Monday, October 26, 2015

ရနံ့များနဲ့လမ်းလျှောက်ခြင်း

တက်တယ်...
 မြေလမ်းမို့မို့လေးအတိုင်း..
 တောပန်းကလေးတွေယိမ်းက.နေတဲ့ ..
တောင်ကမူလေးပေါ်ကိုရောက်တော့..
ပျောက်နေတာကိုရှာ ..
ဟိုးမှာလား..သည်မှာလား..
ဘာမှမပါတဲ့ လက်နဲ့
တောပန်းရနံ့ လေးတွေကို ပဲပွေ့ဖက်ရင်း
 မြေလမ်းမို့မို့ကလေးအတိုင်း...
ဆင်းတယ်။

No comments:

Post a Comment