Tuesday, September 24, 2013

လယ်သူမကြီး ၀ိသာခါ


အရိပ်မိုးပေးတဲ့  ထီးတလက်
ရုတ်တရက်ပျောက်သွားရှာ
စုံကန္တာ နေပူကြီးမှာ
ဘယ်ထီးမှမယ် မပါ.....

သားနဲ့ သမီး လက်ကိုဆွဲ
ကျွဲနွားနဲ့  အတူရုန်း
မင်္ဂလာဦးက လယ်တတုံး
ဝမ်းမီးဟုန်းဟုန်းကို ငြိမ်းတန်ရဲ့ ...

လယ်ကွင်းမှာကြီး
လယ်သီးကိုစား
လယ်သူမရဲ့ သား
လယ်ယာတက္ကသိုလ်မှာထား

ဘ၀ခြားသွားလေသူနဲ့ 
အိုးစားကွဲ ရိုက်ခွဲ
ညောင်ရေအိုးလေး ကွဲသွားသလို
နှလုံးသားအိုလေး မွမွကြေ...

ရွာက ကလေးတွေ
ပညာရည် နို့
ကောင်းကောင်းစို့နိုင်ဖို့
ကျောင်းသစ်ကြီး ဆောက်ရာ
ဝမ်းမသာနိုင်ဘူးလား...တဲ့ 

အလှူ့ ဒါယိကာမကြီး
ဗလာလက်ချည်း
မြေကြီးခဲကိုကောက်
လယ်ကူလီ ဘ၀ ရောက်ပေါ့...။ ။
(မှတ်တိုင် အထက ကျောင်းသစ်ကြီးဆောက်ရာမှာ လယ်သိမ်းခံလိုက်ရတဲ့  ဒေါ်လေး ဒေါ်အေးန အတွက် ဟိုးတုန်း က ထွက်လာဖူးတဲ့  ကဗျာတပုဒ်)
See More

No comments:

Post a Comment