Saturday, October 30, 2010

ကြယ်တွေ..ဘယ်ရောက်သွားပြီလဲ


လကွယ်ညသန်းခေါင်ယံမှာ

တို့အလံပေါ်က

ကြယ်တွေ...ဘယ်ရောက်သွားပြီလဲ...။

ပြောသာပြောရ

ကြယ်တွေတကယ်စုံတဲ့ည

ရောက်မှမရောက်ရသေးဘဲ

ကြယ်တွေဘယ်ရောက်သွားပြီလဲ....။

ကြောင်ခံတွင်းပျက်နဲ့ ဇရက် တောင်ပံကျိုး

တို့အလံပေါ်က ကြယ်တွေဖြုတ်ခိုးပြီး

သူခိုးဈေးကွက်မှာ

ကြမ်းခင်းဈေးနဲ့ ဈေးတဲ့ သွားလေသလား

ကြယ်တွေ ဘယ်ရောက်သွားပြီလဲ....။

တလုံးတည်းငေါင်းစင်းစင်း

ညီညွတ်ခြင်း...

ညီညွတ်ခြင်းလို့...ဗန်းပြ

အတင်းစုချည်ထား ခံရတဲ့...ကြယ်ကြီးက

အဟုန်ပြင်းပြင်းနဲ့ ...ပေါက်ကွဲတော့မယ့်

ယမ်းအိုးကြီးတလုံးလို

ယမ်းငွေ့တွေ...တလှိုက်လှိုက်အူလို့

ကြယ်တွေ...ဘယ်ရောက်သွားပြီလဲ...။

ကြယ်တွေ တကယ်စုံမယ့်ည

ကြယ်တလုံးတိုင်းစီတောက်ပ

ဒုတိယပင်လုံညီလာခံ

အဲဒီအခါကျရင်...အောင်ပွဲခံမယ်...။

ခုတော့...

ကြယ်တွေ..ဘယ်ရောက်သွားပြီလဲ..။

ကြယ်တွေ..ဘယ်ရောက်သွားပြီ လဲ...။

ကြယ်တွေ...ဘယ်ရောက်သွားပြီလဲ...။

Tuesday, October 26, 2010

ရွှေတံခါးကြီး ဖွင့်ပါအုံး

လွန် ခဲ့ တဲ့ နှစ်အ နဲ ငယ် လောက်တုံး က မမ ကြီး က သူ့  ရုံးက နေ အင်တာ နက် ဂျီ တော့ ချက် တင် နဲ့ အဝေးရောက် ညီ မလေး နဲ့ စကား ပြောထား တာ တွေ ပရင့်  ထုပ် ယူ လာ တယ်..။ တ အိမ် သား လုံး အထူးအဆန်း တွေကို ဖြစ် လို့ ...။မမကြီး ရုံး ကလည်း ကွန် နက်ရှင် က ကောင်း မှ ကောင်းတဲ့...။ အဝေး ရောက် ညီ မလေး နဲ့ အတူတူ ထိုင် စ ကား ပြောနေ ရသလို ကို ဖြစ် နေ တယ် လို့ မမကြီး က
ဝမ်းသာ အားရ ပြောလို့ ...။ ဒါ တောင် ခု လိုweb ကင် မရာ တွေ ဘာတွေ မသုံး နိုင် သေး...။အ သက် (၈၀ ) ကျော် အဖွား ကတော့..

``ညည်း တို့  ခေတ် ကြီးကလဲ အေ...စုန်း ကဝေ တွေ ရဲ့  (၁၂ ) ကြိုး အတတ် တွေ ကျ နေတာ ဘဲ..ဟဲ့ ´´ တဲ့..။

နောက် တော့ နည်း ပညာ တွေ တိုးတက် လာ ..။ ဆက် သွယ် ရေး တွေ ပိုမို ကောင်း မွန် လာ...။ကမ္ဘာ ရွာ ကြီးဖြစ် လာ ပေါ့....။ အင် တာ နက် ဆိုင် ကလေး တွေ လဲ ရန် ကုန် လို မြို့ကြီး တွေ မှာ သာ မက နယ် မြို့  ကြီး တွေ မှာ ပါ ဖွင့်  လာ ကြ..။ ကိုယ် နဲ့ က တော့ အလှမ်း ကွာ နေတုံး...။အင် တာ နက် ဆိုင် တဆိုင် မှ မရှိသေး တဲ့ ဖုန် ထူထူ တော မြို့  ကလေး မှာ ကိုယ်ပိုင် ကွန် ပြူ တာ လေး နဲ့ ပရီပိတ်ဒ် ကဒ် ၀ယ် ပြီး အင် တာနက် သုံး နေသူတယောက်စ ၂ယောက်စ ရှိ နေ ပေ မယ့် ... အီ လက် ထရွန်း နစ် ပုဒ် မ ဆိုတာ ကြီး နဲ့ ထောင် တွေ နှစ် ရှည် ချ နေလေ တော့ အင် တာ နက် သုံး သူတွေ ခမျာ တိတ် တိတ် ဆိတ် ဆိတ် ...။ သို သို သိပ် သိပ် ...။

ပြီး ခဲ့  တဲ့ နှစ် က တော့.. ညီ အမ တသိုက် က တော သူ ကိုယ့် ကိုအင် တာ နက် ချိတ် နိုင် ဖို့ ၀ိုင်း ကြ ..၀န်း ကြ..။ ကိုယ် ကလဲ ကွန်ပြူတာ နဲ့ ပတ် သက် လို့ နကန်း တလုံး မှ မသိ ပေ မယ့် ...ဒီ လို ဘဲ.. ဟို လျှောက် ကလိ... ဒီ လျှောက် က လိ ...။ရန် ကုန် က အမ တွေ ဆီ ဖုန်း ဆက် လှမ်း မေး...။ ငယ်ငယ် က ကိုယ်စာသင် ခဲ့ တဲ့ တပည့်လေး တယောက် ကို ..ဆရာ ပြန် တင် ရင်း...အင် တာ နက် သုံး လို့ ရတဲ့ အနေ တော့ ရောက် လာ ရ ပေါ့...။ အင် တာ နက် စချိတ် လို့  ရတဲ့ နေ့ က... ဟိုး....အ ဝေး..ရေ ခြား မြေခြားက ညီ မလေး နဲ့  `` ကမ္ဘာ ပြား ဘီဟေ့ ´´လို့  ကြွေး ကြော် ရင်း ၀မ်း သာ မဆုံး....။

တနေ့  တနေ့ ကိုယ့် ကွန် ပြူ တာ လေး ကို လှမ်း မြင်တိုင်း...
`` ဒီ သေတ္တာ လေး ထဲ က နေ.. ကိုယ့် ညီ မလေး တွေ နဲ့ ကိုယ့် မိတ်ဆွေ တွေ ..ကို ယ့် အနား ကိုရောက် လာ သလိုလို ... ´´ လို့  တွေး ရင်း ကျေ နပ် အံ့ သြ လို့ မဆုံး...။
စူ ဠ လိပ် ရေ ထဲ လွှတ် သလို ဖြစ် နေတဲ့ ကိုယ့် ကို...ဟင်းခွက်ရေ လျော့ စား နေ ရလို့ မျက် စောင်း ခဲ ချင် နေသူကို လဲ...မငြူ စူ ရအောင် အတတ် နိုင် ဆုံး ကြိုး စား ရင်း ကိုယ်ပိုင် အချိန် လေး တချိန် နှစ် ချိန်... တော့ သတ် မှတ် ပြီး နေ့စဉ်အင် တာ နက်ကို ပုံ မှန် သုံး ဖြစ် နေ မိ ပေါ့ ..( အမျိုး သ မီး အခွင့် အရေး ကာကွယ် တာ တမျိုး ပေါ့ လေ..း)

ဒါ ပေ မယ့်....ခက် ..ခက် ..ခက် နေသည်က...ကိုးနတ် ရှင် လို့  ခေါ် တဲ့ကွန် နက်ရှင်....။ အော် ..ကံ ဆိုး လို့ ဗမာပြည် ကြီး ထဲ မှာမှ အင် တာနက် သုံး စွဲ မိပါ ပေါ့ လို့  ငို ချင်းရှည် ကြီး ဘဲ..ချ ရ တော့မ လို...။ တပ တ် မှာ ကွန် နက်ရှင် ကောင်း သည့် ရက် က နှစ် ရက် သုံး ရက် ..။ ဒီ လို အခြေ အနေ တွေ ကြား ထဲ ကအင် တာနက် ကောင်းကင်ပြင် ကျယ် ကြီးထဲ ကို ကုပ် ကပ် တွယ် တက် ရ တဲ့ ဒုက္ခ က ...မသေး လှ..။ ခု ဆို .....မျက် မှန် ဒီ ဂရီ တွေ လဲ တိုး လာ ..... မှု န်ရီေ၀၀ိုးတ၀ါး....ဘု ရား ..ဘု ရား...။ အဖွား ကြီး နဲ့ ပို တူ လာလေမလား....။ အိုး...ဘာ ဘဲ ဖြစ် ဖြစ် ...လွယ် လွယ် နဲ့ အရှုံး ပေး ရ ရိုးလား..နော..။
`` မြန် မာ့  အင် တာ နက်..ကမ္ဘာ မှာ အခက် ဆုံး ဖြစ် ရမည် ´´ .. ဆို တဲ့ဆောင် ပုဒ် ကို ကျင့် သုံး နေသော မြန်မာအင် တာနက် စီး ကြောင်း ကြီးထဲ ကို မရ အရ တိုး ၀င် မြဲ...။ (ခုတလော..ဆို ရွေး ကောက် ပွဲ မတိုင် ခင် ကာလ မို့ တဲ့ကွန် နက်ရှင် တွေ ဆိုးဆိုး ရွား ရွား ...နှေး ကွေး ယုံ မက...ရပ် တန့်နေ လို့ ...အင်တာ နက် ကမ္ဘာ ထဲ ၀င် ရောက် မလည်ပတ် နိုင် တဲ့ အချိန် တွေ ပို ပို များ လာ..း(.။ဒီ ပို့စ် လေးကို တင်နိုင် ဖို့ ဘယ် နှစ် ရက် စောင့် ရ ဦး မလဲ မသိ...။) ဒီ လို ဘဲ ..စိတ် ရှည် လက်ရှည် နဲ့ ....သူ လာလာ...လာ...မ..လာ....လာ...ကိုယ် ကချိတ် ရ မှာ ပါ ဘဲ လေ။

အမြဲ တမ်း ကွန် ပြူ တာ စ ဖွင့်  ပြီး နာရီ ၀က် လောက် ကြာမှ ကိုးနတ် ရှင် နတ် မင်း ကြီး က ကိုယ် ထင် မပြချင် ..ပြချင်..ပြလေတယ်...။ပက်ကျိ တို့..လိပ် တို့ က အဘ ခေါ် ရ လောက် တဲ့ ကွန် နက် ရှင် က လေး စချိတ် မိ တော့ လည်း...မော်ဇီလာ မီးမြေ ခွေး က နေ ဂူး ဂဲ ကမ္ဘာ ထဲ ၀င်ဖို့ နာရီ ၀က် လောက် ..ကို try again ပေါင်း ၅ ခါ လောက်အ နဲ ဆုံးကလစ် ပြီး မှ ဂူး ဂဲ ရှာ ဖွေ ရေး စခန်း ကို ရောက်...။ဒါ တောင်..ကိုယ် ရှာ ဖွေ ကြည့် ရှု ချင် တဲ့ အရာ တွေ ကို တွေ့ ဖို့ မြင် ဖို့..ကျော် ရ ..ခွ ရ... စိတ် ရှည် ရ.. ကလဖန် ထိုး.ရ...ရ....ရ.။ အိုး ....မောပါ ဘိ.ကွယ်။ ကိုယ့် ဘလော့ လေးတောင်တခါ တလေ ၀င်ကြည့် လို့ မရ တတ်...။မအူ မလည် နဲ့  ဟို ဒီ ငေးမော နေတုံး....ကိုး နတ် ရှင် ကြီး.က ..ရိုက်ပုတ် ချလား...ချ ရဲ့ ...။
ဖေ့စ်ဘွတ် တို့ တွစ် တာ တို့  ဝေး လို့  ဂျီ တော့ ကလေး သုံး နေ တာတောင် သုံး နေရင်း တပြုတ် တည်း ပြုတ်ကျနေ တော့...ဒဏ်ကြေ လိမ်း ဆေး တွေ ဆေး တိုက် တတိုက် စာ လောက် ...၀ယ်ထားရ မလို...။ ( ဝေနှင်း ကို အားကျလို့ကိုယ် တို့ လဲ....မိုးကောင်းကင် အင်တာနက် က ခုန် ခုန် ချ နေ ရ တာ ပေါ့ကွယ်..း)
အခု ..တို့ အန် တီ စု တောင် အခုန်အပျံ ကျင့်  ရတဲ့..မြန်မာ့.အင်တာနက် သုံးစွဲသူများ စာရင်း ၀င် တော့မလို့ တဲ့...။ ကိုယ် တို့ တွေ တအား တက်တာပေါ့ နော်း) ဂျီ တော့ ချက် တင်ပွင့် တာ နဲ့ ဘီ ဇီးနေ လား...နီ နေလား ...စိမ်း နေလား..၀ါ နေလား ..ယဉ်ကျေး မနေအား...တွေ့  တုံး ကမန်းကတန်း နှုတ်ဆက်နေတုံး...ဗြုန်းကနဲ နတ်သက်ကြွေ သလို...ကြွေ ကျ ..။ တာ့ တာ ..တောင် မပြ လိုက်ရ..။
ခု တလော...ကိုယ်တို့ လို prepaid ကတ် တွေ နဲ့ အင် တာနက်သုံးသူတွေ အတွက် ၀မ်းသာရ မှာ လား
ဝမ်း နည်း ရ မှာ လား ..မသိ.။ ကဒ် ဈေး တွေခေါက် ချိုး လောက် ထိုး ကျသွား လို့ ၀မ်း သာနေတုံး ...ကဒ် ဈေး တွေကျပြီးကတည်း က သိသိ သာ သာ ပို မို ဆိုးရွား လာတဲ့ ကွန် နက် ရှင် တွေကြောင့် ၀မ်း နဲ ရတာ က ပို လေ ပြီ..။ အချိန်မရှိ တဲ့ ကြားက ကြိုးစား သုံးစွဲ နေရ သူတွေ အဖို့ အရေ မရ အဖတ် မရ အလ ဟသဖြစ်နေရ သော အချိန် တွေ များ ..များ လာ...။ ခဲခဲ ယဉ်း ယဉ်း ရှာ ဖွေပြီး စစ်စစ် စီစီ သုံး စွဲ နေရ သော ငွေကြေး တွေ လဲ ပရီ ပိတ် ကဒ်ထုတ်လုပ် ရောင်းချ ခွင့် ရသူ တွေ ရဲ့  ၀င်ငွေ တွေ ထဲ ကို ...ဒ လဟောစီး ၀င် ကုန်...။

သူတို့ ပြောတဲ့ ဖိုင်ဘာ အော့ပ် တစ် ဆက် သွယ်ရေး လိုင်း တွေ ရဲ့  စရိတ် စက ကတော့ ကိုယ် တို့ လို လူ တွေ အတွက် အလှမ်း ဝေး လွန်းနေတယ်..။ သာမန် အများ ပြည် သူ တွေ နဲ့  အင် တာနက် ကို ဘ၀ ခြင်း ခြားစေချင်နေ လေ သလား..။ ကိုယ် တို့ ခေါင်း ဆောင် ဒေါ် အောင် ဆန်း စု ကြည် က လည်း သူမ လွတ် မြောက် လာလျင် အင် တာနက် သုံး စွဲ ချင် ပါ သတဲ့..။ အန် တီ စု ကတော့ အပိတ် အဆို့ များတဲ့ တံခါး ကြီး ကို ခပ် ပြင်းပြင်း ခေါက်လိုက် ပြီ....။ မြန် မာ့  အင် တာ နက် ဆက် သွယ် ရေး ... ခရု ..ပက်ကျိ..လိပ်..(ဒီထက် နှေး တာ ...ဘာကောင် ရှိ သေး လဲဟင်) နှေး သလို နှေး နေရာက ဘယ် လို ပို မို ဆိုးရွား လာ လေဦး မလဲ ...ရင်မော ပါဘိ ..။ ကမ္ဘာ တ၀ှမ်း က လူ တွေ လို လူ တန်းစေ့ အင် တာ နက် သုံးစွဲ နိုင်ခွင့် အမြန် ဆုံး ရနိုင် မယ့်  အချိန် ကို ကိုယ် တွေ အမြန်ရောက်ချင် လှ ပါ ပြီ...။ ပြော ရင်း ဆိုရင်း.... ငယ် ငယ် တုံး က ကစားနည်း တခု ကို သွား သတိ ရ တယ်...။
`` ရွှေ တံ ခါးကြီး ဖွင့်  ပါ ဦး´´ ဆိုတဲ့ ကစားနည်း လေး လေ...။ ရွှေ တံ ခါးပိတ်လက်ချင်း ချိတ် ထားတဲ့ ကလေး ၂ယောက်ကို ကလေး အ များ စုက ရွှေ တံ ခါး ကြီး ဖွင့်  ပါ ဦး....လို့ ပြောပြီးတံ ခါး ဖွင့် ၀င်ခွင့် တောင်းတမ်း ဆော့ ကြတာလေ...။မှ တ် မိ ကြသေး လား...။

ကလေး များ ။ ။ `` ရွှေ တံ ခါး ကြီး ....ဖွင့် ပါ ဦး ´´
တံ ခါး ပိုင် ရှင်။ ။ `` မဖွင့်  နိုင် ဘူး....´´
ကလေး များ။ ။ ``ရွှေ သေတ္တာ လေး ....ပေး ပါ့ မယ် ´´
တံ ခါး ပိုင် ရှင်။ ။ `` မလို ချင် ဘူ.း ...´´
မိုး ပေါ် က နတ် သမီး လေး ပေး ပါ မယ်ဆို လဲ မဖွင့်  ...။မိုး ပေါ် က နတ် သား လေး ပေးပါ့ မယ် ဆို လဲ မဖွင့်..။ ဘာ ပေး ပေး မဖွင့် တဲ့ ရွှေ တံ ခါး ပိုင် ရှင် ကို နောက် ဆုံး တော့ ကလေး အများ စု က ညာ သံ ပေး အတင်း တိုး ပြီး ဖွင့်  ၀င် ရတဲ့...ကစားနည်း လေးလေ ...။ကံ ဆိုး တဲ့ ကလေး ၁ယောက် ၂ ယောက် တော့ အဖမ်းခံ ရ တတ် တယ်..း(
ခု လဲ ...အင် တာ နက် ရွှေ တံ ခါး ကြီး ပွင့်  ဖို့ ကိုယ် တို့ အား လုံး ညာ သံ ပေး ပြီး အတင်း တိုးဖွင့် ဖို့ နည်း မျိုး စုံ ကြိုးစား ရ ဦး မယ်.....။ ( ကံ ဆိုး သူမောင် ရှင် ... အီ လက် ထရွန်း နစ် ပုဒ် မ နဲ့  အဖမ်း ခံ ရ မဲ့  ဘေး ကလဲ အ မြန် ဆုံး ကင်း ဝေး ပါ စေ ကြောင်း ဆု တောင်း လျှက်။ )

Thursday, October 14, 2010

အို - ချီလီ


အို...ချီ လီ

သင့် ..တိုင်း ပြည် အလံ တွေကို.. လေ ထဲမှာ ဝှေ့ ယမ်းလို့

သင့် ...အမျိုး သားတေးတွေ ကို သံပြိုင် ဟစ်ကြွေးလို့ 
သင့်..မိုင်းလုပ်သား (၃၃) ယောက် ကို
လူသား အဆန်ဆုံး...သိက္ခာ အရှိ ဆုံး

ကယ်တင် နိုင် ခဲ့ ကြ ။

လူ့  အသက် တချောင်းတိုင်း ကို

တန် ဖိုးထား ကြ..။

ကြီး မြတ်ကြ...

ဂုဏ် ယူ ကြ...။



ငါ တို့ မှာတော့

မျက်ရည်တွေ..တွေ တွေစီးကျ

လက်သီးတွေ..ကျစ်ကျစ် ဆုပ်

အံ ကြိတ်...

တောက် ခေါက်...

စုတ် သပ်..

ရင်သပ် ရှု မော..

အံ့  သြကြ...။



ပြည် တွင်းစစ် မှာ

နာဂစ် မှာ

သဘာဝ ဘေး အသွယ်သွယ် မှာ

ယုံကြည်ချက် အတွက်...အကျဉ်းထောင်တွေ ထဲမှာ

ဆင်းရဲ တော နက် နက် ကြီးထဲ မှာ

လူ့  အသက် တွေဟာ

အချိန် မကျ ဘဲ..ကြွေ ရ တဲ့ သစ်ရွက် တွေ လို

တဖြုတ် ဖြုတ် ..ကြွေ ခဲ့ ကြ ရ။

လေ ထဲ မှာ..ဖုန် မှုန့် ကလေးတွေ

လွင့်ပါး သလို..

မထင် မရှား..လွင့် ပါး ခဲ့ ကြ ရ..။





အို..ချီ လီ

သင် ဟာ...အာဏာရှင် စနစ် ကို

မိုင်းတွင်းအပျက်..မြေကြီး နက် နက် ထဲ မှာ

ထာဝရ..မြှုပ် နှံထားနိုင် ခဲ့ပြီ..။



ငါတို့ တွေမှာသာ..

အာဏာရှင် တွင်းပျက်..

ဇောက် ..နက်နက်ကြီးထဲ က

ရုန်းထွက် ဖို့....

ကုပ်ကပ် တွယ် တက် နေသေး ရ ...။ ။

Thursday, October 7, 2010

ဆူးပင်းထက်ခြင်း

ဒီ အကြောင်း တွေကို ပြန် မရေး ချင်ပါ...။ပြန် မရေး ချင် တဲ့ အကြောင်း က....ကြောက်သွား လို့ လား..။မဟုတ် ဖူး လို့ ....ကိုယ့် ဖာ သာ သေ ချာ နေပါ တယ်..။ င ရဲ ခန်း တစိတ် တဒေသ ကို ခဏ တာ ထိ တွေ့ မြည်းစမ်း လိုက် ရတော့ နဲနဲ ယဉ်ပါးသွားသလို လို..။ထားပါ တော့ ...။လူ့  ငရဲ လို့ တင်စားကြ တဲ့ အကျဉ်း ထောင် ထဲ ကို အမှတ် မထင် ရောက် ခဲ့ ရတဲ့ ကိုယ့် အတွေ့ အကြုံ တွေ က တကယ်တော့ တစက် တပေါက် မျှ..မြည်းစမ်း လိုက် ရ တာ ပါ...။။ ကိုယ့် ထက် ဆိုးဆိုး ၀ါးဝါး ရင်ဆိုင် ကြုံ တွေ့ ခဲ့ ရသူ များ ရဲ့  ခါးသီးတဲ့ ဘ၀ ဒဏ် ရာ ဒဏ်ချက် တွေ နဲ့ ယှဉ် လိုက် တော့ ...မြင့် မိုရ် တောင် နဲ့ ဇီးစေ လောက် ကွာခြား နေ တာမို့ ...။အား နာ လို့ မရေးချင် တာ ပါ...။

ဒါ ပေ မယ့် ကိုယ့် ရင် ထဲ မှာ ဆူး တချောင်း လို ဆူး ၀င် နေတဲ့ ဖြစ် ရပ် တခု ကတော့ ... အကြောင်း သင့် တိုင်း မြိုး မြိုးမြက် မြက် ဆူးပင်း ထက် နေဆဲ....။


++++ ++++ +++++



လူ့ ငရဲ အကျဉ်းထောင် ထဲ ကို နိုင် ငံ ရေး အကျဉ်းသူ တယောက် အနေ နဲ့  စ ရောက် ခဲ့  ရတဲ့ ည မှာ ပါ...။ နယ် အကျဉ်း ထောင် လေးတခု ရဲ့  အမျိုး သ မီး အဆောင် ထဲ မှာ ရာဇ၀တ် ပြစ် မှု မျိုး စုံ နဲ့ ထောင်ကျ နေတဲ့ အကျဉ်းကျ အမျိုး သမီး တသိုက် နဲ့  ကြမ်း တပြေး ထဲ အိပ် မပျော်ဘဲ လဲလျောင်း ရင်း...ဘာ ဆက်ဖြစ် မယ် မသိ သေးတဲ့ ကိုယ့် အနာ ဂတ် ကို တွေး နေမိ တုံး... အပြင် ဖက် ကအော် သံ တခု ခု ကို ဘာသံ မှန်း မယဉ်ပါးဘဲ ကြားလိုက် အပြီး.. တာ ၀န် ကျ အမျိုး သမီး ၀န်ထမ့်း က... `အဘ..လာ တယ်..။အား လုံး ကိုယ့် နေ ရာ မှာ ကိုယ်..ပုံ စံ ထိုင်´´ လို့ ပြော လိုက်တော့.. တခြား အမျိုးသမီး တွေ လိုဘဲ လက် ပိုက်ပြီး
ကိုယ့် နေ ရာ မှာ ကိုယ် ထ ထိုင် နေလိုက် ရတယ်..။

သူတို့ အဘ လို့ ခေါ် တဲ့ လူ က ကိုယ့် ရှေ့ မှာ ရှိတဲ့ သစ်သားပြား တိုင် ကြီးတွေ ရဲ့  တဖက်က နေ .``..ဒီ နေ့ ည နေရောက် တဲ့ အ ချုပ် ကျ ဒေါ်.....ဆိုတာ..ဘယ်မှာ လဲ ´´ လို့ မေးရင်း...။တဆက် တည်း ဘဲ...
``အပြင် မှာ ကျန် ခဲ့ တဲ့ သား လေး မျက် နှာ ကို လဲ ထောက်ထား ကြ ပါ ဦး ´´ တဲ့ ။ မ ဆီ မဆိုင် လက်ပံ သား ဓါး နဲ့ ချိုင် လို့ ...။

``ကျ မတို့ ကို ဘာပြစ် မှု နဲ့ ဒီ အထဲ ထဲ့ ထား ရသလဲ ´´ လို့ ကိုယ်က ပြန် မေး လိုက် တော့ ...``.၅၀၅(ခ) နိုင် ငံ တော် အ စိုး ရ ကို အကြည် ညို ပျက် အောင် အများ ပြည် သူ ကို လှုံ့  ဆော် မှု ´´ လို့ ပြန် ဖြေ တယ်....။

တ ဆက် တည်း ဆို သလို...
``ခင်ဗျား လဲ နားလည် ပါ တယ် နော်...။ ကျုပ် တို့ က တက် လာ တဲ့ အစိုး ရ ကိုယ့် အစိုး ရ ဘဲ...။ဝန် ထမ်း ဆို တာ..ခိုင်း တာ လုပ် ရတယ် ...´´

စိတ် ပျက် စရာ အသံ ကြီး က နားထဲ ကို ကိုး လိုး ကန့် လန့်  ၀င် လာ သလို..။အဆီ ပြန် ..နီ စပ် စပ် ...ပြီ တီ တီ...မျက် နှာ ကြီး ကိုလဲ မျက် စိ စပါး မွေး စူး လိုက် တာ...။

``ဒီ လို စိတ် ဓါတ် တွေ ရှိ နေလို့ ...ဒီ တိုင်း ပြည် ဒီ လို ဖြစ် နေတာ ...´´လို့ ပက် ကနဲ ပြန် ပြော တတ် တဲ့ ပါးစပ် က ချက် ခြင်း ဘဲ တုန့်  ပြန် လိုက် မိတယ်...။ တကယ် တော့ ကိုယ် က သူ တို့ လက်ခုပ် ထဲ က ရေ ဘ၀ ကို ရောက် နေတာ ပါ....။ ဒါ ပေမယ့် ...ကိုယ့် စိတ် က တော့ ...သူတို့ လက်ခုပ် ထဲ က မှန် ကွဲစ တခု လို ချွန် ချွန်ထက် ထက် ထိုး ထိုး ထောင် ထောင် နဲ့  တန် ပြန် စူးရှ နေချင် ပါ တယ်...။

နီ လက် စ အဆီ ပြန် မျက် နှာ ကြီး ဟာ...ပို နီ ရဲ သွား ပြီး....ကိုယ့် ကို ၀ါး စားတော့ မလို စိုက် ကြည့် နေလိုက် တာ...ကြား ထဲ က သစ် သား တိုင် ပြား ကြီး တွေ သာ ခံ မနေ ရင်...ဘာ များ လုပ် မလဲ မသိ...။ကိုယ် လဲ ..မထူး ဘူး ဆို တဲ့ စိတ် နဲ့ သူ့  အကြည့် ကို မလွှဲ ဖယ် ဘဲ...အကြည့် ခြင်း ပြိုင် လိုက် မိ တယ်...။ မိနစ် ပိုင်း အတွင်း ဘဲ
သူ ကဘဲ မျက် နှာ စ လွှဲ ပြီး...အယု တ္တ အနတ္တ ကမ်းကုန် အောင် ဆဲ ပါ တော့ တယ်..။ ဆဲ ဆို ရင်း...သူ့ နံ ဘေးမှာ ရပ် နေတဲ့ ၀န် ထမ်း အမျိုး သမီး ငယ် လေး ကို အပြစ် ရှာ ဆူ ပါတော့တယ်...။ အ မျိုးသ မီးငယ် လေး က ည အိပ် ယ.ာ ၀င် ၀တ်စုံ ဘောင်းဘီ ရှည် ၀တ် ထား လို့ တဲ့..တာ ၀န် ချိန် ကို .ယူ နီ ဖောင်း မ၀တ် လို့ တဲ့...။သူ များ တ ကာ အိပ် ယာ ထဲ ရောက် မှ...စိတ် ဓါတ် ညှင်းဆဲ ပြီး လာ စစ် ဆေး တဲ့ တာဝန် ရှိသူကြီး က သူကိုယ် တိုင် တော့ ယူ နီ ဖောင်း မ၀တ် ဘဲ...ငဖယ် က ပြောင်း ပြန် လုပ် နေတာ...စိတ် ပျက် စ ရာ..။ကိုယ့် အပေါ် ကို ထွက် လာတဲ့ ဒေါ သ တွေ ကို ၀န်ထမ်း အမျိုးသ မီး ငယ် လေး အပေါ် ပုံချ ပေါက် ကွဲ နေရင်း ကနေ...ရုတ် တရက်..သူ့ မျက် လုံး ကြီး တွေ အရောင် တောက်သွား ပါ တယ်....။

သူ သွား တွေ့  တာ က ၀န်ထမ်း အမျိုး သမီး တွေ ထမင်း စားတဲ့ စားပွဲ ၀ိုင်းလေး ပေါ် က သခွား သီး နု နု ကလေး တွေ ပါ ဘဲ...။တ ခါ တည်း သခွား သီး နု နု ကလေး တွေ ကို ကောက် ကိုင် ပြီး...
``ဒါ...ဘာ တွေ လဲ...ဒီ အဆောင် ထဲ ကို ဒါ မျိုး တွေ ဒီ အတိုင်း မသွင်း ရ ဘူး ဆို တာ နားမ လည် ဘူး လား...´´ အသံ ကုန် အော် ဟစ် ကြိ မ်း မောင်း နေ ပေ မယ့်  ....သူ့  မျက် နှာ ကြီး က တစုံ တခု ကို အရ သာ တွေ့  နေ သလို...။ ဖြီး စပ် စပ်...မုန်းတီး ရွံ ရှာ စရာ။


ကိုယ် ချက်ခြင်း ..နား မလည် ..။ဝန် ထမ်း အမျိုးသ မီး ငယ် လေး မျက် နှာ နား ကို သခွား သီးလေး ကို ကပ် ခါ ကပ်ခါ အော်ဟစ် ရင်း
``ဒီ အဆောင်တွေ ထဲ ကို ဒါ မျိုး တွေ သွင်း ရင် ဒီ လို ချိုး ရတယ်...ဒီ လို ချိုး ပြီး မှ သွင်း ရတယ် ´´ လို့ ပြော လဲ ပြော..။သ ခွား သီး လေး ကို လဲ အလယ် က ပိုင်း ပိုင်း ချိုး ရင်း ပစ် ပေါက် လိုက် ရာ...၀န် ထမ်း အမျိုးသမီး ရဲ့  သုံး နှစ် အရွယ် သား လေး ခ မျာ ကြောက် လန့် ပြီး တ ၀ါး ၀ါး ထ ငို ပါလေ ရော...။

သူ ကတော့ ဘီ လူး သရဲ စီး နေတဲ့ မျက် နှာ ကြီး နဲ့ .....``ဘာ...ဘွဲ့  ရ ပညာ တတ် လဲ...။ဒီ အထဲ ရောက် လာ တာ...မိန်း မပေါ့ မိန်း မရွှင်..တွေ..။ အကျဉ်း ကျ ဖြစ် ဖြစ် ..အချုပ် သား ဖြစ်ဖြစ် ဒီ အထဲ ရောက် ရင်...ငါ့ အမိန့်  ကို နာ ခံ ရ မယ်...ဒါ ဘဲ´´

သူ့ နောက် က ပါ လာ တဲ့ ၀န်ထမ်း အမျိုးသားတွေ ဘက် ကို လှည့် ပြီး
``ဟေ့ ..ကောင် တွေ....မင်းတို့ ကော သိလား။ဟို...ဖြူ ဖြူ ရှည် ရှည် အသီးကလေးတွေ လေ...´´

``မုန် လာဥ လား..အဘ ´´

``အေး...နောက် ..ခရမ်း သီး...ဟား ...ဟား...ဟား...ဟား´´

``ဟား ...ဟား...ဟား...ဟား..´´

``အဲဒါ တွေ ကို မိန်းမထောင် ထဲ ကို သွင်းရင်..ဒီ လို ချိုး ပြီး မှ သွင်း ရတယ် ကွ..မှတ်ထား..ဟား..ဟား...´´

ဒင်း ကြီး စကားတွေ ..ဘာတွေ ဆက် ပြောတယ် ..မကြားတော့..။ကိုယ့် အသားတွေ တဆတ် ဆတ် တုန်လာ..။ သွေး တွေ ဆူ ပွက် လာ /ဒင်း တို့ အဖွဲ့ က တဟား ဟား ရီ ရင်း ထွက် သွား ပြီ...။သူတို့ နောက်
ခိုင်း ရင် ဘဲ ...ကလေး အမေ ၀န် ထမ်း အမျိုးသ မီးလေး ရဲ့  တန် ပြန် က လော် ဆဲ သံ က ပြစ် ပြစ် နှစ် နှစ်...။ ပြည့် တန် ဆာ မှု နဲ့  ထောင်ကျ အမျိုး သ မီး တသိုက် က...တခစ်..ခစ်..။


အိုး...ပ တိ ရူ ပ ဒေ သ ၀ါ သော စ(သင့် တင့် လျောက်ပတ် သော အရပ် ဒေ သ တွင် နေထိုင် ရခြင်း) ၊သု ဘာ သိ တာစ ယာ ၀ါ စ (ကောင်း သော စကား ကို ကြား ရခြင်း ) တည်း ဟူ သော ..မင်္ဂ လာ တ ရား တော် များ နှင့်  တစိုး တစိ မှ မကိုက် ညီ သော အရပ် ပါ လား....။


နောက် တနေ့ ည နေ မှာ... ကိုယ် မှာ ထား တဲ့ သွား တိုက် ဆေး နဲ့  သွား ပွတ် တံ ဆို ပြီး လာ ပေး တယ်..။တကယ် တော့ အိမ် က ထွက် လာ ကတည်း က အဆင်သင့် ယူ လာ ခဲ့ တဲ့ ပစ္စည်း တွေ ပါ...။ဒါ ပေ မယ့်..ဒီ အထဲ ကို ရောက် တော့ ကိုယ့်  ပစ္စည်း တွေ ထဲ မှာ ဒီ ပစ္စည်း တွေ ပါ မလာ တော့...။ ဒါ နဲ့  ..အိမ် ကို လှမ်း မှာ ပေးဖို့ ပြောရတယ်..။ ခု ..ရောက် လာတဲ့ သွားပွတ် တံ က ကိုယ် အိမ် ကထွက် ကတဲ က ယူ လာ တဲ့ သွား ပွတ် တံ...သေ ချာ တယ်..။ဒါ ပေမယ့်..ခု တော့ အလယ်ခေါင်က နေ လက် ကိုင် ကို ချိုး ထား ပါလား။


ကိုယ့် စိတ် ထဲ မှာ စနောင့် စနင်းဖြစ် တာ နဲ့ ``ဒါ ..ဘာ လို့ ချိုး ထား တာ လဲ ´` လို့ မေး တော့ ...``ဒီ ပစ္စည်း မျိုး တွေ ဒီ အမျိုးသ မီး ထောင် ထဲ သွင်း ရင် ..ဒီ လို ဘဲ ချိုး ရ တယ် တဲ့ ´´။

သူ များ တွေ သွားတိုက် တံ တွေ ကြည့် လိုက် တော့ ဘယ်သူ့ ဟာ မှ ချိုး ထား ခံ ရ တာ မတွေ့.....

``တောက်..´´ ခေါက် ရုံ မှ အပ ကိုယ် ဘာ မှ မတတ် နိုင် ခဲ့...။ပူ ပူ ထူ ထူ နဲ့သွား တိုက် ဆေးဘူး ကို သေ ချာ တောင် မကြည့် မိ တော့..။ အဲ ဒီ ည ..သွား တိုက် ပြီး အိပ် တော့...တည လုံး ဗိုက် ထဲ က ရစ် ရစ် နာ နေတယ်...။နောက် နေ့ မနက် သွား တိုက် ကာ နီးကြည့် တော့ မှ သွား တိုက် ဆေး ဘူး က သွား တိုက် ဆေး မဟုတ် ဘဲ...ခြင် မကိုက် အောင် လိမ်း တဲ့ ဆေး ဘူး ကြီး ပါလား...။ကံ သီ လို့ ဗိုက် နာ ရုံ နဲ့ ပြီး သွား လို့...။

ဒီ လို နဲ့ ကံ ကောင်း တယ် ဘဲ ပြောရမလား..။ဘာ ကြောင့် မှန်း ကို ခုထိ သေချာရေရေ ရာ ရာ မသိ ရသေး ဘဲ...ကိုယ့်  ရပ် တည် ချက် ကို ..သစ္စာ မဖောက် ရ ပါဘဲ..ရန်သူ ကို ဦးမညွှတ် ရပါဘဲ...ရက်အနည်းငယ် မျှ ဖြင့်
ကိုယ် ပြန်လည် လွတ် မြောက် လာခဲ့  ရတယ်...။ခု တော့...တခါ မှ လူချင်း မမြင် မတွေ့ ဖူးပေမယ့် ကိုယ့် ရဲဖော် ရဲဖက် လို့ ပြောနိုင် တဲ့ တနယ် တကျေး က ညီ မလေး နှစ် ယောက် နိုင်ငံ ရေး အကျဉ်းသူ တွေ အနေ နဲ့ ဒီ ငရဲ ခန်း ထဲ ရောက် နေပြန် ပါပြီ...။

ကိုယ် ချင်း စာ စိတ် များစွာ နဲ့ ကိုယ် တတ် နိုင် သလောက် နှုတ်ဖြင့်ကူ ညီ ဆောင် မခြင်း ..လက်ဖြင့် ကူ ညီ ဆောင် မခြင်းများ ကို ပြု ရင်း...တနေ့  သော်...ညီ မငယ်တယောက် အစာ ငတ် ခံ ဆန္ဒ ပြ နေသတဲ့...။ကိုယ်..စိုး ရိမ် သွား မိ ပြီ..။ ဘာ ဖြစ်လို့ ပါ လိမ့် ..။ မေး ရင်း...စမ်း ရင်း သိ လာ ရတာ က... နယ် ထောင် တွေ ရဲ့  ထုံး စံ အတိုင်း အမျိုးသမီး ဆောင် တွေ မှာက...အမျိုးသ မီး အကျဉ်း ကျ ပေါင်းစုံ နဲ့ ကြမ်းတ ပြေး တည်း နေ ရ အိပ် ရ....ဘာမှ သီးသန့် နေ လို့ မရတော့ ...။ အဲ ဒီ ဒုက္ခ က လဲ ရေ ရှည် နေ လာ ရင် အတော် ခံ စား ရတယ်...မို့ လား။ သူမ တခြား ထောင် တခုကို ပြောင်းချင် သတဲ့...။ င ရဲ ကျခံ ရတာချင်းအတူတူ....ကိုယ့် ရဲဖော် ရဲဖက် ရင်ဘတ် တူ သူ တွေ နဲ့ သာ အတူ နေ ချင် ပါသတဲ့..။ ပြောင်း မပေး မချင်း အစာမစား တော့ ဘူးတဲ့...။ကိုယ် ချင်းစာ ပါတယ် ..ညီ မလေး ရယ်...။ မချစ် မနှစ် သက် သူ စရိုက် သဘာ ၀ မတူ သူ များ နဲ့၁၀ နှစ် ၁၀ မိုး နေ ဖို့  မဆို ထားနဲ့ တစက္ကန့်  လောက် နေ ရသည် ပင် ....အသက် တို ချင် စရာ...။

ကိုယ် ...ဘာ လုပ် ပေး နိုင် မလဲ...။ မေး....မေး...မေး...။ပြော.စ ရာ ရှိသူတွေ ဆီ ကို ပြော...ပြော...ပြော..။ အိုး ...ရင် မော လှ ပါ ဘိ...


+++ ++++


နောက် ရက် ပိုင်း အတွင်း မှာဘဲ ...ညီ မလေး အစာပြန် စား ပြီးတဲ့...။သတင်းး ကြားတယ်..။ဒီသတင်း ကို ပြော သူတွေ ကလဲ ကိုယ့် လိုဘဲ သူ့ အစီ အစဥ်နဲ့ သူ ကူ ညီ နေသူတွေ...။ကိုယ် အပြေး အလွှား သွား စုံ စမ်းတော့...

``အေး....အစာ ပြန် စား ဘီ တဲ့...။ထောင် ပြောင်း ပေးဖို့ လဲ လုပ် နေတယ်တဲ့...´´ ကိုယ် သက် ပြင်းချ လို့ မှ မဆုံး သေး... နောက်ထပ် ၀င် လာ တဲ့ အသံ ကြောင့် နားထဲ ကို သံ ရည် ပူ လောင်း လိုက်သ လို....

``အ မလေး ဟယ်...အစာမစား ဘဲ နေတာ ...ဘာ ပြသ နာ များ လဲ လို့...ထောင် ထဲ ကို ခရမ်း သီး တို့..မုန် လာဥ တို့ သွင်းခွင့် မရ လို့ တဲ့ ဟေ့ ...ဟား..ဟား...´

´ ထောင် ထဲ မှာ ချက် ပြုတ် စားလို့ မှ မရ တာ....

နီစပ် စပ် ပြီ တီ တီ မျက် နှာကြီး ကို ပြန် မြင်ယောင် လိုက်မိရင်း.....ကိုယ့် တကိုယ် လုံး တောင့် တင်း သွား ရင်း

``အဲ ဒီသတင်း ရှင်တို့ ကို ဘယ်သူ ပြောတာလဲ ´´

``ထောင်ဝန် ထမ်း တွေ ဆီ က ဘဲ လေ...´´

``ဒီ စကား ဒီ တင် ရပ်...ဒါ နိုင် ငံ ရေး အကျဉ်းသူတွေကို တမင် စော်ကား တာဘဲ..ရှင် တို့ မို့...ကိုယ့် ရဲ ဖော် ရဲဖက် ခြင်း...နှမ ခြင်း မစာနာ...ပြောရက် တယ်..အင်း လေ ..မထူးဆန်း ပါ ဘူး..ဒီ မို ကရေ စီ ရေး ဆောင် ရွက် နေပါတယ် ဆိုတဲ့ ရှင် တောင်..အိမ် နံ ရံ မှာ...ဒေါ်စု ပုံ ကို အမျိုး သမီး ပုံ မို့  မချိတ် ချင် ဘူး ပြောသေးတာ...။ ဒါ နဲ့ မျာ.း...´´

ပြော ချင် တာ ပြောချ လိုက် ရင်း..ခြာ ကနဲ လှည့် ထွက် လာခဲ တယ်.....။.ခြေ ဦး ပြန် မလှည့် လို တော့...။

တကယ် တော့..ကိုယ် က အမျိုးသ မီး ၀ါ ဒီ တဦး မဟုတ် ပါ...။ ဒါ ပေ မယ့် ကိုယ့် တိုင်းပြည် ထဲ မှာ...နိုင် ငံ ရေး တက် ကြွ လှုပ် ရှားသူ အ မျိုး သမီး တွေ ရော..သာ မန် အမျိုးသမီး များ ပါ အမျိုး သမီး ဆို လျင် သူတို့ ပု ရိသ တွေ အတွက် အဖျော် ဖြေ ခံ ပစ္စည်း တခု လောက်သာ သဘော ထားခြင်သူတွေ ထားနေသူတွေ အများ အပြား...။ အမျိုးသားတိုင်းတော့ မဟုတ် ပါ...။ဒီ လို အောက်တန်းကျတဲ့ အယူ အဆ တွေကို တချို့  အမျိုး သမီး တွေ ကိုယ် တိုင် ကပင် အသားကျ ခေါက် ရိုး ကျိုး စွာ လက် ခံ နေတာ ကို တွေ့ တော့ ..ရင် မော မိတယ်...။ သက် ပြင်း မော ကိုချရင်း...

``သူတို့ ကို...ဘယ် လို အမေ မျိုး တွေ က များ မွေး ထား ခဲ့ တာူပါလိမ့်...´´လို့ တွေး မိ နေတယ်...။ ။

Monday, October 4, 2010

သား သို့ ခွင့်ပန်ခြင်း




ထွန် တုံး ကို မျို မိ တဲ့ မြွေ လို
အ မှန် တရား ကို မျို မိ လို့
မေ မေ ..မ ကိုင်း ညွှတ် နိုင် ။
အ မှန် တရားထံ က ဖြာ ထွက် တဲ့
အဖြူ ရောင် အလင်းတန်း တွေ ကြောင့်
မျက်စိ ကျိန်းစပ်
အနီးမ ကပ် ၀ံ့ သူ များအား
နားလည် ပေးလိုက် ပါ။
နှစ် ရှည် လ များစွာ
သစ္စာနဲ့  တိတ် ဆိတ် ရင်း
ရေ ထဲ မီးထဲ ရဲ ရဲ ခုန် ဆင်း ၀ံ့ တယ်။
ခက် ခဲ တဲ့ ခယောင်း လမ်း ကို မှ
ရွေး ချယ် ရတယ် လို့
သားလေး အပြစ် ဆို လေ မလား။
အ မှန် တရား ဟာ
ခါးသက် ပေ မယ့်
နှစ်သက် မြတ် နိုးစရာ ပါ။
ဒီ အဖြူ ရောင် အလင်းတန်းတွေဟာ
သားကို လည်း လွှမ်းခြုံ ရစ် ပတ် တဲ့ အခါ
သား လေး ကြံ့  ကြံ့  ခိုင် စွာ
ခံ စား နားလည် နိုင် ပါ စေ။ ။


( ၁၆.၁၀.၀၇)