Friday, November 26, 2010

မဆောင်းအိမ်



သူ့ ကို မြင် လျှင်

သဇင် ပန် မွှေး

ရင်တွင် အေးတယ်

အပြုံးခြယ်...


သူနှင့် ပြောလျှင်

ချိ သော သံသာ

ကဗျာ လေညင်း

စမ်း ဆင်းသွယ်...


သူနှင့် ရင်းလျှင်

ရင်တွင် ခင်ခြင်း

မြတ် နိုးခြင်းကြွယ်

နှင်း ဝေတယ်....


သူ နှင့်ဆုံ ချိန်

ဆောင်းတွင်း အိမ် လို

ပူရှိန် ကင်းပ

အေးချမ်းရ....


အလှ မှိန်

မဆောင်းအိမ်

တိမ် မဲ့ ကောင်းကင်

မြဲ သန့်စင်...



( သိန်းသန်းထွန်း)



ဒီ ကဗျာလေး က တော့....စာရေးဆရာ ကြီး ဆရာကြီး ဦးသိန်း သန်းထွန်း ရဲ့ ကဗျာလေးတပုဒ် ပါ..။ဘယ် မဂ္ဂဇင်း မှာ ပါခဲ တာ လဲ တော့ မသိတော့ပါ..။ငယ် ငယ် ထဲက ကိုယ် ကြိုက် တဲ့ ကဗျာ တွေ စာတွေ ကို မှတ်စု စာအုပ်နဲ့ ကူးကူး သိမ်း ထားတတ် ပေ မယ့် ဘယ် မဂ္ဂဇင်း ထဲ မှာ ပါခဲ တာ ဆို တာ သေသေ ချာချာ ကူး မထားခဲ့ မိလို့... မဖော်ပြ နိုင်ပါ။ ခုရက် မှာ ဒီ ကဗျာလေး ကို ပြန် ဖတ် မိရင်း ပိုပို နှစ် သက် လာမိ လို့ ထပ်ဆင့် မျှ ဝေ လိုက် ပါတယ်....

Tuesday, November 23, 2010

အမေ့တိုင်းပြည်


ဘာ လို့ များ...

အမေ နဲ့ သားတွေကို

တော တောင် ရေ မြေ..ခြားနေ စေ ရသေးတာ လဲ..


ဘာလို့ များ..

မေ နဲ့ သားတွေကို

ထောင် နံ ရံ တွေ ခြားနေ စေ သေးတာ လဲ...


ဘာ လို့ များ...

အမေ နဲ့ သားတွေကို

ရှင် ကွဲ သာမက

သေ ကွဲပါ ကွဲ ရှာရ

အမေ ရဲ့ နောက်ဆုံး ခရီးမှာ...

ဟိုး...ဝေး ဝေးကြီး ကနေ

တိတ် တဆိတ် မျက် ရည် ကျစေ ရတာ လဲ.....


ဘာလို့ များ...

အမေ အိမ် နဲ့ ဝေးရာ

ခရီး ဝေး သွားနေ ရှာတဲ့ ..သားတွေဟာ

အမေ ခေါင်းချရာ မြေ မှာ

ဘယ် တော့ မှ ..မတွေ့ နိုင် ရှာ တော့ တဲ့..အမေရဲ

မြေပုံ မို မို့ လေးက မြေတ ထွေးကို ဆုပ်ရင်း

အမေ ရဲ ကိုယ်သင်း နံ အဖြစ်

နမ်း ရှုပ် နိုင် ခွင့် မရ သေးရ တာ လဲ...


ဘာ လို့ များ...

ကွဲ ကွာ နေ တဲ့

အမေ နဲ့ သားတွေ ကြား

မိသားစုတွေ ကြား

ချစ်သူ ခင်သူတွေ ကြား

အဆီး အတား မရှိ

လက် ချင်း နွေးနွေး အမြဲ ဆုပ် ထွေးထား ခွင့် မရသေးရတာ လဲ...


ဘာ လို့ များ....

အမေ ရဲ့ တိုင်း ပြည် ဟာ

ကြေကွဲ စရာ ဝေဒနာ တွေ နဲ့

နာ တာ ရှည် လူ မမာ တယောက် လို

ငြီး တွား မဆုံး ရှိ နေ သေးရတာ လဲ.....

Thursday, November 11, 2010

တွေ့ ဆုံ ဆွေး နွေး အဖြေရှာကြရာဝယ်..

ညစ် ပတ် မှု အပုပ် နံ့  တွေ တထောင်း ထောင်း ထ နေတဲ့ ၂၀၁၀ ရွေး ကောက် ပွဲ ကြီး အပြီး နောက် တရက် မှာ ဘဲ...ဒေါန တောင် ခြေ က ပြည် တွင်း စစ် မီးလျှံ သေနတ် သံ တွေ ကို စတင် ကြား လိုက် ရပါတယ်...။

အစိုးရ နဲ့ ငြိမ်းချမ်း ရေးယူ အပစ်အခပ် ရပ်စဲ ထားတဲ့ တိုင်းရင်းသား DKBA အဖွဲ့  တွေ တိုက်ပွဲ ပြန်စကြ ပြန်ပါပြီ..။ ဒါ ...တကယ် ငြိမ်း ချမ်း ရေး မရသေးတဲ့ သဘော ပေါ့..။တပြည် လုံးထိတ် လန့် စိုးရိမ် နေကြ ရ...။နယ်စပ် ဒေသ က ကရင်လူမျိုး ဒုက္ခ သည် တွေ သောင်း နဲ့ ချီ ပြီး အိမ် နီးချင်းထိုင်း နိုင် ငံထဲ ကို ပြေးဝင် နေကြ ရပါပြီ..။က လေးတွေ သက် ကြီး ရွယ် အို တွေ ပါ မကျန် အိုးပစ် အိမ် ပစ် ပြီး အ ၀တ်တထည်ကိုယ်တခု နဲ့ အသက် ကို ဖက် နဲ့ ထုပ်ပြီး သူများ နိုင် ငံ ထဲ မျက် နှာငယ် နဲ့ ပြေး လွှား နေ ကြ ရတာ ဟာ တိုင်း ပြည် မငြိမ်းချမ်း မတည် ငြိမ်သေး တဲ့ ပြယုဂ် တွေ ပါ ဘဲ...။ မငြိမ်း နိုင် သေးတဲ့  ပြည် တွင်းစစ် မီး ကြီး ဟာ တငွေ့ ငွေ့ လောင် ကျွမ်း နေရာက နေ ပို မို ကြီးထွား တောက် လောင် လာ မယ့် နိ မိတ် တွေ လဲ ခံစား နေ ရ ပါတယ်.....။ဘယ် မှာ လဲ...ငြိမ်းချမ်းတဲ့ ပြည် ထောင်စုကြီး ရယ်။


++ + ++++


ဟိုး...ငယ် ငယ် က သမိုင်းသင် ခန်း စာ တွေ ထဲ မှာ သင် ခဲ့  ရတဲ့ ပြည် ထောင်စု နေ့ အကြောင်း ပြည် ထောင်စုကြီး အကြောင်း တွေ ကို အတွေးထဲ မှာ တ၀ဲ လည် လည် ပြန် ပေါ် လာ ပါတယ်....။

၁၉ ၄၇ ခု ဖေ ဖေါ် ၀ါ ရီ လ(၁၂) ရက် နေ့ ရှမ်း ပြည် နယ် ပင်လုံ မြို့  လေး မှာ သမိုင်း ၀င် ပင် လုံ စာ ချုပ်ကြီး ကို ဗိုလ် ချုပ် အောင်ဆန်း ဦးဆောင် တဲ့ ပြည်မက ဖ.ဆ.ပ.လ ခေါင်းဆောင် တွေ နဲ့ တောင် တန်း ဒေသ ခေါင်း
ဆောင် တွေ သဘောတူ လက်မှတ် ရေးထိုး ခဲ့  တဲ့ နေ့ကို...ပြ ည် ထောင် စု နေ့ သတ်မှတ် တဲ့ အကြောင်း တွေ..အော်ကျက် ခဲ့ ...။ မှတ် သား ခဲ့  ...ရ။






နောက် အတန်း နဲ နဲ ကြီး လာ တော့ သမိုင်းသင် ခန်း စာတွေ ထဲ မှာ ပင် လုံ စာ ချုပ် အကြောင်းသာ မက..
၁၉၆၂ ခု နှစ် စစ် တပ် က တိုင်းပြည် အာ ဏာ သိမ်း ယူ ရ တဲ့ အကြောင်း ရင်း အဖြစ် အပြစ် ပုံချ ခံ ခဲ့ ရတဲ့  ........ဖက် ဒရယ် ..အကြောင်း ..။

ဖက်ဒရယ် ဆို တာ တိုင်းရင်း သားတချို့  ရဲ့  ခွဲ ထွက် ရေး မူ အဖြစ် ကျောင်းသင် ခန်းစာတွေ ထဲ ကနေ အတင်း ရိုက်သွင်း ခံ ရတဲ့ ဦးနှောက် နု နု ကလေး တွေ ထဲ မှာ ...အော် ..ပြည် ထောင်စုကြီး မပြို ကွဲ ဖို့ တပ် မတော် က လက် မတင် လေး ကယ် တင် လိုက် တာ ပါလား ....လို့ ကျေးဇူးတွေ တောင် တင်လို့....။


+++ +++


အ မိ တက္ကသိုလ် ကံ့  ကော်တော မှာ ခြေ ချ ခွင့် ရခဲ့ တုံးက ...ကိုယ် တို့ အတန်း က ဗမာ ပြည် အရပ် ရပ်က လာတဲ့ နယ် ကျောင်းသားတွေ များ တယ်...။ကချင် လည်း ပါ တယ်.....။ တနင်္သာရီဖက် က ထားဝယ် သားတွေ လည်း ..ပါ သလို...ခု တိုက်ပွဲ ဖြစ် နေတဲ့ ကရင် ပြည် နယ် မြ၀တီ ဖက် ကလည်း ပါ လို့ ...အသံ စုံ ကြားရတယ်...။ အများစု ကတော့ရခိုင် သူငယ် ချင်း တွေ ပါ..။သူတို့ လေသံ ၀ဲ ၀ဲ လေးတွေ ကို သဘောကျ
နှစ် သက် ရင်း အပေါင်းအသင်း ဖြစ် ခဲ့....။ ရင်း နှီး ခဲ့ ....။R.C ထဲ မှာ လုပ်တဲ့ တိုင်း ရင်းသား ရိုး ရာ အစား
အစာ ရောင်း ပွဲ တွေ မှာ ရခိုင် မုန့် တီ အာပူ လျှာ ပူအတူတူ သောက် ကြ...။တိုင်းရင်း သား ကပွဲ တွေ..စာပေ ယဉ် ကျေးမှု ဟော ပြော ပွဲ တွေ အတူတူ လိုက် တက် ရင်း...။

တခါ တလေ...သူတို့ ပြောတဲ့  စကားံ တွေ ထဲ က ရင်ဖွင့် သံ တွေ ကို ကြားရတတ် တယ်...။

`` ငါ တို့ ကျ တော့ ရခိုင် ပြည် နယ်..ကချင် ပြည် နယ်..ကရင် ..မွန် ..ရှမ်း ..ချင်း ပြည် နယ် တွေ သတ်မှတ် ထားပြီး နင် တို့ ကျ တော့ ဗမာ ပြည် နယ် လို့ သတ် မှတ် မထားတာ လဲ..´´ တဲ့..။

သူတို့ ပြောမှ...

`` အင်း...ဟုတ်သားနော်..။တတိုင်း ပြည် လုံး မှာ ဗမာ က အများ စု ရှိ လို့ သိမ်း ကျုံး စုပေါင်း ပြီး ဗမာ ပြည် လို့ ခေါ်တာ ဟုတ် ဖူး လား..´´လို့ ဆို တော့...သူတို့ က မချိ ပြုံး ပြုံးရင်း ...

`` ဒါ ဆို..ဗမာ တွေက လူ များစု ဆိုပြီး အခွင့် အရေး ပို ယူ ထားတဲ့ သဘော ပေါ့..တန်းတူ ညီမျှ မရှိ တဲ့ သဘောပေါ့ ။

အရင် က..ပြည် ထောင်စု အလံ ဆို လည်း ပြည် နယ် တွေ ကို ကိုယ်စား ပြု တဲ့ ကြယ် ၅လုံး ထက် အလယ် ကကြယ် ကြီး က ဘာကိစ္စ ပို ကြီး ထား ရ တာ လဲ..´´ တဲ့ ..။

အသေး အမွှား လေးတွေ လို့ ထင် ရပေ မယ့် သူတို့ ရင်ထဲ က ခံ စားချက်တချို့  ကို ရိပ် ကနဲ မြင်လိုက် ရတော့ သူ ငယ်ချင်း အခြင်းခြင်း ငါ့ စကားနွားရ ပြောမိတဲ့ ကိုယ့် စကားတွေ ကို ကိုယ့်ဖာသာ စိတ် ထဲ မှာ ဘ၀င် မကျလှတော့..။ တခုခု တော့...တခုခု ဘဲ လို့...အတွေးလေးဝင် လာ ခဲ့ မိပြီ...။


++++ +++++



ဒီ လို နဲ့ ရှစ် လေးလုံး အရေးတော် ပုံ အပြီး..ကျောင်း တွေ ကလည်း ပိတ် ထား တော့..အိမ် မှာ လူစုံ နေတဲ့ အချိန်..။ ကိုယ် တို့ အိမ်ရဲ့  မိသားစု ရေနွေး ကြမ်း ၀ိုင်းလေး တွေ က အဖေ နဲ့ သမီး တွေ ထွေ ရာ လေးပါး ပြော ရင်း...ရီ ကြ..မောကြ..အတွေ့  အကြုံ တွေ ဖလှယ် နေကြမို့...ပေါ့ ပေါ့ ပါးပါးတွေ ပါသလို..တိုင်း ရေး ပြည် ရေးတွေ လဲ ပါ..တဲ့ အခါ ပါ ပေါ့ လေ...။

အဲ ဒီ မှာ ဖက် ဒရယ် ပြည် ထောင်စု အကြောင်း စကားစပ်မိ ကြရင်း...

``သမီး တို့ ငယ် ငယ် က စာတွေထဲ မှာ ကျက် ခဲ့ ရသလို ..ဖက် ဒရယ် ဆို တာ ခွဲ ထွက် ရေး မဟုတ် ဘူး ´´ လို့ ဖေဖေ ကရှင်း ပြတယ်..။အဲ ဒီ အချိန် မှာ..အဖေ က သူ့ သမီး တွေ တင် မက..ရှစ် လေး လုံး အရှိန် နဲ့ စု မိ နေတဲ့ မြို့ က နိုင် ငံရေး တက် ကြွ နိုး ကြား နေတဲ့ လူငယ် တွေ ကို ပါ...ဖက် ဒရယ် မူအ ကြောင်း သေသေ ချာချာ ချပြ..ရှင်း ပြ ပြီး ဖတ် စရာ စာအုပ် တွေ ပါ ရှာဖွေ ပေး နေချိန်ပေါ့။

တနေ့ တော့ အဖေ က
`` တို့  နိုင် ငံ ကို အင်္ဂ လိပ် တွေ စစ် နိုင် လို့ သိမ်းယူ သွားတဲ့ ..သီဟာသ န ပလ္လင် ကြီး ကို လွတ် လပ် ရေး ရ အပြီး..အင်္ဂလိပ် တွေ ဆီ က ပြန် ရခဲ့  တယ် နော်...။ အဲဒီ လို ဘဲ ..နောင် တချိန် ချိန် မှာ...ဘိုးတော် ဘု ရား လက် ထက် က..ရခိုင် ကနေ သိမ်း ယူ လာ ခဲ့  တဲ့ ..မဟာမြတ် မုနိ ဘုရားကြီး ကို ရ ခိုင် တွေ ကို ပြန် ပေး ရမယ်ဆို ရင်...သမီး တို့ ဘယ် လို သဘော ထား မလဲ..´´ လို့ မေးလာ တယ်...။

ဖျတ် ကနဲ...ကျောင်းတုန်းက ရခိုင် သူ ငယ် ချင်း တယောက် ကို ပြန်သတိ ရ မိတယ်...။ သူလဲ..ဒီလို မေးခဲ့ ဖူးတယ်။ သူငယ် ချင်းချင်း မို့...``အမလေး..ဘု ရားက မန္တ လေးသား ဖြစ် နေပါ ပြီ..ဟယ် ´´ လို့ ခပ် နောက် နောက်ပြန် ဖြေ ခဲ့ မိ ပေ မယ့်......။.ခု တော့...ဒီ လို မပြောချင် တော့...။စိတ် ထဲမှာ..ကိုယ်ချင်းစာ စိတ် လား....အားနာ စိတ် လား...မသိ တဲ့ စိတ် တခု က ၀င် နေ မိပြီ...။

ဖေဖေ က ပြုံး ရင်း...``တကယ် တောင်းတာ..မတောင်း တာ..။ပြန် ပေးတာ..မပေး ရတာထက်..။သမီး တို့ လူ ငယ် တွေ စိတ်ထဲ မှာ ကိုယ်ချင်း စာ စိတ် ကလေး ၀င် သွားဖို့ ပါ ...´´ တဲ့ .။

အင်း..ဟုတ် တယ် နော်..။ကိုယ် ချင်းစာ စိတ် ...အားနာ စိတ်..။အဲ ဒီ ကနေ ...အရင်း ခံ ပြီး အား နာ တယ် ဆိုတဲ့ ကဗျာလေး တပုဒ် တောင် စပ်မိသေးတယ်...။

+++ ++++ ++++


ခု တလော..ကလေး မြို့  ကြေညာစာတမ်း ကနေ ဒု တိ ယ ပင် လုံ ဆိုတဲ့ မြည် ဟီး သံ က ကိုယ့် ရင် ကို လာ ရိုက်ခတ် နေတော့...ပင် လုံ နဲ့ ပတ်သက် တဲ့ စာအုပ် တွေ ဖတ် ချင် နေမိတယ်...။ရှစ် လေး လုံး အရေးအခင်းပြီးစ က ဖတ် ဖူး တဲ့ တောင်ကြီး ဦးထွန်းမြင့် ရေးတဲ့...တန်းတူ တဲ့ ရှမ်းမူ ဆိုတဲ့ စာ အုပ် ကလေးကို ပြန်ဖတ်ချင်ပေမယ့် စာအုပ် ဖြောင် တတ် တဲ့ သူငယ်ချင်းတယောက် ရဲ့  လက်ချက် နဲ့ ဒီစာ အုပ်က လေး အိမ်ပြန်ရောက် မလာ တော့...။

ခု လောလောဆယ် ဆယ် တော့ ဦးဖေခင်အင်္ဂလိပ် လို ရေးတာ ကို ရဲခေါင်မောင်မောင် ဘာသာ ပြန်ထားတဲ့
ကိုယ် တွေ့  ပင် လုံ စာ အုပ် ရယ်..။သမိုင်း ပြု စု ရေး ကော်မတီက ၁၉၉၀ခုနှစ် လောက်မှာ ထုပ်တဲ့တိုင်းရင်းသား အရေး နဲ့ ၁၉၄၇ အခြေ ခံ ဥပဒေ ဆို တဲ့ စာ အုပ် ၂ အုပ် ဘဲ လက် လှမ်းတမီ မှာ ဖတ် ရသေးတယ်..။

ကိုယ် တွေ့ ပင် လုံ စာ အုပ် ထဲ မှာ တော့ ပင် လုံ ညီ လာ ခံ ကြီး ဖြစ် ပေါ် လာ ဖို့မြစ်ဖျားခံ ခဲ့  ရာ...သမိုင်း ၀င်
ရွှေ တိဂုံ အလယ် ပစ္စ ယံ ညီ လာ ခံ ကြီး မှာ စာရေးသူ ဦးဖေခင် က အဆိုတခု တင် ခဲ့  ပြီး..။အဲ ဒီ အဆိုက
တော့...အင်္ဂလိပ် တွေ ရဲ့  စက္ကူ ဖြူ စာတမ်း အ ရ ဗမာပြည် မ ကို လွတ် လပ်ရေး ပေးချိန် မှာ တောင် တန်းဒေ
သ တွေ ကို ချန် မထား ခဲ့  ဘဲ ပြည်မနဲ့ တတွဲ တည်း လွတ် လပ် ရေး အတူတူ ပေးဖို့ အဆို တင်သွင်း တာ ပါ။

တကယ် တော့ အဲ ဒီ အချိန် မှာ အင်္ဂ လိပ် အစိုးရ ကလည်း ဗမာပြည် ကို လွတ် လပ် ရေးပေးရရင် တောင်
တန်းဒေသ တွေ မှာ ခြေကုပ်ယူထားဖို့ သဘောပါ..။ဒီ သဘောဟာ...ဗမာ ပြည်မ ရဲ့ လွတ် လပ် ရေးကို အချိန်
မရွေး ခြိမ်းခြောက် နေသလို တောင် တန်းသားတွေ အတွက် လည်း တဆင့် နှိမ့် ချပြီး ဆက် လက် သွေးစုပ်
ခံ နေရမယ့် သဘော ပါ..။




အဲဒီ အချိန် မှာ ရွှေ တိဂုံ အလယ် ပစ္စယံ ညီ လာခံ ကြီးကို ရှမ်းလူ ငယ် တစု လည်း တိတ် တဆိတ် တက်
ရောက် နေ ပါ တယ်..။တိတ် တဆိတ် တက် ရောက် ရ တဲ့ အကြောင်း ကတော့...ဒီအချိန် မှာ အင်္ဂလိပ် အစိုးရက
တောင် တန်း ဒေသ နဲ့ ပြည် မကို သွေးခွဲ ပြီး ဖိနှိပ် တဲ့ Frontier Crossing Act (နယ် ခြား ဒေသဖြတ် ကျော်မှု
ချုပ် ကိုင် မှု ဥပဒေ ) အရ ပြည်မ နဲ့ တောင်တန်းဒေသ နိုင်ငံ ရေး ကူးလူး ဆက် ဆံ မှု တွေ ကို တားမြစ် ပိတ်ပင် ထားလို့ ပါ...။ရှမ်း လူထု အနေ နဲ့ အင်္ဂလိပ် နယ်ချဲ့  ရဲ့  ဖိ နှိပ် မှု တွေ အပြင် အစဉ်အလာ အရ ရှမ်း စော်ဘွားတွေ ရဲ့  ပဒေသရာဇ် ဆန် တဲ့ အုပ်ချုပ် မှု တွေ ကို လဲ တွန်း လှန် ချင် နေချိန် မို့ ...ပြည်မ နဲ့  အတူတူ တခါတည်း လွတ်လပ် ရေး လို ချင် စိတ် ပြင်းပြနေကြ ပါတယ်...။ ဒါ ကြောင့် ရှမ်းလူ ငယ်တစု ဟာ ရွှေတိဂုံ အလယ် ပစ္စယံ ညီလာ ခံကြီး ကို တိတ်တဆိတ် လာတက် ရင်း...သူတို့ လိုလားနေတဲ့ အဆိုပြု ချက် ကို ကြားရတဲ့ အခါ ၀မ်းသာအားတက် ပြီး ပြည်မ က ဗမာနိုင် ငံရေး ခေါင်း ဆောင် တွေ နဲ့ တွေ့  ဆုံ ဆွေးနွေး ခဲ့ 
ကြ တယ်...။ဒီ လို ဆွေးနွေးကြ ရာမှာ တဖက် ကလည်း ဗမာ လူ မျိုးကြီးဝါဒနဲ့ သူတို့ ရဲ့ ကိုယ် ပိုင် အခွင့် အရေးတွေ ကို ဖိနှိပ်ချိုးဖောက် လာမှာကိုလည်း စိုးရိမ် နေကြ ပါ တယ်..။

ကိုယ်တွေ့ ပင်လုံ စာအုပ် ရဲ့  နောက်ဆက်တွဲ (င) မှာပါတဲ့ ရှမ်းပြည် လူငယ်များရဲ့  ၂၁.၁.၄၆ နေ့စွဲ နဲ့ ဖ ဆပလ အဖွဲ့ ချုပ် ကို ပေးစာ မှာ ဒီ စိုးရိမ် မှု တွေ ကို တွေ့  ရပါတယ်..။ ဒီလို စိုးရိမ် စရာ တွေ ရှိ လို့ လည်း ပင် လုံ စာချုပ် ချုပ် ဆို တော့ ပြည် နယ် တွေ က ပြည် မက နေ သူတို့ ခွဲ ထွက် လို တဲ့ အချိန် မှာ ခွဲ ထွက် ခွင့်  ကို ထဲ့ သွင်း တောင်းဆို ခဲ့ ကြတာ ပါ...။ဒါ ပေမယ့် ဗိုလ် ချုပ် အောင်ဆန်း ရဲ့  သဘော ထား ကြီး မှု တွေ ကြောင့် သူတို့ ရဲ့ စိုး ရိမ် စိတ် တွေ အတန် အသင့် လျော့ ပါး ခဲ့ သလို ဗိုလ် ချုပ် အောင်ဆန်း ရဲ့  ရိုးသား ဖြောင့် မတ် မှု ကြောင့် တိုင်းရင်းသားတွေ ရဲ့  ယုံကြည်မှု ကို ဗိုလ် ချုပ် အောင် ဆန်း ဟာ အပြည့် အ၀ ရ ခဲ့  ပါ တယ်...။.


စာရေးသူ ဦးဖေခင် နဲ့ ရှမ်းလူ ငယ် တစု ဟာလည်း ပင်လုံ ညီ လာ ခံ ကြီးဖြစ်လာဖို့ မှာ အရေး ပါ တဲ့ အခန်းကနေ ကြိုးစား ဆောင် ရွက် ခဲ့ ကြသူတွေ အဖြစ် မှတ် တမ်းတင်သင့် သူတွေ ပါ...။ဗိုလ် ချုပ်အောင်ဆန်း အင်္ဂလန်
သွားပြီး တနှစ် အတွင်းလွတ်လပ်ရေး ပေးရန် ဆိုတဲ့ ကြွေးကြော်သံ ကို ကိုင်စွဲ ပြီး လွတ် လပ် ရေး အရေးဆို နေစဉ်မှာ ဗိုလ်ချုပ် အောင်ဆန်းဟာ တောင်တန်းသားတွေ ရဲ့ ကိုယ်စားလှယ် မဟုတ်ကြောင်းရှမ်းစော်ဘွားတချို့ ရဲ့  ကြေးနန်း တစောင် ရောက်လာပြီး အခက်ကြုံ နေတုံး...ဦးဖေခင်နဲ့ ရှမ်းလူငယ်တစုရဲ့  ကြိုးပမ်းချက် နဲ့ တောင်ကြီးမြို့  မှာ ရှမ်းပြည်သူတွေ ဆန္ဒ ပြပွဲကြီး တရပ် ကျင်းပပြီး ဗိုလ်ချုပ် အောင် ဆန်းကို ရှမ်းပြည်သူတွေ က အပြည့် အ၀ ထောက် ခံ ကြောင်း သက် သေပြ နိုင်ခဲ့  လို့ အေင်ဆန်း အက်တလီ စာချုပ် ချုပ်ဆို နိုင် ခဲ့ ပြီး
တောင်တန်းပြည်မ အတူ တကွ လွတ်လပ်ရေးကြိုးပမ်း ကြဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပင် လုံ ညီလာ ခံ ခေါ်ယူ ဆွေးနွေးရန် လမ်းစပွင့်သွား ခဲ့ တာကိုး...။



ရှေး အစဉ် အဆက် ကတည်း က မြန် မာ နိုင် ငံ အတွင်းမှာ ရှမ်း၊ချင်း ၊ကချင် ၊ ကရင် ၊ကယား၊ မွန် ၊ဗမာ၊ ရခိုင် စသဖြင့် တိုင်းရင်းသားတွေ ဟာ ..ကို.ယ့် မင်း ကိုယ့်ချင်း ကိုယ်ပိုင် လွတ် လပ် ခွင့် တွေ နဲ့ အတူ တကွ ယှဉ်တွဲ နေထိုင် လာကြတာ ပါ...။ဗိုလ် ချုပ် အောင် ဆန်းရဲ့  ပင် လုံ ညီ လာ ခံ အကြို ညစာစားပွဲ မိန့် ခွန်း မှာ...


``တတိုင်းပြည် လုံး ကြီးပွားစေချင် ရင် လူ အား၊ ငွေ အား၊ပစ္စည်း အားနဲ့ စု ပေါင်းပြီး အင် တိုက် အားတိုက် လုပ် နိုင် မှ အကျိုး ခံ စားခွင့် ရှိ ကြမှာ ဘဲ။ ဗမာ ကတမျိုး၊ ကရင် ကတဖုံ ၊ ရှမ်း၊ချင်း ၊ကချင် ၊ချင်း တို့  က တခြား ၊အကွဲ ကွဲ အပြား ပြား လုပ် နေကြ ရင် အကျိုး ရှိ မှာ မဟုတ် ဘူး။ စုပေါင်း လုပ်ကြ မှသာ အကျိုး ရှိ နိုင် မယ်
´´ လို့ ပြောခဲ့သလိုပါဘဲ...။

ဒီ လို စုပေါင်း လုပ် ဆောင် ကြ ရာမှာ လူ မျိုး တမျိုး ခြင်းစီ ရဲကိုယ် ပိုင် အခွင့် အရေး တွေ မဆုံးရှုံးစေ ဘဲ လွတ် လပ် တဲ့ဖက်ဒရယ် ပြည် ထောင်စုကြီးထဲ မှာ တန်းတူ ညီ မျှ အတူ တကွ ရှိ နေဖို့ပါ...။ဒါ ဟာ..ပင်လုံစာချုပ် ရဲ့  အနှစ် သာ ရ..ပင် လုံ စိတ် ဓါတ် ပါ ဘဲ...။အား လုံး တွေ့  ဆုံ ..ညှိ နှိုင်း ဆွေးနွေးရာ ကနေ သဘော တူ ရလာဒ် အဖြေရှာ ကြတဲ့ လုပ် ငန်းစဉ် တခု ပါ...။


ဒါ ပေ မယ့်...၁၉၄၇ ခုနှစ် က ပင် လုံ စာချုပ် ချုပ် ဆို ရာမှာ ဗမာပြည်မ နဲ့ တောင် တန်းဒေ သ (ရှမ်း၊ချင်း ၊ကချင်) ခေါင်း ဆောင် တွေ ဘဲ ပါ ၀င်ခဲ့  ကြ တယ်..။ဒါက လည်းအဲဒီ အချိန်ရဲ့  အခက်အခဲ အဟန့် အတားတွေ ကြောင့် ပါ..။ နောက် တခါ ပင် လုံ စာချုပ် ချုပ် ဆိုပြီး အကောင် အထည် ဖော် နေတုံး ၅ လ လောက် အကြာမှာ ဘဲ ဗိုလ် ချုပ် အောင်ဆန်း နဲ့  တိုင်းရင်းသားခေါင်း ဆောင် ကြီးတွေ လုပ် ကြံ ခံ ရတဲ့ ဖြစ် ရပ် ဆိုးကြီး ကေ ပါ် လာ ရပြန် တယ်...။လွတ် လပ်ရေး ကလည်း လက် တကမ်း အလို ဆို တော့ တနိုင် ငံ လုံး ရဲ့  လွတ် လပ် ရေး
ကို ရှေး ရှု ပြီး တချို့ အချက် တွေ ကို အကြေ အလည် မဆွေးနွေး နိုင် ဘဲ ချန် လှပ် ထား ခဲ့  ရတာ တွေ..


လွတ် လပ် ရေး ရပြီး (၁၀) နှစ် ကျော် တဲ့ အထိ အရိုး စွဲ နေသေးတဲ့ လူ မျိုး ကြီး ၀ါ ဒ ဆန် မှု တွေ ကြောင့်
တိုင်းရင်း သားတွေ ရဲ့  မကျေ နပ် မှု တွေ ..ခါးသီးမှု တွေ တွေ ကို ဖြေ ဖျောက် မပေး နိုင် ခဲ့ သေး ။ ၁၉၆၂ ခု
ဦးနု အစိုး ရ က ဦးဆောင် ပြီး ပင် လုံ ညီ လာခံ သဘော တိုင်း ရင်းသား တွေ စုံ ညီ အစည်း အဝေး ခေါ် ပြီး ပြည် ထောင်စု အရေးကို နိုင် ငံ ရေးနည်း နဲ့ ဖြေရှင်း ဖို့ ကြိုး စားနေတုံး မှာ ဘဲ..ဖက်ဒရယ်မူ ကို ခွဲ ထွက် ရေး မူလို့ အကြောင်းပြ ပြီး အာဏာ အရ သာတွေ နေ တဲ့ စစ် အာဏာ ရှင် ကြီး က တိုင်း ပြည် အာဏာသိမ်းလိုက် တာ ကို ခံ လိုက် ရ ပြန် ပါ တယ်.....။စစ် အာ ဏာ ရှင် စနစ် လက် အောက် မှာ တော့ တ တိုင်း ပြည် လုံး စစ် ကျွန်ဖြစ် ခဲ့  ရ တော့ ပြောစရာကို မရှိ တော့ ပါဘူး...။စစ် အာ ဏာရှင် စနစ် သက် ဆိုး ရှည် ဖို့ ပြည်တွင်းစစ် မီး ကို တမင် မီးထိုး ထားလေ တော့ ... တတိုင်း ပြည် လုံး သွေးချောင်းစီး ပြီး ဒုက္ခ ပင် လယ် ဝေ နေ တော့ တာပါ ဘဲ...။


ခု ဆို...ရခိုင် ဒေသ ကို ဒေသ ခံ တိုင်းရင်းသားတွေ ကန့် ကွက် နေတဲ့ ကြား က သဘာဝဓါတ် ငွေ့  ပိုက် လိုင်း
ကြီးတွေ အဓမ္မ ဖြတ် ဖောက် နေတာ တွေ...။ကချင် တို့ ရဲ ဧရာဝတီ့မြစ် ဆုံမှာ ရေ ကာ တာ ကြီး တွေ အနိုင် အထက် ဆောက် နေတာ တွေ...။ရှမ်း ပြည် နယ် မှာဆို တရုပ် ဖြူကျူး ကျော် မှု ခု ခံစစ် ကတည်း က အ ခြေချ ထားခဲ့ တဲ့ စစ် တပ် ရဲ့  လူ့ အခွင့် အရေးချိုး ဖောက် မှု တွေ....။သေ နတ် သံ မစဲသေးတဲ့  နယ် ခြား စောင့် တပ် ပြသ နာ တွေ..။

ဒါ တွေ ဟာ ...ပင်လုံ စာချုပ် ကို လက် တွေ့  အကောင် အထည် မဖော် နိုင် သေးတဲ့ လက္ခဏာ တွေ ...။ပင် လုံစိတ် ဓါတ်ကို ရိုက် ချိုး ခံ နေ ရတာ တွေ...။


ဒီ နေ့ ..ကမ္ဘာ မှာ နိုင်ငံ တွေ အတူ တကွ တနိုင် ငံ ချင်း စီ
ရဲ့  ကိုယ် ပိုင် ပြဌာန်း ချက် တွေ ကို မထိ ပါး ဘဲ... စီး ပွားရေး..လူ မှု ရေး ...အကျိုး တူ ပူးပေါင်း ဆောင် ရွက် နေကြ ပါပြီ..။ဥ ရောပ သမဂ္ဂ လို ..အာ ဆီ ယံ လို ..အဖွဲ့ မျိုးတွေ..။ဒါ တွေ ဟာ လွတ်လပ် တဲ့ ဖက် ဒရေးရှင်း ပုံစံ တွေ မဟုတ် လား...။ နမူ နာ ယူစရာ အမေရိကန်ပြည် ထောင်စု ရဲ့  ပုံစံ လို ပြည် ထောင်စု ပုံစံ တွေရှိသလို..သင်ခန်းစာ ယူစရာ..ဆိုဗီယက် ယူနီ ယံ ရဲ့  ရု ရှ ကြီးစိုးတဲ့ ပြည် ထောင်စု ပုံစံ ကြောင့်...ပြသနာပေါင်း သောင်းခြောက် ထောင် နဲ့ အချိန် မရွေး..ပြို ကွဲသွား ရပုံတွေ...။


ဒီ တော့...အာဆီ ယံ အဖွဲ့ ဝင် မြန်မာပြည် အနေနဲ့ အာဆီ ယံ နိုင် ငံ တွေ နဲ့ လက်ချင်းချိတ် ဆက် နိုင်သလို...ကိုယ့်တိုင်းရင်းသားတွေ နဲ့ ကော..စေတနာ မှန်မှန်နဲ့ လက်ချင်းချိတ် ဆက် မထားနိုင် စရာ မရှိဘူးထင်ပါတယ်...။ဟန်ပြသက်သက် ချိတ်ဆက် တာမျိုးတွေ ထက်...ကိုယ်ချင်းစာစိတ် အပြည့် နဲ့ တန်းတူရည် တူ ချိတ် ဆက် နိုင်ရ ပါမယ်..။အာစီ ယံ နိုင်ငံ အချင်းချင်း ကိုယ့် ကို တန်းတူ ရည် တူ ဆက် ဆံစေ ချင်သလို ကိုယ့် တိုင်း ပြည် ရဲ့  ကိုယ်ပိုင် ပြဌာန်းခွင့် တွေကိုမထိ ပါးစေချင်သလို ကိုယ့် တိုင်းရင်းသား တွေ နဲ့ ဆက် ဆံ ရာမှာလည်း တန်းတူ ရည်တူ နဲ့ သူတို့ ရဲ့  ကိုယ်ပိုင် ပြဌာန်းချက် တွေ ကို တန် ဘိုးထား ရ မှာ ပါ..။


၁၉ ၄၇ ခု နှစ် က ဗိုလ်ချုပ် အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင် ကြီးတွေ ချုပ် ဆို ခဲ့ တဲ့ ပင် လုံ စာချုပ် ကို အကောင်အထည် ဖော်နိုင် ဖို့ အကြောင်း ကြောင်း ကြောင့် လိုအပ်ခဲ့ ရတဲ့ အချက် တွေ ကို ခေတ် နဲ့  အညီ ဖြည့် စွက် နိုင်ဖို့ ..ဒုတိယပင် လုံ ညီလာခံ ကတော့ မဖြစ်မနေ ကျင်းပဖို့ လိုအပ် နေပါ ပြီ..။ဒုတိယ ပင် လုံညီ လာ ခံ ကြီး မှာ ရှမ်း၊ချင်း ၊ကချင်၊ ကရင်၊ကယား၊မွန် ၊ဗမာ ၊ရခိုင်စတဲ့ တိုင်းရင်းသားပေါင်းစုံ ထပ် မံတွေ့ ဆုံ ဆွေးနွေး အဖြေရှာ နိုင် မှ ဘဲ ပြည် တွင်းစစ် မီးကြီးကို ငြိမ်းသတ် နိုင် မှာ ပါ...။စစ် ရေး နည်းနဲ့သာဖြေရှင်း နေယုံ နဲ့ တော့ သေနတ်သံ စဲ ရင် လဲ ခဏ သာ စဲ မှာ ပါ...။

စစ် မှန် တဲ့ ငြိမ်းချမ်းရေးကို လိုချင်တယ် ဆို ရင်တော့..နိုင် ငံ ရေးနည်း နဲ့ မျက်နှာချင်းဆိုင် တွေ့ ဆုံ ဆွေးနွေး ရေးလမ်း တခု ဘဲ ရှိ ပါတယ်...။ဗိုလ် ချုပ် အောင်ဆန်း လို တိုင်းရင်းသား အား လုံး ရဲ့ ယုံကြည် ကိုးစား မှု ကို ရရှိခံ ရသူ ဒေါ် အောင်ဆန်း စုကြည် လည်း ရှိ နေပါတယ်...။ဒီ လို ဆွေးနွေး ကြ ရာ မှာ..လူ မျိုးကြီး ၀ါ ဒတွေ..ဂိုဏ်းဂဏ စိတ်အကြွင်း အကျန် တွေ ရှိနေသေးရင် ခ၀ါချ ထား ဖို့  လို ပါ တယ်..။ ။