Tuesday, September 21, 2010

ကျောက် ချထားတဲ့..ငါ


ကျောက် ချထားတဲ့..ငါ
ဒီ နေရာကနေ..ဘယ်မှ မရွေ့  ခဲ့ရဘူး..။
မရွေ့ တော့ ဘူး...ရွေ့ လို့ မရတော့ ဘူး..။
ငါ့ ခြေ ထောက် တွေ ဟာ
သစ် မြစ် တွေ ပမာ...လိမ် ယှက် လို့...တိုးဝင် ကုတ်တွယ် လို့
နှုတ် လို့ မရတော့ဘူး...။

ကံ ကောင်း ထောက် မစွာ
ငါ့ မှာ
ပဉ္စ လက် မှော်သေတ္တာ ကလေး ..ရှိသေး တယ်။

သူ့ မှော် အတတ် နဲ့
ငါသွားချင်ရာ..လိပ်ပြာတကောင်လို...လူးလာ ပျံဝဲ လို့ ရသေးတယ်...။
ငါ နားချင် ရာ...ဖြေး ညှင်း ညင်သာ...နားလို့ ရသေးတယ်...။

ဒါ ပေမယ့်...
အချိန် ကျ ရင်..ပဉ္စ လက် မှော်သေတ္တာ ကလေး ထဲမှာ ဘဲ
ဝင် ခွေ လဲ လျောင်းရင်း
ငါ့ ကိုယ် ငါ...သော့ ခတ်လို့..။
ငါ့ ကိုယ် ငါ...ထုတ် ပိုး သိမ်းဆည်း လို့...။
ငါ့ ခြေ ရာတွေ ကို ငါ..... .ပြန်သိမ်း ဆည်း ဖို့ လိုက် ရှာ တာ..ဘယ်မှာ
မှ ...မတွေ့တော့ ပါလား...။ ။

No comments:

Post a Comment