Monday, October 4, 2010

သား သို့ ခွင့်ပန်ခြင်း




ထွန် တုံး ကို မျို မိ တဲ့ မြွေ လို
အ မှန် တရား ကို မျို မိ လို့
မေ မေ ..မ ကိုင်း ညွှတ် နိုင် ။
အ မှန် တရားထံ က ဖြာ ထွက် တဲ့
အဖြူ ရောင် အလင်းတန်း တွေ ကြောင့်
မျက်စိ ကျိန်းစပ်
အနီးမ ကပ် ၀ံ့ သူ များအား
နားလည် ပေးလိုက် ပါ။
နှစ် ရှည် လ များစွာ
သစ္စာနဲ့  တိတ် ဆိတ် ရင်း
ရေ ထဲ မီးထဲ ရဲ ရဲ ခုန် ဆင်း ၀ံ့ တယ်။
ခက် ခဲ တဲ့ ခယောင်း လမ်း ကို မှ
ရွေး ချယ် ရတယ် လို့
သားလေး အပြစ် ဆို လေ မလား။
အ မှန် တရား ဟာ
ခါးသက် ပေ မယ့်
နှစ်သက် မြတ် နိုးစရာ ပါ။
ဒီ အဖြူ ရောင် အလင်းတန်းတွေဟာ
သားကို လည်း လွှမ်းခြုံ ရစ် ပတ် တဲ့ အခါ
သား လေး ကြံ့  ကြံ့  ခိုင် စွာ
ခံ စား နားလည် နိုင် ပါ စေ။ ။


( ၁၆.၁၀.၀၇)

No comments:

Post a Comment