Wednesday, June 15, 2011
တေးအ
ဇာတ်လမ်း....စကတည်းက..တပြုတ်တည်း..ပြုတ်...ပြုတ်ကျ..နေတာဘဲ..
ကွဲကြေလို ....ကြေကွဲစရာကောင်းလိုက်တာ....
နှင်းတွေလား...မြူတွေလား...ဖုန်တွေလား......
အပ်ကျသံမကြားရအောင်...ပိန်းပိတ်ဆို့ မှောင်လို့...
မောင်ချောနွယ်ရဲ  ....ကဗျာထဲက...အသက်ငင် နေတဲ  ခွေး ကလေးလို...
ရေတွင်းထဲ  တက်လိုက်ကျလိုက်...ကျလိုက်  တက်လိုက် .... 
ငင် နေတဲ ရေပုံး ကလေးလို.....တငင်ငင်
ရှင်....ကျမကိုခေါ်တာလား...ဘာသံမှ..မကြားရဖူး...ဘာသံမှ...စိတ်ကုန်လိုက်တာ...ဘာသံမှ...
ဒါနဲ့များ.. အင်း.....မြင်တော့...မြင်နေရသေးတယ်...၀ါ..စိမ်း...နီ..မှိတ်တုပ်...မှိတ်တုပ်......
အဲဒါ.....ကြယ်ကလေးတွေလား...
နှင်းတွေကြားမှာ...တချို့ ကြယ်ကလေးတွေ....ပျောက်ဆုံးနေတုံးဘဲ လား...
.ဒါမှ မဟုတ်..မြူတွေကြားမှာ....ပျောက်ဆုံး ချင်ယောင်  ဆောင်နေတာလား......
ဖုန်တွေကြားမှာ.........နေတဲ့ ပန်းပွင့် လေးတွေ......ကြွေကျသွားမှာစိုးလို ....  ..
.အသက်တောင်....မျှဉ်း....မျှဉ်း...လေး ခိုး ...ခိုး...ရှူ နေရ တုံး
ဗြုံး ခနဲ..လား..ဖြုတ် ခနဲ  လား......ကြယ်ကြွေ သလို...မှိတ်ခနဲ...လက်ခနဲ
ပြန်တက်လာတယ်...ကုပ်ကပ်ပြီး..တွယ်ဖက်ပြီး...ပြန်တက်လာတယ်....အသက်ပြင်းပြင်းမရှူနဲ့ ....
သမုဒယတွေ အတွက်...သုံးကြိမ်မြောက်  ဗိုက်ခွဲမဲ့...သူရဲကောင်း ညီမလေး...ဘယ်လိုနေသေး လဲ..
ကမန်းကတန်း 
သမီးကြီး (၁ဂ)နှစ်ပြည့်ပြီ ဆို..ကိုယ့်ဖာသာ စောင့် ရှောက်နော်......
ကမန်းကတန်း
အဖေနေကောင်းတယ်....
ကမန်းကတန်း
ကလေးတွေရော...နေကောင်း အဆင်ပြေကြလား.....
ကမန်းကတန်း
သူငယ်ချင်းရေ....မင်းရော...အခြေအနေကောင်းလား....
ကမန်းကတန်း
.အခြေ အနေ  ကောင်းတော့ရော..ဘာတတ် နိုင်မှာတဲ့ လည်း
ဘာမှ မတတ် နိုင်ဘဲ နဲ့ များ...ဘာမှ မတတ်နိုင်ဘဲ နဲ့ များ.....ဘာမှ မတတ်နိုင် ဘဲနဲ့ များ
ဘာမှ  မတတ်နိုင်တော့....ဘာမှ မပြောခဲ့ တော့ ပါဘူး....ဘာမှ....မကြား ပါနဲ့ တော့
ကျမ...လိပ်ကလေးတွေ ...ခရုကလေးတွေ  ...ပက်ကျိလေးတွေကို...ချောကလက်တွေ..သွားကျွေးနေမိတယ်.....
ကျမ ပြောတာ  ကြားလား...အော်...မှားလို ...ကျမပြောတာ....မြင်လား...ဟုတ်ပြီလား...
သွား....တော့.......ယ်