Monday, October 26, 2015

ဒေါင်းနိမိတ်

အဖိုးတို့ခေတ်မှာလည်း
သမိုင်းစီးကြောင်းတလျှောက်
သူ့ဒေါင်းအတိတ်နဲ့  သူ့ဒေါင်းစိတ်နဲ့ ။
အမေတို့ခေတ်မှာလည်း
သမိုင်းစီးကြောင်းတလျှောက်
ကိုယ့်ဒေါင်းအတိတ်နဲ့  ကိုယ့်ဒေါင်းစိတ်နဲ့ ။
သားတို့ခေတ်
သမိုင်းစီးကြောင်းထဲ
 ဒေါင်းအလံတွေ တကြော့ပျံဝဲနေတော့
စိုးရိမ်လျှက်နဲ့  လက်သီးဆုပ်
အံကိုခဲလျှက်..မေတ္တာသုတ် ။
သမိုင်းစီးကြောင်းထဲ
သားတို့ရဲ့ ..ဒေါင်းအလံမလဲဖို့
သားတို့ရဲ့ ..ဒေါင်းအသံမစဲဖို့
အန္တရာယ်အပေါင်း..ရန်ဖယ်ညောင်းဖို့
ဒေါင်းစိတ်နဲ့အတူ..ဒေါင်းနိမိတ်ယူ..။
                 (၂၃.၁.၁၅)
 

No comments:

Post a Comment