Tuesday, July 6, 2010

ဒီကွက်လပ်ကြီးမှာ..


ဒီ ကွက် လပ် ကြီး ထဲ မှာ

မလွတ် မြောက် သေး တဲ့ ၀ိ ညာ ဉ် တွေ ရှိနေတယ်။

မြက် ရိုင်း တွေ နဲ့ တီးတိုး စ ကား ဆို ရင်း

ငို ချင်း ရှည် ရှည် ညည်း နေ ရ တုန်းဘဲ။


ရာ ဇ ၀င် ကြွေး တွေ ကျော ပိုး ပြီး

အရိုး တွန် ချိန် ကို စောင့် ရတာ

လေး လံ လွန်း လှ ပါ ပြီ ။


ပြော လိုက် ကြ ပါ...

ပြော ..လိုက် .. ကြ ပါ....

ပြော........လိုက် ကြ......ပါ..........

သား စဉ် မြေးဆက် လက် ဆင့် ကမ်းလို့ ။


ဒီ ကွက် လပ် ကြီး ထဲ မှာ

အတိတ် ရိုင်း တွေ ရှိခဲ့ တယ်

အတိတ် သမိုင်း တွေ ရှိ ခဲ့ တယ် ။


သမိုင်း ဆိုတာ

ဒိုင်း နမိုက် နဲ့ ခွဲ ဖောက်

ဘူ ဒို ဇာ နဲ့ နင်း ခြေ ဖျောက် ဖျက် ရုံ နဲ့

ပျောက် ပျက် သွား မဲ့

အ ဆောက် အ အုံ ......မဟုတ် ဘူး ။ ။

No comments:

Post a Comment