ဇူ လိုင် (၆ ) ရက် နေ့  မှာ အ ေ ၀း ေ ရာက် ညီ မ လေး ဆီ က ထူး ထူး ဆန်း ဆန်း ဖု န်း ၀င် လာ ပါ တယ် ...။ စည်း စ နစ် ကြီး တဲ့ ( ကပ် စီး နဲ ) ညီ မ လေး က တော် ရုံ တန် ရုံ နဲ့ အိမ် ကို ဖုန်း ဆက် လေ့ မရှိပါ...။
``ဟက် ပီး ဘတ် ဒေး မ မ ´´တဲ့....။
ကျမ က တဟား ဟား ရီ ရင်း ``ရက် မှား နေ ဘီ ဟေ့...။ ရတယ်....ထပ် မဆက် နဲ့ တော့..။ဖုန်း ခ တွေ ကုန် နေ ဦး မယ် ´´ လို့ လှမ်း နောက်တော့.....
``မမ မွေး နေ့ က ဆဲ ဗင်း ဇူ လိုင် မတိုင် ခင် ရက် ပါ ´´တဲ့....။ သူ က များ ပြန် ငြင်း နေ သေး တယ်.....။တ ကယ် တော့ ကျ မ မွေး နေ့  က ၁၉ ၆၂ ခု နှစ် တက္က သိုလ် သမဂ္ဂ ကြီး ဗုံး ခွဲ ဖျက်ဆီး ခံ ရ တဲ့ ဇူလိုင် လ ( ၈ ) ရက် နေ့ ရဲ့  နောက် ( ၅) နှစ် တိ တိ ကြာခဲ့ တဲ့ မ နက် ခင်း လေး တ ခု ပါ....။
တိုက် တိုက် ဆိုင် ဆိုင် ၁၉ ၆ ၂ ခု နှစ် ဆဲဗင်း ဇူလိုင် အရေး အခင်း အ ပြီး (၂၅)နှစ် အကြာ ၁၉၈၇ ရဲ့  ဇူလိုင် လ (၇) ရက် ညနေ ၃ နာ ရီ လောက်မှာ ရန်ကုန် တက္ကသိုလ် ဆေးရုံ ကို လူနာ အဖြစ် နဲ့ ကျမ တက် ခဲ့ ရ ဖူး တယ်....။
အဲ ဒီ ရက် တွေ မှာ စိတ်ပါ လက်ပါ ပန်း ချီ ဆွဲ တာ များ သွား လို့ ထင် တယ်...။ ပရက်တီကယ် ခန်း ထဲ မှာ အ ကောင်း သား က နေ ရုတ် တ ရက် မူး လဲ ပြီး သ တိ လစ် သွား ပါတယ်...။ ကိုယ့် ဖာ သာ တောင်ဘာ ဖြစ် သွား မှန်း မ သိလိုက် ပါဘူး...။ သတိ ပြန် ရ လာ တော့ တက္ကသိုလ် ဆေး ရုံ ကို ရောက် နေဘီ...။အနား မှာ ပ ၇က် တီ ကယ် ခန်း က ဆ ရာ မ တွေ ရယ်... သူငယ် ချင်း တချို့  ရယ်....စိတ် ပူ တဲ့ မျက် နှာ တွေ နဲ့...။ထူး ခြား တာ က...စက် မှု တက္က သိုလ် မှာ တက် နေ တဲ့ အကို ရယ်...၊အာ စီ တူး မှာ တက်နေတဲ့ အိုင် အာ ကျောင်း သူ ညီ မ ရယ်...၊ ၀ိ ဇာ ခန်း တွေ မှာ ဖလော် ဆိုဖီ တက် နေ တဲ့ ညီ မ ရယ်....စုံ စုံ ညီ ညီ တွေ့  လိုက် ရ တာ ပါ...။ကျ မ အခြေ အနေ ဘယ် လောက် ဆိုး သွား လို့ သူတို့ ကို ဘယ် လို အကြောင်း ကြား လိုက် တာ ပါလိမ့် ပေါ့....။
နောက် မှ သိ ရတာက ဆဲဗင်း ဇူလိုင် ကို ကျမ မွေး နေ့ လို့ အမှတ် မှား ပြီး.. ကျ မ ကို ညှဉ်း ရ အောင် စု ဆောင်း ချီ တက် လာကြ တာ တဲ့...။ ကျမ စာသင်ခန်း ရောက် မှ ကျမကို ချီ ပိုး ခေါ် လာ တာမြင် မှ နောက်က နေ လွယ် အိတ် တွေ ဖိ နပ် တွေ ကိုင် ပြီး ဆေး ရုံ ကို လိုက် လာ ကြ ရ ရှာ တာ...။မျက် နှာ ငယ် လေး တွေ နဲ့....။
ကျမ က မော်ဒယ် ဂဲလ် လည်း မဟုတ် တော့... မွေး နေ့ တို့ ဘာတို့ သိပ် လုပ် လေ့ လုပ်ထ မ ရှိ ဘူး..း))။ အသက် ကြီး လာ လေ ပို မေ့ ထားလေဘဲး) ။တချို့  သူငယ်ချင်းတွေ မေး လဲ ပါး စပ် ထဲ
ရှိတဲ့ ရက် စွဲ ပြော လိုက် တာဘဲ...။ကျွေး ရ မှာ စိုးလို့..း) ။
ဒီ နှစ် ကတော့ အသက် က လဲ ဘ၀ စပြီး ၃ နှစ် ကျော်ပြီ..။ဘ၀ မှာ မထင် မှတ် တဲ့ အလှည့်  အပြောင်း တွေလည်း အတန် အသင့်  ကြုံ ခဲ့ ဖူး ပြီ..။လူ တွေ မှာ မွေး နေ့  ရှိ သလို သေ နေ့ လည်း ရှိ ဦး မှာ ဘဲ..။ ခုတလော ကျမ တို့ မြို့  က လေး က နာရေး ကူ ညီ မှု အသင်း လေး ကို တခု ခု ကူ ညီ ချင် စိတ် ပေါက် နေတယ်...။အသိ မိတ် ဆွေ နာ ရေး တွေ လိုက် ပို့ တိုင်း သူတို့ အသင်းကလေး ရှိလို့ ...နာ ရေး ကိ စ္စ တွေ အဆင် ပြေပြေ ဖြစ် ရတာ ကို အမြဲ တွေ့ တွေ့ နေ ရတယ်..။ဆင်း ရဲ ချမ်းသာ မရွေး နာရေး ကိစ္စ ကြုံ လာရင် ကာယကံ ရှင် တွေ မှာ ဘာ လုပ် လို့ ဘာ ကိုင် ရ မှန်း မသိ..ပူကြ ဆွေး ကြ တတ် တာ ကိုး...။ကို ကျော် သူ တို့ လို တိုင်းသိ ပြည်သိ တွေက နာ ရေး ကူ ညီ မှု လုပ် ငန်းတွေကို ကျ ကျ နန လုပ် ပြ လိုက် တော့ ...။တနိုင်ငံလုံး မြို့  သေး မြို့  ငယ် လေး တွေ ပါ မကျန် ...နာ ရေး ကူ ညီ မှု အသင်း လေး တွေ ပေါ် လာ တာ သာဓု ခေါ် စ ရာ ပါ...။
ကျ မတို့ မြို့  ကလေး က နာရေးကူ ညီ မှု အသင်း က လူ တွေ လူ မှုရေး စိတ် ဓါတ် အပြည့် နဲ့ လုပ် ကိုင် နေ ကြ တာမြင်တိုင်း ကျမ သူတို့ကို ဘာ ကူညီ နိုင် မ လဲ လို့ တွေး မိ ပါတယ်...။စိတ် ရှိ လက် ရှိ မကူညီ နိုင် တာ ကတော့ ...ကိုယ့် အခြေ အနေ နဲ့ကိုယ် ပါ..။
နာ ဂစ် မုန် တိုင်း တိုက် တဲ့ သတင်း ကြား ကြား ခြင်း..ကျမ တို့ မြို့  က လူ ငယ် မိတ် ဆွေ တွေစု ပေါင်း ပြီး နာ ဂစ် ဒေသကို တခု ခု ကူ ညီ ဖို့ လှုပ် ရှား ကြ ပါ တယ်...။သူတို့ သတင်း ကြားတာ နဲ့ ကျမ နဲ့ ကျမ ခင်ပွန်း တိုင်ပင် ပြီး ကိုယ် တတ် နိုင် သ လောက် လှူ ဖို့ ဆုံး ဖြတ် ကြတယ်..။ တို့ တွေ ဆန် (၂၅) အိတ် နဲ့ လိုအပ်မယ့် အ၀တ် အစား အသုံး အဆောင် တွေ လှူ ပါ မယ် လို့ ဖုန်း ဆက် ပြော လိုက် ပါ တယ်...။အိမ်ရှေ့  က ကျ မ ရဲ့ ဈေးဆိုင် လေး ထဲ မှာ အ လှူပစ္စည်း တွေ ပြင်ဆင် နေတာ မြင် ကြ သူ တွေကလည်း ၀င် ရောက် လှူ ဒါန်းကြပါ တယ်...။
လူငယ် အဖွဲ့ ဆီ မှာ တနေ့ ထဲတင် ဆန်အိတ် (၆၀၀) ကျော် နဲ့ အ၀တ် အစား အသုံး အဆောင် ထုပ် တွေစု မိပါပြီ..။ ဇတ်လမ်း က စ ပါ ပြီ...တာဝန် ရှိသူ ဆို သူတွေက မြို့  က လူ ငယ် အဖွဲ့  ကို စစ် လား ဆေး လား တွေ လုပ် ပါ ဘီ..။ဘယ် သူ တွေ လှူ တာ လဲ...ဘာ လဲ ..စသဖြင့်ပေါ့ လေ..။နောက် ဆုံး တော့ လူ ငယ် အဖွဲ့  က ရက်ဆိုင်းမနေ ဘဲ ရသ မျှ ပစ္စည်း တွေ နဲ့ ဘဲ နာ ဂစ် ဒေသ ကို အမြန် လစ်ကြ ရပါတယ်...။ ဒါေ တာင် ...ဆန် အိတ် (၂၀၀) ကို သူ တို့ ကြီး ကြပ် မှု နဲ့ လှူ တဲ့ အထဲ ကို ထဲ့ ရ မယ် ဆို ပြီး ..အတင်းယူ ထားလိုက် ပါ သတဲ့....။
အဲ ဒီ နောက် ပိုင်း ကျမ တို့ က ဘဲ အလိုက် တသိ နဲ့ ကိုယ် လှူ ချင် တန်းချင် လည်း တိတ် တိတ် ဆိတ် ဆိတ် နဲ့ ဘဲ လှူပါ တော့ တယ်..။ ကိုယ် က သူ များ လို ...သွား လာ လဲ မ လုပ် နိုင်..။ ငွေကြေး က လည်း ပေါ လွန်း လို့ မဟုတ် ဘဲ ကိုယ့်  ချွေး နဲ စာ ထဲ က မျှ တ လှူ ဒါန်း ရ တာ ဆို တော့...။ကိုယ့်  အ တွက် နဲ့ တခြား လုပ် နိုင် ကိုင် နိုင် သူ တွေ ကို အနှောင့်  အယှက် မဖြစ် စေ ချင်လို့ ပါ...။
ဒီနှစ် မွေး နေ့ မှာ တော့ ကိုယ့်ကို လူ ဖြစ် အောင် ကျွေး မွေး ခဲ့ တဲ့ မိ ဘ ၂ယောက် နံ မယ် နဲ့...မြို့ ကလေး ရဲ့  နာ ရေးကူ ညီ မှု အသင်း လေး ကို တတ်အား သရွေ့  အလှူ ငွေ နဲ နဲ လေး သွားလှူ ဖြစ် ခဲ့ ပါ တယ်...။(ဆိုင်း တွေ ဗုံ တွေ မပါ ပါ ဘူးး)) အိမ်သား တွေအ တွက် တော့ ကိုယ့် ဒေ သ စတိုင် မုန့် ဟင်း ခါး ချက် ကလေး ကို ကုလား ပဲ စိမ်း မှုန့်  ပြစ်ပြစ် ငါး ခူ နိုင်း ချင်း...ဂျင်း နံ့ မွှေးမွှေး လေး နဲ့ ချက် တယ်....။ငှက်ပျောအူ မထဲ့ ဘဲ...ပိန်း ရိုး နူးနုး အိအိ လေး တွေ နဲ့ ..။ပဲ ကြော် ရွ ရွ ကလေး နဲ့  စား မလား....ဘူး သီး ကြော် ပွ ပွ လေး နဲ့ စားမလား......။
ပျော်ရွှင် ချမ်းမြေ့တဲ့ မွေးနေ့ဖြစ်ပါစေ မမနီရေ..
ReplyDeleteကိုယ်တတ်အားသရွေ့ ကိုယ့်ပတ်ဝန်းကျင်ကို ငြိမ်းချမ်းပြီး အန္တရာယ်ကင်းအောင် တထောင့်တနေရာက လုပ်ပေးနိုင်သူ ဖြစ်မြဲဖြစ်ပါစေ။
မုန့်ဟင်းခါး--- ဆိုလို့... သွားရည်ကျသွားတယ်ဗျာ...
ReplyDeleteပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါစေ... မနီ...
စကားမစပ် ကျနော်က ၃ နှစ်ကြီးတယ်...း)
မွေးနေ့ မှား နှုတ်ဆက်တာ..ဘယ်သူပါလိမ့်... ။
ReplyDeleteမုန့်ဟင်းခါး ပြစ်ပြစ်လေး လွမ်းလိုက်တာ..