Monday, October 10, 2016

မိုးမလင်းမီရွာလမ်း

တို့ရွာလမ်းလေးက
အဲဒီညမှာ
ပြဇတ်ဆန်ဆန်ရီဝေ
ညကားလိပ်ကြီးတွေချလို့။

ဘယ်တော့မှအစာမ၀တဲ့
တောခွေးတအုပ်ရဲ့ 
သားကောင်ကိုအရေဆုတ်သံ။

တတောလုံးမင်းမူနေတဲ့
အနှစ်မဲ့ကြက်ဆူတွေရဲ့ 
လက်ဝါးချင်းရိုက်သံ။

အမှောင်ကိုတိုး
အမှောင်ကိုထိုးဖောက်နေရသူတွေမှာ
ဘယ်အချိန်
ဘယ်နေရာက
ထပေါက်မယ်မှန်းမသိ
မြေမြှုပ်မိုင်းဘဲထိမလား။

မမြင်ကွယ်ရာက
မှန်းဆလို့ရနေတဲ့
အန္တရာယ်ကင်းပုန်းတွေကလဲပြည့်လို့။

တို့ရွာလမ်းမှာ
ဆရာညိုနွဲ့
ဆိုခဲ့သလို
လရောင်လဲမဆမ်း
ဒဂုန်တာရာရဲ့ ဆိတ်ဖလူးပန်းရနံ့တွေဘဲ
ရွာလုံးပျံ့ လို့။

လျှောက်စမ်း
ဆက်လျှောက်စမ်း
လမ်းရှိတယ်ဆိုတဲ့
အသိနဲ့ဘဲ
ရဲရဲရှေ့ တိုး
မိုးတော့လင်းဦးမှာပါ။ ။

(နီဇူလိုင်)

မိုးမလင်းမီရွာလမ်း

တို့ရွာလမ်းလေးက
အဲဒီညမှာ
ပြဇတ်ဆန်ဆန်ရီဝေ
ညကားလိပ်ကြီးတွေချလို့။

ဘယ်တော့မှအစာမ၀တဲ့
တောခွေးတအုပ်ရဲ့ 
သားကောင်ကိုအရေဆုတ်သံ။

တတောလုံးမင်းမူနေတဲ့
အနှစ်မဲ့ကြက်ဆူတွေရဲ့ 
လက်ဝါးချင်းရိုက်သံ။

အမှောင်ကိုတိုး
အမှောင်ကိုထိုးဖောက်နေရသူတွေမှာ
ဘယ်အချိန်
ဘယ်နေရာက
ထပေါက်မယ်မှန်းမသိ
မြေမြှုပ်မိုင်းဘဲထိမလား။

မမြင်ကွယ်ရာက
မှန်းဆလို့ရနေတဲ့
အန္တရာယ်ကင်းပုန်းတွေကလဲပြည့်လို့။

တို့ရွာလမ်းမှာ
ဆရာညိုနွဲ့
ဆိုခဲ့သလို
လရောင်လဲမဆမ်း
ဒဂုန်တာရာရဲ့ ဆိတ်ဖလူးပန်းရနံ့တွေဘဲ
ရွာလုံးပျံ့ လို့။

လျှောက်စမ်း
ဆက်လျှောက်စမ်း
လမ်းရှိတယ်ဆိုတဲ့
အသိနဲ့ဘဲ
ရဲရဲရှေ့ တိုး
မိုးတော့လင်းဦးမှာပါ။ ။

(နီဇူလိုင်)