Wednesday, February 26, 2014

ဖေဖေနဲ့  ငုပင်လေး

“ ဖေဖေ နဲ့ ငုပင်လေး” မိတ်ဆွေ..။သင်.. ငုပင် တပင် လောက် စိုက်ဖူးခဲ့ ပါသလား..။ကျမကိုယ်တိုင်တော့ မစိုက်ခဲ့ ဖူးပါ..။ဒါပေမယ့်  ကျမဖေဖေ စိုက်ခဲ့ တဲ့  ငုပင်ပေါက် တပင် အကြောင်း ပြောပြချင် လိုက်တာ..။ကျမရဲ့ ကိုယ်ပိုင် ငုပင်လို့  မဆိုနိုင်ပေမယ့်  ကျမတို့  မိသားစု ရဲ့  ကိုယ်ပိုင် ငုပင် လို့ တော့  ပြောလို့ ရမယ် ထင်ပါတယ်..။ဘာဖြစ်လို့ လဲ ဆိုတော့  ဒီငုပင်ကလေးကို ကျမ ဖေဖေ ကိုယ်တိုင်ခက်ခက်ခဲခဲ စိုက် ခဲ့ တာရကိုး..။အယူ သီးတတ်လွန်း တဲ့  မေမေ ရဲ့  ငြူစူ ကန့် ကွက် မှုတွေကို ခေါင်းမာတဲ့ ဖေဖေကပယ်ချ ခဲ့ တယ်..။အိမ်ခြံဝင်းထဲမှာ ငုပင်မစိုက်ကောင်းဘူးလို့  အယူရှိတဲ့ မေမေဟာ ဒီခြံဝင်းကလေးနဲ့  ကျမတို့  အားလုံးကို ရင်နာစွာ ခွဲခွာထားခဲ့ ရတာဟာ တိုက်ဆိုင်မှု တခုလေလား..။ မသိပါ..။ကျမတို့  မသိချင်ခဲ့ ပါ..။ကျမတို့ သိတာက ဖေဖေ တယောက် ဒီ ငုပင်ကလေးကို သေသေချာချာကို ပြုစု ယုယခဲ့ တာ..။သူ သိပ်ချစ်တဲ့  သမီးတွေကို ပြုစု ပျိုးထောင်သလို ပိုးမွေးသလိုကို မွေးခဲ့ တာ.။ဒီ.လို့  ပြောလို့ ရမလား..။မဟုတ်သေးပါဘူး..။ပိုးမွေးခဲ့ သလို မွေးခဲ့ တာ လို့ ပြောဖို့  သင့် တော် ပါမလား..။ဒီ ငုပင်ကလေး ရှင်သန်ဖို့  ဖေဖေ ပိုးကောင်လေးတွေ အများကြီးကို ဖယ်ရှားသုတ်သင် ခဲ့ ရတာပဲ..။ မနက်တိုင်း ငုပင်ပေါက်ကလေး အနားမှာ ထိုင်ခုံပုကလေး တလုံးပေါ်မှာ ထိုင်ရင်း ငုရွက်စိမ်းစိမ်းလေးတွေမှာ ကပ်တွယ် နေတတ်တဲ့  ပိုးဥကလေးတွေကို ဇာဂနာ တချောင်း နဲ့  စိတ်ရှည် လက်ရှည် ဆွဲထုပ် နေတတ်တဲ့ ဖေဖေ ။ နောက်တော့ ဖေဖေနဲအတူသူတိုညီအမတွေပါ..ငုပင်ပေါက်ကလေး ရှင်သန် ဖို့  လိပ်ပြာတွေဥချခဲ့ တဲ့  လိပ်ပြာဥကလေးတွေကို လိုက်ဖယ် တတ်လာတယ်..။လိပ်ပြာကလေးတွေဟာ…အရောင်အသွေးအစုံနဲ့  ချစ်စရာကောင်းသလောက် ငုပင်ပေါက်ကလေးလို အပင်တွေရဲ့  အရွက်ကလေးတွေကို ဖျက်ဆီးတတ်တာကိုတော့..ကျမတို့  မုန်းတယ်..။ကြည့် စမ်းပါဦး..သစ်ရွက်စိမ်းစိမ်းကလေးတွေ ပေါ်မှာ သူတို့ ဥချသွားတဲ့  ပိုးဥဖြူဖြူကလေးတွေက အစီအရီ..။တော်ကြာ..ထွက်ကာစ..အရွက်စိမ်းနုကလေးတွေကို မွစာကြဲ အောင် ကိုက်ဝါးဖျက်ဆီးပစ်တတ်တဲ့ ဘောက်ဖတ် ကလေးတွေ ဖြစ်လာဦးမှာ..။ ဆွဲ နှုတ်..ဆွဲနှုတ်..။ပိုးဥ တွေ… အပင်ဖျက်ပိုးတွေကို ဆွဲနှုတ်။ ဒီလို နဲ့  ငုပင်ကလေး တနေ့ ထက် တနေ့  ပိုပို ကြီးလာတယ်..။အရွက် အခက် တွေ နဲ့  စည်စည် ကားကား…ဖားဖား ဝေေ၀..။ဒါပေမယ့်  ခက်တာက ငုပွင့် ဝါခိုင် မပွင့် နိုင်သေး..။ဖေဖေ အရိပ်တကြည့်  ကြည့်  ကြည့် ခဲ့ တဲ့  ဒီငုပင်ကလေးကား ပွင့် ခဲ လှဘိခြင်း..။ပင်စည် မှာ ဓါးထက်ထက် နဲ့  ရေးထွင်းခဲ့ တဲ့  သံသယရှိသမျှမပွင့် စေရ ..ဆိုတဲ့  ကျိန်စာ တခု ကြောင့် လား..။ဒါတော့ မဖြစ်နိုင်…။ဖေဖေ သည် အကြောင်းအကျိုး မခိုင်ပဲ သံသယ ရှိခဲ လှပါဖိ..။သံသယ ၀င်လျင်လည်း နောက်မဆုပ် တမ်း ။ လေကို ဆန်ရ မလား..။ရေကို ဆန်ရ မလား..။အမှန် တရား သည် တခါတရံ ခါးသီးတတ်တာကို ဖေဖေ မသိမဟုတ်..။သို့ ပေမယ့်  ခါးသီးမှု သည် လည်း တခါတခါ လိုအပ်စွာ ချို မြ တတ်တာကိုး…။ ဘာပဲ ဖြစ်ဖြစ် တနေ့ တော့  သဘာဝ ဓမ္မ အရ ဒီငုပင်ကလေး ပွင့် ရမှာ မလွဲ..။ငုပွင့် ဝါခိုင် တို့ နှင့်  တင့် တယ်ရမည်မှာ မလွဲ..။ထို နေ့ တွင် ဒီ ခြံဝင်းထဲ မှာ မေမေ့ လိုပင် ကျမတို့  သားအဖ တွေ ရှိချင်မှ ရှိနေပေ လိမ့် မည်..။ရှိချင်လည်း ရှိနေလိမ့် မည်..။ဖေဖေ့  ငုပင်ကလေးကတော့  ထိုနေ့ ထိုအခါ တွင် ၀င်းဝင်း ၀ါ အောင် လှပစွာ ပွင့် နေပါလိမ့် ဦးမည်..။ ။

ဆုံနေရက်နဲ့ လွမ်းလေခြင်းများ

ဂျူးရဲ့  ဆုံနေရက် နဲ့  လွမ်းလေခြင်း..။ညီမ မယုရဲ့ ကျေးဇူးနဲ့  ပဲ ဖတ်ရတယ်..။သူကတော့ ဖတ်ပြီး အားမလို အားမရ..ဖြစ်သတဲ့ ..။ဘာပဲဖြစ်ဖြစ် ဂျူးရဲ့  စာအုပ်တွေက တစုံတရာ..ကို စာဖတ်သူတွေ ဆီ ရသစာပေကနေ တဆင့် အရောက်ပို့စမြဲ..မို့ စိတ်ဝင်တစား ရှိလှပါတယ်..။သူ..ဘာ ပေးသလဲ..။သူ့စာအုပ် ထဲက တခြားသူတွေ ဘာရသလဲတော့ မသိ..။လူဆိုတာ တယောက်နဲ့ တယောက် စိတ်ဘ၀င်မှာ လာညိတာချင်း မတူကြတာပဲလေ..။သူ့ဝတ္ထုမှာ ဖြစ်နိုင်ချေ နဲတာတွေ ထောက်ပြစရာတွေ ရှိကောင်းရှိနေမယ်..။ထားလိုက်..၀တ္ထုကိုး....။ဒီ .၀တ္ထုထဲက ကိုယ့်ဘ၀င်ကို လာညိတာတွေတော့ ရှိတယ်..။မျှလိုက်မယ်နော်..။ "...ကလေး ကဗျာတွေဟာ လူမျိုးတမျိုး ရဲ့  စိတ်ဝိဥာဉ်ကို ကြွယ်ဝအောင် ပြုလုပ်ပေးနိုင်ပါတယ်..။ကလေးကဗျာတွေဟာ ယဉ်ကျေးမှုကို သင်ပေးသလို တိုင်းပြည်ချစ်စိတ်ကိုလဲ သင်ပေးနိုင်ပါတယ်..။ကျွန်မတို့ မြန်မာကလေးကဗျာတွေဟာ အဆင့်အတန်း သိပ်မြင့်ပါတယ်..။ရသစုံလင် ရုံ မက အတွေးအခေါ်ကိုပါ ပြင်ဆင်ပေးနိုင်တဲ့  အရည်အသွေးနဲ့  ပြည့်စုံပါတယ်.." ဒါက ဂျူးဝတ္ထု ဇာတ်ကောင် အင်ကြင်းဝေရဲ့  ပြင်သစ်နိုင်ငံမှာ ဖတ်တဲ့  Give me a child until he is seven ဆိုတဲ့  စာတမ်းထဲက တချို့ ပါ..။ဒီစာတမ်းကို ပြန်လှန်မေးခွန်း မေးတဲ့  အထဲက မေးခွန်းတခုက စိတ်ဝင်စားစရာပါ..။မေးတဲ့သူက မြန်မာ.။အင်ကြင်းဝေနဲ့  နှစ်များစွာကွဲကွာနေတဲ့  ဖခင်..။၁၉၈၈အရေးတော်ပုံ အပြီး တိုင်းပြည်ကနေ ထွက်ပြေးလာရတဲ့  နိုင်ငံရေးသမား..။နယ်စပ်ကတဆင့် အမေရိကန်မှာ အခြေချနေသူ..။သူက " မြန်မာနိုင်ငံမှာ ကလေးတိုင်း မူလတန်းအရွယ်မှာ ကဗျာတွေ သင်ရတာပဲ..။ကလေးတိုင်း ကိုယ်ကျင့်သိက္ခာ ထိန်းကြရဲ့ လား..။ကလေးကဗျာတွေဟာ ကလေးတွေ ကောင်းမြတ်မှုအတွက် ဖန်တီး ပုံဖော်ပေးနိုင်တယ်ဆိုရင်...မြန်မာနိုင်ငံရဲ့  လက်ရှိအနေအထားအရ ဘာဖြစ်လို့ အကျင့်ပျက်ခြစားသူတွေ များလွန်းနေတာလဲ" လို့ မေးလိုက်တယ်..။စာရေးသူက... “...ထိုအခါ..အဖြေသည် ပညာရေးစနစ်ဧ။် ချို့ ယွင်းချက်ကို သိသာထင်ရှားစေသည့် ထင်မြင်ချက်မျိုး ဖြစ်လာလေတော့သည်..။ကဗျာကို သင်ကြားသူ ဆရာဆရာမသည်..ကဗျာကို ကလေးတကယ် မြတ်နိုးအောင် သင်ကြားပေးနိုင်ရဲ့ လား..။ကလေးဧ။် မိဘတို့သည် ကလေးကို ခုနစ်နှစ်မတိုင်မီ ကဗျာတွေ ပုံပြင်တွေ နှင့် မိတ်ဆက်ပေးရဲ့ လား..။ဆရာဆရာမလက်ထဲသို့ အပ်လိုက်သော အချိန်သည် အနဲဆုံး..ငါးနှစ်ခွဲမှ ခြောက်နှစ်ခွဲအရွယ် ဖြစ်နေသည်..။ခုနစ်နှစ် အရွယ်အထိ မိဘနှင့်ဆရာဧ။် လုပ်ပိုင်ခွင့် မညီမျှပေ..။မိဘက ငါးနှစ်ခြောက်နှစ် အထိ လုပ်ပိုင်ခွင့် ရှိပြီး ဆရာဆရာမဧ။် လုပ်ပိုင်ခွင့် နည်းပါးရသည့် အထဲ သင်ကြားပုံစနစ်မမှန်ကန်လျှင် ကလေးသည်..စာကို (ကျမကတော့..ကဗျာကိုလို့  ပြင်ချင်ပါတယ်) တာဝန်အရ သင်ယူတာဖြစ်ပြီး နှလုံးသားဖြင့် သင်ယူတတ်ဖို့ အခွင့်အရေး မရနိုင်ပေ..” ဆရာမ ဂျူး ရဲ့  ၀တ္ထုပြီးသောအခါ..ကျမအတွေးထဲတွင် ၀တ္ထုထဲက ဇာတ်လိုက် နှစ်ယောက်ရဲ့  ဆုံနေရက်နဲ့ လွမ်းရခြင်း (ဝေးကွာနေရခြင်း) ထက်..ကျမတို့ ကလေးများရဲ့  ဆုံနေရက် နဲ့  လွမ်းရခြင်းကို ထိထိရှရှ ခံစားရသည်..။ကျမတို့ကလေးတွေမှာ မြန်မာကလေးကဗျာ ကောင်းကောင်းတွေ ရှိသည်..။ကလေးကဗျာကောင်းကောင်းတွေနဲ့  ဆုံနိုင်ခွင့် ရှိသည်..။ဒါပေမဲ့  ကလေးဘယ်လောက်များများသည်..မြန်မာကလေးကဗျာတွေ နဲ့  ဆုံနေရက်နဲ့  လွမ်းနေရပါသလဲ..။ဝေးကွာ နေရပါသလဲ..။....။

Saturday, February 22, 2014

လေးသန်းကြီးနဲ့  စကားပြောခြင်း(၁)

မနေ့က မရောက်တာကြာ နေတဲ့  လေးသန်းကြီး အိမ်ကို ရောက်တယ်..။မရောက်တာ ကြာရတဲ့  အကြောင်းက ရောက်ရင် စိတ်မကောင်းလို့..။လေးသန်းကြီးကို သတိရလို့..။လေးသန်းကြီးအိမ်ကိုရောက်တော့ ညနေတစောင်း..။မှောင်ရီက ဖြိုးဖြိုးဖျဖျ ပျိုးစပြုလို့..။လေးသန်းကြီး အိမ်ရှေ့ တည့်တည့်က နေ မြင်နေရတဲ့  သက်ျမုနိမိုးကောင်း ဘုရားကြီးက မီးရောင်တွေ ထိန်လို့..။ဆည်းဆာရောင်အောက်မှာ တောက်ပစွာ သပ်ပါယ်နေလို့..လေးသန်းကြီးတို့ အိမ်ခန်းကျဉ်းလေး ..(အင်းလေ...အရင်ကတော့ အခန်းကျယ်ကြီးပေါ့..။မြို့ လည်ခေါင်..တန်ခိုးကြီး မြတ်စွယ်တော်ဘုရားကြီးရှေ့ က သင်္ဃန်းပရိက္ခရာဆိုင်ကြီး..။ဝမ်းဇီးရိုး ဖိနပ်ကိုယ်စားလှယ် ဆိုင်ကြီးပေါ့..)ထဲကနေ ဖုန်းနဲ့  ဓါတ်ပုံရိုက်ယူမိတယ်..။ လေးသန်းကြီး အမ ဒေါ်လေးတို့ နှစ်ယောက်က ကိုယ်ဓါတ်ပုံရိုက်တာကို စိတ်ဝင်တစား ကြည့်ကြတော့.. ဒေါ်လေးတို့ကိုလဲ အမှတ်တရ ရိုက်ပေးဖြစ်တယ်..။ဒေါ်လေးတို့ အပျိုကြီး ညီအမကို ဓါတ်ပုံရိုက်ပေးရင်း လေးသန်းကြီးတို့ ကို မကြာမကြာဖမ်းလိုက် လွှတ်လိုက် လုပ်နေချိန်က ကိုရွှေထောက်လှမ်းရေးရဲ့  လွဲချက်ကို သတိရမိတယ်..။လေးသန်းကြီးတို့ ၉၀ လွှတ်တော်ကိုယ်စားလှယ်တွေ ကို ဖမ်းပြီး အိမ်ပြန်ပို့ရင် ..သူတို့က မှတ်တမ်းဓါတ်ပုံရိုက်ယူတယ်..။အိမ်သားတွေ ရော အကုန် ရိုက်တာ..။သူတို့ ပြန်လွှတ်ပေးပါတယ်ပေါ့..။ဒါပေ..ဖမ်းရင်တော့ တခါမှ ဓါတ်ပုံရိုက်ဖို့ သတိမရကြဘူး..။အဲဒီတုန်းက ကိုယ့်မှာ ခုလို ကင်မရာနဲ့  အင်တာနက်နဲ့  ရှိလို့ကတော့ မှတ်တမ်းဓါတ်ပုံတွေ ရဦးမှာနော်..။အဲ..ကိုရွှေထောက်လှမ်းရေး ဆိုတော့ အဲဒီအချိန်က ဘုန်းမီးနေလတောက်ပနေတဲ့  တိုင်းကားပြည်ရွာ အပ်ကျတာက သိအောင်စွမ်းတဲ့  အခုတော့..ခမျာ..ကော်ဖီဆိုင် ဖွင့်ပြီး ပန်းစိုက်စားနေရတဲ့  ပုဂိုလ်ကြီးရဲ့  လက်ပါးစေတပ်သားတွေပေါ့..။အဲဒီ..စစ်ထောက်လှမ်းရေးတွေရဲ့  အထောက်အလှမ်းတွေ ကြားမှာ အတိုက်အခံ နိုင်ငံရေးသမားတွေ ခမျာ သေသူသေ..။ထောင်ကျသူကျ..။အနှိပ်စက်ခံရ လူလုံးမလှ ဘ၀ဆုံးခဲ့  တုန်းခဲ့ ရသူတွေ ဒုနဲ့ ဒေးပေါ့..။အဲဒီနေ့က လေးသန်းကြီးကို ဖမ်းရာက ပြန်ပို့တော့ ဓါတ်ပုံရိုက်ကြတယ်..။လေးသန်းကြီး အမ အပျိုကြီး နှစ်ယောက်က အိမ်ထဲက ထွက်မလာတော့ ခင်ဗျား..ဇနီးကို ခေါ်ဦးလေ..လို့  ကိုရွှေထောက်လှမ်းရေးက ပြောသတဲ့ ..။သူတာဝန်ယူ ဖမ်းဆီးနေတဲ့  နိုင်ငံရေးသမားကို အိမ်ထောင်ရှိလား..မရှိလား..ဆိုတာတောင် မသိရကောင်းလား..ထောက်လှမ်းရေးလုပ်ပြီး ညံ့ရလားဟဲ့ ..လို့ သိတဲ့ သူတွေက အပစ်တင်ကဲ့ ရဲ့ ကြတယ်..။ တချို့ ကလဲ...သူတို့က စီးပွါးရေးသမား.တွေ..သစ်သမားတွေ ..ချဲဒိုင်တွေကို ငွေညှစ်ဖို့ပဲ စိတ်ဝင်စားသူတွေ.လို့  ပြောကြတာကို သွား..အမှတ်ရမိတယ်..။ လေးသန်းကြီးအမ ဒေါ်လေးတို့ ညီအမကတော့ ခေတ်ဆိုးခေတ်ကြပ်ကြီးတလျှောက်လုံး.. မောင်အငယ်ဆုံးလေး လုပ်ကိုင်သမျှ နိုင်ငံရေးခရီးကြမ်းမှာ သူတို့လဲ အလူးလူး အလိမ့်လိမ့်ပေါ့..။ဒါပေ သူတို့ မောင်ငယ်လေးကို ဘယ်တော့မှ မငြူစူ..မငြီးငြူခဲ့ ကြဘူး..။ အပျိုကြီး လူပျိုကြီး မောင်နှမတွေ ချစ်ကြ စည်းလုံးကြသမှ..။မောင်လေးရဲ့  နိုင်ငံရေး မိတ်ဆွေတွေ တသီကြီးကို မနက်တခါ ညတခါ စားသောက်ဖွယ် အစုံအလင်နဲ့  ဧည့်ခံရတာကို ကျေနပ်နေတာ..။နိုင်ငံရေးမိတ်ဆွေတွေ ဆိုတော့ သိတဲ့  အတိုင်း...ငြင်းကြ ခုန်ကြ..။တခါတလေ လက်သီးလက်မောင်း တန်းကြ..။ရေဒီယို တလုံး ကို အလယ်မှာဖွင့်ပေးထားပြီး လာတဲ့  သတင်းကို ဝေဖန်ကြ..။တချို့ ကတော့ သတင်းပြီးမှ ငိုက်နေရာက နိုးလာပြီး..ဒီနေ့ ဘာမုန့်လုပ်ထားသလဲ ဆိုတာကို ကမန်းကတန်း ဖွင့်တုတ်သူလဲ..ပါရဲ့ ..။နောက်ပိုင်းတော့ လေးသန်းကြီးလဲ ကျန်းမာရေး ချို့ တဲ့ ..။စီးပွါးရေး ချို့ တဲ့ ..။လူတွေ အလာကျဲလာတယ်..။ နိုင်ငံရေး ရာသီဥတုကလဲ တဖြေးဖြေးလှိုင်းကြီးလေထန် ..မသာယာ လှဘူးလေ..။ နံရံပေါ်က လေးသန်းကြီး က ဗိုလ်ချုပ်အောင်ဆန်းမိသားစု ဓါတ်ပုံလေးဘေးမှာ..။ ခါတိုင်းလိုပဲ...ပြုံးပြုံးရွှင်ရွှင်..။ “ဟေး..နီနီ..။ဆရာကြီးနေကောင်းလား..။မြို့ ထဲ မှာ...ဘာတွေ ထူးသေးလဲ..” ကိုယ်လဲ..ကောင်းပါတယ်လေးသန်းကြီး..ပေါ့..။ကြားတဲ့  သတင်းလေးတွေ ပြောကြ ဖလှယ်ကြပေါ့..။ဒီနေ့တော့..ကိုယ်ကြားတဲ့  သတင်းတွေကို လေးသန်းကြီးကို ၀မ်းသာအားရ ပြောပြမိတယ်..။ “လေးသန်းကြီးရေ..ပေါင်းတည်က NLD တွေ လွှတ်တော်လေ့လာရေး ခရီးသွားကြသတဲ့ ..။အင်တာနက်မှာ တွေ့ တယ်..။လူတွေ(၁၀၀)ကျော်တယ် ပြောတယ်..” “ဟေ..ဟုတ်လား..။ဘယ်သူတွေ ပါသွားကြလဲ..။ဒေါ်စုနဲ့  တွေ့ ကြရ သတဲ့ လား” “အင်း..ဒေါ်စုနဲ့  တွေ့ နေတဲ့ ပုံတွေ.အင်တာနက်မှာ တွေ့ တယ်...။ပင်နီတိုက်ပုံတွေ ၀တ်ပြီး..သူတို့လဲ ပျော်နေကြမှာပေါ့..။ဘာတွေ ပြောနေလဲတော့ သမီးအင်တာနက်လိုင်းက အသံဖိုင် ဖွင့်မရလို့ မသိဘူး..။ဒေါ်စုနဲ့  တွေ့ တဲ့  ပုံထဲမှာ ဈေးထဲက ၀က်သားလိုင်စင်စီလုပ်တဲ့  ကောင်မလေးရယ်..။ရှေ့ နေဒေါ်ရီဝင်းရယ် တော့ သိတယ်..။ကျန်တဲ့ သူတွေတော့ သမီး မသိဘူး..။ဒေါ်စုကတော့ ထုံးစံအတိုင်း ပန်းလေးတွေဝေနေတာပဲ” “အင်းးးးးးးးးးးကောင်းပါတယ်..။လူဟောင်းတွေ ရော..ဘယ်သူတွေပါတယ်..ကြားလဲ” “ဟာ..လေးသန်းကြီးကလဲ..။မေ့တတ်လိုက်တာ..။လူဟောင်းတွေက သေတဲ့ သူသေ..။အိုတဲ့ သူအို..။ဗဟိုက အထုတ်ခံရထဲက ပြန်မလုပ်တဲ့ သူက မလုပ်..။ပြန်ဖွဲ့ မယ်လုပ်တော့လဲ..ဗဟိုက လာဆက်ထားတဲ့ သူတွေနဲ့  ဗဟိုတိုင်းစည်းတွေ ညစ်ပတ်ပြီး ကလိန်ကျလို့ လေးသန်းကြီးတို့ ဒီလိုလူတွေနဲ့ တော့ နိုင်ငံရေးတွဲမလုပ်ကြတော့ဘူး..ဆိုပြီး..မလုပ်တော့ပဲ နေကြတာလေ..” “အေးကွာ..တလျှောက်လုံး စစ်အာဏာရှင်ကို တိုက်လာတာ..ခံရသမျှ...မမှုပါဘူး..။ကိုယ့်အရိုးနဲ့ ကို ပြန်အထိုးခံရတာတော့ နာတယ်ကွာ” “ အော်..ပြောရဦးမယ်..။လေးသန်းကြီးတို့ ဗဟိုကို မယုံလို့ အဖွဲ့ ပြန်မဖွဲ့ ကြပဲ..။ဒေါ်စုလွတ်လာမှ ဖွဲ့ မယ်ဆိုပြီး နေလာတာကို လေ...ဖေဖေတို့ လေးသန်းကြီးတို့ကို..သတ္တိမရှိရင် မလုပ်ကြနဲ့ ..။သတ္တိရှိတဲ့  သူတို့တွေ ပဲ လုပ်မယ် ဆိုပြီး ..ပြောတဲ့  သူတယောက်လေ..။သိလား..။ပြီးခဲ့ တဲ့ ရက်က သူ့ရွာမှာ စာပေဟောပြောပွဲ လုပ်ဖို့ စီစဉ်သတဲ့ ..။အဲဒါ..သူ့ရွာနားက ဘုန်းကြီးတပါးက တားလို့ ဆက်မလုပ်ရဲတော့..သမီးတို့ မြို့ မှာ အရှက်တွေကွဲလိုက်တာ..။သူ့ သတ္တိက အဲလိုလေ..။၈၈အရေးအခင်းတုန်းကကော သူ့ရွာမှာ သွားရှောင်နေတာတဲ့ ..။သူများတွေကို ပြောတော့စည်းရုံးရေးဆင်းနေတာဆိုပဲ..။စာရေးဆရာမသီတာ (စမ်းချောင်း) ကို သွားဆက်သွယ် ဖိတ်ပေးတဲ့  ပွဲစီစဉ်သူကလဲ..တခြားသူ ဟုတ်ရိုးလား..။အခု စာရေးဆရာနံမယ်ခံထားတဲ့  ပုဂိုလ်ကြီးလေ..။အရင်က သူ့မှာ လုပ်ပိုင်ခွင့်မရှိပဲ နယ်ကျော်ပြီး စည်းရုံးရေးစည်းကမ်းဖောက်ပြီး ပေါင်းတည်က သတ္တိခဲတို့ကို တပည့်မွေးသွားတဲ့  သူကြီးပေါ့..” “ သမီးရေ...တော်တော့...။တခြား စိတ်ချမ်းသာစရာ လေးတွေ ပြောပါဦးဟယ်..” အေးလေ..။ဟုတ်သား..။ငါကလဲ..ငါပါပဲ..။လေးသန်းကြီးကို စိတ်ညစ်စရာတွေ လာပြောမိနေတယ်..။စဉ်းစားစမ်း..။စိတ်ချမ်းသာစရာ..။ပျော်စရာ..။သူတို့ အနာခံလှုပ်ရှားလာတဲ့  အဖွဲ့ ကြီး..။ဘယ်လောက် အောင်မြင်နေတယ်..ဆိုတာ။လူထု ဘယ်လောက် ထောက်ခံနေတယ် ဆိုတာ..။ဒါမျိုးလေးတွေ ရှာစမ်း..။ဟော..သိပြီ..။ “ဟိုတခါ လွတ်လပ်ရေးနေ့  တုံးက ပျော်ပွဲရွှင်ပွဲတွေ ရုံးမှာလုပ်ကြတာ..။လူတွေလဲ လာလိုက်ကြတာ..။ ရုံးက ဈေးရှေ့ တင် ဆိုတော့..ဈေးထဲက အသံတွေ အတိုင်းသားကြားနေရတာလေ..။သမီးကိုတောင် တချို့ က အားရ၀မ်းသာ ပြောသေးတယ်....။ကိုယ့်အဖွဲ့ ဆိုတော့ ကိုယ်အားပေးရတာပေါ့..တဲ့ ..။ဒီမှာ..လက်မှတ်တွေ ၀ယ်ထားတယ်တဲ့ ..။သမီးလဲ..ကောင်းတာပေါ့..။လွတ်လပ်ရေးနေ့  ရံပုံငွေ ဈေးရောင်းပွဲတော်လား..။ အားပေးပါဟယ်..။ဒေါ်စုပုံပါတဲ့  ပြက္ခဒိန်တွေ..တီရှပ်တွေရောင်းတာ လား..ဆိုတော့...မော်တော်ဆိုင်ကယ် မဲဖောက်တာတဲ့ ..။ကံစမ်းမဲ..တဲ့ ..။အဲဒီ အချိန်မှာ ရုံးထဲက နေ အသံချဲ့ စက်ကြီးနဲ့  အော်နေတာ..။မဲနံပါတ် ဘယ်လောက်..။ဘယ်ရွာက..။မော်တော်ဆိုင်ကယ်..မဲပေါက်ပါတယ်..ခင်ဗျားတဲ့ ” “ ဟဲ့  နီနီ..တော်တော့...တော်တော့..။ငါ..နှစ်ခါ ပြန်သေချင်လာပြီ..။ဒါလောက်တောင်.. ဥပဒေကြောင်း နားမလည်ကြဘူးလား..။တော်ပြီဟေ့..။မကြားချင်တော့ဘူး..။သွားမယ်..” ဒေါနဲ့  မာန်နဲ့  ပြောပြောဆိုဆို ဓါတ်ပုံထဲ အမြန်ပြန်ဝင်သွားတဲ့  လေးသန်းကြီးကြောင့်..ကိုယ်လဲ လန့်ဖျပ်ပြီး..အမြန်ပြန်လစ်လာရတယ်..။ဒါပေ...သတင်းထူးထူးဆန်းဆန်းလေးတွေ သိရင်တော့ ခါတိုင်းလိုပဲ လေးသန်းကြီးနဲ့  စကားလာပြောဖြစ်ဦးမယ်..။ ။