Thursday, July 22, 2010

ရာသီစာ




စက် ဘီး ကလေး ကိုစီး....လက် ဆွဲ ခြင်းကို ဆွဲ ပြီး အိမ် နဲ့ မ နီး မဝေး က ဈေး ကလေး ကို သွား ရ တာ နေ့ တဓူ ၀....။အိမ် ရှင်မ ဆို တဲ့ အလုပ် က လည်း ဘာ မှသာ မဟုတ် တာ...ဦး နှောက် တ ကယ် စား တော့
``ဆံ ညို တွေ တောင် ...ဖြူ ဖြူလာ ပြီ´´ ဆို တဲ့ သီ ချင်း လေး ဘဲ အော် ဆို ချင် လာပြီ...။

ဒါ ပေ မယ့် ဈေး ထဲ ရောက် တာ နဲ့ လတ် လတ် ဆတ် ဆတ် ရာသီစာ သီးနှံ တွေ ဟင်း ရွက် တွေ အ သား ငါး တွေ က``လာ ပါ ...ယူပါ´´နဲ့ အပြိုင် အဆိုင် စွဲ ဆောင် နေ ကြ တာ လေ...။ ခု လို မိုး ဦး ကျဆို ...ဟင်းသီး ဟင်း ရွက် သာမက မြေ ထဲ က တိုး ထွက် လာ ကြတဲ့ မျှစ် တို့ မှို တို့ အင် ဥ တို့ လို သစ်ဥ သစ်ဖု တွေက ပေါ မှ ပေါ...။

မျှစ် ကိုမှ မျှစ် မျိုးကို စုံလို့..။ ၀ါး ပိုး ၀ါးက ရတဲ့ ၀ါးပိုး မျှစ် စို့ ကြီး တွေကို....အချပ်ကြီး ကြီး ပါးပါး လှီး ထား တဲ့ ၀ါး ပိုး မျှစ် ဆတ် နု နု ဖတ် ဖတ်ကြီး တွေ....။အဲ ဒီ မျှစ်ဆတ် ကို ကြက် သား နဲ့ ရော...။င ရုပ် သီးထောင်း စပ် စပ် ကို သံ ပု ရာရည် ရွှဲ ရွှဲ ညှစ် ထားတဲ့ ဟင်း အဖက် နဲ့ ဆို....။တ ရှူး ရှူး...တရှဲ ရှဲ ...။ထမင်းသုံးလေး ပန်းကန်တော့ အ သာ လေး...။ ကိုယ် တို့ က ပဲ ခူး ရိုးမ ခြေ ကန် ထားတော့ မျှစ် ပေါတဲ့ ဒေသ လေ...။
ခု လို မျှစ် ပေါ တဲ့ အချိန် ဆို တချို့  က မျှစ် တွေ ၀ယ် ပြီးတာရှည် ခံ မျှစ် ချဉ် ထဲ့ ကြတာ။မျှစ် ချဉ် က ရာသီ စာ မျှစ် ချို ချို အရ သာ တော့ ဘယ် မီလိမ့်မလဲ..။ရာ သီ စာ ဆို တာသူ့ အချိန် နဲ့ သူ စားရတာ ။ဒါ တောင် ..အရင် က လောက်မျှစ် မ ပေါ တော့..။ ရိုး မ တပတ်လည်မှာ ဆည် တွေ တည် ဆောက် လိုက် လို့ ၀ါးတော တွေ အ များ ကြီး ရေ အောက် ရောက် သွား လို့ လေ...။


အမ ယ်..ဒီ မှာ ဖျံ တွေ ပါလား..။
ဖျံ ဆိုလို့ သနား စရာ ဖျံသတ္တ ၀ါ လေး တွေ မ ထင် နဲ့ နော်...။စိမ်း စိမ်း အရွက် တွေ..။သူ့ အပင် က ဥကို တချို့  က`၀´ ဥ လို့ ခေါ်သတဲ့။ သူ လဲ မိုး ဦးကျ မှ မြေ ကြီး ထဲက သူ့ အလို လို တိုး ထွက် လာတာ..။တောတွေ ထဲ မှာ ပဲ ပေါက် တဲ့ အပင် တမျိုးလေ..။ဆိတ် ဖူး လို့ ခေါ် တဲ့ ဟင်းခပ် ကလေး ထဲ့..ပုဇွန် ခြောက် နိုင်နိုင် နဲ့.အရ ည် သောက် ကလေး ချက် ရင် ဖျံ ဟင်း.... ချွဲ ပြစ်ပြစ် အရသာ ကလေး..။ မချက်တတ် ရင် တော့ လျှာ ယား တတ် သတဲ့...။

ဒီ မှာက `အင် ဥ´ တွေ..။
သဲ တွေ ကပ် နေတဲ့ အ လုံး ကလေး တွေ..။သူတို့ က အင် ဖက်တော သဲ မြေ မွ မွ ကလေး တွေ ထဲ က တူး
ယူ ရတာ..။သဲ မြေ က လာ တာမို့  ရေစင် စင် ဆေး ရတယ်..။ပါး ပါး လှီး ပြီး ကြက် သွန် ဖြူ နီ ဆီ သတ်...နူး အောင် ကြော် လို့ ကတော့ အသား က အရှုံး ပေး ရ လောက်တယ်....။ သူ့ ကို မှို ဦးနှောက် လို့ လဲ ခေါ် သတဲ့...။အပြင် အခွံ ပါး ပါး လေး အောက် မှာ ဦး နှောက်က လေး လို နူးညံ့  ပျော့ အိ တဲ့ အ နှစ် ကလေး က သိပ် ဆိမ့်  တာ..။(မောင်လေးအ ငယ် ဆုံး ဖိုး ကရင် ဆို သိပ် ကြိုက် တာ..။ဟို တလော က ဖုန်း ထဲ ကနေ ပြောတယ်..အင် ဥ စား ချင် သတဲ့။)


ဟော သ မှာ ..သ ခွား ချဉ် သီးထွားထွား ကြီး တွေ ပါ လား...။
သခွား ခြစ်ကလေးနဲ့  အမျှင် အမျှင် လေးတွေ ခြစ်...။ငါးများ များ...။စိမ်း စားငပိ ကင်မွှေးမွှေး လေး သင့်ယုံ ထဲ့။
ငရုပ် သီးစပ် စပ် ..သံ ပု ရာ ရည် နဲနဲ ညှစ်ပြီး သုပ် စား ရ ရင်...သိပ်ကောင်း။သ ခွား သီးသုပ် နဲ့ ဘာ နဲ့လိုက် မလဲ ဆို တော့....။ခု လို ..မိုးဦး ကျ ...စ ပါး ပင် ပေါက် တွေ ကြား မှာပေါက် တဲ့....လယ်ကြား ငါးခူ ပေါက် ကလေး ကို အိုး ကပ် ဆီ ပြန် လေး ချက်...။ပင်စိမ်း ရွက် မွှေးမွှေးလေး အုပ် ပေါ့...။ ငါးင ပိ ရည် ကျို ..တို့ စ ရာ အစုံ အလင် နဲ့ ဆို..ထမင်း မမြိ န် မှာ ပူ စရာ မလို တော့...။

ပြောသာ နေ တာ...လယ်ကြား ငါး ခူ တွေ လဲ မစား ရ တာ ကြာလှ။
ရှား နေပြီ...။ပါးစပ် အလို လိုက်ပြီး....ငါး လေး တွေ ငယ် ထိပ် မစေ့ ခင် ကတည်းက စား ကြ တဲ့ ကိုယ်တို့ လူ သားတွေ ကြောင့် လား..။ဘက် ထရီ အိုး တွေ နဲ့ ရှော့ ရိုက်ဖမ်း ကြ လို့ လား...။လယ် တွေမှာဓါတ် မြေသြ ဇာ တွေ ပိုး သတ် ဆေးတွေ စည်း ကမ်း မဲ့ သုံး လာ ကြ လို့ လား.....။ဒေသ ငါး မျိုး စိတ် တွေ တနေ့ တခြား ရှားလာ နေ တာ.တော့ သိသိ သာ သာ...။

ဟို ကြည့် သည် ကြည့်  ....။
ဘာ ချက် ရ ပါ့မလဲ...စိတ် ကူးရင်း အသား ငါး တန်း ဖက် ရောက် လာ တယ်...။

အလို..ငါး ရှဉ့်  တွေ..ဈေးဗန်း ထဲ မှာ အခွေ လိုက်။
အကောင် ခပ် သေးသေး တောင် ၁ပိသာ ၅၀၀၀ ကျပ် ဈေး တဲ့..။ဝက်သား နဲ့ ဈေး တူ တူ..။ ငါး ရှဉ့်  ပါး မွဲ လို အကောင် ကြီး တွေဆို မ မြင် ရ တာ အတော် ကြာပြီ..။တ ရုပ် ပြည် ဖက် ခရီး လွန် နေတယ် ထင် ပါ့..။

အ မ လေး...စား ဖား ကြီး တွေက ဗန်း ထဲ မှာ ခြေကား ယား လက် ကား ယား...။တ ပိသာ ၈၀၀၀ ကျပ် ဈေး တဲ့ ..။မေ မေ့ ကို သ တိ ရလိုက် တာ..။မေ မေ တို့ မောင် နှ မ တွေ အ ကြိုက်ပေါ့..။ဖား သား ကြိုက် သူ တွေ က တော့ အဲ ဒီ ကောင် ကြီး တွေ ကို မီး မြှိုက် ကာ..အ ရေ ခွံ တွေ ခြွတ်ပြီး ချက် စား ကြ တာ မြင် ဖူး တယ်..။
မ ကျီး ရွက် စိမ်း စိမ်း လေးတွေ အုပ် လို့..။ဆီပြန် နေ အောင် ချက်ပြီး ဇီ ယာ လို့ ခေါ်တဲ့ ဟင်း ခပ် ရွက် အုပ် ထား တော့ မွှေး လိုက် တာ လွန် ပါ ရော....။ စား ဖို့ နေနေ သာ မြင် ရ တာ နဲ့ တင် အူ ယား လာ လို့ အမြန် လစ် မှ...။

ဟယ်...ရှား ရှား ပါး ပါး... ငါး သ လဲ တိုး လေး တွေ ပါလား..။
မ နေ့ က ရွာ တဲ့ မိုးကြီး နဲ့ ပါ လာ တာ ထင် တယ်။ ရေချို ငါး လေးတွေ..။တစ် ဆယ် သား ကို..၁၂၀၀ ကျပ်
ဈေး တဲ့..။၁ပိသာ..၁၂၀၀၀ကျပ် ဈေး ပေါ့ ..။ဈေး က တော့ ကောင်း ပါ့ လို့ တွေး ရင်း လက်တွန့် သွားမိ တယ်...။ သူ က တနှစ် မှ တခါ ပေါ် တဲ့ ရာ သီ စာ ကိုး..။ မိုး ကြီး ကြီး ရွာ လို့ ရေလျှံ ရင် ငါး သ လဲ တိုး တို့ ငါး စ ရစ် တို့ ငါး တောင် စီး တို့ လို ရေ ချို ငါး လေး တွေ ဟာ သူ တို့ ကို ဥ ချ ခဲ့  တဲ့ ရေ အိုင် စပ် တွေ က နေ အကောင် ပေါက်ပြီး မူ ရင်း လာရာ ချောင်း တွေ ဆီ ကို အုပ် စု လိုက် ပြန် ကြ သတဲ့...။( ငါး စ ရစ်တို့....အပြန် ပေါ့ လေ) ။ လယ် သမား တွေ ကတော့ ရွာ တဲ့ မိုး ကို တောင်...ဒါ..ငစရစ် မိုး..။ဒါ..င သ လဲတိုးမိုး ..။ငတောင် စီး မိုး...စသဖြင့်  ခွဲ သိကြတယ်တဲ့.....။တနှစ် တခါ ဌာနေ ပြန် ကျရှာ တဲ့ ငါး က လေး တွေ ခမျာ ....မ နု သ လူ သား တွေ ရဲ့  ရ သ တ ဏှာ ကြောင့် ပိုက် ထောင် ဖမ်း ဆီး ခံ ရ ရှာ တယ်...။့လူ သား တွေ ခမျာ လဲ မစား ဘဲ မှ နေ လို့ မရတာဘဲ..လို့။ကိုယ့်ဖက် ကို ယက် ပြီး စိတ် ဖြေ လိုက် ပါ တယ်..း)။ မျိုး မ ပြုန်း အောင် တရားလွန်
ဖမ်းဆီးစား သုံးတာ မျိုး ကိုတော့ ကာ ကွယ် ရ မပေါ့ လေ...။(ငါး လေး တွေ ကို သနားတာ ထက် ရေ ရှည် မှာ ကိုယ် စား စ ရာ မရှိ မှာ က ပို သ နား စရာ ကောင်း မယ်..ထင် တယ်..း)

ရေ ချို ငါး တွေရှား ပါး လာ တဲ့ နောက် အကြောင်း ရင်းက မြစ် ချောင်း အင်း အိုင် တွေခန်း ကု န် ကြ တဲ့ ......ကမ္ဘာ ကြီးပူ နွေး လာ လို့လား.. . ....။ကမ္ဘာပြား လာ လို့ လား..။နှစ် ခု စ လုံး ကြောင့်  လည်း ဖြစ် နိုင် ပါတယ်။ရေချို ငါး လေး တွေ ပတ် စ ပို့ လုပ် စ ရာမလို ဘဲ ကမ္ဘာ ပတ် နေကြ သတဲ့...။ဒီ တော့ ရေ ချို ငါး ဈေး က လည်း ဒေါ် လာ နဲ့ တွက် ရ တော့ မယ်...။ငါး ကျီး တို့ ငါး ခူတို့ ဆို လည်း ပု စွန် ထုပ်ဈေး ကို အမီ လိုက် နေဘီ..။

ကဲ ပါ လေ....အဖွား ပြော နေကျ...
``ပိုက် ဆံ ကြီး ကိုက် စား လို့ ရမလား အေ..။မစားဘဲ နေ ရင် ..ငတ် ယုံပေါ့..။ရာ သီ စာဆို တာ စား ကောင်း သ ဟဲ့..´´ ဆို တဲ့ အသံ လေး ပြန် ကြား ယောင် ရင်း ငါး သ လဲ တိုး လေး ၃၀ သား ၃၆၀၀ ဘိုး ကို မျက် စိမှိတ် ၀ယ် လိုက် တယ်။ ဆီပြန်အိုးကပ်ကလေးချက်..။ပင် စိမ်း လေးအုပ် မယ်..။ ရာ သီစာ မျှင် မျှစ် ချို ချို အချောင်း လိုက် ကလေး တွေ က...တပိသာ ၆၀၀ ဈေး နဲ့ ၅၀ ကျပ် သား ၀ယ် တယ်..။အ မျှင် လေး တွေ ခြစ် ပြီး ကြော်ရင် ဟင်း ရွက်ကြော် တခွက် ရမယ်...။နွေ မှာ ရေ လောင်း စိုက် တဲ့ ချဉ် ပေါင် မာ ဆတ် ဆတ် နဲ့ မတူ..နူး ညံ့  ပျော့ပြောင်း တဲ့ မိုး ဦး ကျ ချဉ် ပေါင် လတ် လတ် ဆတ် ဆတ်တွေက လက် ဆုပ် စည်း ၃စည်း ကို ၁၀၀
ကျပ် တဲ့..။ ၃စည်းဆိုတော့ များနေ လို့ ချဉ် ပေါင် ၂စည်း နဲ့ ရုံး ပတီ သီး ၃- ၄တောင့် ကို ၁၀၀ နဲ့ ၀ယ် တော့..။ ဈေး သည် လေး က င ရုပ် သီး စိမ်း လက် တဆုပ် ထဲ့ပေး လိုက် သေး တယ်..။ (ရောင်း သူ ၀ယ် သူ ကျေ နပ် ရင် အို ကေ ပေါ့ နော်..)

ကဲ...ငါး သ လဲ တိုးအိုးကပ်ချက် ရယ်...။ရုံး ပတီ သီးနဲ့  ချဉ် ပေါင် ဟင်း ချွဲ ချွဲ လေး ရယ်ငပိ ထောင်းစပ် စပ် ကလေး ရယ်..။မျှစ် ကြော် တခွက် ရယ်..။ဒါ ဆို....အိမ်သား တွေ ထမင်း မြိန် စေ မယ့် ရာ သီ စာ ထမင်း ပွဲ လေး ဖြစ်ပြီ....။

ဈေး ထဲ က အထွက် ...ပြောင်း ဖူး သည် ကြီး ပြောင်း ခင်း ထဲက... ခု မှ လတ် လတ် ဆတ် ဆတ် ချိုး လာ ပုံ ရ တဲ့ ပြောင်း ဖူး တတွဲ ၀ယ် ခဲ့ တယ်....။ ည နေ မိသားစု ရေ နွေး ၀ိုင်းလေးမှာ...ပြောင်း ဖူးစေ့ ချွေ ကြော် လေး နဲ့
လက်ဖက်သူုပ် ကလေးနဲ့ ပေါ့...။ သူ ကလဲ ရာ သီ စာ ဘဲ။ ၁၂ ရာ သီ လုံး ပေါ် တဲ့ နိုင် လွန် ပြောင်းဖူးတွေ
လောက် မချို ပေမယ့်....စေးစေးတွဲတွဲ စိမ့် စိမ့် ချို ပုံ လေးက မက်စရာ။အဝေး ရောက် နေတဲ့ ညီ မ လေး က ဂျီ တော့ ကနေ..``ပြောင်း ဖူး ပေါ် ပြီလား...စားချင် လိုက် တာ ´´တဲ့။ ကျွေး ချင် လိုက် တာမှ...အရမ်း ။

ကိုယ့် ဒေ သ ထွက် ရာသီ စာ လေး တွေ စား တိုင်း အဝေး ရောက် ညီ အမ တွေ နဲ့ မောင် နှ မတွေ ကို
သ တိ ရ လိုက် တာ...။

Saturday, July 17, 2010

ရှေ့ရှု ကာပဲ အလေးပြုပါတယ်လေ

၂ ၀ ၀ ၆ နှစ် က ကျမ ရန်ကုန် ရောက်နေ တုန်း အာဇာနည် နေ့ နဲ့ သွား ကြုံ နေတယ် ။ဒီ လို ကြုံ ကြိုက် တုန်း ကျမတို့ ကလေးတွေကို တာ ၀ါ လိန်း လမ်းက ဗိုလ် ချုပ် အောင် ဆန်း ပြတိုက် ကို လိုက် ပြ ဖို့ ....စိတ် ကူး ရကြတယ်..။

ဗိုလ် ချုပ် အောင်ဆန်း မကွယ် လွန် ခင် နေသွား ခဲ့ တဲ တာ ၀ါ လိန်း အိမ် ကြီး ကို သွား ကြည့် ဖို့ ကျမ တို့ ငယ် ငယ်ထဲက ကြိုး စားခဲ့ ပေ မယ့် နယ်ကမို့  ပြ တိုက် ဖွင့်ရက် နဲ့ မကြုံ တာနဲ့.....မ ရောက် ဖူး ခဲ့ ကြ....။ စာ အုပ် တွေ ထဲမှာသာ မြင်ဖူး တဲ့ ရဲ တိုက် ကြီးလို လို အမိုးချွန် ချွန် ထု လုံး ရှည် ပုံစံ အဆောင် တခု တွဲလျက် ပါတဲ့ တာ ၀ါ လိန်း လမ်းက ဗိုလ် ချုပ် အောင် ဆန်း ပြ တိုက်ကြီး ကို စိတ် မျက် စိ ထဲ မှာ စွဲ စွဲ လမ်း လမ်း။

ရန် ကုန် က အ မ နဲ့ ညီ မ ကလေးတွေ ရယ် ကိုယ့် ကလေးရယ်..။စုစု ပေါင်း ကလေး (၆) ယောက်။ညီအမ
သုံးယောက်.....။ တက္က စီ တစီး ငှားပြီး တာ ၀ါ လိန်းလမ်းက ဗို လ် ချုပ် အောင် ဆန်း ပြတိုက် ကို ပို့ ပေး ပါပေါ့....။ ကလေး တွေ ကလည်း သူတို့ ချစ်တဲ့ ဒေါ် အောင် ဆန်းစု ကြည် ငယ် ငယ်က နေခဲ့ တဲ့ အိမ် ဆို လို့ စိတ်ဝင် တစား.....။ ဟို မေး ဒီမေး...။တကားလုံး ပြည့် ကြပ် ..ဆူ ညံ လို့ ...။


ကမ္ဘာ အေး စေ တီ လမ်း ရဲ့  တနေ ရာ အရောက်..ကားသမား က ကားကို ရပ် ပြီး...``ရောက်ပြီ´´တဲ့။
အား လုံး စိတ် ၀င် တစား နဲ့ ဘေး ဘေး ဘီ ဘီ ကို ကြည့် ရင်း
``ဘယ်မှာ လဲ ဗိုလ် ချုပ် အောင် ဆန်း ပြ တိုက် ´´
ဆိုတော့..``ဟို မှာ´´လို့ ကားသမား က အိမ် ဖြူ ဖြူ ကြီး တလုံးကို လက် ညှိုး ညွှန် ပြ တယ်။အိမ် ကြီးက တော် တော်အို ဟောင်း ပြီး ပြု ပြု ပြင် ပြင် လည်း ရှိပုံ မရ..။တံ ခါးတွေ ကလည်း တရွဲ့  တစောင်း ။တ ဖက် ပွင့် ...တဖက် ပိတ်လို့...။အာ ဇာ နည် နေ့ ရယ် လို့ လူ သူ အရိပ် အယောင် တောင် မ မြင်ရ...။အား လုံး အမျှော် လင့် ကြီး မျှော် လင့် ထားတဲ့ ဗို လ် ချုပ် ပြတိုက် ကို ဒီ လို ပုံ စံ ကြီး နဲ့ မြင် လိုက် ရတော့...မင် သက် လို့...။ပြီးတော့ မှ..ဖျတ် က နဲ သတိ ရသွားတယ်...။``ဟုတ်သေးပါ ဘူး...စာအုပ် တွေ ထဲမြင် ဖူးခဲ့ တဲ့ တာ ၀ါ လိန်းအိမ် ကြီး က ဒီ ပုံ စံ မဟုတ်...။

ကား ဆ ရာ ကတော့ ခပ် တည် တည် ..
``ဟုတ် တယ်..ဒါ ဗိုလ် ချုပ် အောင် ဆန်းပြ တိုက် ´´ပါတဲ့..။

ဟို ဟို ဒီဒီ ကြည့် လိုက် တော့ မလှမ်း မကမ်း မှာ လုံခြုံ ရေး လက် ပတ် နဲ့ ရဲသား တယောက်...။

``ဗိုလ် ချုပ် အောင် ဆန်း ပြတိုက် ဒီ နားမှာ ရှိသလား´´လို့ ကျမ ကမေးတော့...ရဲ သား ကြီးက

``ဟိုး ..ရှေ့  က လမ်း သွယ် လေးထဲ ကို ၀င် သွားပါ´´ လို့ လမ်းညွှန်ပါတယ်။

``ကဲ..မောင် မင်းကြီး သား ကား ဆရာ..လမ်းသွယ် ထဲ ကို..မောင်း´´ဆိုတော့ မှ ဘ သားချော က စပ် ဖြဲ ဖြဲ နဲ့ ကျနော် က အဲဒီအိမ် ကြီးကို ဗိုလ် ချုပ် အောင် ဆန်း ပြ တိုက် လို့ ထင်ထားတာတဲ့.....

သူ့  လဲ အပြစ် မတင်ချင်...။ ဗိုလ် ချုပ် အောင် ဆန်း ကိုမှေး မှိန် မေ့ ပျောက် အောင် ..လုပ် ထား ခဲ့ သူ တွေ
ကို သာ အပြစ် ပိုတင်သင့်တယ် ထင်တာဘဲ...

+++ +++++


လမ်း သွယ် လေးထဲ ကို အေ တာ် ၀င် သွား တော့ မှ ခပ်မြင့် မြင့် တောင်ကုန်း် လေး ပေါ်မှာ ထီးထီးမား မား
ရဲ တိုက် ပုံ စံ အိမ် ဖြူ ဖြူ ကြီးကို လွမ်း မော ဖွယ် ရာ တွေ့ မြင် လိုက် ရတယ်..။ကျ မ တို့  အား လုံး စိတ် လှုပ် ရှား စွာနဲ့  ပေါ့။လုံ ခြုံ ရေး တာ ၀န် ကျသူ တွေ ဆီ မှာ ပါလာ သ မျှ ပစ္စည်း (ပိုက် ဆံအိတ် တွေက အစ)တခု မကျန် အပ် ခဲ့ရတာ...။လူ ချည်းသက် သက် ၀င် ရမယ် တဲ့...။

ပြ တိုက် လာ သူ တွေ ကို စ ၀င် ခိုင်း တဲ့ နေရာ ကတော့ ဗိုလ် ချုပ် စာ ထိုင် ဖတ် ရာ ဆင်ဝင် လေး နံ ဘေးကပါ..။အဲ ဒီ အောက် ထပ် ဆင် ၀င်ကလေး ထဲ မှာ ဗိုလ် ချုပ် စာထိုင် ဖတ်တဲ့ ပက် လက် ကု လား ထိုင် ကလေး တ လုံး ...။ဘေး က စား ပွဲ လေး ပေါ်မှာ ဖတ် လက် စ စာ အုပ် ကလေး တအုပ် နဲ့ မီးခြစ် ကလေး တခု..။(ဆေး လိပ်ရှိ မရှိကို တော့ သိပ် မမှတ် မိတော့) ဆင် ၀င် ကလေး နံ ဘေး အုတ် လှေ ကား လေး က တက် သွားတော့ စတွေ့ ရတဲ့ အခန်း က ထမင်း စားခန်းပါ...။ ထမင်း စား ပွဲ ရှည် ကြီး ပေါ် မှာ ဗိုလ် ချုပ် ရဲ့  နံမယ်ကျော်``ကြည်...ပဲ ပြုတ် နဲ့ နံ ပြား စားချင် တယ်´´ဆို တဲ့လက်ရေး မူ လေးကို လဲ တွေ့  ခဲ့ ရတယ် ။စား ပွဲ ပေါ် မှာ ပဲ ပြုတ် ပန်း ကန်ပုံ စံနဲ့ နံ ပြား ချပ် ပုံ စံ တွေ့ သ ရုပ် ပြ ထားတာ လဲ တွေ့ရတယ်။စားပွဲ ပေါ် မှာ ဘဲ သူ့  နေ ရာ နဲ့ သူ နေ ရာ တွေ မှာ နံ မယ်တွေ ရေးထား တယ်..။``အောင် ဆန်းစု ကြည် ´´ လို့ ရေးထား တာတွေ့  လို့ ကလေး တွေ သဘောကျ သွားပြီး``ဒါ..ဒေါ် စု နေ ရာ ကွ´´လို့ အော် ကြပြန်တယ်။

ကျ မ တို့ သာ မ က လာ ကြည့်သူ တွေ အကုန် လုံး ဟာ သ မိုင်းဝင် ရှေးဟောင်း အိမ် အို ကြီး ထဲ က ဗိုလ် ချုပ် တို့မိသားစု ရဲ့  လွမ်း မော စ ရာ အငွေ့  အသက် တွေကို တမြတ် တ နိုးငေး မော လို့...။

ထ မင်း စား ခန်း နဲ့ ကပ် လျက် ဧည့်  ခန်း အ ၀င် မှာ ရဲ တိုက် ပုံ စံ လုံး လုံး ကြီး ထဲ ကို ၀င်တဲ့ တံ ခါး ပေါက်
ကို တွေ့  ရပြီး အ ထဲ မှာ ကြောင် လိမ် လှေကား တ ခု။ အပေါ် ထပ် ဘု ရားခန်း ကို တက်တဲ့ နေ ရာ တဲ့။ အို ဟောင်းနေပြီ ဖြစ် လို့ လူ တွေ တက် ကြည့် ခွင့်  မပေး ပါ ....။ဧည့်  ခန်း ထဲမှာတော့ သာ မန် အိမ် ထောင် ပရိ ဘော ဂတွေနဲ့ အတူ ရှေးဟောင်း ရေ ဒီ ယို ကြီး တလုံး ...။ ဗိုလ် ချုပ်တို့ မိသားစု အား လပ် ချိန် မှာ သီ ချင်း တွေ ဘဲ တပျော်တပါး နားထောင် ခဲ့ လေ မလား....။ဒါ မှ မဟုတ် အရေး ကြီး တဲ့ သတင်း တွေကို များ တိုင် ပြည် ရှေ့  ရေး ကို တွေးရင်း နား ထောင် ခဲ့ လေ မလား...။


ကပ် လျက် အခန်း နှစ်ခု ကတော့ အိပ် ခန်း တွေ ပါ..။ ဗိုလ်ချုပ် တို့ အိပ် ခန်း ထဲ့ မှာ နှစ် ယောက်အိပ်ကျွန်း
ကုတင် တလုံး...။နံရံ ကပ် ဘီ ရို တလုံး ထဲ မှာ ဗိုလ် ချုပ် ၀တ် နေကျ ၀တ် စုံ လေး ၂စုံ..၃စုံ ကို တွေ့ ရတော့
စိတ် ထဲမှာ မကောင်း..။သူတို့ အိပ် ခန်း နံ ဘေးက အိပ် ခန်း ထဲ မှာတော့ ကလေး ကု တင် လေး သုံး လုံးက
ချစ် စ ရာ အစီ အရီ...။ညီ မ လေးကတော့ ကလေး တွေ ကို ဗိုလ် ချုပ် တို့ မိသားစု အကြောင်း တွေ ပြော ပြ လို့....။


အိပ် ခန်း တွေရဲ့  ဘေး ပေါက် ကနေ ဆက် ထွက် လိုက် တော့ အပေါ်ထပ် ကို တက် တဲ့ လှေ ကား ကြီး တစင်း။ ကျမ ကတော့ သူ များေ တွ သွားတဲ့ နောက် ကနေ အိပ် မက် ထဲမှာလမ်းလျောက် နေသလို လိုက် နေမိ တယ်။

အ ပေါ် ထပ် ကို ရောက် တော့ အစည်း အဝေး ခန်း တခု ရယ် စာ ဖတ် ခန်း တခုရယ် ..ထင် တယ်။အပေါ် ထပ် ကို တော့ စိတ်ထဲမှာ သိပ် မ မှတ်မိလှပါ။ ( ပြတိုက် လာ ကြည့် သူ တွေ ကို တချိန် လုံး ဗွီ ဒီ ယို လိုက် ရိုက်နေသူ တွေ ကြောင့် အေးအေး ဆေးဆေး မကြည့်  ရလို့ လား မသိ..။)

အောက် ထပ် ကို ပြန် ဆင်းပြီး ခြံ ထဲ ကို ဆင်း လာ တော့ ဗိုလ် ချုပ် အောင် ဆန်း စီး ခဲ့ တဲ့ ကား လေးက ကား ဂို ဒေါင် ထဲမှာ ငြိမ် ငြိမ် သက် သက်...။ခြံ ထဲ မှာ တော့ အားလပ် ချိန် တွေ မှာ သစ် ပင် စိုက် ပျိုး နေတဲ့ .....
ဗိုလ် ချုပ် အောင်ဆန်းရဲ့  ပုံ တူ ပန်းပု ရုပ် တခု နဲ့.....စိုက်ခင်း ပုံ စံ လေးတွေ....။ခပ် လှမ်းလှမ်း မှာတော့...သား လတ် အောင် ဆန်း လင်း ဆော့ကစား ရင်း ရေနစ် သေ ဆုံး ခဲ့ ရ တဲ့ ရေ ကန်ငယ် ကလေး...။

ကြီး ကျယ် မြင့် မြတ် လှ တဲ့ နိုင် ငံ့  ခေါင်းဆောင် ကြီး တဦး ရဲ့  အိမ် ဟာ ဘာ အဆောင် အယောင် အခမ်း အနား မှထူး ထူး ခြား ခြား မတွေ့  ခဲ့ ရပေ မယ့် ကြည့် ရှု သူတွေ ရဲ့  နှလုံးသား မှာ လွမ်း ဆွတ် လျက် ...နှမျော တသ လျက်။

အဲ ဒီ နေ့ က ကျမတို့ လိုဘဲ သူတို့ ကလေးတွေကို လိုက်ပြတဲ့ မိဘတွေ..။အာ ဇာ နည် နေ့ မှာ မှ ရှားရှား ပါး ပါး ကြည့် ခွင့် ရ လို့ ဗို လ် ချုပ် ကို သ တိ တရ လာ ကြည့် ကြသူ တွေ ဟာ ကြိတ်ကြိတ် တိုးအောင် များ မနေ ပေမဲ့ နဲ တော့ နဲတော့ မနဲ လှ ပါ....။

အပြ န် ရွှေ ဂုံ တိုင် လမ်း မပေါ် မှာတော့ ပင် နီ အင်္ကျီ နဲ ခမောက် တွေ ဆောင်း ထားတဲ့ N L D ပါ တီ ၀င် တွေ ၂ယောက် တတွဲ ၃ယောက် တ တွဲ စီ နဲ့ အာ ဇာ နည် ကုန်း ဖက် ကို ချီ တက် လာ ကြ တာ တွေ
ရတယ်..။ အာ ဇာ နည် ဗိ မာန် တည် ရှိ ရာ အာ ဇာ နည် ကုန်း နားကို ရောက်တော့ သံ
ဆူး ကြိုး အတားအဆီး တွေ ကို အ ကျည်းတန် စွာ တွေ့ ရ ပြန်တယ်....။ အင်္ကျီ အဖြူ နဲ့ ယော လုံ ချည် တွေ
ဝတ် ထားတဲ့ လူ ငယ် တစု ကို အာ ဇာနည် ဗိမာန် ဖက် ကို မသွား ဖို့ အတင်း အကြပ် တား နေ တဲ့ လုံ ခြုံ ရေး တွေ ကိုမြင် တော့ လည်း စိတ် မသက် သာလှ...။ ကိုယ့် တိုင်းပြည် လွတ်လပ် ရေး ရအောင် ဆောင် ရွက်ရင်း ကျ ဆုံး ခဲ့ ရတဲ့ အာ ဇာ နည် ခေါင်း ဆောင် ကြီး တွေကို ဘယ် လို ပြည်သူ ကမဆို လွတ်လွပ် လပ် လပ် အလေး ပြု ခွင့် မရှိ ရတော့ဘူး လား....။

+++ ++++

ဟို တလော က အင် တာ နက် စာ မျက် နှာတွေ မှာ တာ ၀ါ လိန်း လမ်း က ဗိုလ် ချုပ် အောင် ဆန်းပြ တိုက် ကြီး မှာ သရဲ ချောက် တယ် ဆိုတဲ့ သတင်း တွေ တွေ့ ရတော့ ...။ ဒီ လို သတင်း မျိုး တွေ သိပ် မကြိုက် လှ။အ လို လို မှ ဗိုလ် ချုပ် အောင် ဆန်း နဲ့ ပတ် သက်တာ တွေ ကို မှေး မှိန် အောင်...လူ တွေ မေ့ ပျောက် ကုန် အောင် လုပ်ခံ နေ ရတာကိုး....။ ဒီ သတင်း တွေ ကြား တော့ ကျမ တို့ ကလေး တွေ က သွား ကြည့် 
ချင် ပြန်သတဲ့...။ရန်ကုန် ရောက်တဲ့ တနေ့ ကလေး တွေ ကို လိုက်ပြ ဖြစ် ပြန် တယ်...။ အာ ဇာ နည် နေ့ မဟုတ် လို့ ခြံ ထဲ တော့ ၀င် ကြည့် လို့ မရ ။ခြံ ရှေ့ ကား ရပ် ပြီး ကြည့် တော့ တောင် ကုန်း လေးပေါ် က ရဲ တိုက် ဆန် ဆန် အိမ် ဖြူ ဖြူ ကြီး ဟာ အတိတ် ခြေ ရာ တွေ တပွေ့တပိုက် နဲ့ ....။ခန့် ခန့် ထည် ထည်...။သရဲ ချောက် မချောက် တော့ မသိ....။ ခြံ ၀န်းထဲ မှာ တော့ လုံ ခြုံ ရေး ၀န် ထမ်း တွေ လား ...။အနီး အနားရပ် ကွက် က လူ တွေ လား မသိ...။ ခြင်း ခတ် ကစား နေ ကြ တဲ့ လူ ငယ် တစု ကို တွေ့ ခဲ့ ရတယ်..။

မကျေ ပွဲ နွှဲ ချင် တဲ့ ကိုယ့် ကလေး တွေကို တော့ ကန် တော် ကြီးဗိုလ် ချုပ် ပန်းခြံထဲ က ဗိုလ် ချုပ် ကြေး ရုပ် ဆီ ကို ဘဲ လိုက် ပို့ရင်း ကလေး တွေ နဲ့ အတူ ဗိုလ် ချုပ် အောင် ဆန်းကို ...
``ရှေး ရှု ကာ ဘဲ.......အ လေး ပြု ပါ တယ် လေ....´´





Monday, July 12, 2010

ကပ်လိုက်ကြစို့ သူငယ်ချင်း



တနေ့ တနေ့ ဈေးဝယ် လျှင် ဈေး ရောင်း လျှင် ရင်ဆိုင် ရ တဲ့ ငွေ စ က္ကူ အ ကြွေ ပြ သနာ က မသေး လှ။အဆိုး ဆုံး က ၅၀ ကျပ်တန် ၊ ၁၀၀ ကျပ် တန် ငွေ စ က္ကူ ရှား ပါး မှု ။ရှိ လျှင် လဲ အစုတ် အပြဲ အဖာ တရာ...။

ဈေး ၀ယ် လျှင် အကြွေပြန် မအမ်း နိုင် လို့ ချို ချဉ် တွေ အမ်း ကြ..။ ဖ ယောင်း တိုင် တွေ အမ်း ကြ...။ ကိုယ့်  မှာ မလို ဘဲ နဲ့အပို ပစ္စည်း တွေ ၀ယ် ကြ ရ...။ ငွေ စက္ကူ တွေ က လည်း အိမ် သာ သုံး စက္ကူ တွေ လောက်တောင်
မသား နား တော့...။

ဟင်း....ဒီ ဒုက္ခ တွေ ကို စာ ဖွဲ့ နေ ရင် လဲ လက် ညောင်း ယုံ သာ ရှိမယ်..။ ဘယ် တကောင် တမြီး မှ တာဝန် ယူ ဖြေ ရှင်း ပေး မယ့်  ပုံမပေါ်...။ထုံး စံ အတိုင်း ကိုယ် ထူ ကိုယ် ထ ဖြေ ရှင်း ကြ တော့ လဲ...တဒုက္ခ။ ရခိုင်ပြည် နယ် မှာ ငွေ စ က္ကူ စုတ် တွေ သုံး မရအောင် ဆိုး လွန်း လို့ ..ကိုယ့်ဖာ သာ တို ကင် လေး တွေ လုပ်သုံး တော့လဲ...အရေး ယူ ခံ ရ။ အသိမ်း ခံ ရ...။ ငွေ စက္ကူ ဆိုတာ အစိုး ရ က သာ ထုတ် ခွင့်  ရှိသတဲ့......။ ကျန် တဲ့ေ ရ တို့ မီး တို့ သ ဘာ ၀ ဘေး တို့ သာ ကိုယ် ထူ ကိုယ်ထ လုပ် ကြ....။ ကိုယ် ထူ ကိုယ် ထ အစိုး ရ ဆန် ဆန်တော့ ....လာ မလုပ် နဲ့ ဆို တဲ့ သဘော။

ဒီ တော့ လည်း.... ရှိတဲ့ ငွေ စ က္ကူ အကြွေ စုတ် ပြတ် သတ် ကလေး တွေ ကို ဘဲ ပ လတ် စတစ် ကလေး တွေ နဲ့ အုပ်လို့ သုံး တဲ့ သူ တွေ ကသုံး ကြ....။ ဈေး တွေ ထဲ က နေ့ စဉ် ကြုံ တွေ့  ကြားမြင် နေ ရတဲ့ အသံ တွေ ကို နား ထောင် ကြည့် ပါ ဦး...။

မြန် မာ ပြည် သူ တွေ ခ န္တီ ပါ ရ မီ ကြီး ကြ ပုံ များ....။ပိုက် ဆံ အစုတ်ကလေး ပေး ရတဲ့ သူ က လည်း အား တုံ့  အား နာ နဲ့...

`` ၁၀၀ တန် က လေး က တော့ တော် တော် စုတ် နေတယ် ...သုံးလို့ ဖြစ် ပါ့ မလား ´´

`` ရ ပါ တယ် ဒီ လို ဘဲ သုံး နေ ရ တာ ဘဲ...´´

``၁၀၀ တန် ၂၀၀ တန် ဆို ရှေ့  တန်း ပြ န် ရဲ ဘော် ချည်း ဘဲ....´´

``၅၀ တန်...၁၀၀ တန် ဆို အ ဖာ ကလေး ပါ မှ စစ် တယ်ဟေ့ ´´

``၁၀၀ တန်လေး နဲ နဲ စုတ် နေတယ်....ကြိုက် ရဲ့ လား´´
`
` ကြိုက် ကြိုက် ..မကြိုက် ကြိုက် ယူ ရ မှာ ဘဲ တော်....လူ ကြီး ပေး စား ထားတာဘဲ´´ ဆို ကြ ပြော ကြ ။

စိတ် ညစ် စရာ လဲ ရီ စ ရာ လုပ် ပစ် ကြ....။ ကြည့် ကြ ပါ ဦး လေ...လက် ရှိသုံး နေ ရတဲ့ ငွေ စ က္ကူ တွေ ကို....




ဟို တုန်း က ဗိုလ် ချုပ် အောင် ဆန်း ပုံ လေး နဲ့ ပိုက် ဆံ ကလေး တွေ များ ခု တော့ ရှား ပါး ပစ္စည်း ဖြစ် နေ ဘီ။
.စံ လင်း ၊ မောင်ကောင်း လက် မှတ် ပါ တဲ့ ငွေ စက္ကူ လေး တွေ ဆို....ဒီ မှာ ကြည့်ပါ ဦး..။ ကျက် သ ရေ ကို ရှိ လို့...။





နောက်ြ့ပီး.. ငွေ စက္ကူ တ ရွက် တိုင်း ကို ငွေ စ က္ကူ ထုတ် ရာ ဌာ နတိုင်း မှာ သူ့ တန် ဖိုး အတိုင်း လဲ လှယ် ခွင့် ရှိ
ကြောင်း အာ မ ခံ ပါ တယ် ...လို့ လဲ ရေး ထားသေးတယ်.။

`` သူ များ တိုင်း ပြည် တွေ က ငွေ စ က္ကူ တွေ များ သူတို့ တိုင်း ပြည် က အ မွန် အ မြတ် ထား တဲ့ နိုင် ငံ့  ခေါင်း
ဆောင် တွေ ဘု ရင် ဘု ရင် မ တွေ ပုံ တွေ နဲ့.....´´


``တို့ တိုင်း ပြည် က ငွေ စ က္ကူ တွေ မှာ လ ည်း အခု တိုင်း ပြည် အုပ် စိုး နေတဲ့ အ ကြီး အ ကဲ တွေ ရဲ့  အမှတ် အသား တွေ ပါ သား ဘဲ...´´

``ဟိ....တိ ရ စ္ဆာ န် ပုံ ကြီး တွေ.....´´

+++ ++++


ဒီ ငွေ စ က္ကူ စုတ် တွေ မှ မသုံး ရင် လဲ သုံး စ ရာ မှ မရှိ တော့ ......ဘယ် သူ က မှ လဲတာ ၀န် သိသိ ဆောင် ရွက်
မပေး လေ တော့.....။ ကိုယ့်  ရှိ တဲ့ စက္ကူ စုတ် ကလေး တွေ ကို ပဲ....တယုတယ တရို တသေ လေး ကိုင် ကြဖို့ ........ ကိုယ်တိုင် လဲ လိုက် နာ....အချင်းချင်းလဲ ပ ညာ ပေးကြ....။

နေ ဦး....ခု တလော ပု ဂ္ဂ လိ က ဘဏ် တွေ ပေါ် လာသတဲ့ ။စမတ် ကဒ် တို့.....ဘာ ကဒ် တို့ ...ညာ ကဒ် တို့ တွေ နဲ့ သုံး တော့ မ တဲ့...။ဒီ လို ဆို.... ငွေ စ က္ကူ တွေ ကိုင် တွယ် သုံး စ ရာ မ လို တော့ ဘူး ဆို ဘဲ....။
အ လို လေး......ဒီ ကဒ် တွေ က တို့  လို သာ မန် ပြည် သူ တွေ နဲ့မ ဆီ လေး ရယ်မှ.....အို ...မ ဆိုင်။
ဒီ တော့ ပ လတ် စ တစ် တိပ် အ ကြည် လေး တွေ .......ဆောင် ကြလော့ ။
အ မျိုး သား ရေး တာ ၀ န် တ ရပ် ကို ...... ထမ်း ဆောင် ကြ လော့ ။
ငွေ စ က္ကူ အ စုတ် များ ကို ပ လတ် စ တစ် တိပ် များ ကပ်ကြ....ဖာ ကြ လော့ ..။
( ဒါ မှ ..ဗိုလ် ချုပ် အောင် ဆန်းပြော တဲ့ --ာ နိုင် ငံ အ မြန် ဖြစ် မှာ....။း)

ကဲ ပြော နေ ကြာ တယ်.....။

``က ကြီး ရေ ပ သတ် ...ကပ်... ကပ် လို က် ကြ စို့ .....သူ ငယ် ချင်း ......´´

Thursday, July 8, 2010

သေတနေ့ မွေးတနေ့



ဇူ လိုင် (၆ ) ရက် နေ့  မှာ အ ေ ၀း ေ ရာက် ညီ မ လေး ဆီ က ထူး ထူး ဆန်း ဆန်း ဖု န်း ၀င် လာ ပါ တယ် ...။ စည်း စ နစ် ကြီး တဲ့ ( ကပ် စီး နဲ ) ညီ မ လေး က တော် ရုံ တန် ရုံ နဲ့ အိမ် ကို ဖုန်း ဆက် လေ့ မရှိပါ...။

``ဟက် ပီး ဘတ် ဒေး မ မ ´´တဲ့....။


ကျမ က တဟား ဟား ရီ ရင်း ``ရက် မှား နေ ဘီ ဟေ့...။ ရတယ်....ထပ် မဆက် နဲ့ တော့..။ဖုန်း ခ တွေ ကုန် နေ ဦး မယ် ´´ လို့ လှမ်း နောက်တော့.....

``မမ မွေး နေ့ က ဆဲ ဗင်း ဇူ လိုင် မတိုင် ခင် ရက် ပါ ´´တဲ့....။ သူ က များ ပြန် ငြင်း နေ သေး တယ်.....။တ ကယ် တော့ ကျ မ မွေး နေ့  က ၁၉ ၆၂ ခု နှစ် တက္က သိုလ် သမဂ္ဂ ကြီး ဗုံး ခွဲ ဖျက်ဆီး ခံ ရ တဲ့ ဇူလိုင် လ ( ၈ ) ရက် နေ့ ရဲ့  နောက် ( ၅) နှစ် တိ တိ ကြာခဲ့ တဲ့ မ နက် ခင်း လေး တ ခု ပါ....။


တိုက် တိုက် ဆိုင် ဆိုင် ၁၉ ၆ ၂ ခု နှစ် ဆဲဗင်း ဇူလိုင် အရေး အခင်း အ ပြီး (၂၅)နှစ် အကြာ ၁၉၈၇ ရဲ့  ဇူလိုင် လ (၇) ရက် ညနေ ၃ နာ ရီ လောက်မှာ ရန်ကုန် တက္ကသိုလ် ဆေးရုံ ကို လူနာ အဖြစ် နဲ့ ကျမ တက် ခဲ့ ရ ဖူး တယ်....။


အဲ ဒီ ရက် တွေ မှာ စိတ်ပါ လက်ပါ ပန်း ချီ ဆွဲ တာ များ သွား လို့ ထင် တယ်...။ ပရက်တီကယ် ခန်း ထဲ မှာ အ ကောင်း သား က နေ ရုတ် တ ရက် မူး လဲ ပြီး သ တိ လစ် သွား ပါတယ်...။ ကိုယ့် ဖာ သာ တောင်ဘာ ဖြစ် သွား မှန်း မ သိလိုက် ပါဘူး...။ သတိ ပြန် ရ လာ တော့ တက္ကသိုလ် ဆေး ရုံ ကို ရောက် နေဘီ...။အနား မှာ ပ ၇က် တီ ကယ် ခန်း က ဆ ရာ မ တွေ ရယ်... သူငယ် ချင်း တချို့  ရယ်....စိတ် ပူ တဲ့ မျက် နှာ တွေ နဲ့...။ထူး ခြား တာ က...စက် မှု တက္က သိုလ် မှာ တက် နေ တဲ့ အကို ရယ်...၊အာ စီ တူး မှာ တက်နေတဲ့ အိုင် အာ ကျောင်း သူ ညီ မ ရယ်...၊ ၀ိ ဇာ ခန်း တွေ မှာ ဖလော် ဆိုဖီ တက် နေ တဲ့ ညီ မ ရယ်....စုံ စုံ ညီ ညီ တွေ့  လိုက် ရ တာ ပါ...။ကျ မ အခြေ အနေ ဘယ် လောက် ဆိုး သွား လို့ သူတို့ ကို ဘယ် လို အကြောင်း ကြား လိုက် တာ ပါလိမ့် ပေါ့....။


နောက် မှ သိ ရတာက ဆဲဗင်း ဇူလိုင် ကို ကျမ မွေး နေ့ လို့ အမှတ် မှား ပြီး.. ကျ မ ကို ညှဉ်း ရ အောင် စု ဆောင်း ချီ တက် လာကြ တာ တဲ့...။ ကျမ စာသင်ခန်း ရောက် မှ ကျမကို ချီ ပိုး ခေါ် လာ တာမြင် မှ နောက်က နေ လွယ် အိတ် တွေ ဖိ နပ် တွေ ကိုင် ပြီး ဆေး ရုံ ကို လိုက် လာ ကြ ရ ရှာ တာ...။မျက် နှာ ငယ် လေး တွေ နဲ့....။

ကျမ က မော်ဒယ် ဂဲလ် လည်း မဟုတ် တော့... မွေး နေ့ တို့ ဘာတို့ သိပ် လုပ် လေ့ လုပ်ထ မ ရှိ ဘူး..း))။ အသက် ကြီး လာ လေ ပို မေ့ ထားလေဘဲး) ။တချို့  သူငယ်ချင်းတွေ မေး လဲ ပါး စပ် ထဲ

ရှိတဲ့ ရက် စွဲ ပြော လိုက် တာဘဲ...။ကျွေး ရ မှာ စိုးလို့..း) ။



ဒီ နှစ် ကတော့ အသက် က လဲ ဘ၀ စပြီး ၃ နှစ် ကျော်ပြီ..။ဘ၀ မှာ မထင် မှတ် တဲ့ အလှည့်  အပြောင်း တွေလည်း အတန် အသင့်  ကြုံ ခဲ့ ဖူး ပြီ..။လူ တွေ မှာ မွေး နေ့  ရှိ သလို သေ နေ့ လည်း ရှိ ဦး မှာ ဘဲ..။ ခုတလော ကျမ တို့ မြို့  က လေး က နာရေး ကူ ညီ မှု အသင်း လေး ကို တခု ခု ကူ ညီ ချင် စိတ် ပေါက် နေတယ်...။အသိ မိတ် ဆွေ နာ ရေး တွေ လိုက် ပို့ တိုင်း သူတို့ အသင်းကလေး ရှိလို့ ...နာ ရေး ကိ စ္စ တွေ အဆင် ပြေပြေ ဖြစ် ရတာ ကို အမြဲ တွေ့ တွေ့ နေ ရတယ်..။ဆင်း ရဲ ချမ်းသာ မရွေး နာရေး ကိစ္စ ကြုံ လာရင် ကာယကံ ရှင် တွေ မှာ ဘာ လုပ် လို့ ဘာ ကိုင် ရ မှန်း မသိ..ပူကြ ဆွေး ကြ တတ် တာ ကိုး...။ကို ကျော် သူ တို့ လို တိုင်းသိ ပြည်သိ တွေက နာ ရေး ကူ ညီ မှု လုပ် ငန်းတွေကို ကျ ကျ နန လုပ် ပြ လိုက် တော့ ...။တနိုင်ငံလုံး မြို့  သေး မြို့  ငယ် လေး တွေ ပါ မကျန် ...နာ ရေး ကူ ညီ မှု အသင်း လေး တွေ ပေါ် လာ တာ သာဓု ခေါ် စ ရာ ပါ...။


ကျ မတို့ မြို့  ကလေး က နာရေးကူ ညီ မှု အသင်း က လူ တွေ လူ မှုရေး စိတ် ဓါတ် အပြည့် နဲ့ လုပ် ကိုင် နေ ကြ တာမြင်တိုင်း ကျမ သူတို့ကို ဘာ ကူညီ နိုင် မ လဲ လို့ တွေး မိ ပါတယ်...။စိတ် ရှိ လက် ရှိ မကူညီ နိုင် တာ ကတော့ ...ကိုယ့် အခြေ အနေ နဲ့ကိုယ် ပါ..။



နာ ဂစ် မုန် တိုင်း တိုက် တဲ့ သတင်း ကြား ကြား ခြင်း..ကျမ တို့ မြို့  က လူ ငယ် မိတ် ဆွေ တွေစု ပေါင်း ပြီး နာ ဂစ် ဒေသကို တခု ခု ကူ ညီ ဖို့ လှုပ် ရှား ကြ ပါ တယ်...။သူတို့ သတင်း ကြားတာ နဲ့ ကျမ နဲ့ ကျမ ခင်ပွန်း တိုင်ပင် ပြီး ကိုယ် တတ် နိုင် သ လောက် လှူ ဖို့ ဆုံး ဖြတ် ကြတယ်..။ တို့ တွေ ဆန် (၂၅) အိတ် နဲ့ လိုအပ်မယ့် အ၀တ် အစား အသုံး အဆောင် တွေ လှူ ပါ မယ် လို့ ဖုန်း ဆက် ပြော လိုက် ပါ တယ်...။အိမ်ရှေ့  က ကျ မ ရဲ့ ဈေးဆိုင် လေး ထဲ မှာ အ လှူပစ္စည်း တွေ ပြင်ဆင် နေတာ မြင် ကြ သူ တွေကလည်း ၀င် ရောက် လှူ ဒါန်းကြပါ တယ်...။



လူငယ် အဖွဲ့ ဆီ မှာ တနေ့ ထဲတင် ဆန်အိတ် (၆၀၀) ကျော် နဲ့ အ၀တ် အစား အသုံး အဆောင် ထုပ် တွေစု မိပါပြီ..။ ဇတ်လမ်း က စ ပါ ပြီ...တာဝန် ရှိသူ ဆို သူတွေက မြို့  က လူ ငယ် အဖွဲ့  ကို စစ် လား ဆေး လား တွေ လုပ် ပါ ဘီ..။ဘယ် သူ တွေ လှူ တာ လဲ...ဘာ လဲ ..စသဖြင့်ပေါ့ လေ..။နောက် ဆုံး တော့ လူ ငယ် အဖွဲ့  က ရက်ဆိုင်းမနေ ဘဲ ရသ မျှ ပစ္စည်း တွေ နဲ့ ဘဲ နာ ဂစ် ဒေသ ကို အမြန် လစ်ကြ ရပါတယ်...။ ဒါေ တာင် ...ဆန် အိတ် (၂၀၀) ကို သူ တို့ ကြီး ကြပ် မှု နဲ့ လှူ တဲ့ အထဲ ကို ထဲ့ ရ မယ် ဆို ပြီး ..အတင်းယူ ထားလိုက် ပါ သတဲ့....။

အဲ ဒီ နောက် ပိုင်း ကျမ တို့ က ဘဲ အလိုက် တသိ နဲ့ ကိုယ် လှူ ချင် တန်းချင် လည်း တိတ် တိတ် ဆိတ် ဆိတ် နဲ့ ဘဲ လှူပါ တော့ တယ်..။ ကိုယ် က သူ များ လို ...သွား လာ လဲ မ လုပ် နိုင်..။ ငွေကြေး က လည်း ပေါ လွန်း လို့ မဟုတ် ဘဲ ကိုယ့်  ချွေး နဲ စာ ထဲ က မျှ တ လှူ ဒါန်း ရ တာ ဆို တော့...။ကိုယ့်  အ တွက် နဲ့ တခြား လုပ် နိုင် ကိုင် နိုင် သူ တွေ ကို အနှောင့်  အယှက် မဖြစ် စေ ချင်လို့ ပါ...။



ဒီနှစ် မွေး နေ့ မှာ တော့ ကိုယ့်ကို လူ ဖြစ် အောင် ကျွေး မွေး ခဲ့ တဲ့ မိ ဘ ၂ယောက် နံ မယ် နဲ့...မြို့ ကလေး ရဲ့  နာ ရေးကူ ညီ မှု အသင်း လေး ကို တတ်အား သရွေ့  အလှူ ငွေ နဲ နဲ လေး သွားလှူ ဖြစ် ခဲ့ ပါ တယ်...။(ဆိုင်း တွေ ဗုံ တွေ မပါ ပါ ဘူးး)) အိမ်သား တွေအ တွက် တော့ ကိုယ့် ဒေ သ စတိုင် မုန့် ဟင်း ခါး ချက် ကလေး ကို ကုလား ပဲ စိမ်း မှုန့်  ပြစ်ပြစ် ငါး ခူ နိုင်း ချင်း...ဂျင်း နံ့ မွှေးမွှေး လေး နဲ့ ချက် တယ်....။ငှက်ပျောအူ မထဲ့ ဘဲ...ပိန်း ရိုး နူးနုး အိအိ လေး တွေ နဲ့ ..။ပဲ ကြော် ရွ ရွ ကလေး နဲ့  စား မလား....ဘူး သီး ကြော် ပွ ပွ လေး နဲ့ စားမလား......။

Tuesday, July 6, 2010

ဒီကွက်လပ်ကြီးမှာ..


ဒီ ကွက် လပ် ကြီး ထဲ မှာ

မလွတ် မြောက် သေး တဲ့ ၀ိ ညာ ဉ် တွေ ရှိနေတယ်။

မြက် ရိုင်း တွေ နဲ့ တီးတိုး စ ကား ဆို ရင်း

ငို ချင်း ရှည် ရှည် ညည်း နေ ရ တုန်းဘဲ။


ရာ ဇ ၀င် ကြွေး တွေ ကျော ပိုး ပြီး

အရိုး တွန် ချိန် ကို စောင့် ရတာ

လေး လံ လွန်း လှ ပါ ပြီ ။


ပြော လိုက် ကြ ပါ...

ပြော ..လိုက် .. ကြ ပါ....

ပြော........လိုက် ကြ......ပါ..........

သား စဉ် မြေးဆက် လက် ဆင့် ကမ်းလို့ ။


ဒီ ကွက် လပ် ကြီး ထဲ မှာ

အတိတ် ရိုင်း တွေ ရှိခဲ့ တယ်

အတိတ် သမိုင်း တွေ ရှိ ခဲ့ တယ် ။


သမိုင်း ဆိုတာ

ဒိုင်း နမိုက် နဲ့ ခွဲ ဖောက်

ဘူ ဒို ဇာ နဲ့ နင်း ခြေ ဖျောက် ဖျက် ရုံ နဲ့

ပျောက် ပျက် သွား မဲ့

အ ဆောက် အ အုံ ......မဟုတ် ဘူး ။ ။