Friday, December 24, 2010

`` ဒီ ဇင် ဘာ နှင်း ´´


မျှော် လင့် ခြင်း တွေ ပိန်းပိတ်
သိပ်သိပ်သည်းနေလိုက်တာ
ဒီဇင်ဘာ နံ နက် ရဲ့
နှင်းထု များပမာ....

နေ ခြည် စူးလက်
ရက်စက် ပေါ့
အက်ကွဲ လွင့် ပါး
နှင်းထု များဟာ
မျှော် လင့် ခြင်း နှင်းရည် စက်
အငွေ့  ပျံ ပျောက် ပျက်....

အသစ် မွေးဖွားလာ မယ့်
ဒီဇင် ဘာ တနံ နက် မှာ
မျှော် လင့် ခြင်း နှင်းထု တွေဟာ
သိပ် သည်း စွာ....

No comments:

Post a Comment