ပေါင်းတည်ည(၃)
 ပေါင်းတည်ညဟာ
 တနိုင်ငံလုံးက  ညတွေလိုပဲ
 မှောင်မှောင်မဲမဲ..ရေလျှံနေဆဲ...
 ဟိုး..ပဲခူးရိုးမပေါ်မှာ
 စစ်ရေးဗျူဟာကျကျ ဆောက်ထားတဲ့  ဆည်ကြီးတွေဟာ
 ရိုးမတောင်ခြေ မြို့ ရွာတွေထဲက
 ပေါင်းတည်ညကို ပါ 
 ရန်မူ ခြိမ်းခြောက်ထားတယ်..
 ပေါင်းတည်ညမှာ
 ကံဆိုးမသွားရာ မိုးလိုက်ရွာ..ရွာ..ချတိုင်း..
 လိုတ..မရ..မလိုမှရ..တဲ့ ..
 ဆည်ရေတွေကလဲ.... ဖောက်..ဖောက်ချတော့
 ဆည်အောက်မှာ..ဗျိုင်းတောင် နားမရရှာဘူး..
 ဆည်လက်တံတွေကနေ..ချောင်းသွယ်တွေထဲကနေ..
 ရေတွေ..ရေတွေ..
 တဟဲဟဲ..တဟီးဟီး
 လှိမ့်..လှိမ့် စီးလာလိုက်တာ..
  လယ်သမားတွေခမျာ
မိအေးနှစ်ခါ .မက...သုံးခါ လောက်နာရရှာပေါ့
 မနေ့ကမှ ချထားတဲ့  ပျိုးခင်းကလေး
 ရေဖွေးဖွေးအောက်မှာ..ဒလိမ့်ခေါက်ကွေးပါလို့..
 ပေါင်းတည်ညမှာ
 မြို့ စွန်ဇနပုဒ်က..
 တဲကုပ်ကလေးတွေခမျာ
 ရေစီးထဲပါမှာစိုးလို့
 ဖွဲပြာတွေ ..ရှာရှာဖို့နေရတယ်..
 ပေါင်းတည်ညဟာ
 တနိုင်ငံလုံးက  ညတွေလိုပဲ
 အာရုံဦးကို ကြိုဖို့.ခက်ခဲနေပါသေးတယ်..။     ။
 
No comments:
Post a Comment