်မယ့် အလုပ်ကလေးတွေ လုပ်ဖို့ ဇွဲကောင်းကောင်းနဲ့ စောင့်နေတာ။
မီး....လာပါဘီ။ည၁၂နာရီထိုးဘို့ ၁၅မိနစ်အလို။
မီးနဲ့လုပ်ရမယ့် အလုပ်ကလေးတွေစမယ်။
ဟော...မီးပြတ်သွားပါဘီ။ည၁၂နာရီထိုးဖို့ ၁၀မိနစ်အလို။ အနိစ္စ....အမြဲမရှိ။
တော်တော်နောက်တဲ့သူတွေ။တနေ့လုံး မီးကိုတွေ့ဖို့ စောင့်လို
က်ရတာ။၅မိနစ်ဘဲမြင်လိုက်ရတယ်။
အဲဒါ မြန်မာတပြည်လုံးရဲ့  လျှပ်စစ်မီးကိုစောင့်ရတဲ့ အခြေအနေ။
အင်းလေ....လုံးဝမီးမလာရင်လဲ မီတာထိန်းသိမ်းစောင့်ရှောက်ခ ၁၀၀၀ကျပ်ကိုတောင်းရမှာ အားနာလို့ထင်ပါရဲ့ ။(တကယ်တော့...အားနာရမှန်းတောင်သိတတ်ပါ့လား)
သိပ်မကြာခင်က ကွယ်လွန်သွားတဲ့ ဆရာအီကြာကွေးကိုသတိရလိုက်တာ။သူ့ဇာတ်လိုက်ကျော် ကိုငှက်ရိုးက အဲဒီခေတ်က မီတာစောင့်ရှောက်ခ ၁ကျပ်ကို အသားလွတ်ပေးရတယ်ထင်လို
့....
``ဘယ်ကောင်မှ ငါ့မီတာပုံးကိုလာမစောင့်ရှောက်ဘဲနဲ့..၁ကျပ်မပေးနိုင်ဘူး။ငါ့ဖာသာစောင့်မယ်´´
ဆိုပြီး တညလုံးမအိပ်ဘဲ တုတ်ကြီးတချောင်းကိုင်ပြီးငုတ်တုပ်ထိုင်စောင့်တဲ့ ဇာတ်လမ်းလေး။
ဂုရုကွေးရေ...။ခုတော့မီတာထိန်းသိမ်းစောင့်ရှောက်ခက ၁၀၀၀ကျပ်ဖြစ်နေပေါ့။သုံးစွဲတဲ့ ယူနစ်က ၁ယူနစ် ၂ယူနစ်ထက်မပို။(မီးမှမလာတာ) လစဉ်..မီတာသုံးစွဲခက ၅၀ကျပ်..၁၀၀ကျပ်ထက်မပို ။စောင့်ရှောက်ခက မီးလာလာ..မလာလာ။ပုံမှန်၁၀၀၀ကျပ်။ဂုရုကွေးကြီးရှိရင်...ဘယ်လိုသရော်စာတွေ ထွက်လာမယ်မသိ။
ကိုယ်ကတော့ အလကားအလုပ်မလုပ်နိုင်ဘဲစောင့်ရှောက်ခပေးနေရတဲ့ မီတာပုံး ကိုဘဲ ရိုက်ခွဲပစ်ချင်သလိုလို။
``ရော့ဟေ့...နင်တို့မီးကိုမယူတော့ဘူး။ဖယောင်းတိုင်ဝယ်ထွန်းပြီးနေတာကမှ လင်းသေးတယ်´´ လို့ဘဲ အော်ရ ကောင်းမလား။
ဒါမှမဟုတ်...မီတာပုံးတွေမှာဒီကဗျာလေးကို...ကပ်ထားရကောင်းမလား။
``လျှပ်စစ်´´
တစ်သိန်းတန်..မီတာပုံး
ရော့...သုံးတော့ပေး။
မယူတော့လည်း...မီးမလာ
ယူပြန်တော့လည်း...မီးမလာ
တစ်ထောင်သာ..စောင့်ရှောက်ခပေး
မင့်အမေ့လင်....တိုင်ပင်တွင်ချိတ်ခဲ့တော့ဟေး....။ ။
Thursday, June 3, 2010
မုန်တိုင်းထဲမှာ ပွင့်တဲ့ပိတောက်

မုန်တိုင်းမိုးတွေ
စွေသထက်စွေ။
ပွင့်တချို့ ..ကြွေတချို့ 
ကြွေဆဲ..ဝေမြဲ
ပိတောက်တွေခဲခဲလှုပ်။
လေကြမ်းတချက်အသုတ်
တဖြုတ်ဖြုတ်ကြွေလဲ
မွှေးမြဲမွှေးလျက်
အသည်းထဲမှာပိတောက်ခက်တွေ
ဒဏ်ရာဒဏ်ချက်တွေနဲ့ပဲ
ဝေ.....။ ။