Sunday, September 26, 2010

သမိုင်းသဲပွင့်များ

၂၀၁၀ ဇူ လိုင် လ ၁၆ရက် နေ့စွဲ နဲ့ မော်ဒန် ဂျာနယ် မှာ ဆရာ ကျော်ရင်မြင့် ရဲ့  ဘ၀ ဇာတ်ခုံ အဖုံဖုံ ကဏ္ဍ ကနေ `ကြယ်တပွင့်´ လို့ တင်စား ထားတဲ့ ခေါင်းစဉ် နဲ့ `ကျောက်ဆည် ဒေါ် မြရီ´ အကြောင်းကို ဖတ်လိုက်ရတော့ သမိုင်း မိုးကောင်းကင်ထဲက ကြယ်တပွင့်ကို တလက်လက် တောက်ပ စွာ မြင်လိုက်ရသ လိုပါဘဲ...။





ဆရာ ကျော်ရင်မြင့် က ဒေါ်မြရီ နေမကောင်းဘူး...အစာ မ၀င်တော့ဘူး...အရည်ဘဲ ၀င်တော့ တယ် ..ဆိုတဲ့ သတင်းတွေ ကြားကြားချင်း..ကျောက်ဆည်ကို အမြန် သွားရောက် သတင်းမေး ခဲ့ တာနဲ့..စ ရေး ထားပါတယ်..။ မော်ဒန် ဂျာနယ် မှာတင်ထားတဲ့ အသက် (၉၄) နှစ် အရွယ် ဒေါ်မြရီ ရဲ့  လက်ရှိ ဓါတ်ပုံ လေးကလည်း...ရင်ထဲ ကို တစုံ တရာ ထိထိ ခိုက်ခိုက် တိုးဝင် သွား ပါတယ်...။ သူ့မ အကြောင်း ကို မော်ဒန်ဂျာနယ် မှာ ၂ ပါတ် ဆက်တိုက် ဖော်ပြခဲ့သလို .. အဲဒီ ရက်က ပြည်သူ့ ခေတ် ဂျာနယ်က လဲ ကွယ်လွန်သူ ဆရာ တင်သိန်းမောင်ရဲ့  တော်ဝင် ဂျာနယ်ပါ ဆောင်းပါး အဟောင်းလေးကို ပြန်တင်ရင်း သမိုင်း ကြယ် တပွင့် ကို မီးမောင်း ထိုး ဂုဏ်ပြု ပေးခဲ့ ပါ တယ်...။ အစာ မ၀င် တော့ဖူး ဆိုတဲ့ တော်လှန် ရေး ကြယ်ပွင့် အဖွားအို ရဲ့ ပြောစကား တိုင်းဟာ... သူမ တို့ ရဲ့  တိုင်းပြည် လွတ်လပ်ရေး အ တွက် ကိုယ်ကျိုးစွန့် ဆောင်ရွက် ခဲ့ တဲ့ အတိတ်ရဲ့  အရိပ်တွေနဲ့ အံ့သြ စရာ ကောင်း လောက်အောင် အားမာန် ပြည့် နေပါတယ်...။ သူတို့ရဲ့  သေချင်းပေါင်း ရှင်ချင်း ပေါင်း ရဲဘော် ရဲဘက် စိတ် ဓါတ်တွေက လည်း ဦးညွှတ် ကြည်နှုး စရာ...စိတ် လှုပ်ရှားစရာ.... ၀မ်းနဲ ကြေကွဲ စရာ...။ တဖျတ် ဖျတ် ပေါ် လွင်ပြီး..ဂန္ဒ၀င် ရုပ်ရှင် ကား တကားကို ကြည့် နေရသလို ပါဘဲ...။

သူမ ရဲ့  ပြော စကား တိုင်းမှာ ပါတဲ့ ဖြစ်ရပ် တခုက တော့ .. ဦးသိန်းဖေမြင့် ဦးဆောင်မှု နဲ့ .သူမတို့ အိန္ဒိ ယမှာ လေထီး သင်တန်း တက်နေစဉ် ကာလ ဆန်းဒေးဗီလာ ဘုံ ရိပ်သာ မှာ အတူတူနေပြီး တိုင်းပြည် အတွက် ဆောင်ရွက် ခဲ့ ကြတဲ့ ရဲဘော် ရဲဘက် တွေ ထဲက မန်းဝင်းမောင် နဲ့ ကိုတူး တို့ ရဲ့  အဖြစ်အပျက် ပါဘဲ...။ တိုင်းပြည် လွတ်လပ်ရေး ရဖို့ အတူတူ အသက် ကို ရင်းပြီး တိုက် ပွဲ ၀င်ခဲ့ သူ ၂ယောက် ဟာ လွတ်လပ်ရေး ရတဲ့ အချိန်လဲ ကျ ရော..မန်းဝင်းမောင် က သမ္မတ ကြီး ဖြစ်လို့...။ ကိုတူး လို့ခေါ် တဲ့ ကာနယ် ချစ်ကောင်း က ကြိုးမိန့် ပေး ခံ ရပြီး ကြိုး တိုက် ထဲ ရောက်နေရတဲ့ အဖြစ်....။

အယူ ၀ါ ဒတွေ ကွဲ ပြား တာ ထက်...အာ ဏာ အဆိပ် ငယ်ထိပ် တက် ကပ် တာ တွေ ကြောင့်....ဒီ လို ရင်နာ စရာ အဖြစ် ဆိုး တွေ ကို ကြုံ ရတဲ့ အခါ မှာ....သူမ ရဲ့  ခံစားချက် တွေ ဘယ် လောက် ပြင်း ရှ ခဲ့ လေ မ လဲ....။ သမ္မ တကြီး မန်းဝင်းမောင် နဲ့ တွေ့ တုံး ဒေါ်မြရီ ပြော ခဲ့ တဲ့ စကားတွေ မှာ...ဒီ လို ပွင့်အံ ကျ လာ ပါတယ်...

``ကျမ .ဘာပြောရမလဲ..နိုင်ငံတော် သမ္မတကြီး မန်းဝင်းမောင် သက်တော် ရာကျော် ရှည်ပါစေ..လို့ ဆုတောင်း ရ မလား.. ဒါ မှမဟုတ်... ကြိုးတိုက် ထဲ က..ကိုတူး ..သေပါစေ လို့ ပဲ ..ဆုတောင်း ရ မလား..ဒီ နှစ်ခု ကြား မှာ ..ကျမ ဗျာ များနေဘီ...´´ တဲ့ လေ..။

နောက်ဆုံးတော့ သမ္မတကြီး မန်းဝင်းမောင် က လည်း သူ့ ရဲ့  ရဲဘော် ရဲဘက် စိတ် ကိုပြတဲ့ အနေနဲ့ ကာနယ် ချစ်ကောင်းကို သမ္မတ အမိန့် နဲ့ ကြိုးမိန့် ကနေ လွှတ်ပေး ခဲ့ ပါတယ်..။ အဲဒီလို လွှတ်ပေးတဲ့ သတင်း ကို ကြားတော့ ဒေါ်မြရီ တယောက် မျက်ရည်တွေ ပေါက် ပေါက် ကျအောင် ကို ၀မ်းသာရှာခဲ့ ပါသတဲ့...။ သူမ ဟာ အမျိုးသမီး တယောက် ဖြစ်ပေမယ့် ဖက်ဆစ် ဂျပန် တွေကို ပြန် တော်လှန်ဖို့ အမျိုးသား တွေနဲ့ ရင်ဘောင်တန်း ပြီး အိန္ဒိယ ကိုသွားပြီး လေထီး သင်တန်း တက် ခဲ့ သူ..။ လေယာဉ် ပေါ်ကနေ လေထီး နဲ့ ခုန်ဆင်း ခဲ့ ဖူးသူ..။ လေထီးဆင်း ရဲဘော် တွေ ဗမာပြည် ပြန်ဖို့ လိုအပ် တာ စီစဉ် ပေးရသူ...။ ဂျပန် တော်လှန် ရေး ကာလ မှာ ထိရောက် လှ တဲ့ လေနတ်သား စာစောင် တွေ ကို ရေးပေးခဲ့ သူ ..စသဖြင့် တိုင်းပြည် အတွက် ဂုဏ်ပြောင်ခဲ့ တဲ့ ကြယ်တပွင့်ပါဘဲ...။

ဘ၀ရဲ့  နောက်ဆုံး အချိန်တွေကို ကျောက်ဆည် မြို့  ဈေးတောင်ဖက် တန်း က ခြေတံ ရှည် အိမ်ကလေး တလုံးထဲ မှာ ရိုးရိုး သားသား လိပ်ပြာ သန့်သန့် ကုန်ဆုံးဖို့ စောင့် မျှော်နေတဲ့ သူမရဲ့  သစ္စာ စကားတွေ ကတော့...

``ကိုယ်တို့ ရဲ့  အကောင်းဆုံး အရွယ် တွေကို တိုင်းပြည် အတွက် ပေးလှူ ပြီး လုပ်ခဲ့ ကြတာ..သေချင်းပေါင်း..ရှင်ချင်းပေါင်းတွေ..သေဖော် ရှင်ဖက်တွေ...လုပ်ခဲ့ ကိုင်ခဲ့ ကြတာ..တိုင်းပြည်လွတ်လပ် ရေး အတွက် ကိုယ်တို့ လုပ်ခဲ့ကြတယ်..ဘွဲ့ ထူး ဂုဏ်ထူးတွေ..ဘာမှ ကိုယ်မလျှောက် ခဲ့ ဘူး..လျှောက်မှ ရတာမျိုး ကို ကိုယ်တသက် လုံး မလျှောက်ဘူး.. ကိုယ့် ဘ၀ ကို ကိုယ်ကျေနပ်တယ်... ကိုယ့်ကို လူ တွေက ချစ်ခင် လေးစားကြတယ်...သည်နေ့ အထိ..ကိုယ့် အိမ်နီးချင်း မိတ် ဆွေ တွေက .. ဟင်းခွက် ပို့ တုန်း...´´ ...ပါတဲ့..။
စိတ်ထဲ မှာ ထိ ထိ ခတ် ခတ် ရှိလွန်းလို့ ဆက် ရှာ ဖတ်မိတာ က...ကာနယ်ချစ်ကောင်းရဲ့  `အနှစ်(၂၀) ´ဆိုတဲ့ စာအုပ်ပါဘဲ...။ ၂၀၀၁ ခုနှစ်မှာ အမြင့် ပျံငှက်များ က ပြန်လည်ကြိုး ပမ်း ထားတဲ့ `အနှစ်(၂၀) ´ စာအုပ် ရဲ့  မျက်နှာဖုံး ကလေး က လည်း... ကြိုးကွင်း ထဲမှာ ပျံသန်း ဖို့ ကြိုးစား နေတဲ့ ငြိမ်းချမ်းရေး ချိုးဖြူလေး ရဲ့  ပုံကလေး ကို သရုပ်ဖော် ထားတော့ ကိုယ့် တိုင်းပြည် ရဲ့  မချိတင် ကဲ နာကျင် ကြေကွဲ စရာ ဖြစ် ရပ် တွေကို ခါးခါး သက်သက် မြည်းစမ်း လိုက်မိ ပါတယ်...။

စာ အုပ် ရဲ့  အစ မှာတော့...ကာနယ်ချစ်ကောင်း ရဲ့  သမိုင်းဝင် စာကြောင်းတွေ နဲ့ ဟောဒီလို ..ဖွင့်ထားပါတယ်..။

``အနှစ်၂၀ မျှ တိုင်းပြည် အတွက် လုပ် လာပြီးနောက် ကိုယ့်ကိုယ် ကို ပြန်ကြည့် လိုက်သော အခါ...ကြိုးတိုက်ထဲ သို့ ရောက်နေ သည်ကို တွေ့ ရလေသည် ´´..

ဒီ စာအုပ် ထဲ မှာလဲ...ကျောင်းသား သမဂ္ဂ ၀င် တယောက် ဘ၀ ကနေ စပြီး..တိုင်းပြည် လွတ်လပ်ရေး အတွက် နည်းလမ်း အသွယ် သွယ် နဲ့ စိတ် ထက်ထက် သန်သန် ကြိုးပမ်း ဆောင်ရွက် ခဲ့ တဲ့ ..သမိုင်း ပုံရိပ်တွေ..။ ကွန်မြူ နစ် ပါတီ ကို တောထဲ ရောက် အောင် တွန်း ပို့ ခံ ခဲ့ ရပြီး.. သူ လဲ တောခို ခဲ့ ဖြစ်ပုံတွေ..။နောက်ပိုင်း..လွတ်လပ်ရေး ရပြီးစ တိုင်းပြည် အတွက် အရေးတကြီး လိုအပ် နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်း ဖို့ အတွက်...ငြိမ်းချမ်းရေး တောင်းဆို သံတွေ တပွေ့ တပိုက် နဲ့ ပါတီ တာဝန် ပေးချက်အရ မြို့  ပေါ်ကို တက်အလာ...ဖမ်းဆီး ခံခဲ့ ရ ပုံတွေ...။ စွဲချက် အမျိုးမျိုး နဲ့ စွဲဆိုခံ ရပြီး ..နောက်ဆုံး..ကြိုးမိန့် ပေး ခံ ခဲ့ ရပုံတွေ...။ နာကျင် ကြေကွဲ စရာ...ရင်နင့် စရာ...ဖတ်ခဲ့ ရပြန်တယ်။ သူ့ စာအုပ်ရဲ့  နောက်ဆုံး ခန်းကို...

``နောင် အနှစ်(၂၀)´´ ဆိုတဲ့ အခန်းနဲ့ အဆုံးသတ်ထားပြီး...သူ ဖြစ်စေ ချင်တဲ့ မြင်တွေ့ လိုတဲ့... တိုင်းပြည်ငြိမ်းချမ်းရေး.. အမျိုးသား စည်းလုံးညီညွတ်ရေး...တိုင်းပြည် ကောင်းစားရေး...စတဲ့ ထက်သန်သော စေတနာ ဆန္ဒမွန် တွေနဲ့ ... သူ ကြိုးမိန့်က လွတ်အပြီး ၁၉၆၀ ခုနှစ် ရဲ့  နောက်ပိုင်း..နောက် အနှစ်၂၀ ကို လှမ်းမျှော်ထားတာတွေ့ ရပါတယ်..။ ဒါပေမယ့် နောင်အနှစ် (၂၀) မပြည့် ခင်မှာဘဲ...နောက်တခါ သူထပ် အဖမ်း ခံခဲ့ ရတာတွေ...တောတွင်း ပြန်ရောက်ခဲ့ ရတာတွေ... တောတွင်း တိုက်ပွဲ တနေ ရာမှာဘဲ...ကျဆုံးသွား ခဲ့ ရတာ တွေကတော့ ဒီ စာအုပ်မှာ မပါခဲ့ တဲ့ နောက်ဆက်တွဲ ကြေကွဲ စရာ..ယူကျုံးမရ စရာ.. ဖြစ်ရပ် တွေ ပါဘဲ...။

အခန်းဆက် ဇတ်လမ်း ရှည်ကြီး ကို လက်က မချဘဲ ဖတ် နေ မိသလို...ထပ် ဖတ်မိ သွားတာ က... လေထီး ဦးအုန်းမောင် ရေးတဲ့ ``နှစ်ပေါင်း (၅၀)ကြာသော အခါ´´ဆိုတဲ့ စာအုပ်ပါ...။ ဒီ စာအုပ်မှာလဲ...သူတို့ရဲ့  တိုင်းပြည် လွတ်လပ်ရေး အတွက်.. ကြိုးပမ်းမှု တလျောက် ကြုံခဲ့ ရတဲ့... အားကျ အတု ယူစရာ...အရေးတော်ပုံ စိတ်ဓါတ်တွေ...ရဲဘော် ရဲဘက် စိတ်ဓါတ်တွေ...ထုံမွှမ်း လို့....ဒါပေမဲ့ လွတ်လပ်ရေး ရပြီးစ ကတည်းက ကွဲကြ..ပြဲကြ... အာဏာ ရှိသူက အာဏာ ငန်း ဖမ်းပြီး...အနိုင်ကျင့် တာတွေ... ထောင်တွေ...ကျွန်းတွေ....ကြိုးမိန့်တွေ...သူ့လူ ကိုယ်ဘက် သား လုပ်တာတွေ..ကိုယ့် လူ သူ့ ဘက်သား ဖြစ်သွားတာတွေ...သစ္စာဖောက်မှုတွေ...။ သူ ရေးထားတဲ့ နှစ်ပေါင်း (၅၀)လွန်ပြီး...နှစ်ပေါင်း (၆၀)ကျော်လာတာတောင်...တိုင်းပြည်ကားမငြိမ်းချမ်းသေး...။ သွေးချောင်းစီးဆဲ...။

လေထီး ဦးအုန်းမောင် လည်း ကွယ်လွန်သွားရှာပြီ။သူမြင်တွေ့လိုသော ငြိမ်းချမ်းသောတိုင်းပြည်ဖြစ်မလာသေး..။ တနေ့ထက် တနေ့ ပိုဆိုး လာသလို ဖြစ်ရပ် တွေကြောင့်....စိတ်ဓါတ်တွေ အချဉ် ပေါက်စ ပြုလာ နေပြီ...။ ဒါပေမယ့်...သမိုင်းထဲက ကြယ်ပွင့်များက..တိုင်းပြည်အတွက် သေသည် အထိ သူတို့ လုပ်နိုင်သမျှ တာဝန် ကျေ သွားကြတာတွေ ကိုတွေ့ ရတော့...ကိုယ့်စိတ် ကိုပြန် အားတင်း မိပြန်တယ်...။

ဟော...မကြာသေးခင်က ကွယ်လွန် သွားတဲ့ တိုးတက်ရေး သခင်အုန်းမြင့်..။ သူသည်လဲ အသက်(၉၀)ကျော် ကွယ်လွန် ခါနီး အထိ သူ စွမ်းဆောင် နိုင်သမျှ တိုင်းပြည်အရေးအခင်း တိုင်းမှာ တာဝန်ကျေခဲ့သလို အသက်(၈၀) ကျော် အထိ ဖမ်းဆီး နှိပ်စက် ခြင်းကို ခံခဲ့ ရတာတောင် အလံမလှဲ ခဲ့သူ...။

သခင်အုန်းမြင့်


လွတ်လပ်ရေး ရပြီး ကတည်းက သူတို့ အားလုံးဟာ တိုင်းသူ ပြည်သား တွေနဲ့ အတူ ပြည်တွင်း ငြိမ်းချမ်းရေး ကို လှိုက်လှိုက်လှဲလှဲ လို လားခဲ့ကြတယ်...။ ကြိုးပမ်းခဲ့ ကြတယ်...။သူတို့ ရဲ့  ရှေ့ ကနေ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တသက်လုံး ဆောင်ရွက် ကြိုးစား သွားခဲ့တဲ့ ဆရာကြီး သခင် ကိုယ်တော် မှိုင်း...။..ကိုယ့်ကိုယ်ကျိုးထက် တိုင်းပြည် ကောင်းကျိုး ကို မျှော်မှန်းပြီး စွန့်လွှတ် အနစ်နာခံသွားကြသော သမိုင်းထဲမှ ကြယ်ပွင့်များ.....။

ထင်ထင်ရှားရှားရှိသလို အညတြ မထင်မရှား ကြယ်ပွင့်များ...။
သူတို့ သမိုင်းကို သူတို့ အကောင်းဆုံးမှုန်း ခြယ်သွား ကြသူများ....။
သမိုင်းကောင်းကင် မှ ပြိုးပြက် တောက်ပ နေကြသော ကြယ်ပွင့် များကို လှမ်းမျှော်ရင်း.. သူတို့ အားလုံးဟာ...တိုင်းပြည် ကောင်းကျိုး ကိုသာ ရှေးရှုပြီး ကိုယ် တာဝန်ကို ကိုယ် စွမ်းသမျှ ထမ်းဆောင်သွား ကြတာ ပါလား...။ သူတို့ ရခဲ့သော ဆုလာဘ် များကား တောခို ရ ခြင်းများ သူပုန် ထ ခြင်း များ...။အချင်းချင်း ပြန် တိုက်ခိုက်ရသော တိုက်ပွဲ များ...။ထောင်ဒဏ် များ..။ ကျွန်းဒဏ် များ...။ အသက်စတေး ကျဆုံးခြင်းများ..။ သာမန် ဆင်းရဲ ချို့ တဲ့စွာ ရိုးရိုးသားသား ဘ၀ကို ဖြတ်သန်း သွားကြသူများ....။ ဒါပေမယ့် သူတို့ ဒူးမထောက် ..လက်မမြှောက် ခဲ့ ကြ...။ ကိုယ် ရပ်တည်သော ..ကိုယ့် ခြေထောက်ကို ကိုယ်သစ္စာ မဖောက်ကြ...။

သူတို့ ကို သမိုင်း ကြယ်ပွင့်များ အနေ မှ နောက်တမျိုး မြင်ကြည့်မိပြန်တယ်...။

သမိုင်းသဲပွင့်များ....
သူတို့ မျှော်မှန်း လိုလားသော...တိုင်းပြည် အနာဂတ် တည်ဆောက်ရေး တွင်..အလွန်. အသုံးကျသော ..သဲပွင့် များ အဖြစ်..တတပ် တအား ဖြည့်ဆည်း သွားကြတာပင်.. ။ ဒီလို..သမိုင်း သဲပွင့် များကို နီးကပ် တိုးဝင် ခံစားကြည့်ရင်းမှ ရလာသော အတွေးတစ ကတော့... သူတို့တွေဟာ..တိုင်းပြည် အတွက်လိုအပ်လာလို့သူတို့. ပခုံးပေါ်ကျလာတဲ့ သမိုင်းပေး တာဝန်များကို...ဘယ်တော့မှမသွေဖယ်..တစိုက်မတ်မတ် ထမ်းဆောင်ရင်း.. သူတို့ ရောက်လိုတဲ့ ပန်းတိုင်ကို မရောက်သေးရ ကောင်းလား လို့ စိတ်ပျက် အားလျော့  ဖြစ်မနေဘဲ ..အစွမ်းကုန် ဖြည့်ဆည်း ကြရင်း.. နှောင်းလူ တို့ ကို လမ်းပြသွား ခဲ့ လေပြီ...။ ။

Tuesday, September 21, 2010

ကျောက် ချထားတဲ့..ငါ


ကျောက် ချထားတဲ့..ငါ
ဒီ နေရာကနေ..ဘယ်မှ မရွေ့  ခဲ့ရဘူး..။
မရွေ့ တော့ ဘူး...ရွေ့ လို့ မရတော့ ဘူး..။
ငါ့ ခြေ ထောက် တွေ ဟာ
သစ် မြစ် တွေ ပမာ...လိမ် ယှက် လို့...တိုးဝင် ကုတ်တွယ် လို့
နှုတ် လို့ မရတော့ဘူး...။

ကံ ကောင်း ထောက် မစွာ
ငါ့ မှာ
ပဉ္စ လက် မှော်သေတ္တာ ကလေး ..ရှိသေး တယ်။

သူ့ မှော် အတတ် နဲ့
ငါသွားချင်ရာ..လိပ်ပြာတကောင်လို...လူးလာ ပျံဝဲ လို့ ရသေးတယ်...။
ငါ နားချင် ရာ...ဖြေး ညှင်း ညင်သာ...နားလို့ ရသေးတယ်...။

ဒါ ပေမယ့်...
အချိန် ကျ ရင်..ပဉ္စ လက် မှော်သေတ္တာ ကလေး ထဲမှာ ဘဲ
ဝင် ခွေ လဲ လျောင်းရင်း
ငါ့ ကိုယ် ငါ...သော့ ခတ်လို့..။
ငါ့ ကိုယ် ငါ...ထုတ် ပိုး သိမ်းဆည်း လို့...။
ငါ့ ခြေ ရာတွေ ကို ငါ..... .ပြန်သိမ်း ဆည်း ဖို့ လိုက် ရှာ တာ..ဘယ်မှာ
မှ ...မတွေ့တော့ ပါလား...။ ။

Wednesday, September 15, 2010

ပင်စင်ယူပါဦး

+++တနေ့ လောက် ..မတွေ့  ရင်ဘဲ....အရမ်းလွမ်း....သတဲ့ +++
စက္ကန့် လေးတွေ ဘဲ...၀ါး စားဦး မတဲ့...+++
ခဏ လောက် တော့
...ပင်စင် ယူ ပါဦး...+++

` တောက်´ ...

ဒီ.ထီလှည်း ကလည်း...ဒီ သီချင်း ဘဲ..ထပ်ကာ ထပ်ကာ ဖွင့် နေရသလား...။ ကျွဲ မြီး ပါမက..အကုန် ငုံးတိ ဖြစ်နေသော စိတ် ဖြင့် တောက်ခေါက် လိုက်ရင်း..။လက် ထဲက ၅၀၀ တန် အစုတ်ကို ..ဆက် ကိုင် ဘဲ ထား ရ
မလား..။လွှင့် ဘဲ ပြစ် လိုက် ရမလား...။ ဒါမှ မဟုတ်..သူ့ ထီဆိုင် က..ထီဘဲ ထိုး လိုက် ရမလား...။အင်း...ဒီ ၅၀၀ နဲ့
ဆို ..ထီ လက် မှတ် (၂) စောင် တောင် ရဖို့ မသေချာ...။


အနှစ် နှစ် အလလ ကလေး လေး တွေ ပညာ ရရှိ ဖို့..သင်ကြားပြသ ပေးလာတဲ့...ဆရာမ တယောက် ရဲ့  ပင်စင် လစာ ငွေတဲ့လား..။ ပီ တိ ကိုစား..အားရှိ ဧ။်...တဲ့။ အားရှိ မရှိ တော့ မသိ...။ ခါးသက် သက် တော့ နိုင် လှသည်။ တလ..တလရသော ပင်စင် လစာ ကို သွားထုပ် လျင်..လက်ဖက်ရည် ဖိုး...အသာ ထား..။အသွား အပြန် ဆိုက် ကားစီးသွား လို့ တောင် မရ...။ဒီ တော့...၁၀ လ..၁၁ လ စာ ကို ပေါင်း ထုပ် ရဧ။်။ဖြစ် ချင် တော့...တနှစ် လုံးမှ ၆၀၀၀ ကျပ်သာ ရရှာသော ပင်စင် လစာ ငွေကို သွား ထုပ် ဖို့ အကြောင်း ကြောင်း ကြောင့် ရက် ကျော်သွား ခဲ့ သော ကိုယ့် ကိုယ် ကို သာ...ဒေါပွ မဆုံး...။ ပင်စင် လစာ ငွေကို မထုပ် ဘဲ တနှစ် ကျော်သွား လျင်...ပြန် လျှောက်ပေ တော့...။ပင်စင်စား အသက် ထင်ရှား ရှိ နေသေးကြောင်း ထောက်ခံ စာ...။ ဘာစာ..ညာစာ..သာရကာ တွေ အတွက်...ရုံးတကာ ရုံး လိုက် တောင်းပေတော့..။ရုံး တလုံး...ဓါးတစင်း ပိုင်ရှင်
များကလဲ...လက်မှတ် တချက်...ငွေ တရွက်(အနဲဆုံးတထောင် တန်တရွက်) နောက်ဆုံး စာရင်းချုပ် လိုက် တော့...ကိုယ့်တနှစ်စာ ပင်စင် လစာ ဟာ..လက်ထဲကိုင်ထားသော ၅၀၀တန် အစုတ်ကလေး တရွက် မျှသာ...။


ထိုစဉ် ရုတ် တရက် အိမ် ထဲ ၀င် လာသော လူစိမ်းစိမ်းတသိုက် ကြောင့် တိုနေ သော ကျွဲမြီးသည် တိုယုံမျှမက မြီးညှောင့် ရိုးမှ...တဆင့် ..၀မ်း ဗိုက်ထဲသို့ လှစ် ကနဲ ၀င်သွားပြီး...အူမကြီးနောက်တွင် ကြောက်ပုန်းကလေး ပုန်းနေလေဧ။်။

မျက် နှာသာမက တကိုယ်လုံးစိမ်းနေသော လူစိမ်းတသိုက် ထဲမှ တယောက်က အကျင့် ပါနေဟန်တူသော အမိန့်ပေးသံ ဖြင့် ...

``ကျနော် တို့ ဟာ နိုင်ငံတော် အတွက် ခြေ လက် အင်္ဂါတွေ ပေးလှူ ထား ရပါတယ်..´´

ဟု ပြော လိုက် ရာ...ပုန်းနေသော ကြောက် စိတ် ကလေးသည် ဒေါသ စိတ် အဖြစ် ပြူတစ် ပြူတစ် လုပ်လာပြန် ဧ။်။ သို့ သော်..အနှီဒေါသစိတ် ကလေးကို...ကြောက်စိတ်က ပြန်ဖိသိပ် လိုက် ရာ...ကိုယ့် အသံ ကို လည်ချောင်းထဲကပင် ထုပ် မရတော့...။


သူက ပင် ဆက်ပြီး...

``အဲဒီ တော့...နိုင်ငံ တော် ကို စောင့် ရှောက်ခဲ့ တဲ့ ကျနော်တို့ကို ပြည်သူတွေက ပြန်စောင့် ရှောက်တဲ့ အနေနဲ့ ကျနော်တို့ ရောင်းတဲ့ စာအုပ်တွေကို ၀ယ်ပြီး အားပေးပါ´´ တဲ့...။


ကိုယ့် မျက်စိ ကတော့ သူတို့ လက်ထဲမှ စာအုပ် တွေကို စာအုပ်လို့ မမြင်...။
ဂျီသရီး တွေ...။ ရိုင် ဖယ်တွေ...။ မောင်းပြန် သေနတ် တွေ အဖြစ်သာ မြင်နေမိတော့ဧ။်..။
ခုနေ...သူ့ဘောင်းဘီ အိတ် ထဲ မှ ပစ္စတို တလက် ကိုထုပ်ကာ ...ကိုယ့်ကိုများ ပစ် လိုက် လေ မလား...။


မနေ့ တနေ့ ကပင်...ပဲခူး မြို့  ကလူငယ် ၂ဦး..ပစ်သတ် ခံ ရတဲ့ အဖြစ်က အတွေးထဲကို ပူပူနွေးနွေး တိုးဝင်လာဧ။်။ လွန်ခဲ့ တဲ့ ၃နှစ်က ရွှေဝါ ရောင် တော် လှန် ရေးက သွေးကွက် သွေးအိုင် တွေ...။နောက်...ရှစ်လေးလုံး အရေးတော်ပုံ...။၆၂.၇၄.၈၈..၉၆ ခုနှစ်များ.။ဦးသန့် အရေးအခင်း...။
မှိုင်း ရာပြည့်..။ အလုပ်သမား..အရေးအခင်း..။ ကျွန်းဆွယ် အရေးအခင်း..။ သွေးတွေ...သွေးတွေ...။
အပြစ်မဲ့ ကျောင်းသား ပြည်သူ ..ရဟန်း ရှင်လူ တွေ ရဲ့  သွေးတွေ...။ မခြောက် သေး ပါ...။


အလိုလို ..ခေါင်းကို ခါ လိုက်မိပြီ..။ လည်ချောင်းထဲ မှ ထွက် လာတာ မဟုတ်သော..အသံ တခုသည် နှလုံးသားမှ သေသေ ချာချာ ကို ထွက်လာသည်..။

``ရှင် တို့..ခုလို ခြေလက် အင်္ဂါတွေ ဆုံးရှုံး ခဲ့ ရအောင် စေခိုင်း ခဲ့ တာ...ကျမ တို့ ပြည်သူတွေ မဟုတ်ပါ ဘူး..ဒီတော့ ..ခုလို ဖြစ်အောင် ခိုင်းစေခဲ့ တဲ့ နိုင်ငံ တော် ဆိုတာကြီးမှာ တာဝန် ရှိပါတယ်....သူတို့ကိုဘဲ သွားစောင့်ရှောက်ခိုင်းပါ..သွားပြောကြပါ..´´


မကျေ မနပ် စောင်းငန်း ငန်းနဲ့ ထွက်သွားသော လူစိမ်း တသိုက် ကို ကြည့် ရင်း...စိတ်မကောင်း။

နိုင်ငံတော်..ပြည်သူ ...တာဝန်ယူမှု ဆိုတဲ့ ..စကားလုံးတွေက ခေါင်းထဲ မှာ ချာလပတ်ရမ်းနေသည်..။အော်..သူတို့ လဲ တို့လို ပင်စင် လစာ နဲ့ မလောက်လို့ လား...။

ဒါမှမဟုတ်.........

+++ခဏ လောက် တော့...ပင်စင် ယူပါဦး....ပြောစကား လေးတွေ ...လွန် နေမယ်..+++


ဟာ...လာပြန် ပြီ...။
ဒီပင်စင်ယူခိုင်းတဲ့ သီချင်း..။ သွားစမ်း...။ ပင်စင် ယူ သင့် နေတာကို မယူ သေးတဲ့ အစိမ်း သရဲကြီးတွေ ကိုဘဲ
သွားဖွင့်ပြ...။ ခဏလောက်မဟုတ်ဘူး...။ ဒင်းတို့ ကို ...လားပင်စင် ကော..နွားပင်စင် ကော...လဒပင်စင်ကော...ကြံ့ပင်စင်ကော..ဖွတ်ပင်စင် ကော....တသက်လုံး ပေးပစ်လိုက်...ဟွန်းးးတောက်...။

Thursday, September 9, 2010

တုတ်ကိုင်လက်

တုတ်ကိုင်လက်
အမေကို နှက်ဖို့လား
ကလေးတွေကို ကိုက်တဲ့
ခွေးကို ရိုက်မယ့် တုတ်လား။

အိမ် ကြက်ချင်း
ဟင်္သာကိုးသောင်း ဇတ် မခင်းပါရစေနဲ့။

တမိုးထဲမှာ
အိမ်ရှေ့  ပူတော့
အိမ်နောက် မချမ်းသာ။

အိမ်ကြက်ချင်း
ဟင်္သာကိုးသောင်း ဇတ် မခင်းစေချင်ပါ။ ။

Sunday, September 5, 2010

ကမ်းနားသစ်ပင်


ချောင်းကမ်းနားဝယ်
ထီးထီး မားမား..ဖားဖားဝေေ၀
ညိုရွှေခက်လက်...စိမ်းမြ ရွက်နဲ့
ငှက် တသောင်း တောင် ...နားနိုင်ရဲ့ ။

အဲသည့်ညက
မုန် တိုင်းကျ
လျှပ်ပြက် ချုန်းထစ်
သမိုင်းတဆစ်ချိုး
မိုးကြိုးခသစ်ပင် ။

နောက်နေ့မနက်
လေငြိမ်သက်တော့
အောက်ဖက်ချောင်း ရိုး
ကျိုး ကျိုး ကြေ ကြေ
တိုး တိုးတိုက် တိုက်
မျောလိုက် ..မြုပ်လိုက်
မောလိုက်..ရှိုက်လိုက်
ဒရွတ် တိုက်
ရေစီးကြောင်းအလိုက်..။ ။

Wednesday, September 1, 2010

သမင်လည်ပြန်

ဒါ...ငါဆွဲခဲ့ တဲ့ ပန်းချီကား တချပ် လား။
ပန်းကလေးက သုံး ပွင့်
ပွင့် ဖတ် ကလေး တွေက ဖျား နာ နေသလိုလို ။

ပန်းစိုက် အိုးညိုညိုကလေး က
အလုံ ပိတ် ထားတဲ့ အခန်းကျဉ်း
မှန်ပြူ တင်း စိမ်းစိမ်းလေး ရဲ့  နံဘေး မှာ
ပန်းချီ တကားလုံး မှိုင်း မှုံ ပြာ လို့
ငြိမ် ငြိမ် သက် သက်
အေး စက် စက် ။
အပြင် ဘက် မှာ
ပန်း ပွင့် ကလေး တွေ စွန့်  ခွာ လာတဲ့
မီး ခိုး ရင့် ရင့်
ပင် စည် မြင့် မြင့် ကြီး တခု ။
ပန်း ချီ ကား နံ မယ် လား
သစ္စာ ပန်းများ .......တဲ့ ။