Wednesday, February 26, 2014

ဆုံနေရက်နဲ့ လွမ်းလေခြင်းများ

ဂျူးရဲ့  ဆုံနေရက် နဲ့  လွမ်းလေခြင်း..။ညီမ မယုရဲ့ ကျေးဇူးနဲ့  ပဲ ဖတ်ရတယ်..။သူကတော့ ဖတ်ပြီး အားမလို အားမရ..ဖြစ်သတဲ့ ..။ဘာပဲဖြစ်ဖြစ် ဂျူးရဲ့  စာအုပ်တွေက တစုံတရာ..ကို စာဖတ်သူတွေ ဆီ ရသစာပေကနေ တဆင့် အရောက်ပို့စမြဲ..မို့ စိတ်ဝင်တစား ရှိလှပါတယ်..။သူ..ဘာ ပေးသလဲ..။သူ့စာအုပ် ထဲက တခြားသူတွေ ဘာရသလဲတော့ မသိ..။လူဆိုတာ တယောက်နဲ့ တယောက် စိတ်ဘ၀င်မှာ လာညိတာချင်း မတူကြတာပဲလေ..။သူ့ဝတ္ထုမှာ ဖြစ်နိုင်ချေ နဲတာတွေ ထောက်ပြစရာတွေ ရှိကောင်းရှိနေမယ်..။ထားလိုက်..၀တ္ထုကိုး....။ဒီ .၀တ္ထုထဲက ကိုယ့်ဘ၀င်ကို လာညိတာတွေတော့ ရှိတယ်..။မျှလိုက်မယ်နော်..။ "...ကလေး ကဗျာတွေဟာ လူမျိုးတမျိုး ရဲ့  စိတ်ဝိဥာဉ်ကို ကြွယ်ဝအောင် ပြုလုပ်ပေးနိုင်ပါတယ်..။ကလေးကဗျာတွေဟာ ယဉ်ကျေးမှုကို သင်ပေးသလို တိုင်းပြည်ချစ်စိတ်ကိုလဲ သင်ပေးနိုင်ပါတယ်..။ကျွန်မတို့ မြန်မာကလေးကဗျာတွေဟာ အဆင့်အတန်း သိပ်မြင့်ပါတယ်..။ရသစုံလင် ရုံ မက အတွေးအခေါ်ကိုပါ ပြင်ဆင်ပေးနိုင်တဲ့  အရည်အသွေးနဲ့  ပြည့်စုံပါတယ်.." ဒါက ဂျူးဝတ္ထု ဇာတ်ကောင် အင်ကြင်းဝေရဲ့  ပြင်သစ်နိုင်ငံမှာ ဖတ်တဲ့  Give me a child until he is seven ဆိုတဲ့  စာတမ်းထဲက တချို့ ပါ..။ဒီစာတမ်းကို ပြန်လှန်မေးခွန်း မေးတဲ့  အထဲက မေးခွန်းတခုက စိတ်ဝင်စားစရာပါ..။မေးတဲ့သူက မြန်မာ.။အင်ကြင်းဝေနဲ့  နှစ်များစွာကွဲကွာနေတဲ့  ဖခင်..။၁၉၈၈အရေးတော်ပုံ အပြီး တိုင်းပြည်ကနေ ထွက်ပြေးလာရတဲ့  နိုင်ငံရေးသမား..။နယ်စပ်ကတဆင့် အမေရိကန်မှာ အခြေချနေသူ..။သူက " မြန်မာနိုင်ငံမှာ ကလေးတိုင်း မူလတန်းအရွယ်မှာ ကဗျာတွေ သင်ရတာပဲ..။ကလေးတိုင်း ကိုယ်ကျင့်သိက္ခာ ထိန်းကြရဲ့ လား..။ကလေးကဗျာတွေဟာ ကလေးတွေ ကောင်းမြတ်မှုအတွက် ဖန်တီး ပုံဖော်ပေးနိုင်တယ်ဆိုရင်...မြန်မာနိုင်ငံရဲ့  လက်ရှိအနေအထားအရ ဘာဖြစ်လို့ အကျင့်ပျက်ခြစားသူတွေ များလွန်းနေတာလဲ" လို့ မေးလိုက်တယ်..။စာရေးသူက... “...ထိုအခါ..အဖြေသည် ပညာရေးစနစ်ဧ။် ချို့ ယွင်းချက်ကို သိသာထင်ရှားစေသည့် ထင်မြင်ချက်မျိုး ဖြစ်လာလေတော့သည်..။ကဗျာကို သင်ကြားသူ ဆရာဆရာမသည်..ကဗျာကို ကလေးတကယ် မြတ်နိုးအောင် သင်ကြားပေးနိုင်ရဲ့ လား..။ကလေးဧ။် မိဘတို့သည် ကလေးကို ခုနစ်နှစ်မတိုင်မီ ကဗျာတွေ ပုံပြင်တွေ နှင့် မိတ်ဆက်ပေးရဲ့ လား..။ဆရာဆရာမလက်ထဲသို့ အပ်လိုက်သော အချိန်သည် အနဲဆုံး..ငါးနှစ်ခွဲမှ ခြောက်နှစ်ခွဲအရွယ် ဖြစ်နေသည်..။ခုနစ်နှစ် အရွယ်အထိ မိဘနှင့်ဆရာဧ။် လုပ်ပိုင်ခွင့် မညီမျှပေ..။မိဘက ငါးနှစ်ခြောက်နှစ် အထိ လုပ်ပိုင်ခွင့် ရှိပြီး ဆရာဆရာမဧ။် လုပ်ပိုင်ခွင့် နည်းပါးရသည့် အထဲ သင်ကြားပုံစနစ်မမှန်ကန်လျှင် ကလေးသည်..စာကို (ကျမကတော့..ကဗျာကိုလို့  ပြင်ချင်ပါတယ်) တာဝန်အရ သင်ယူတာဖြစ်ပြီး နှလုံးသားဖြင့် သင်ယူတတ်ဖို့ အခွင့်အရေး မရနိုင်ပေ..” ဆရာမ ဂျူး ရဲ့  ၀တ္ထုပြီးသောအခါ..ကျမအတွေးထဲတွင် ၀တ္ထုထဲက ဇာတ်လိုက် နှစ်ယောက်ရဲ့  ဆုံနေရက်နဲ့ လွမ်းရခြင်း (ဝေးကွာနေရခြင်း) ထက်..ကျမတို့ ကလေးများရဲ့  ဆုံနေရက် နဲ့  လွမ်းရခြင်းကို ထိထိရှရှ ခံစားရသည်..။ကျမတို့ကလေးတွေမှာ မြန်မာကလေးကဗျာ ကောင်းကောင်းတွေ ရှိသည်..။ကလေးကဗျာကောင်းကောင်းတွေနဲ့  ဆုံနိုင်ခွင့် ရှိသည်..။ဒါပေမဲ့  ကလေးဘယ်လောက်များများသည်..မြန်မာကလေးကဗျာတွေ နဲ့  ဆုံနေရက်နဲ့  လွမ်းနေရပါသလဲ..။ဝေးကွာ နေရပါသလဲ..။....။

No comments:

Post a Comment