Monday, October 10, 2016

မိုးမလင်းမီရွာလမ်း

တို့ရွာလမ်းလေးက
အဲဒီညမှာ
ပြဇတ်ဆန်ဆန်ရီဝေ
ညကားလိပ်ကြီးတွေချလို့။

ဘယ်တော့မှအစာမ၀တဲ့
တောခွေးတအုပ်ရဲ့ 
သားကောင်ကိုအရေဆုတ်သံ။

တတောလုံးမင်းမူနေတဲ့
အနှစ်မဲ့ကြက်ဆူတွေရဲ့ 
လက်ဝါးချင်းရိုက်သံ။

အမှောင်ကိုတိုး
အမှောင်ကိုထိုးဖောက်နေရသူတွေမှာ
ဘယ်အချိန်
ဘယ်နေရာက
ထပေါက်မယ်မှန်းမသိ
မြေမြှုပ်မိုင်းဘဲထိမလား။

မမြင်ကွယ်ရာက
မှန်းဆလို့ရနေတဲ့
အန္တရာယ်ကင်းပုန်းတွေကလဲပြည့်လို့။

တို့ရွာလမ်းမှာ
ဆရာညိုနွဲ့
ဆိုခဲ့သလို
လရောင်လဲမဆမ်း
ဒဂုန်တာရာရဲ့ ဆိတ်ဖလူးပန်းရနံ့တွေဘဲ
ရွာလုံးပျံ့ လို့။

လျှောက်စမ်း
ဆက်လျှောက်စမ်း
လမ်းရှိတယ်ဆိုတဲ့
အသိနဲ့ဘဲ
ရဲရဲရှေ့ တိုး
မိုးတော့လင်းဦးမှာပါ။ ။

(နီဇူလိုင်)

မိုးမလင်းမီရွာလမ်း

တို့ရွာလမ်းလေးက
အဲဒီညမှာ
ပြဇတ်ဆန်ဆန်ရီဝေ
ညကားလိပ်ကြီးတွေချလို့။

ဘယ်တော့မှအစာမ၀တဲ့
တောခွေးတအုပ်ရဲ့ 
သားကောင်ကိုအရေဆုတ်သံ။

တတောလုံးမင်းမူနေတဲ့
အနှစ်မဲ့ကြက်ဆူတွေရဲ့ 
လက်ဝါးချင်းရိုက်သံ။

အမှောင်ကိုတိုး
အမှောင်ကိုထိုးဖောက်နေရသူတွေမှာ
ဘယ်အချိန်
ဘယ်နေရာက
ထပေါက်မယ်မှန်းမသိ
မြေမြှုပ်မိုင်းဘဲထိမလား။

မမြင်ကွယ်ရာက
မှန်းဆလို့ရနေတဲ့
အန္တရာယ်ကင်းပုန်းတွေကလဲပြည့်လို့။

တို့ရွာလမ်းမှာ
ဆရာညိုနွဲ့
ဆိုခဲ့သလို
လရောင်လဲမဆမ်း
ဒဂုန်တာရာရဲ့ ဆိတ်ဖလူးပန်းရနံ့တွေဘဲ
ရွာလုံးပျံ့ လို့။

လျှောက်စမ်း
ဆက်လျှောက်စမ်း
လမ်းရှိတယ်ဆိုတဲ့
အသိနဲ့ဘဲ
ရဲရဲရှေ့ တိုး
မိုးတော့လင်းဦးမှာပါ။ ။

(နီဇူလိုင်)

Sunday, August 7, 2016

အပြီးမှာ



မနေ့က
ပြီးပြီ။
ဒီနေ့လည်း
တော်ကြာ..ပြီးတော့မယ်။
နက်ဖန်
သဘက်ခါ
အားလုံးပြီးဆုံးသွားဦးမှာ.။
နံရံတွေပေါ်မှာတော့
အရိပ်တွေ
အရိပ်တွေ
တရိပ်ရိပ်ပြေးနေဆဲ..။
ဖမ်းလို့မရဘူး..။

Tuesday, July 5, 2016

ဆူး

  • 7 ဇူလိုင်ဆိုတာ
    အဖေတို့ ရင်ထဲကဆူး။
  • ၇၄ ရဲ့သမိုင်း
    ဦးသန့် မှိုင်းရာပြည့်
    ဦးလေးတို့ ရင်ထဲကဆူး။

  • ၈၈-၉၆
    ၂၀၀၇-၂၀၀၈
    အရိုင်းခေတ်ရဲ့
    သမိုင်းညစ်တဲ့ ဆူး။

  • ငါတို့ ရင်ထဲ
    နစ်ဝင်နေဆဲ ဆူးတွေ။

  • သားတို့ခေတ်မှာ
    ဆူးကြားက ဘူး မဖြစ်စေချင်
    ထွင်ကို ထွင်ရမယ်
    ဆူးပင်းထက်နေတဲ့ အနာဆွေး
    ရဲဆေးတင်ပြီး ထွင်ကြစို့။ ။
(နီဇူလိုင်)

Sunday, July 3, 2016

ပေါင်းတည်ည -၃

ပေါင်းတည်ည(၃)
ပေါင်းတည်ညဟာ
တနိုင်ငံလုံးက ညတွေလိုပဲ
မှောင်မှောင်မဲမဲ..ရေလျှံနေဆဲ...
ဟိုး..ပဲခူးရိုးမပေါ်မှာ
စစ်ရေးဗျူဟာကျကျ ဆောက်ထားတဲ့  ဆည်ကြီးတွေဟာ
ရိုးမတောင်ခြေ မြို့ ရွာတွေထဲက
ပေါင်းတည်ညကို ပါ
ရန်မူ ခြိမ်းခြောက်ထားတယ်..
ပေါင်းတည်ညမှာ
ကံဆိုးမသွားရာ မိုးလိုက်ရွာ..ရွာ..ချတိုင်း..
လိုတ..မရ..မလိုမှရ..တဲ့ ..
ဆည်ရေတွေကလဲ.... ဖောက်..ဖောက်ချတော့
ဆည်အောက်မှာ..ဗျိုင်းတောင် နားမရရှာဘူး..
ဆည်လက်တံတွေကနေ..ချောင်းသွယ်တွေထဲကနေ..
ရေတွေ..ရေတွေ..
တဟဲဟဲ..တဟီးဟီး
လှိမ့်..လှိမ့် စီးလာလိုက်တာ..
လယ်သမားတွေခမျာ
မိအေးနှစ်ခါ .မက...သုံးခါ လောက်နာရရှာပေါ့
မနေ့ကမှ ချထားတဲ့  ပျိုးခင်းကလေး
ရေဖွေးဖွေးအောက်မှာ..ဒလိမ့်ခေါက်ကွေးပါလို့..
ပေါင်းတည်ညမှာ
မြို့ စွန်ဇနပုဒ်က..
တဲကုပ်ကလေးတွေခမျာ
ရေစီးထဲပါမှာစိုးလို့
ဖွဲပြာတွေ ..ရှာရှာဖို့နေရတယ်..
ပေါင်းတည်ညဟာ
တနိုင်ငံလုံးက ညတွေလိုပဲ
အာရုံဦးကို ကြိုဖို့.ခက်ခဲနေပါသေးတယ်..။ ။

ပွဲနှစ်ပွဲ

ပွဲ နှစ်ပွဲ
တစ်ပွဲက..
တဲကုပ်ကုပ်ကလေးတွေထဲမှာ
စုဖွဲ့ကြ..ညှိနှိုင်းကြ.
ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တဲ့
နုပျိုသစ်လွင်ရဲရင့်မှုတွေနဲ့
တောက်ပ..။
တစ်ပွဲက..
မီးရောင်စုံလက်ဖြာတဲ့ခန်းမထဲမှာ
တူရိယာသံတွေကြား..
ကူညီသိုင်းဝန်းမှုအားတွေနဲ့
မြိုင်ဆိုင်..။

ပွဲနှစ်ပွဲ
ဘာကြောင့်ကွဲပြားနေရသလဲ..။
ကွဲအက်ခြင်းရဲ့ အမည်းစက်တရားခံဟာ
သမိုင်းအက္ခရာပမာ
.ကျောက်သားထက်မှာ..။

ဘ..ဝ

ဘ၀ဆိုတာ
ကံစီမံရာ
ကံပစ်ချရာ
ဆိုလား..။
ချချင်ရာချ
ရုန်းထနေဖို့က
မသေမချင်း..။