Friday, January 4, 2013
လွတ်လပ်ပြီ..တဲ့ လား
          “လွတ်လပ်သော လွတ်လပ်ရေး နေ့ သို့ ”
ကကျမတို့ ကို လွှမ်းခြုံလိုက်သည်..။အားကစားကွင်းကြီးထဲမှာ  လမ်းလျှောက်ရသဖြင့်   မော်တော်ကားတွေ ဆိုင်ကယ် တွေ  ရဲ့  အန္တရာယ်က ကင်းဝေးသည်..။လုံခြုံသည်..။လွတ်လပ်သည်..။
                  ခပ်လှမ်းလှမ်းမှ  သဲ့သဲ့ တမျိုး ..တိုးတိုးတဖုံ..ကျယ်ကျယ်တနည်း..အသံချဲ့ 
စက်ကြီးများနှင့်  ဖွင့် နေသော လွပ်လပ်ရေးနေ့  သီချင်းသံများကို ကြားနေရသည်..။အော်..ဒီနေ့ က  ကျမတို့ 
တိုင်းပြည်လွတ်လပ်ရေး ရခဲ့ တာ  (၆၅)နှစ်ပြည့်ပြီကိုး..။
           အားကစားကွင်းထဲမှာလည်း  ခေါင်းအုံးရိုက်ပွဲ..ချောတိုင် တက်ပွဲများ ကျင်းပရန် ၀ါးလုံးတိုင် တွေ  ထူထားသည်..။ရောင်စုံ အားကစား အလံများက    လေထဲတွင်  တဖျပ်ဖျပ်  လှုပ်ရှား ယိမ်းကလျှက်..။
ကွင်းလယ် မြက်ခင်းပြင်ပေါ် တွင်..ထုံးဖြူဖြူတို့  ဖြင့်  ရေးဆွဲထားသော.အသစ်စက်စက်.ပြေးလမ်းများ..။ငယ်စဉ်ဘ၀ က  လွတ်လပ်ရေးနေ့  ပွဲများကို ချက်ခြင်း သတိရသွားမိသည်..။ငယ်ငယ်ကတော့..ဒီ  အားကစားကွင်းကြီး ထဲမှာ..  လွတ်လပ်ရေးနေ့  ပျော်ပွဲရွှင်ပွဲများကို ပြခန်းပေါင်းများစွာ ဖြင့် ကျင်းပခဲ့ သည်..။ကျန်းမာရေးဌာနပြခန်း..။စိုက်ပျိုးရေးဌာနရဲ့  သစ်သီးဝလံပြခန်း၊ဒေသထွက်ကုန်ပြခန်းများ..စသည်ဖြင့် စုံလင်လှသည်..။ကျမတို့  မိသားစုက  ပညာရေးဝန်ထမ်းမိသားစု ဆိုတော့ ပညာရေးပြခန်းအတွက်  လုပ်အားတွေပေးကြရသည်ကိုလည်း  ပြန်အမှတ်ရပြန်သည်..။ပြခန်းတခုနဲ့ တခု သူ့ထက်ငါ သာအောင်..အပြိုင်နွဲကြတာမို့    ပြခန်းတကာ လှည့်လည် ကြည့်မောရသည့်  ကလေးဘ၀နေ့ ရက်များ....။ပြခန်းတွေကနေ  လွတ်လပ်ရေးနေ့  ဒိုးပတ်ပြိုင်ပွဲ တွေဖက် သွားကြည့်ဦးမလား..။အားကစားကွင်းအလယ်က  ကန်ငယ်ကလေးထဲမှာ  လှေတခါစီး တမတ်နဲ့   ကန်ပတ်ခရီးထွက်ဦးမလား..။
               လူက ကျန်းမာရေးလေ့ ကျင့် ခန်း တွေကို  ပုံမှန် လုပ်ရင်း..စိတ်ကတော့  အတိတ်ကာလ လွတ်လပ်ရေး နေ့တွေကိုပြန် ပြေး ထိတွေ့ နေစဉ်မှာ  မလှမ်းမကမ်းရှိ  မြို့ နယ်အုပ်ချုပ်ရေးမှူးရုံး ဖက်မှ..
အဆိုတော်ခင်ညွန့် ရည် ဧ။်   လွတ်လပ်ရေး နေ့  သီချင်းသံများက  လွင့် ပျံလာပြန်သည်..။နံမယ်ကျော်  ဇာတိမာန် သီချင်းခွေထဲမှလွတ်လပ်ရေးနေ့  သီချင်းများ၊ဗိုလ်ချုပ် အောင်ဆန်း သီချင်းများ.။တဆက်တည်း အချိန်မတော်..အာဇာနည်နေ့ သီချင်းများကိုပါ..အရှိန်မပြတ် ကြားလိုက်ရလို့  ပြုံးချင်ချင်..။ဒီလို သီချင်းတွေကို  ဖွင့် ခွင့်  မရခဲ့ ကြတာ ကြာပြီကိုး..။
          အရင် ၁၉၉၀ ကျော်ကာလများက  ဒီသီချင်းခွေကို ပိတ်ပင် တားဆီးခံထားရတဲ့   ကာလတခုကို ဖျပ်ခနဲ  သတိရသွားပြန်သည်..။မိတ်ဆွေတယောက်က  ဘယ်ကရလာသည် မသိ..။ဇာတိမာန်(၁)(၂)  ဆို တဲ့   ဒီသီချင်းခွေကလေးနှစ်ခွေကို  လက်ဆောင်လာပေးသည်..။
ဒီအခွေတွေ ကို  အစိုးရက ပိတ်ပင်ထားသည် တဲ့ ..။တရားဝင် အမိန့် ထုပ်ပြီး ပိတ်မပိတ်ဆိုတာကို တော့  မသိ..။
နားထောင်ကြည့်မိတော့  ဘာများပိတ်ပင်စရာ ရှိသည့် အခွေလည်း လို့  မေးခွန်းထုပ်စရာ..။မတရားတဲ့  အမိန့် အာဏာဟူသမျှကို တာဝန်အရ ဖီဆန်ဖို့  တာဝန်ရှိသည်လို့  ခံယူထားတဲ့  ကျမ ဖေဖေက  ဒီသီချင်းနှစ်ခွေကိုအကျယ်ကြီး ဖွင့် ရင်း     ဖြတ်သန်းခဲ့ ရသော  ကာလဆိုးကြီးကို  အားတင်း အံတုခဲ့ ကြတာတွေကိုလည်းသတိရပြန်သည်..။အခုတော့  မြို့ နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ပြုလုပ်တဲ့  (၆၅)နှစ်မြောက် လွတ်လပ်ရေး နေ့  အခမ်းအနားမှာပင်  တခါက မြေအောက် လျှိုးခဲ့  ရဖူးသော ဇာတိမာန် သီချင်းသံတို 
မိုးယံ လွင့် ပျံလျှက်..။အနှစ် (၂၀)လောက် ပိတ်ပင် ထားခံခဲ့ ရသော  မြို့ လည်မှ  လွတ်လပ်ရေးကျောက်တိုင်
မှာ  ရောင်စုံမီးကုံး တွေ နဲ့  တောက်ပ၀င်းလက် နေနိုင်ပြီ..။လမ်းတွေထဲမှာ လွတ်လပ်နေ့  အားကစားပြိုင်ပွဲ တွေ  ပြန်ကျင်းပနေကြပြီ..။(၆၅)နှစ်မြောက် လွတ်လပ်ရေး နေ့   အခမ်းအနား
ကို  မြို့ မိမြို့ ဖများ၊ နိုင်ငံရေးပါတီများ၊လူမှု ရေး အသင်းအဖွဲ့ များ စုံစုံ ညီညီ နဲ့  ကျင်းပမည်..ဆိုတဲ့  သတင်း
ကိုလည်း   ကြားနေရသည်..။လူထုက   ၀မ်းပန်းတသာ ရှိနေကြသည်..။ဒါက  သာမန်နယ်မြို့ လေးတမြို့  ရဲ့   အုပ်ချုပ် ရေး အရာရှိတွေ ရဲ့   စိတ်သဘောနှင့်   ကျင်းပရခြင်းမဟုတ်..။ တနိုင်ငံလုံး က
မြို့ တွေ နယ်တွေဆီကို  နိုင်ငံတော် အစိုးရရဲ့    ထုပ်ပြန် ညွှန်ကြားချက် များ အရကျင်းပကြရ ခြင်းသာ..။ဒီမိုကရေစီ နိုင်ငံတော် အသွင်ဆောင်ဖို့  ပြယုဂ်ပဲဖြစ်ဖြစ်..ဘာပဲဖြစ်ဖြစ်..ဒါက  အပေါင်း လက္ခဏာ တရပ်မဟုတ်.လား .။ကျမတို့  ချစ်ခင် လေးစားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားတွေ..နိုင်ငံရေး အင်အားစု တွေ  လည်း  (၆၅)နှစ် မြောက် လွတ်လပ်ရေး နေ့ မှာ လွတ်လွတ်လပ်လပ်..တက်တက်ကြွကြွ နှင့်  နိုင်ငံရေးဇာတ်ခုံပေါ်တွင် သူ့ နေရာ နဲ့သူ ရှိနိုင်နေကြပြီ..။
              လွန်ခဲ့ သော အနှစ်(၂၀)ကျော်ကာလတွေက သူတို့ တတွေသည်..အကျဉ်းထောင်တွေထဲမှာနေအိမ်
အကျယ်ချုပ် ဘ၀တွေမှာလွတ်လပ်ရေးနေ့  များစွာကို  မလွတ်မလပ် ဖြတ်ကျော်ခဲ့  ကြရသည်..။ထိုကာလ ရဲ့  လွတ်လပ်ရေး နေ့ တနေ့ မှာ   ကျမနဲ့ ဖေဖေ  လူမသိသူမသိ ကျင်းပခဲ့ တဲ့   နိုင်ငံရေးအထိမ်းအမှတ်ပွဲကလေး တခုကိုလည်းသတိရမိပြန်သည်..။သမီးငါးယောက် အနက် ဖေဖေနှင့်  အနီးကပ် အနေရဆုံးကျမက  ဖေဖေရဲ့  တိတ်ဆိတ်သော နိုင်ငံရေး အထိမ်းအမှတ်ပွဲကလေးတွေမှာ အမြဲပါဝင်ခဲ့ စမြဲ..။တနေ့ သော လွတ်လပ်ရေး
နေ့ မှာ  ဖေဖေက
             “တို့ ခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည် နဲ့  နိုင်ငံရေး အကျဉ်းသားတွေ  အကျဉ်း
ကျနေတဲ့  လွတ်လပ် ရေး နေု့   မှာ   သူတို့ ကို  စာနာမျှဝေတဲ့   အနေနဲ့ တို့ လည်း  အိမ်ထဲမှာ  ကို ယ့် ကိုယ်ကို အကျဉ်းချပြီး နေကြစို့ ..”လို့ 
ပြောလာသည်..။လွတ်လပ်ရေး နေ့  တနေ့ လုံး  နေအိမ်ကနေ  အပြင်ကို မထွက်ကြ ဘူး..။အိမ်ထဲမှာလည်း
တယောက် နဲ့  တယောက် စကားမပြောကြဘူး..လို့ ဆိုလာသည်..။ကျမကလည်း  ဖေဖေ့ သမီးပီသစွာ
ဟုတ်ကဲ့ ပါ ဖေဖေ..ပေါ့ ..။အိမ်ရှေ့ တံခါးမကြီးကို ပိတ်ထားလိုက်.သည်.။ ဒီလို အချိန်မျိုးမှာ ဧည့် သည်လာနေလျှင်..ကိုယ့် အဓိဌာန် ပျက်နေဦးမည်..။သားအဖနှစ်ယောက်သား  စာအုပ်တအုပ်စီဖတ်ရင်း လွတ်လပ်ရေး နေ့ မှာ မလွတ်လပ်ရသူများအတွက် .စာနာဂုဏ်ပြုတဲ့  အထိမ်းအမှတ်ကို တိတ်တိတ်ဆိတ်
ဆိတ် ကျင်းပနေခဲ့ သည်.။ရီအားထက် ငိုအားသန် အမှတ်ရစရာ အဖြစ်တခုကလည်း..ရှိလိုက်သေးဧ။်။ ခဏ
အကြာမှာ အိမ်ရှေ့ မှ ခေါ်သံတခုကြားလိုက်ရဧ။်..။ဖေဖေ နဲ့ ကျမက  အသံပြန်မပြုပဲ..တိတ်ဆိတ်နေကြဧ။်။
အသံ ရှင်ကား  ဖေဖေ့ တပည့် ရင်း  တဦးအသံ..။သူက အိမ်ရှေ့ ကခေါ်မရ တော့  အိမ်ဘေးဖက်ကို ပတ်လာသည်..။အိမ်ဘေးပြူတင်းပေါက် တံခါးတွေ ဖွင့် ထားတာ တွေ့ တော့ ပြူတင်းတံခါးကြားမှ ပြုံးပြုံးကြီး လှမ်းခေါ်သည်..။သူ့ လက်ထဲမှာ သူ့ ခြံထွက် စလေ ဆီးသီး ထုပ်ကြီး နှင့် ..။နှစ်တိုင်း..သူ့ ခြံထွက် စလေ ဆီးသီး ချိုချိုတွေပေါ်ချိန်မှာ  လက်ဆောင် ပေးတတ်မြဲ..။ဒီေ န့ မှ တိုက်တိုက် ဆိုင်ဆိုင်..လာပေးသည်..။
တံခါးကြားမှ ထိုးပေးလာသော ဆီးသီးထုပ်ကို အသာယူရင်း   ပါးစပ်ကို ညွှန်ပြရင်း  လက်ခါပြလိုက်သည်။
စကားမပြောနိုင် ဘူး..ဆိုတဲ့  သဘော..။သူက နားမလည် နိုင်သလို   နဲ့   ဖေဖေ့ ကိုလည်း  လှမ်းကြည့် သည်..။
 စာဖတ် မပျက် သည့်   ဖေဖေ့ ကို ကြည့် ပြီး..သူသဘောပေါက် သွားတာလား..ဘာမှန်းမသိတာလားမသိ..။
လက်ကာပြရင်း ပြန်ထွက်သွားသည်..။ နောက်တနေ့  အိမ်လာမှ   သူ့ ကို အကြောင်းစုံ ရှင်းပြခဲ့ ရသည်..။
သားအဖနှစ်ယောက်လည်း  ထိုနှစ်က လွတ်လပ်ရေးနေ့ အသံတိတ် အိမ်ပြင်မထွက် ဆန္ဒပြပွဲ နဲ့  စလေဆီးသီး လက်ဆောင်အကြောင်းကို  မကြာခဏ ပြန်ပြောရင်း  ပြုံးမိ ရသည.်..။  ဖေဖေက  စာရေးဆရာကြီးမောရစ်ကောလစ် ရေးခဲ့ ဖူးသော  အိန္ဒိယကွန်ဂယက်ပါတီခေါင်းဆောင်ကြီး ဆင်ဂုတ်ပတား အား..အင်္ဂလိပ်ဘုရင်ခံက  တရားစွဲသော အမှုကို ပြောပြပြီး..တခါတခါ မှာ ကိုယ့် နိုင်ငံရေး အာခံမှုတွေမှာ လာဖျက်ဆီးတတ်တာက  တဖက်ရန်သူထက်  ကိုယ့် အချင်းချင်းရဲ့   မရည်ရွယ်ထားတဲ့   အနှောင့် အယှက်တွေဖြစ်နေတတ်ကြောင်း  ရီကာမောကာ ပြောပြခဲ့ တာလေးတွေကိုလည်း  ပြန်အမှတ်ရမိပြန်သည်..။ခုတော့ ဒါတွေ.အတိတ်မှာ ကျန်ခဲ့ပြီ..။
အနာဂတ်ကို  လှမ်းမျှော်ရင်း  ပစ္စုပ္ပန်ကို ဆင်ခြင်ကြည့်တော့  ကိုယ့် အနီးပတ်ဝန်းကျင်မှာတော့..လွတ်လပ်
ရေး နေ့  ပျော်ပွဲ ရွှင်ပွဲ တွေ  ကျင်းပနေနိုင်သည်..။အခုလောက်ကလေး  အပေါ်ယံလွတ်လပ်ခွင့် ရသည်ကိုပင် ပြည်သူလူထုခမျာ  ကျေနပ်အားရလျှက်..။နာရီကို ကြည့်လိုက်တော့ ..လမ်းလျှောက်ချိန်ပြည့်ပြီ…။ကျမ ခင်ပွန်းက  သွားကြစို့ လို့  နှိုးဆော်လိုက်သည်..။ ခပ်လှမ်းလှမ်းရှိ လွတ်လပ်ရေးနေ့  အခမ်းအနားမှ သီချင်း
သံ တွေက  ခါတိုင်းထက် တော့   တစုံတရာ လွတ်လပ်မှု ရနေ သယောင်ယောင်..။
          “ လွန်ခဲ့ တဲ့   အနှစ်နှစ်ဆယ်လောက်က  တို့ ဖြစ်စေချင်ခဲ့ တာလည်း  ဒီအခြေအနေမျိုးပဲ လေ..။ခု..
အပေါ်ယံမှာ ဒီလောက်ကလေး ဖြစ်လာတာပဲ ၀မ်းသာရမှာ ပေါ့ ..”လို့  ကျမခင်ပွန်းက  ပြောလိုက် သည်..။ကျမတို့  ခြေလှမ်းများကား    ကွင်းပြင်ဆီ ကို ဦးတည်နေပြီ....။အိမ်ပြန်လမ်း ကလေးက  ရိုးရှင်း စွာ တိတ်ဆိတ်လို့…။ကျမစိတ်ထဲမှာတော့ အတွေးနယ်ဆက်ချဲ့ နေမိသည်..။
             တကယ့် အနှစ်သာရမှာကော..ဘယ်လောက် လွတ်လပ်မှု တွေ ရနေပြီလဲ..။ကချင်ပြည်နယ်မှာ စစ်မီးလျှံတွေ တ၀င်းဝင်းတောက်နေတုံး...။စစ်ပွဲများကြားမှ  ဆင်းရဲ ဒုက္ခအကြီးအကျယ် ရောက်နေကြသော ဒေသခံ  စစ်ပြေးဒုက္ခသည်များ..။ရခိုင်ဒေသမှ  တို့ပိုင်နက်မြေကို ထိပါးလာသည့်  မအေးနိုင်သောအရေးအခင်း
များ..။..လက်ပံတောင်းတောင်ဒေသ နဲ့  တတိုင်းပြည်လုံး အနှံ့ သဘာဝ သယံဇာတမုဒိမ်းကျင့် ခံနေ ရ မှု  များ။လွတ်လပ်သောတိုင်းပြည်အတွင်းမှ   မလွတ်လပ်သေးသော.. ပြည်သူလူထုဧ။် ဆန္ဒဖော်ထုပ်ခွင့် အကန့် 
့အသတ်များ..။အဖမ်းအဆီး အခြိမ်းအခြောက်များ..။ပြည်သူအများစုကြီး ရဲ့   ဆင်းရဲမွဲတေနေဆဲ  ဘ၀များ.။
လယ်ယာမြေများ ဆုံးရှုံးနေသော လယ်သမားမိသားစု များ..။သူတို့ အားလုံး ရဲ့ ဘ၀တွေ   လုံခြုံ အေးချမ်း မှု  တကယ်ရရှိသော နေ့ များကို ရောက်ဖို့  ကျမတို့   ခြေလှမ်းတွေ အများကြီး လှမ်းရဦးမည်..။  သူတို့ အားလုံး  လွတ်လပ်ရေး တေးတွေကို  ပီပီသသ သီဆိုနိုင်သော   လွတ်လပ်ရေးနေ့ များကို  အမြန် ရောက်စေ.ချင်ပါသည်။           
 .