Friday, November 26, 2010

မဆောင်းအိမ်



သူ့ ကို မြင် လျှင်

သဇင် ပန် မွှေး

ရင်တွင် အေးတယ်

အပြုံးခြယ်...


သူနှင့် ပြောလျှင်

ချိ သော သံသာ

ကဗျာ လေညင်း

စမ်း ဆင်းသွယ်...


သူနှင့် ရင်းလျှင်

ရင်တွင် ခင်ခြင်း

မြတ် နိုးခြင်းကြွယ်

နှင်း ဝေတယ်....


သူ နှင့်ဆုံ ချိန်

ဆောင်းတွင်း အိမ် လို

ပူရှိန် ကင်းပ

အေးချမ်းရ....


အလှ မှိန်

မဆောင်းအိမ်

တိမ် မဲ့ ကောင်းကင်

မြဲ သန့်စင်...



( သိန်းသန်းထွန်း)



ဒီ ကဗျာလေး က တော့....စာရေးဆရာ ကြီး ဆရာကြီး ဦးသိန်း သန်းထွန်း ရဲ့ ကဗျာလေးတပုဒ် ပါ..။ဘယ် မဂ္ဂဇင်း မှာ ပါခဲ တာ လဲ တော့ မသိတော့ပါ..။ငယ် ငယ် ထဲက ကိုယ် ကြိုက် တဲ့ ကဗျာ တွေ စာတွေ ကို မှတ်စု စာအုပ်နဲ့ ကူးကူး သိမ်း ထားတတ် ပေ မယ့် ဘယ် မဂ္ဂဇင်း ထဲ မှာ ပါခဲ တာ ဆို တာ သေသေ ချာချာ ကူး မထားခဲ့ မိလို့... မဖော်ပြ နိုင်ပါ။ ခုရက် မှာ ဒီ ကဗျာလေး ကို ပြန် ဖတ် မိရင်း ပိုပို နှစ် သက် လာမိ လို့ ထပ်ဆင့် မျှ ဝေ လိုက် ပါတယ်....

No comments:

Post a Comment