Friday, December 24, 2010

`` ဒီ ဇင် ဘာ နှင်း ´´


မျှော် လင့် ခြင်း တွေ ပိန်းပိတ်
သိပ်သိပ်သည်းနေလိုက်တာ
ဒီဇင်ဘာ နံ နက် ရဲ့
နှင်းထု များပမာ....

နေ ခြည် စူးလက်
ရက်စက် ပေါ့
အက်ကွဲ လွင့် ပါး
နှင်းထု များဟာ
မျှော် လင့် ခြင်း နှင်းရည် စက်
အငွေ့  ပျံ ပျောက် ပျက်....

အသစ် မွေးဖွားလာ မယ့်
ဒီဇင် ဘာ တနံ နက် မှာ
မျှော် လင့် ခြင်း နှင်းထု တွေဟာ
သိပ် သည်း စွာ....

Saturday, December 18, 2010

`` အုတ် တံ တိုင်း နီ ရဲ့  အတွင်း တဖက် မှာ´´

ကားလမ်းမကြီး ဘေး က အုတ်တံတိုင်းနီ ကြီးရဲ့  အတွင်းတဖက်မှာ သူတို့ ရှိနေတာကိုလူတွေ သတိရကြသေးရဲ့ လား...။

ကားတွေ ဆိုင်ကယ်တွေက ပုံမှန် တ၀ီဝီ ဖြတ်သန်းသွားလာလို့...။ ဈေးသွား၊ ဈေး လာတွေ ရဲ့  စက်ဘီးဘဲလ် သံ တွေ.. သီချင်းဆိုသံတွေ..။ ဈေး သည် တွေရဲ့ ဈေး အော်ရောင်းသံတွေ..။ လူတွေ အားလုံး ပုံမှန် ဥဒဟို သွားလာ နေကြသံတွေ....။

ညဖက် လူခြေတိတ်ချိန်မှာ ဖြတ်မောင်းသွားတတ်တဲ့ အဝေးပြေး ကား ကြီးတွေ ရဲ့  အသံ ကို ကြားတိုင်း... ထူးအိမ် သင် ရဲ့  အမေ့ အိမ် သီချင်း လေးကို ခပ်တိုးတိုး ညည်းရင်း... အမေ့ အိမ်ကို သတိရကြစမြဲ...။ သူတို့ အနီးအနားမှာ ဘုန်းကြီးကျောင်း တစ်ကျောင်းတော့ ရှိမယ်ထင်တယ်...။ မနက်စောစောမှာ အုန်းမောင်း ခေါက်သံနဲ့ အတူ... ကိုရင်လေးတွေ ရဲ့  စာ အံသံ တွေကိုလည်း ကြားရတတ်ရဲ့...။

ဟိုး... ခပ်လှမ်းလှမ်း ကနေ အသံချဲ့  စက်နဲ့ ဖွင့်နေကျ .... အစိန္တေယျ .. အစချီ တဲ့ ဗမာ သီချင်း သံလေးကလည်း.. မနက်တိုင်း ကြားနေကြ...။ အပြင်လောကရဲ့  လွတ် လပ် မှုသံစဉ်တွေက...... တိတ်ဆိတ်... ပိတ်လှောင်... ကျဉ်း ကြပ် နေတဲ့ သူတို့ ဆီ အုတ်တံတိုင်း နီကြီး ကို ဖြတ်ကျော် ၀င်ရောက် လာမြဲ....။

သူတို့ ဒီ နေရာကို ရောက်လာတာ ၂၀၀၈ ရဲ့  နိုဝင်ဘာ တစ်ညနေ...။ မှောင်ရီစ.. မြို့ ကလေး ရဲ့  ဘူတာရုံအိုအို ကလေး ကနေတဆင့်... မြို့ ပြင်ဘက်က နှစ်(၁၀၀)ကျော် သက်တမ်း ရင့်နေတဲ့ ဒီ အုတ် တံတိုင်း နီ ကြီး ရဲ့  အတွင်းကို .. ခေါင်း ငုံဝင်လိုက်ရ ပေမယ့်.. သူတို့ စိတ် တွေ ကတော့.. မ ငုံ့ လျှိုး ကြ...။

ကိုယ့် မြို့ ကိုလာတဲ့ ဧည့်သည်ကို ဒီလို ပုံစံ နဲ့ မကြိုဆိုချင်ရှာတဲ့ မြို့ကလေး က တိတ်ဆိတ်စွာ.. ၀မ်းပမ်းတနည်း.... ငြိမ်သက်လို့...။

ဒါပေမယ့် သူတို့ရောက်ပြီး သိပ် မကြာခင်မှာဘဲ မြို့ လေးဆီက စားစရာတွေ သတင်းစကားတွေ နွေးထွေး တဲ့ အားပေးသံတွေ ဟာ... သူ့နည်း သူ့ဟန်နဲ့ အုတ်တံတိုင်းနီ ကြီးကို ဖြတ်ကျော်ပြီး သူတို့ဆီကို အရောက် ၀င်လာကြတယ်...။

တစ်ရက်မှာ ငါးခြောက်ကြော်လေးတွေ ကြားမှာ၊ ကျစ်နေအောင် လိပ်ထားတဲ့ စက္ကူ လိပ်ကလေး က တဆင့် ... ဆရာကြီး မင်းသုဝဏ်ရဲ့`သပြေညို´ကဗျာ တပိုင်းတစ ဟာ သူတို့ဆီရောက်လာခဲ့တယ်....။

ဘာမလျှော့ လေ နဲ့ လာတော့ မကွဲ့  ရွှေ ပဟိုရ် လေချို က အသွေး... လင်း ကြက် အဆော် ကွင်းထက်မှာ တူပျော်ပျော်နဲ့ စည် တော်ကို ရည် မျှော် မှန်းကာပ ရောင် နီ မှာ အောင်စည် ရွှမ်း ရအောင် သပြေညို ရွှေ ဘို ပန်းရယ်နဲ့ လှမ်းကြ စို့ လေး....တဲ့။

ကျေးဇူးတင်စွာနဲ့ ဒီကဗျာလေးကို ထပ်ကာထပ်ကာရွတ်ဆိုရင်း သူတို့အားတင်း ခဲ့ကြတာ.. ခုဆို... (၂) နှစ်တင်းတင်း ပြည့်ခဲ့ပြန်ပြီ...။

သူတို့ ကို လူတွေ မေ့နေကြပြီလား....။
မေ့ မထားလောက် ကြ ပါဘူးနော်...။
တခါတခါ...သူတို့ရဲ့ ငယ်ရွယ် တက်ကြွတဲ့ အချိန် တွေ .....။
သူတို့ ဘ၀ပေးချစ်ခဲ့တဲ့ တိုင်း ပြည်အတွက်
အကျိုး ရှိရှိ အလုပ် လုပ် နေရမယ့် အချိန် တွေ ကို.... နှမျောသလို..။
ဘာလို့ များ... ဒီလို ကုန်ဆုံးစေရတာပါလိမ့်...။

သူတို့ ရဲ့  ဘ၀ကံ ကြမ္မာ ဟာ.. တိုင်းပြည် ရဲ့ ကံ ကြမ္မာ နဲ့ တထပ်တည်း ကျနေပါပေါ့ လား...။
တကယ်တော့၊ သူတို့ ဟာ... မြန်မာပြည်ရဲ့  နိုင်ငံရေး အကျဉ်းသမား (၂၀၀၀) ကျော်ထဲက
လူသိပ်မသိကြတဲ့ နိုင်ငံရေး အကျဉ်းသားတချို့  ပါ...။
ကိုယ်ယုံကြည်ရာကို မဆုတ်မနစ်လုပ်ဆောင်ကြလို့...
ဒီ အုတ်တံတိုင်း နီ ကြီး ထဲမှာ ပိတ်လှောင်ခံထားရတယ်...။
(၁၀) နှစ်ကျော် အချိန်ကာလတွေကို၊ သူတို့ တကယ်ဘဲ .. ဒီအထဲမှာ အကျိုးမဲ့ ကုန် လွန်ရတော့ မှာလား...။

အေးစက်နေတဲ့ တမံတလင်းတွေ ပေါ်မှာ ဆောင်းရာသီရဲ့  ခပ်ကြမ်းကြမ်း အအေးဒဏ်ကို ခံရင်း...။
သံတိုင်တွေ ကြားကနေ... တခါတလေ ရှားရှားပါးပါး မြင်ရတဲ့...နေရောင်ခြည် နွေးနွေးကို
လက်ကလေးတွေ ထုတ် လှုံ ရင်း...။
နောက်တနေ့ အတွက် အသက် ဆက်ဖို့ စိတ်ဓါတ် ခွန်အားတွေ၊ ကိုယ်ခန္ဒာ အင်အားတွေကို
အစွမ်း ရှိ သမျှ ကာကွယ် တည်ဆောက် လို့ ပေါ့...။
တခါတရံ အပြင်ကနေ ရှားရှားပါးပါး ရလာတဲ့ သတင်းလေးတွေကို
အငမ်းမရ နားစွင့် နေရင်း ..... တနေ့မှာ...
သူတို့ ချစ်တဲ့ အမေစု လွတ်မြောက်တဲ့ သတင်းကလေး ကို ၀မ်းသာ အားရ ကြားလိုက်ရတယ်...။

ဘာတွေ ဆက်ဖြစ်လာမလဲ....။
သူတို့ ဘ၀နဲ့ ရင်းပြီး ချစ်တဲ့ တိုင်းပြည်ကြီး မှာ ဘယ်လို အပြောင်းအလဲကောင်းတွေ
ပေါ်ပေါက် လာလေ မလဲ....။.....လဲ.။....လဲ။

နေ့ တစ်နေ့ ကုန်ဆုံး သွားတဲ့ ညမှောင်မှောင်မှာ
နာရီခေါက်သံတွေ.... လူသံ မပီသတဲ့ ဘာရာအော်သံတွေ ကြားမှာ၊
အိပ်မပျော် လူးလိမ့် ရင်း နောက်တနေ့ ရဲ့  မိုးသောက်မနက်ကို စောင့် မျှော်ရင်း...
တိုင်းပြည်ရဲ့  ကျက်သရေ ရှိ မယ့် အရုဏ်တက် မနက်ခင်းတွေ ကိုစောင့် မျှော်ရင်း...
သူတို့တွေဟာ အုတ်တံတိုင်းနီကြီးရဲ့  အတွင်း တဖက်မှာ
အချိန်တွေကို ခက်ခဲပင်ပန်းစွာ ဖြတ်သန်း နေကြ ပါတယ်....။ ။

(နိုင်ငံရေး အကျဉ်းသား ၂၀၀၀ကျော် အမြန်ဆုံးလုံးဝ လွတ်မြောက်ပါစေ..)

Friday, December 17, 2010

တိမ်ကို ခြယ်တဲ့ ဆေးရောင်များ (၁)


ဆေးစက်ကျရာ.. အရုပ် ထင်ချင် မှ ထင်

ခြယ် ချင် လို့ ကို.. ခြယ်တာ ပါ..

ဆေးစက် တွေ ကို.. စိတ်စေ ရာ.. နှင် လို့....





ဒစ်ဂျစ်တယ် ပန်းချီ တွေ ခေတ်စား နေလို့... ဒေါ်စု ကို လည်း အားကျ စွာ နဲ့... ပန်းချီ စိတ်ကူး များ ကို.. ပြန်လည် ကွန့်မြူး ကြည့် ပါတယ်... ဆေးမဲ့ ပန်းချီ လို့ ပဲ.. မြန်မာ စကားလုံး စစ်စစ် နဲ့ မှည့်ခေါ် လိုက်ပါတယ်။

Wednesday, December 8, 2010

သီချင်းလေး နဲ့ လွမ်း

လ...၀ ဆွဲ...မ...သတ်..၀စ္စ နှစ် လုံး ပေါက်...လွမ်း....။သ တိ ရ အောက်မေ့သည်...တဲ့။ မြန်မာ ဝေါ ဟာရ အဘိဓာန် က ရှင်းရှင်း ကလေး ဖွင့် ဆိုပါတယ်...။ဝေးကွာ နေ သော ချစ်သူ ခင်သူ များ ကို လည်း လွမ်း တတ် သလို...ဝေး ကွာ ချန် ထား ရစ် ခဲ့  ရသော အတိတ် ဖြစ်ရပ် များ ကို လည်း နင့် နင့်သည်း သည်း လွမ်း တတ် ကြ ပါတယ်...။


တ နေ့ က ...ရေ မြေ ခြား မှာ ရောက်နေ ရှာသော သား ငယ် လေး ဖိုး သော ကြာက ဖုန်းဆက် လာ ရှာတယ်...။သူ က ဗမာ စကား မပေါက် သော လူ မျိုးခြား သူငယ်ချင်း တွေ ကြား မှာ မူကြို စတက် နေ ရလို့ .....ဗမာလို စကား ပြောချင် လွန်း လာရင်...စာသင် ခန်း တံ ခါး ကြားလေး မှာ သူကြိုက် တဲ့ အဆိုတော် `မိုးမိုး ´ သီချင်းလေးတွေ သွား ..သွား ဆို နေ ရပါ သတဲ့...။၎ နှစ်သား မြေးငယ် ကလေး ရဲ့  အလွမ်း စကား ကို ကြား ပြီး...သူ့ ဘကြီးခမျာ...ည ဖက် အိပ် လို့တောင် မပျော် ဖြစ် ရ ရှာပြန် ပါတယ်...။


မိ ဘ တွေ ရဲ့  ယုံကြည် ချက် ခရီး ကြမ်း မှာ ဒရွတ် တိုက် လိုက် ပါ နေ ရ ရှာ တဲ့ သား ငယ် လေး...။ လက် သည် တရား ခံ ကတော့...ဒဏ် ရာ ပရ ပွ နဲ့ တိုင်း ပြည် ကို ကု လည်း မကုစား...ကုစား ခွင့် လည်း မပေး....။ဖွတ် ဖွတ် ညက် ညက် ကြေ အောင် နှိပ် စက် နေ တဲ့ စစ် အာ ဏာ ရှင် တစုပါ ဘဲ....။ သား လေး ဆို နေ ကြ မိုး မိုး ရဲ့ သီ ချင်း ကလေး ကို တောင် ကြား ယောင် ရင်း လွမ်း လာ မိ ပြန်တယ်။

.....အ သက် လေးဆယ်...လူ တွေ မေးတယ်....ဘယ် တော့ များ မှ စား ရ မှာ လည်း....
....ဟန် ဆောင် ရ ပြီ....လူ တွေ မသိ အောင်....အြ ပုံး ကလေး နဲ့ လိမ် ရ သည်....


+++ +++


အိမ် ရှင်း ရင်း အံ ဆွဲ တခု ထဲ ကနေ ငယ် ငယ် က သီ ချင်း တိပ် ခွေ လေး တွေကို ပြန် တွေ့ တော့ ကိုယ် တို့ သားအဖ နှစ် ယောက် သား ၀မ်းသာ အားရ...။ခု ခေတ် က ဗွီ စီဒီ တွေ ဒီဗွီ ဒီ တွေ သာ ခေတ် စား နေတော့ တိပ် ခွေ ကလေး တွေ ဖွင့်ကြည့် ဖို့ ကက်ဆက် အဟောင်း လေး ကို ဖုတ် ဖက် ခါ ရင်း သီ ချင်းခွေ လေး တွေ စမ်း ကြည့် တော့...ဖွင့် ရတဲ့ အခွေ လည်း ရ...။ မရ တဲ့ အခွေ လေး တွေ ကလည်း... နှ မျော စရာ..။ဖေ ဖေ ကလည်း သူခေတ်..သူ့ အကြိုက် ဒို ရာ သန်းအေး တို့ မောင် မောင်ညွန့် တို့.. ကို မြကြီး တို့... မာ မာ အေး တို့.. အခွေ လေး တွေ ကို ဖွင့် လိုက်...။ကိုယ်က လည်း ကိုယ့် ခေတ ကိုယ့်အကြိုက် စိုင်း ထီးဆိုင် တို့.. မီ မီ ၀င်းဖေ တို့... ခင် မောင်တိုး တို့ ...ထူး အိမ်သင် တို့ ခင် ၀မ်း တို့ အခွေ လေး တွေ ဖွင့် လိုက် နဲ့...ကက်ဆက် သံ တညံ ညံ ပေါ့...။


အသက် (၇၀) ကျော် ဖေ ဖေ ခမျာ လည်း အနှစ် (၂၀) ကျော် သတင်း တွေ ကို ဘဲ အဆက် မပြတ် နား ထောင် နေ ရ င်း....့ နှလုံး သား တွေ အေးစက် တင်းမာ နေ လာ သမျှ .... ခု မှ ဘဲ...သူ့ ခေတ် သူ့ အကြိုက် သီ ချင်း လေး တွေ ဖွင့် နားထောင် ရင်း တခါ တလေ ခပ် ဝေးဝေး ဆီ ကို ငေး...လို့...။ သူ လည်း လွမ်း ပါ စေ လေ...။ ပြီး ခဲ့  တဲ့ ရက် ပိုင်း က သတင်း စာ ထဲ က နာ ရေး သတင်း တခု ထဲ မှာ ငယ်ကျွမ်းဆွေ ကရင် မလေး (ခုတော့..အဖီး တယောက်ပေါ့..) နာရေး သတင်း ပါ လာတော့.... ဒို ရာ သန်း အေး ရဲ့  မြကြာ ယံ ဆို တဲ့ သီ ချင်း ကလေး ကို ခဏ ခဏ ဖွင့် လို့....။


အဲဒီ ကရင်မလေး နဲ့  သူ နဲ့  က ဆယ် ကျော်သက် အရွယ် က သူငယ် ချင်း တွေ...။သူတို့ မြို့ လေး ကို ကရင်မလေး အဖေက ထောင် မှူး ကြီး တာ ၀န် နဲ့  ပြောင်း လာ တော့ ...ရိုးသားတဲ့ ကရင် မလေး နဲ့  တောသားလေး တို့ ခင်တွယ် မိ ..သံ ယောဇဉ် ဖြစ် ခဲ့ ကြ မိ ပုံ ပါ ဘဲ...။ အဲဒီ အချိန် ကာလက ရောင်စုံ သူ ပုန် လို့ ခေါ် ရ တဲ့ အဖွဲ့  အစည်း မျိုး စုံ က ဖ ဆ ပ လ အစိုးရ ကို လက် နက် ကိုင် သူ ပုန် ထ နေကြတဲ့ အချိန်...ပြည် တွင်းစစ် မီး ကြီး တောက် လောင် စ အချိန်...။က ရင် နဲ့  ဗမာ တွေ ၀မ်းနဲ စရာ လူ မျိုး ရေး ပဋိ ပက္ခ တွေ တောက် လောင်ပြီး အပြန် ပြန် အလှန်လှန် သတ် ကြ ..ဖြတ် ကြ..မီးရှို့  ကြ ချိန် မှာ ဒီ ကရင်မလေး နဲ့ ဗမာ တော သားလေး တို့ ရဲ့  အဖြူ ရောင် သံ ယော ဇဉ် ဇတ် လမ်း ကလေး ကို စခဲ့ ကြ ရှာ တယ် ...။


အဲ ဒီ အချိန် မှာ ဘဲ ...အဲ ဒီ ခေတ် က မြို့ မှာ လာပြီး တပ်ချ ထားတဲ့ UMP ဗိုလ် (စစ် ရဲ ဗိုလ်) တယောက် နဲ့  ကရင်မလေး တို့ကို တတွဲ တွဲ မြင်လာ ရ တယ်....။သိပ် ရိုး သား တဲ့  ကရင် မလေး က ဒီ ..စစ် ရဲ ဗိုလ် ရဲ့  ကား ပေါ် ပါပါ သွား တဲ့ မြင်ကွင်း ကြောင့် ကျောင်း သားတွေ ကြား ထဲ မှာ မကျေ မနပ် ..ပွစိ ပွစိ ဖြစ် လာ ရ တယ်...။တောသားလေး ခမျာ လည်း အူ နု ကျွဲခတ် သလို ခံ စား ရ မှာပေါ့။

တနေ့ မှာ တော့ လက် နက် ကိုင် စစ် ရဲ ဗိုလ် ရဲ့  အိမ် ကို လက် နက် မဲ့ ကျောင်း သားလေးတွေ တစု က ခဲ တွေ...လေး ခွ တွေ နဲ့ ချောင်း မြောင်း ပစ် ခတ် ကြ တော့ တယ်....။( ရ ရာလက် နက် စွဲ ကိုင် တိုက် ခိုက် ကြ လေ သတည်း ပေါ့း) အဲ ဒီ ရောင်စုံ သူ ပုန် ခေတ် ကာ လ ဆို တာ က မြို့ လည် ခေါင်မှာ တောင် နေ့ ည မရွေး သေ နတ် သံ တဒိုင်း ဒိုင်း နဲ့ လူ့  အသက် တချောင်း ကို သတ် ချင် သလို သတ် နေ ကြ ချိန်...၊။ကံ ကောင်း ထောက် မစွာ စစ်ရဲ ဗိုလ် က လက် နက် နဲ့  မဖြေ ရှင်းဘဲ ကျောင်း အုပ် ဆရာ ကြီး ကို လာတိုင် ယုံ နဲ့  ပြီး သွားတာ မို့...သူတို့ အသက် ရှင် နေ နိုင် ခဲ့  တာ ကို ဖေဖေ ပြောပြလို့...သိခဲ့ ရတယ်...။


နောက် ဆုံး ကရင် မလေး တို့ မိသား စု လိုက် တခြားတမြို့  ကို ပြောင်းခါ နီး မှ တော သား လေး ကို နောက် ဆုံး နှုတ် ဆက် ရင်း ...သူမ စစ်ရဲ ဗိုလ် နဲ့  တတွဲ တွဲ ဖြစ် ခဲ့  ရတဲ့ အကြောင်း ကို မျက် ရည် တ၀ဲဝဲ နဲ့ ပြောပြ ခဲ့ တယ် တဲ့...။ ၀မ်းနည်းစရာ ကောင်း လှ တဲ့ ကရင် -ဗမာ လူ မျိုး ရေး ပဋိ ပက္ခ တွေ ကြား မှာ သူ့ အဖေ ထောင် မှူး ကြီး ကို ဗမာ စစ် တပ် တွေက အညှိုး ထား နေ တဲ့ သတင်း ကို ရ ထား တဲ့ ကရင်မလေး တို့ မိသားစု ခမျာ ...ချက် ချင်း ကြီး မပြောင်း ရွှေ နိုင် သေး ခင် မှာ မိသားစု ရပ်တည် ရေး အတွက်...ဒီ စစ်ရဲ ဗိုလ် နဲ့ အဆင် ပြေ အောင် နေခဲ့  ရ ပုံ တွေ....။ ကရင် သူ ငယ် ချင်း မလေး ရဲ့  ဒု က္ခ တွေ ကို...အသက် တွေ ကြီး လာပြီး တိုင်းရေးပြည် ရာတွေ ကို နားလည် လာ ခဲ့ ချိန် ကြမှ..စာနာ မဆုံး ဖြစ် ခဲ့  ရတဲ့ တောသား လေး နဲ့ သူ့သူ ငယ်ချင်း ကရင် မလေး တို့ ဟာ ...အဲဒီ အချိန် ထဲ က ကွဲ ကွာသွား လိုက် ကြတာ....ဘာ သတင်း အစ အန မှ ကို မရ ခဲ့  ရှာဘူးတဲ...။

ခု..ကရင်မကြီး အဖီး ရဲ့  နာရေး သတင်း လေး ကို ဖတ် လိုက် ရ တော့ လည်း...အလွမ်း လှိုင်း တွေ ပြန် ထ တော့ ပေ မပေါ့....။

....ဘုန်း ကံ ရှိ လို့ အထူး ပင် လှ တယ်...မြ ကြာယံ လယ်....နှင်း ဆီ..ဒေါ န..ကြက် မောက် ..များရယ် ...ခ စား ရ ပေ တယ်...
...ထူး တဲ့ မိုး နတ် သူ ဇာ နွယ်...မြတ် တဲ့ မိုး နတ် သူ ဇာနွယ်...ကြွေ တော့ မယ် သဏ္ဍန် ပုံ နှယ်..
...ချစ် တဲ့ သူ ဆင် မြန်း ဖွယ်...အထူး ဘဲ ဆန်း လှ တယ်....မြ ကြာယံ လယ်....

တကယ် တော့ စာပေ ဂီ တ ရုပ် ရှင် ပန်းချီ စတဲ့ အနု ပညာမှော် အတတ် တွေ မှာ အလွမ်းဓါတ် တွေ စိမ့် ၀င် နေ သည် ပဲလေ...။


သား အဖ နှစ် ယောက် စလုံး အကြိုက် ချင်း တူ တဲ့ သီ ချင်း ခွေ တွေ ကတော့... အမိ တက္ကသိုလ် အမှတ် တရ..မြကျွန်း ညို ညို တက္ကသိုလ် တို့...မြ ရိပ် ၀န်း ကို လွမ်း ပါသည် တို့..တခါ တုံးက တက္က သိုလ် တို့ ချစ် ရက် ရှည် ရှည် အင်း ယား မြေ တို့ ပေါ့...။ဒီ သီချင်း ခွေ လေး တွေ ဖွင့် တိုင်း အလွမ်း ကံ့ ကော် ပန်း လေး တွေ က ဝေေ၀ ဆာဆာ ဖူး ပွင့် လာ လို့...။


အလွမ်း ဆို တာ ကလည်း...လူ တယောက်ချင်း ကို လွမ်း ဆွတ် တာ ရှိ သလို...တခါတခါ မှာ တော့ ခေတ် တခေတ် ရဲ့  အခြေ အနေ တရပ် လုံး ကို လည်း လွမ်း ဆွတ် တတ် ပေ ရဲ့ ...။အမိ တက္က သိုလ် ရဲ့  အမှတ် တရသီ ချင်း လေး တွေ နားထောင် လိုက် ရတိုင်း ဖေ ဖေက သူ့ ခေတ် သူ့ အရိပ် တွေ ဖြစ် တဲ့ ခန့် ညား ထည် ၀ါ တဲ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂ ကြီး ရယ်...။နာ ကျင် ကြေကွဲ စရာ ဆဲဗင်းဇူ လိုင် ရဲ့  သွေးစက် တွေ...။အချိန်မသင့် ဘဲ ကြွေ လွင့် သွား ရှာ ရ တဲ့ ကျောင်းသားတပ်ဦး က ရဲ ဘော် သူငယ်ချင်းတွေ.တခု သော တက္က သိုလ် ငွေ ရတု သဘင် နဲ့ တယောက် သော တက္က သိုလ် က ငွေ လမင်း လေး တစင်း ရယ်...။စသဖြင့်...စသဖြင့်...လွမ်းဆွတ် နာကျင်နေ မိနေသလို..ကိုယ်က လည်း...ကိုယ့် ခေတ် ကိုယ့် အလွမ်းတွေ နဲ့ ပေါ့...။

ခု ရက် ပိုင်း မှာ သီ ချင်း တပုဒ် ပန်းတ ဆုပ် သီ ချင်း လေး ကို နားထောင် မိ ရင်း လွမ်းမိတာက ရန်ကုန် တက္ကသိုလ် မတက်ခင်၂နှစ်က တက်ခဲ့ ရတဲ့ ဧရာဝတီ မြစ်ကမ်းဘေးက နယ် ကော လိပ် ကလေးတခု ကို ပါ...။ဒီသီချင်း လေးနဲ့ တိုက် ဆိုင် လွမ်း မိတဲ့ ဆွတ်ပျံ့  ဖွယ် ဇတ် လမ်းလေးတပုဒ် ကတော့...တဆောင် တည်း ညီ အမရင်းချာ လိုအတူတူနေ ခဲ့ ကြတဲ့ မမပြုံး နဲ့ သူ့ချစ်သူ အကိုကြီး တို့ ဇတ် လမ်းကလေးပါ ဘဲ..။


လွန်ခဲ့ တဲ့ ရက် ပိုင်းကလေး မှာ ဘဲ ဒီနယ် ကော လိပ် ကလေး ရဲ့  အာစရိယ ပူဇော် ပွဲ တခုမှာ သူတို့ နဲ့  ပြန် ဆုံ တွေ့ ဖြစ် ခဲ့  ရတော့...အရင်ကလို အလှ မပျက် သေးတဲ့ မမပြုံး ကလည်း ကလေးနှစ် ယောက် မိခင်...။ သူ့ ချစ်သူ အကို ကြီးက လည်း...နဖူးအတော် ပြောင်နေတဲ့ ကလေးသုံးယောက် ဖခင်...အိမ်ထောင် ကိုယ်စီနဲ့.။ နဖူးစာမင်ရည် ကျဲ လို့ လွဲ ခဲ့  ရတဲ့ သူတို့ နှစ် ယောက် ပြန်ဆုံ တော့ ရီ ရီမောမော...အခင်အမင် မပျက်.... တယောက်မိသားစု သတင်း တယောက် မေး လို့...။အနှစ်(၂၀) ကျော် မတွေ့ ခဲ့  ကြသူ နှစ်ယောက် ရဲ့  မျက်ဝန်းတွေ ထဲ မှာ မျက် ရည် ကြည်လေးတွေ သီ ဝေ့ နေကြသလို လို...။ကြည် နူးစရာ မြင်ကွင်းလေးကို ကြည့် ရင်း သူတို့ တော့ မသိ...ကိုယ် တို့ တောင် အချောင် လွမ်း သလိုလို...။


လွန် ခဲ့ တဲ့ နှစ် (၂၀) ကျော် က..အဆောင် ရှေ့  မှာ ညတိုင်းမှန် မှန် ဂစ်တာ လာလာ တီး တဲ့ ဒီအကိုကြီး ကသီ ချင်း တပုဒ် ပန်းတဆုပ် သီ ချင်းလေး နဲ့ အမြဲ ပွဲ သိမ်းတတ် ပြီး...သူချစ်တဲ့ မမပြုံး အတွက် ပန်းတွေ တဆုပ် တပွေ့  ကြီး ပေးခဲ့ တတ်မြဲ..။မမ ပြုံးကလည်း သူ့ အတွက် လဘက်သုတ် ဂျင်းသုတ် စတဲ့ စားစရာလေးတွေ ပို့ ပေးတိုင်း ကိုယ်တို့ က အချောင်ဝင် ဆွဲ ရင်း သူတို့ ရဲ့  အချစ် ဇတ်လမ်း ကလေး မှာ ဇတ် ပို့ ဇတ် ရံ ကလေးတွေ လုပ် ခဲ့ ကြတာ တွေ...။


ဘယ် လို မှ ပေါင်းစပ် လို့ မရ တဲ့ ဘ၀တွေ မှန်းသိသိ နဲ့ အချစ်ကြီးချစ် ခဲ့ ကြ တဲ့ သူတို့ နှစ်ဦးရဲ့  ဇတ်သိမ်း ည ကလေး မှာ...အဆောင် ရှေ့  လမ်းမကြီး တခု လုံး...တရုပ် စကားပွင့် တွေ ဖွေးဖွေး
လှုပ် အောင် ဖြန့် ခင်းသွား တဲ့ အကို ကြီး ရဲ့  အလွမ်း တွေ...။အိပ် ယာ ပေါ် မှာ အသံ မထွက် ဘဲ ကြိတ် ရှိုက်ငင် နေရှာ တဲ့ မမပြုံး ရဲ့  အလွမ်း တွေ...။အင်း လေ....သီချင်းလေးထဲ ကလို...အသဲ နှလုံး မရှိ မှဘဲ လွမ်းခြင်း ကင်း တော့ ပေ မပေါ့...။

.....အ သဲ နှလုံး မရှိ ရင် ....လွမ်း ခြင်း ကင်း လိမ့် မယ်...
.....စွဲ လန်း လွန်း ရင် ...ဒု က္ခ ရောက် လိမ့် မယ်....
...သီ ချင်း လေး တပုဒ် ရယ် ..ပန်းကလေး တဆုပ် နဲ့...
အသဲ နှလုံး ထုပ် လို့ လွှင့် ပစ် လိုက် မယ်.
...သီ ချင်း ကြိုက် တတ် ရင် ...နား ဆင် လိုက် ကြ
...ပန်းနှစ် သက် သူ ...ကောက် ယူ ပါစေ..
....အ သဲ နှ လုံး အတွက် တော့...ဖက် မငို နဲ့ ပေါ့....

သူ ငယ် ချင်း တယောက်က ပြော လာတယ်..။ ညည်းစာ တွေ ဖတ် ရ တာ တခုခု လို နေသလို ဘဲ တဲ့...။ ညည်းက သံ မဏိ အသဲ နှလုံး ပိုင် ရှင် လားတဲ့...။ညည်း လွမ်း ကော လွမ်းတတ် ရဲ့  လား တဲ့ ....။ အင်း...ကိုယ် က လူသားတယောက် ဆိုတော့...သံ မဏိ အသဲ နှလုံးလဲ မရှိ ပါ..။ လူဆန် တဲ့ လူ မှန် ရင်...လွမ်း တတ် သည် ပေါ့...။သို့  ပေ မယ့်...လွမ်း နေယုံ နဲ့  မပြီးသော လောက ကြီး အလယ် မှာ လွမ်းစရာ ရှိ ရင် ရဲ ရဲ လွမ်း ပြီး...ကိုယ် ဆက် လျှောက် ရ မယ့် လမ်း ကို လည်း ဆက် လျှောက် ရ ဦး မည် သာ...။ကိုယ် တို့ ရဲ့  ယုံ ကြည် ချက် လမ်း.....။ဘ၀ လမ်း....။ကိုယ် တို့ နောင် လာနောက်သား တွေ အတွက် လမ်းဖောက် ရင်း ဆက် လျှောက် ရမယ့် လမ်း ဟာ ...ရှေ့  မှာ တမျှော် တခေါ် ကြီး ပါ...။ကြမ်း တမ်း ခက် ခဲ မှု တွေ ကလည်း ရော ပြွမ်း လို့....။အားမွေး ရင်း ဆက် လျှောက် ရ ပါ ဦးမယ်....။ဒီတော့...အဆို တော် ခင် ၀မ်း ရဲ့ သီ ချင်း လေး ထဲ ကိုဘဲ ဆိုပြီး..လွမ်း လိုက် ပါဦးမယ်...။

.... .လွမ်း တတ် ရင် လည်း...လမ်း မှာ ဘဲ လွမ်း တော့ မယ်...
.....လေ ထန် ရင် လည်း...လေ ဆန် ကို လျှောက် မယ်...
.....နေ ပူ မှာ ...ခြေ ပူ ခံ မယ်...
.....ငို ကြွေး ခြင်း ကို.... စွန့် လွှတ် ခဲ့ ပြီ...
.....အား လုံး အဆင် ပြေ သွား မှာ ပါ...
.....ကံ ကြုံ ရင် ....ပြန် ဆုံ ကြ ဦး မယ်...
...ပျော် ရွှင် ပါ စေ လို့....ဆု တောင်း ပါ တယ်....

သီချင်းလေး နဲ့ လွမ်း

... ဆွဲ......သတ်..၀စ္စ နှစ် လုံး ပေါက်...လွမ်း....။သ တိ အောက်မေ့သည်...တဲ့။ မြန်မာ ဝေါ ဟာရ အဘိဓာန် က ရှင်းရှင်း ကလေး ဖွင့် ဆိုပါတယ်...။ဝေးကွာ နေ သော ချစ်သူ ခင်သူ များ ကို လည်း လွမ်း တတ် သလို...ဝေး ကွာ ချန် ထား ရစ် ခဲ ရသော အတိတ် ဖြစ်ရပ် များ ကို လည်း နင့် နင့်သည်း သည်း လွမ်း တတ် ကြ ပါတယ်...



နေ့ က ...ရေ မြေ ခြား မှာ ရောက်နေ ရှာသော သား ငယ် လေး ဖိုး သော ကြာက ဖုန်းဆက် လာ ရှာတယ်...။သူ က ဗမာ စကား မပေါက် သော လူ မျိုးခြား သူငယ်ချင်း တွေ ကြား မှာ မူကြို စတက် နေ ရလို့ .....ဗမာလို စကား ပြောချင် လွန်း လာရင်...စာသင် ခန်း တံ ခါး ကြားလေး မှာ သူကြိုက် တဲ့ အဆိုတော် `မိုးမိုး ´ သီချင်းလေးတွေ သွား ..သွား ဆို နေ ရပါ သတဲ့...။၎ နှစ်သား မြေးငယ် ကလေး ရဲ့  အလွမ်း စကား ကို ကြား ပြီး...သူ့ ဘကြီးခမျာ... ဖက် အိပ် လို့တောင် မပျော် ဖြစ် ရှာပြန် ပါတယ်...



မိ တွေ ရဲ ယုံကြည် ချက် ခရီး ကြမ်း မှာ ဒရွတ် တိုက် လိုက် ပါ နေ ရ ရှာ တဲ့ သား ငယ် လေး...။ လက် သည် တရား ခံ ကတော့...ဒဏ် ရာ ပရ ပွ နဲ့ တိုင်း ပြည် ကို ကု လည်း မကုစား...ကုစား ခွင့် လည်း မပေး....။ဖွတ် ဖွတ် ညက် ညက် ကြေ အောင် နှိပ် စက် နေ တဲ့ စစ် အာ ဏာ ရှင် တစုပါ ဘဲ....။ သား လေး ဆို နေ ကြ မိုး မိုး ရဲ့ သီ ချင်း ကလေး ကို တောင် ကြား ယောင် ရင်း လွမ်း လာ မိ ပြန်တယ်။


..... သက် လေးဆယ်...လူ တွေ မေးတယ်....ဘယ် တော့ များ မှ စား ရ မှာ လည်း....

....ဟန် ဆောင် ပြီ....လူ တေ မသိ အောင်....အြ ပုံး ကလေး နဲ့ လိမ် သည်....



+++ +++



အိမ် ရှင်း ရင်း အံ ဆွဲ တခု ထဲ ကနေ ငယ် ငယ် က သီ ချင်း တိပ် ခွေ လေး တွေကို ပြန် တွေ့ တော့ ကိုယ် တို့ သားအဖ နှစ် ယောက် သား ၀မ်းသာ အားရ...။ခု ခေတ် က ဗွီ စီဒီ တွေ ဒီဗွီ ဒီ တွေ သာ ခေတ် စား နေတော့ တိပ် ခွေ ကလေး တွေ ဖွင့်ကြည့် ဖို့ ကက်ဆက် အဟောင်း လေး ကို ဖုတ် ဖက် ခါ ရင်း သီ ချင်းခွေ လေး တွေ စမ်း ကြည့် တော့...ဖွင့် ရတဲ့ အခွေ လည်း ...။ မရ တဲ့ အခွေ လေး တွေ ကလည်း... နှ မျော စရာ..။ဖေ ဖေ ကလည်း သူခေတ်..သူ့ အကြိုက် ဒို ရာ သန်းအေး တို့ မောင် မောင်ညွန့် တို့.. ကို မြကြီး တို့... မာ မာ အေး တို့.. အခွေ လေး တွေ ကို ဖွင့် လိုက်...။ကိုယ်က လည်း ကိုယ့် ခေတ ကိုယ့်အကြိုက် စိုင်း ထီးဆိုင် တို့.. မီ မီ ၀င်းဖေ တို့... ခင် မောင်တိုး တို့ ...ထူး အိမ်သင် တို့ ခင် ၀မ်း တို့ အခွေ လေး တွေ ဖွင့် လိုက် နဲ့...ကက်ဆက် သံ တညံ ညံ ပေါ့...


အသက် (၇၀) ကျော် ဖေ ဖေ ခမျာ လည်း အနှစ် (၂၀) ကျော် သတင်း တွေ ကို ဘဲ အဆက် မပြတ် နား ထောင် နေ င်း.... နှလုံး သား တွေ အေးစက် တင်းမာ နေ လာ သမျှ .... ခု မှ ဘဲ...သူ့ ခေတ် သူ့ အကြိုက် သီ ချင်း လေး တွေ ဖွင့် နားထောင် ရင်း တခါ တလေ ခပ် ဝေးဝေး ဆီ ကို ငေး...လို့...။ သူ လည်း လွမ်း ပါ စေ လေ...။ ပြီး ခဲ တဲ့ ရက် ပိုင်း က သတင်း စာ ထဲ က နာ ရေး သတင်း တခု ထဲ မှာ ငယ်ကျွမ်းဆွေ ကရင် မလေး (ခုတော့..အဖီး တယောက်ပေါ့..) နာရေး သတင်း ပါ လာတော့.... ဒို ရာ သန်း အေး ရဲ မြကြာ ယံ ဆို တဲ့ သီ ချင်း ကလေး ကို ခဏ ခဏ ဖွင့် လို့....


အဲဒီ ကရင်မလေး နဲ့ သူ နဲ့ က ဆယ် ကျော်သက် အရွယ် က သူငယ် ချင်း တွေ...။သူတို့ မြို့ လေး ကို ကရင်မလေး အဖေက ထောင် မှူး ကြီး တာ ၀န် နဲ ပြောင်း လာ တော့ ...ရိုးသားတဲ့ ကရင် မလေး နဲ့  တောသားလေး တို့ ခင်တွယ် မိ ..သံ ယောဇဉ် ဖြစ် ခဲ့ ကြ မိ ပုံ ပါ ဘဲ...။ အဲဒီ အချိန် ကာလက ရောင်စုံ သူ ပုန် လို့ ခေါ် တဲ့ အဖွဲ အစည်း မျိုး စုံ က အစိုးရ ကို လက် နက် ကိုင် သူ ပုန် နေကြတဲ့ အချိန်...ပြည် တွင်းစစ် မီး ကြီး တောက် လောင် အချိန်...။က ရင် နဲ ဗမာ တွေ ၀မ်းနဲ စရာ လူ မျိုး ရေး ပဋိ ပက္ခ တွေ တောက် လောင်ပြီး အပြန် ပြန် အလှန်လှန် သတ် ကြ ..ဖြတ် ကြ..မီးရှို ကြ ချိန် မှာ ဒီ ကရင်မလေး နဲ့ ဗမာ တော သားလေး တို့ ရဲ အဖြူ ရောင် သံ ယော ဇဉ် ဇတ် လမ်း ကလေး ကို စခဲ ကြ ရှာ တယ် ...


အဲ ဒီ အချိန် မှာ ဘဲ ...အဲ ဒီ ခေတ် က မြို့ မှာ လာပြီး တပ်ချ ထားတဲ့ UMP ဗိုလ် (စစ် ရဲ ဗိုလ်) တယောက် နဲ ကရင်မလေး တို့ကို တတွဲ တွဲ မြင်လာ တယ်....။သိပ် ရိုး သား တဲ ကရင် မလေး က ဒီ ..စစ် ရဲ ဗိုလ် ရဲ ကား ပေါ်ါပါ သွား တဲ့ မြင်ကွင်း ကြောင့် ကျောင်း သားတွေ ကြား ထဲ မှာ မကျေ မနပ် ..ပွစိ ပွစိ ဖြစ် လာ တယ်...။တောသားလေး ခမျာ လည်း အူ နု ကျွဲခတ် သလို ခံ စား မှာပေါ့။


တနေ့ မှာ တော့ လက် နက် ကိုင် စစ် ရဲ ဗိုလ် ရဲ အိမ် ကို လက် နက် မဲ့ ကျောင်း သားလေးတွေ တစု က ခဲ တွေ...လေး ခွ တွေ နဲ့ ချောင်း မြောင်း ပစ် ခတ် ကြ တော့ တယ်....( ရာလက် နက် စွဲ ကိုင် တိုက် ခိုက် ကြ လေ သတည်း ပေါ ) အဲ ဒီ ရောင်စုံ သူ ပုန် ခေတ် ကာ ဆို တာ က မြို့ လည် ခေါင်မှာ တောင် နေ့ မရွေး သေ နတ် သံ တဒိုင်း ဒိုင်း နဲ့ လူ အသက် တချောင်း ကို သတ် ချင် သလို သတ် နေ ကြ ချိန်...၊။က ကောင်း ထောက် မစွာ စစ်ရဲ ဗိုလ် က လက် နက် နဲ မဖြေ ရှင်းဘဲ ကျောင်း အုပ် ဆရာ ကြီး ကို လာတိုင် ယုံ နဲ ပြီး သွားတာ မို့...သူတို့ အသက် ရှင် နေ နိုင် ခဲ တာ ကို ဖေဖေ ပြောပြလို့...သိခဲ ရတယ်...


နောက် ဆုံး ကရင် မလေး တို့ မိသား စု လိုက် တခြားတမြို ကို ပြောင်းခါ နီ မှ တော သား လေး ကို နောက် ဆုံး နှုတ် ဆက် ရင်း ...သူမ စစ်ရဲ ဗိုလ် နဲ့  တတွဲ တွဲ ဖြစ် ခဲ ရတဲ့ အကြောင်း ကို မျက် ရည် တ၀ဲဝဲ နဲ့ ပြောပြ ခဲ့ တယ် တဲ့...။ ၀မ်းနည်းစရာ ကောင်း လှ တဲ့ ကရင် -ဗမာ လူ မျိုး ရေး ပဋိ ပက္ခ တွေ ကြား မှာ သူ့ အဖေ ထောင် မှူး ကြီး ကို ဗမာ စစ် တပ် တွေက အညှိုး ထား နေ တဲ့ သတင်း ကို ရ ထား တဲ့ ကရင်မလေး တို့ မိသားစု ခမျာ ...ချက် ချင်း ကြီး မပြောင်း ရွှေ နိုင် သေး ခင် မှာ မိသားစု ရပ်တည် ရေး အတွက်...ဒီ စစ်ရဲ ဗိုလ် နဲ့ အဆင် ပြေ အောင် နေခဲ ပုံ တွေ....။ ကရင် သူ ငယ် ချင်း မလေး ရဲ့  ဒု က္ခ တွေ ကို...အသက် တွေ ကြီး လာပြီး တိုင်းရေးပြည် ရာတွေ ကို နားလည် လာ ခဲ့ ချိန် ကြမှ..စာနာ မဆုံး ဖြစ် ခဲ ရတဲ့ တောသား လေး နဲ့ သူ့သူ ငယ်ချင်း ကရင် မလေး တို့ ဟာ ...အဲဒီ အချိန် ထဲ က ကွဲ ကွာသွား လိုက် ကြတာ....ဘာ သတင်း အစ အန မှ ကို မရ ခဲ ရှာဘူးတဲ...


ခု..ကရင်မကြီး အဖီး ရဲ နာရေး သတင်း လေး ကို ဖတ် လိုက် တော့ လည်း...အလွမ်း လှိုင်း တွေ ပြန် တော့ ပေ မပေါ့....


....ဘုန်း ကံ ရှိ လို့ အထူး ပင် လှ တယ်...မြ ကြာယံ လယ်....နှင်း ဆီ..ဒေါ ..ကြက် မောက် ..များရယ် ... စား ပေ တယ်...

...ထူး တဲ့ မိုး နတ် သူ ဇာ နွယ်...မြတ် တဲ့ မိုး နတ် သူ ဇာနွယ်...ကြွေ တော့ မယ် သဏ္ဍန် ပုံ နှယ်..

...ချစ် တဲ့ သူ ဆင် မြန်း ဖွယ်...အထူး ဘဲ ဆန်း လှ တယ်....မြ ကြာယံ လယ်....


တကယ် တော့ စာပေ ဂီ ရုပ် ရှင် ပန်းချီ စတဲ့ အနု ပညာမှော် အတတ် တွေ မှာ အလွမ်းဓါတ် တွေ စိမ့် ၀င် နေ သည် ပဲလေ...


သား အဖ နှစ် ယောက် စလုံး အကြိုက် ချင်း တူ တဲ့ သီ ချင်း ခွေ တွေ ကတော့... အမိ တက္ကသိုလ် အမှတ် တရ..မြကျွန်း ညိ ညို တက္ကသိုလ် တို့...မြ ရိပ် ၀န်း ကို လွမ်း ပါသည် တို့..တခါ တုံးက တက္က သိုလ် တို့ ချစ် ရက် ရှည် ရှည် အင်း ယား မြေ တို့ ပေါ့...။ဒီ သီချင်း ခွေ လေး တွေ ဖွင့် တိုင်း အလွမ်း ကံ့ ကော် ပန်း လေး တွေ က ဝေေ၀ ဆာဆာ ဖူး ပွင့် လာ လို့...


အလွမ်း ဆို တာ ကလည်း...လူ တယောက်ချင်း ကို လွမ်း ဆွတ် တာ ရှိ သလို...တခါတခါ မှာ တော့ ခေတ် တခေတ် ရဲ အခြေ အနေ တရပ် လုံး ကို လည်း လွမ်း ဆွတ် တတ် ပေ ရဲ ...။အမိ တက္က သိုလ် ရဲ့  အမှတ် တရသ ချင်း လေး တွေ နားထောင် လိုက် ရတိုင်း ဖေ ဖေက သူ့ ခေတ် သူ့ အရိပ် တွေ ဖြစ် တဲ့ ခန့် ညား ထည် ၀ါ တဲ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂ ကြီး ရယ်...။နာ ကျင် ကြေကွဲ စရာ ဆဲဗင်းဇူ လိုင် ရဲ့  သွေးစက် တွေ...။အချိန်မသင့် ဘဲ ကြွေ လွင့် သွား ရှာ တဲ့ ကျောင်းသားတပ်ဦး က ရဲ ဘော် သူငယ်ချင်းတွေ.တခု သော တက္က သိုလ် ငွေ ရတု သဘင် နဲ့ တယောက် သော တက္က သိုလ် က ငွေ လမင်း လေး တစင်း ရယ်...။စသဖြင့်...စသဖြင့်...လွမ်းဆွတ် နာကျင်နေ မိနေသလို..ကိုယ်က လည်း...ကိုယ့် ခေတ် ကိုယ့် အလွမ်းတွေ နဲ့ ပေါ့...


ခု ရက် ပိုင်း မှာ သီ ချင်း တပုဒ် ပန်းတ ဆုပ် သီ ချင်း လေး ကို နားထောင် မိ ရင်း လွမ်းမိတာက ရန်ကုန် တက္ကသိုလ် မတက်ခင်၂နှစ်က တက်ခဲ့ ရတဲ့ ဧရာဝတီ မြစ်ကမ်းဘေးက နယ် ကော လိပ် ကလေးတခု ကို ပါ...။ဒီသီချင်း လေးနဲ့ တိုက် ဆိုင် လွမ်း မိတဲ့ ဆွတ်ပျံ့ ဖွယ် ဇတ် လမ်းလေးတပုဒ် ကတော့...တဆောင် တည်း ညီ အမရင်းချာ လိုအတူတူနေ ခဲ့ ကြတဲ့ မမပြုံး နဲ့ သူ့ချစ်သူ အကိုကြီး တို့ ဇတ် လမ်းကလေးပါ ဘဲ..



လွန်ခဲ့ တဲ့ ရက် ပိုင်းကလေး မှာ ဘဲ ဒီနယ် ကော လိပ် ကလေး ရဲ အာစရိယ ပူဇော် ပွဲ တခုမှာ သူတို့ နဲ ပြန် ဆုံ တွေ့ ဖြစ် ခဲ ရတော့...အရင်ကလို အလှ မပျက် သေးတဲ့ မမပြုံး ကလည်း ကလေးနှစ် ယောက် မိခင်...။ သူ့ ချစ်သူ အကို ကြီးက လည်း...နဖူးအတော် ပြောင်နေတဲ့ ကလေးသုံးယောက် ဖခင်...အိမ်ထောင် ကိုယ်စီနဲ့.။ နဖူးစာမင်ရည် ကျဲ လို့ လွဲ ခဲ ရတဲ့ သူတို့ နှစ် ယောက် ပြန်ဆုံ တော့ ရီ ရီမောမော...အခင်အမင် မပျက်.... တယောက်မိသားစု သတင်း တယောက် မေး လို့...။အနှစ်(၂၀) ကျော် မတွေ့ ခဲ့  ကြသူ နှစ်ယောက် ရဲ မျက်ဝန်းတွေ ထဲ မှာ မျက် ရည် ကြည်လေးတွေ သီ ဝေ့ နေကြသလို လို...။ကြည် နူးစရာ မြင်ကွင်းလေးကို ကြည့် ရင်း သူတို့ တော့ မသိ...ကိုယ် တို့ တောင် အချောင် လွမ်း သလိုလို...


လွန် ခဲ့ တဲ့ နှစ် (၂၀) ကျော် က..အဆောင် ရှေ မှာ ညတိုင်းမှန် မှန် ဂစ်တာ လာလာ တီး တဲ့ ဒီအကိုကြီး ကသီ ချင်း တပုဒ် ပန်းတဆုပ် သီ ချင်းလေး နဲ့ အမြဲ ပွဲ သိမ်းတတ် ပြီး...သူချစ်တဲ့ မမပြုံး အတွက် ပန်းတွေ တဆုပ် တပွေ ကြီး ပေးခဲ့ တတ်မြဲ..။မမ ပြုံးကလည်း သူ့ အတွက် လဘက်သုတ် ဂျင်းသုတ် စတဲ့ စားစရာလေးတွေ ပို့ ပေးတိုင်း ကိုယ်တို့ က အချောင်ဝင် ဆွဲ ရင်း သူတို့ ရဲ အချစ် ဇတ်လမ်း ကလေး မှာ ဇတ် ပို့ ဇတ် ရံ ကလေးတွေ လုပ် ခဲ့ ကြတာ တွေ...


ဘယ် လို မှ ပေါင်းစပ် လို့ မရ တဲ့ ဘ၀တွေ မှန်းသိသိ နဲ့ အချစ်ကြီးချစ် ခဲ့ ကြ တဲ့ သူတို့ နှစ်ဦးရဲ ဇတ်သိမ်း ကလေး မှာ...အဆောင် ရှေ လမ်းမကြီး တခု လုံး...တရုပ် စကားပွင့် တွေ ဖွေးဖွေး

လှုပ် အောင် ဖြန့် ခင်းသွား တဲ့ အကို ကြီး ရဲ အလွမ်း တွေ...။အိပ် ယာ ပေါ် မှာ အသံ မထွက် ဘဲ ကြိတ် ရှိုက်ငင် နေရှာ တဲ့ မမပြုံ ရဲ အလွမ်း တွေ...။အင်း လေ....သီချင်းလေးထဲ ကလို...အသဲ နှလုံး မရှိ မှဘဲ လွမ်းခြင်း ကင်း တော့ ပေ မပေါ့...


..... သဲ နှလုံး မရှိ ရင် ....လွမ်း ခြင်း ကင်း လိမ့် မယ်...

.....စွဲ လန်း လွန်း ရင် ...ဒု က္ခ ရောက် လိမ့် မယ်....

...သီ ချင်း လေး တပုဒ် ရယ် ..ပန်းကလေး တဆုပ် နဲ့...

အသဲ နှလုံး ထုပ် လို့ လွှင့် ပစ် လိုက် မယ်.

...သီ ချင်း ကြိုက် တတ် ရင် ...နား ဆင် လိုက် ကြ

...ပန်းနှစ် သက် သူ ...ကောက် ယူ ပါစေ..

.... သဲ နှ လုံး အတွက် တော့...ဖက် မငို နဲ့ ပေါ့....


သူ ငယ် ချင်း တယောက်က ပြော လာတယ်.. ညည်းစာ တွေ ဖတ် တာ တခုခု လို နေသလို ဘဲ တဲ့... ညည်းက သံ မဏိ အသဲ နှလုံး ပိုင် ရှင် လားတဲ့...။ညည်း လွမ်း ကော လွမ်းတတ် ရဲ လား တဲ ....။ အင်း...ကိုယ် က လူသားတယောက် ဆိုတော့...သံ မဏိ အသဲ နှလုံးလဲ မရှိ ပါ..။ လူဆန် တဲ့ လူ မှန် ရင်...လွမ်း တတ် သည် ပေါ့...။သို ပေ မယ့်...လွမ်း နေယုံ နဲ မပြီးသော လောက ကြီး အလယ် မှာ လွမ်းစရာ ရှိ ရင် ရဲ ရဲ လွမ်း ပြီး...ကိုယ် ဆက် လျှောက် မယ့် လမ်း ကို လည်း ဆက် လျှောက် ဦး မည် သာ...။ကိုယ် တို့ ရဲ့  ယုံ ကြည် ချက် လမ်း.....။ဘ၀ လမ်း....။ကိုယ် တို့ နောင် လာနောက်သား တွေ အတွက် လမ်းဖောက် ရင်း ဆက် လျှောက် ရမယ့် လမ်း ဟာ ...ရှေ မှာ တမျှော် တခေါ် ကြီး ပါ...။ကြမ်း တမ်း ခက် ခဲ မှု တွေ ကလည်း ရော ပြွမ်း လို့....။အားမွေး ရင်း ဆက် လျှောက် ပါ ဦးမယ်....။ဒီတော့...အဆို တော် ခင် ၀မ်ဲး့ သီ ချင်း လေး ထဲ ကိုဘဲ ဆိုပြီး..လွမ်း လိုက် ပါဦးမယ်...


.... .လွမ်း တတ် ရင် လည်း...လမ်း မှာ ဘဲ လွမ်း တော့ မယ်...

.....လေ ထန် ရင် လည်း...လေ ဆန် ကို လျှောက် မယ်...

.....နေ ပူ မှာ ...ခြေ ပူ ခံ မယ်...

.....ငို ကြွေး ခြင်း ကို.... စွန့် လွှတ် ခဲ့ ပြီ...

.....အား လုံး အဆင် ပြေ သွား မှာ ပါ...

.....ကံ ကြံ ရင် ....ပြန် ဆုံ ကြ ဦး မယ်...

...ပျော် ရွှင် ပါ စေ လို့....ဆု တောင်း ပါ တယ်....