Monday, October 26, 2015
ခေတ်နံရံမှာ ရေးတဲ့ကလေးကဗျာ
တချို့ လူကြီးတွေများခက်ပါတယ်
တုတ်ထိုးချိုချဉ်ကို...သစ်ပင်လားတဲ့။
အိမ်တွေနဲ့...အကျဉ်းထောင်တွေကိုလဲမှားသေးရဲ့ ..။
စာအုပ်တွေကို...ခြေသုတ်ခုံလို့ထင်လိုထင် ..။
လွယ်အိတ်တွေကို...လက်နှီးစုတ်လို့ ပြောလိုပြော ..။
အဆိုးဆုံးကတော့
သနားစရာအကောင်းဆုံးကတော့
ကြယ်တွေကို...ကြယ်တွေမှန်းမသိကြရှာဘူး..လို့
ခေတ်နံရံပေါ်မှာ..
အရုပ်လှလှရေးနေတဲ့
ကလေးလေးတွေက...ပြောသွားတယ်..။
ကလေးတွေ..အမြဲမှန်တယ်..။
၂၈.၃.၂၀၁၅
လားရာရှိတဲ့ခြေ
ရနံ့များနဲ့လမ်းလျှောက်ခြင်း
ဒေါင်းနိမိတ်
အဖိုးတို့ခေတ်မှာလည်း
သမိုင်းစီးကြောင်းတလျှောက်
သူ့ဒေါင်းအတိတ်နဲ့  သူ့ဒေါင်းစိတ်နဲ့ ။
အမေတို့ခေတ်မှာလည်း
သမိုင်းစီးကြောင်းတလျှောက်
ကိုယ့်ဒေါင်းအတိတ်နဲ့  ကိုယ့်ဒေါင်းစိတ်နဲ့ ။
သားတို့ခေတ်
သမိုင်းစီးကြောင်းထဲ
ဒေါင်းအလံတွေ တကြော့ပျံဝဲနေတော့
စိုးရိမ်လျှက်နဲ့  လက်သီးဆုပ်
အံကိုခဲလျှက်..မေတ္တာသုတ် ။
သမိုင်းစီးကြောင်းထဲ
သားတို့ရဲ့ ..ဒေါင်းအလံမလဲဖို့
သားတို့ရဲ့ ..ဒေါင်းအသံမစဲဖို့
အန္တရာယ်အပေါင်း..ရန်ဖယ်ညောင်းဖို့
ဒေါင်းစိတ်နဲ့အတူ..ဒေါင်းနိမိတ်ယူ..။
(၂၃.၁.၁၅)
သမိုင်းစီးကြောင်းတလျှောက်
သူ့ဒေါင်းအတိတ်နဲ့  သူ့ဒေါင်းစိတ်နဲ့ ။
အမေတို့ခေတ်မှာလည်း
သမိုင်းစီးကြောင်းတလျှောက်
ကိုယ့်ဒေါင်းအတိတ်နဲ့  ကိုယ့်ဒေါင်းစိတ်နဲ့ ။
သားတို့ခေတ်
သမိုင်းစီးကြောင်းထဲ
ဒေါင်းအလံတွေ တကြော့ပျံဝဲနေတော့
စိုးရိမ်လျှက်နဲ့  လက်သီးဆုပ်
အံကိုခဲလျှက်..မေတ္တာသုတ် ။
သမိုင်းစီးကြောင်းထဲ
သားတို့ရဲ့ ..ဒေါင်းအလံမလဲဖို့
သားတို့ရဲ့ ..ဒေါင်းအသံမစဲဖို့
အန္တရာယ်အပေါင်း..ရန်ဖယ်ညောင်းဖို့
ဒေါင်းစိတ်နဲ့အတူ..ဒေါင်းနိမိတ်ယူ..။
(၂၃.၁.၁၅)
Thursday, October 15, 2015
ဒီအချိန်ဟာ
ဒီ အချိန်ဟာ
ညီအကိုမသိတသိအချိန်မဟုတ်ဘူး
ညီအကိုမှန်းသိလျှက်နဲ့ အ..ပ မှီတဲ့ အချိန်။
ဒီအချိန်ဟာ
ဖုတ်သဘက်တွေမြူးတဲ့  နွားရိုင်းသွင်းချိန်။
ဒီအချိန်ဟာ
အကျည်းတန်တဲ့ သူတွေရုပ်ဖျက်
လှချင်ယောင်ဆောင်နေတဲ့  အချိန်။
ဒီအချိန်ဟာ
ဆည်းဆာတိမ်တောက် အလင်းပျောက်ကာနီး အချိန် အမှောင်ညတွေဟာ သွေးလေခြောက်ခြားစွာ ရောက်လာတော့မယ်...
ဒီအချိန်ဟာ....
ဒီအချိန်ဟာ...
. ဒီအချိန်ဟာ..
အပမ္မာဒေန..သမ္မာဒေထ။ ။
(နီဇူလိုင်)
၂၃.၃.၂၀၁၃
Subscribe to:
Posts (Atom)