+++တနေ့ လောက် ..မတွေ့  ရင်ဘဲ....အရမ်းလွမ်း....သတဲ့ +++
စက္ကန့် လေးတွေ ဘဲ...၀ါး စားဦး မတဲ့...+++
ခဏ လောက် တော့
...ပင်စင် ယူ ပါဦး...+++
စက္ကန့် လေးတွေ ဘဲ...၀ါး စားဦး မတဲ့...+++
ခဏ လောက် တော့
...ပင်စင် ယူ ပါဦး...+++
` တောက်´ ...
ဒီ.ထီလှည်း ကလည်း...ဒီ သီချင်း ဘဲ..ထပ်ကာ ထပ်ကာ ဖွင့် နေရသလား...။ ကျွဲ မြီး ပါမက..အကုန် ငုံးတိ ဖြစ်နေသော စိတ် ဖြင့် တောက်ခေါက် လိုက်ရင်း..။လက် ထဲက ၅၀၀ တန် အစုတ်ကို ..ဆက် ကိုင် ဘဲ ထား ရ
မလား..။လွှင့် ဘဲ ပြစ် လိုက် ရမလား...။ ဒါမှ မဟုတ်..သူ့ ထီဆိုင် က..ထီဘဲ ထိုး လိုက် ရမလား...။အင်း...ဒီ ၅၀၀ နဲ့
ဆို ..ထီ လက် မှတ် (၂) စောင် တောင် ရဖို့ မသေချာ...။
အနှစ် နှစ် အလလ ကလေး လေး တွေ ပညာ ရရှိ ဖို့..သင်ကြားပြသ ပေးလာတဲ့...ဆရာမ တယောက် ရဲ့  ပင်စင် လစာ ငွေတဲ့လား..။ ပီ တိ ကိုစား..အားရှိ ဧ။်...တဲ့။ အားရှိ မရှိ တော့ မသိ...။ ခါးသက် သက် တော့ နိုင် လှသည်။ တလ..တလရသော ပင်စင် လစာ ကို သွားထုပ် လျင်..လက်ဖက်ရည် ဖိုး...အသာ ထား..။အသွား အပြန် ဆိုက် ကားစီးသွား လို့ တောင် မရ...။ဒီ တော့...၁၀ လ..၁၁ လ စာ ကို ပေါင်း ထုပ် ရဧ။်။ဖြစ် ချင် တော့...တနှစ် လုံးမှ ၆၀၀၀ ကျပ်သာ ရရှာသော ပင်စင် လစာ ငွေကို သွား ထုပ် ဖို့ အကြောင်း ကြောင်း ကြောင့် ရက် ကျော်သွား ခဲ့ သော ကိုယ့် ကိုယ် ကို သာ...ဒေါပွ မဆုံး...။ ပင်စင် လစာ ငွေကို မထုပ် ဘဲ တနှစ် ကျော်သွား လျင်...ပြန် လျှောက်ပေ တော့...။ပင်စင်စား အသက် ထင်ရှား ရှိ နေသေးကြောင်း ထောက်ခံ စာ...။ ဘာစာ..ညာစာ..သာရကာ တွေ အတွက်...ရုံးတကာ ရုံး လိုက် တောင်းပေတော့..။ရုံး တလုံး...ဓါးတစင်း ပိုင်ရှင်
များကလဲ...လက်မှတ် တချက်...ငွေ တရွက်(အနဲဆုံးတထောင် တန်တရွက်) နောက်ဆုံး စာရင်းချုပ် လိုက် တော့...ကိုယ့်တနှစ်စာ ပင်စင် လစာ ဟာ..လက်ထဲကိုင်ထားသော ၅၀၀တန် အစုတ်ကလေး တရွက် မျှသာ...။
ထိုစဉ် ရုတ် တရက် အိမ် ထဲ ၀င် လာသော လူစိမ်းစိမ်းတသိုက် ကြောင့် တိုနေ သော ကျွဲမြီးသည် တိုယုံမျှမက မြီးညှောင့် ရိုးမှ...တဆင့် ..၀မ်း ဗိုက်ထဲသို့ လှစ် ကနဲ ၀င်သွားပြီး...အူမကြီးနောက်တွင် ကြောက်ပုန်းကလေး ပုန်းနေလေဧ။်။
မျက် နှာသာမက တကိုယ်လုံးစိမ်းနေသော လူစိမ်းတသိုက် ထဲမှ တယောက်က အကျင့် ပါနေဟန်တူသော အမိန့်ပေးသံ ဖြင့် ...
``ကျနော် တို့ ဟာ နိုင်ငံတော် အတွက် ခြေ လက် အင်္ဂါတွေ ပေးလှူ ထား ရပါတယ်..´´
ဟု ပြော လိုက် ရာ...ပုန်းနေသော ကြောက် စိတ် ကလေးသည် ဒေါသ စိတ် အဖြစ် ပြူတစ် ပြူတစ် လုပ်လာပြန် ဧ။်။ သို့ သော်..အနှီဒေါသစိတ် ကလေးကို...ကြောက်စိတ်က ပြန်ဖိသိပ် လိုက် ရာ...ကိုယ့် အသံ ကို လည်ချောင်းထဲကပင် ထုပ် မရတော့...။
သူက ပင် ဆက်ပြီး...
``အဲဒီ တော့...နိုင်ငံ တော် ကို စောင့် ရှောက်ခဲ့ တဲ့ ကျနော်တို့ကို ပြည်သူတွေက ပြန်စောင့် ရှောက်တဲ့ အနေနဲ့ ကျနော်တို့ ရောင်းတဲ့ စာအုပ်တွေကို ၀ယ်ပြီး အားပေးပါ´´ တဲ့...။
ကိုယ့် မျက်စိ ကတော့ သူတို့ လက်ထဲမှ စာအုပ် တွေကို စာအုပ်လို့ မမြင်...။
ဂျီသရီး တွေ...။ ရိုင် ဖယ်တွေ...။ မောင်းပြန် သေနတ် တွေ အဖြစ်သာ မြင်နေမိတော့ဧ။်..။
ခုနေ...သူ့ဘောင်းဘီ အိတ် ထဲ မှ ပစ္စတို တလက် ကိုထုပ်ကာ ...ကိုယ့်ကိုများ ပစ် လိုက် လေ မလား...။
မနေ့ တနေ့ ကပင်...ပဲခူး မြို့  ကလူငယ် ၂ဦး..ပစ်သတ် ခံ ရတဲ့ အဖြစ်က အတွေးထဲကို ပူပူနွေးနွေး တိုးဝင်လာဧ။်။ လွန်ခဲ့ တဲ့ ၃နှစ်က ရွှေဝါ ရောင် တော် လှန် ရေးက သွေးကွက် သွေးအိုင် တွေ...။နောက်...ရှစ်လေးလုံး အရေးတော်ပုံ...။၆၂.၇၄.၈၈..၉၆ ခုနှစ်များ.။ဦးသန့် အရေးအခင်း...။
မှိုင်း ရာပြည့်..။ အလုပ်သမား..အရေးအခင်း..။ ကျွန်းဆွယ် အရေးအခင်း..။ သွေးတွေ...သွေးတွေ...။
အပြစ်မဲ့ ကျောင်းသား ပြည်သူ ..ရဟန်း ရှင်လူ တွေ ရဲ့  သွေးတွေ...။ မခြောက် သေး ပါ...။
အလိုလို ..ခေါင်းကို ခါ လိုက်မိပြီ..။ လည်ချောင်းထဲ မှ ထွက် လာတာ မဟုတ်သော..အသံ တခုသည် နှလုံးသားမှ သေသေ ချာချာ ကို ထွက်လာသည်..။
``ရှင် တို့..ခုလို ခြေလက် အင်္ဂါတွေ ဆုံးရှုံး ခဲ့ ရအောင် စေခိုင်း ခဲ့ တာ...ကျမ တို့ ပြည်သူတွေ မဟုတ်ပါ ဘူး..ဒီတော့ ..ခုလို ဖြစ်အောင် ခိုင်းစေခဲ့ တဲ့ နိုင်ငံ တော် ဆိုတာကြီးမှာ တာဝန် ရှိပါတယ်....သူတို့ကိုဘဲ သွားစောင့်ရှောက်ခိုင်းပါ..သွားပြောကြပါ..´´
မကျေ မနပ် စောင်းငန်း ငန်းနဲ့ ထွက်သွားသော လူစိမ်း တသိုက် ကို ကြည့် ရင်း...စိတ်မကောင်း။
နိုင်ငံတော်..ပြည်သူ ...တာဝန်ယူမှု ဆိုတဲ့ ..စကားလုံးတွေက ခေါင်းထဲ မှာ ချာလပတ်ရမ်းနေသည်..။အော်..သူတို့ လဲ တို့လို ပင်စင် လစာ နဲ့ မလောက်လို့ လား...။
ဒါမှမဟုတ်.........
+++ခဏ လောက် တော့...ပင်စင် ယူပါဦး....ပြောစကား လေးတွေ ...လွန် နေမယ်..+++
ဟာ...လာပြန် ပြီ...။
ဒီပင်စင်ယူခိုင်းတဲ့ သီချင်း..။ သွားစမ်း...။ ပင်စင် ယူ သင့် နေတာကို မယူ သေးတဲ့ အစိမ်း သရဲကြီးတွေ ကိုဘဲ
သွားဖွင့်ပြ...။ ခဏလောက်မဟုတ်ဘူး...။ ဒင်းတို့ ကို ...လားပင်စင် ကော..နွားပင်စင် ကော...လဒပင်စင်ကော...ကြံ့ပင်စင်ကော..ဖွတ်ပင်စင် ကော....တသက်လုံး ပေးပစ်လိုက်...ဟွန်းးးတောက်...။

ဟုတ်တယ်နော.. အစ်မရေ..
ReplyDeleteအရင်ခေတ်က ပင်စင်ရခဲ့တဲ့ ဆရာ/ဆရာမကြီးတွေရဲ့ ပင်စင်လစာက တကယ်ကို နည်းလွန်းပါတယ်။
သူတို့ခမျာ အဲဒီလို ကလီကမာပြောပြီး တောင်းကျင့်ပါနေလို့ပါ မမရယ်.. စိတ်မရှိပါနဲ့.. :P
ReplyDeleteတကယ်ပဲ ပညာရေးဝန်ထမ်းတွေရဲ့ ခံစားခွင့်ဟာ ရင်နာစရာ ကောင်းလှတယ်။
ဒီလိုပဲ တသက်လုံး ပြောလာတော့ တခြားလည်းပြောင်း မပြောတတ်တော့တာ နေမှာပါ။
ReplyDeleteခြေပြတ်လက်ပြတ် ဖြစ်သွားတဲ့ စစ်သားတွေလည်း ပင်စင် နည်းနည်းနဲ့ ဆင်းရဲကြတယ်။ တောင်းစားနေရတာတွေတောင် ရှိတယ်။ တကယ့် အစိမ်း သရဲကြီး တွေပဲ ပင်စင် မယူနိုင် စားမပြီးနိုင် ဖြစ်နေတယ်။
မအယ်