Friday, December 3, 2010

အိမ်နီးနားချင်း

အိမ် နီးချင်း ဆို တာ အိမ် ချင်း နီး တဲ့ သူ တွေ ပေါ့ နော်...။အိမ် ချင်း နီး လို့ အိမ် နီးချင်း ဖြစ် တိုင်း စိတ်ချင်း ကတော့ နီးချင် မှ နီးမယ် ပေါ့...။စိတ် ချင်း နီး တဲ အိမ်နီးချင်း နဲ့ အတူ ယှဉ် တွဲ နေထိုင် ခွင့် ရရင် တော့ စိတ် လက်ချမ်းမြေနိုင် ပေမယ့်...။စိတ် ချင်း မနီး ယုံ မက...အေး အတူ ပူ အမျှ စိတ်..ညှာတာ စိတ်... တဦး နဲ တဦး ရိုင်းပင်း ကူ ညီ ချင် စိတ် တွေ ခေါင်းပါး ပြီး...ကိုယ့် အပေါ် မလို မုန်းတီးစိတ် တွေ.......ကိုယ် ကျိုး စီးပွါး ပျက်စီး စေလို စိတ် တွေ...မတော် လောဘ စိတ် တွေရှိ နေတဲ့ အိမ် နီးချင်း တွေ နဲ့ အတူ ယှဉ်တွဲ နေထိုင် တဲ့ အခါ...လုံခြုံ မှု ကင်းမဲ့ တဲ့ စိုးရိမ်သောက စိတ် တွေ..စိတ် မချမ်းမြေ ရမှု တွေ ဖြာ ဝေ ရတော့ တာ ပါ ဘဲ...။ဒါ ပေ မယ့် ....သူတို့ နဲ အိမ် ချင်း နီးနေနေ တော့ လဲ အိမ် နီးချင်း တွေ ဖြစ် နေ ရတော့ တာ ပေါ့ နော်...


+++ +++



ကျမ တို့ ခြံ ကလေး က အကျယ် ကြီး မဟုတ် သလို...ကျဉ်း ကျဉ်း ကြပ် ကြပ် လည်း မဟုတ်

ပါ..။ချစ် စရာ အကောင်း ဆုံး လို့ ကိုယ့် ဖာသာ ယူဆ ထား မိ တာ ကတော့ သဘာဝ တောအုပ် ကလေး တ ခု လို သစ် ပင် ပန်းမာလ် တွေ နဲ့ အုံ ဆိုင်း နေ တာ ပါ ဘဲ...။ နှင်းဆီ ရောင်စုံ..စပယ်ခြုံ ...မြတ်လေး ရုံတွေ....။ဇွန်..သရ ဖီ..အင် ကြင်းတွေ...ရာသီ လိုက် တောပန်း လေးတွေနဲ အသွေးစုံ ခင်း ကျင်း မွှေးပျံ့နေ တဲ့ .သစ်ရိပ် ၀ါး ရိပ် တွေ ကြား က အိမ် ကလေး ဟာ မြင်သူတိုင်း ကို ကြည် နူးအေးရိပ် ပေး နိုင်ပါတယ်။



တကျည် ကျည် တကျာ ကျာ အော် မြည် ဟစ်ကြွေး တေး သီ နေတဲ့ ငှက် ကလေးတွေ ကလည်း အစုံ... မနက် စောစော မှာ အိပ် ယာက နှိုးတတ် တဲ ငှက်ရင် ကျားကလေးတွေ...စာ ၀ါ လေးတွေစာပုတီး လေးတွေ...ငှက် မျိုးကို စုံ လို့.....။နေသာတဲ မနက် ခင်းလေးတွေ မှာ ပန်းခြုံ တခြုံ ကနေ တခြုံ ကိုကူး လူး ပျံ သန်းနေတဲ့ လိပ်ပြာလေးတွေ ကလည်း အရောင် ကိုစုံ လို့....။ချစ် စရာကောင်း တဲ့ အသွေးအဆင် တူ လိပ်ပြာ မောင်နှံ စုံလေးတွေက....နိမ့်ချည် မြင့်ချည် ...ဟိုသည် ပျံ ၀ဲလို့....


အိမ် နောက်ဖေး က ဇီးတော အုပ် ကလေး ထဲမှာ ထွေးပွေ့ထားချင်စရာ ချစ်စရာ ရှဉ့် ညို လေးတွေ...။သူတို့ ရဲ မျက် လုံး ကလေးတွေ က ၀ိုင်းစက် ကြည် လင်ပြီး..နားရွက်တိုတိုကလေးတွေနဲ့ အမြဲ နားစွင့် နေတတ်တဲ့....အမြီးဖွားဖွား ရှဉ် ညို ကလေးတွေ ဟာ ဘာကို မှ

စိုးရိမ် ထိတ် လန့် စရာ မလို ဘဲ...ဇီးတောအုပ်ကလေး ထဲ မှာ တပင် ကနေ တပင် ကို လွှားကနဲ..လွှားကနဲ ခုံ ပျံ ပြေးလွှားလို ...။တခါ တခါ လူတွေအနားထိ တိုးကပ် လာ ရဲ အောင်ကို ယဉ်ပါးလို့...။ဇီးတော အုပ်ကလေးထဲ က သီးသမျှ ဇီးချို ဇီးချဉ်မျိုးစုံ ကိုကျမ တို့ နှစ် နှစ်သက်သက်ခူးဆွတ် စားသလို...သူတို့ လည်း လွတ် လွတ် လပ် လပ် ကိုက်ချီ စားသောက် ကြလို့...


ဒီလို သစ် ပင် ပန်းမာလ် တွေ ပေါ ကြွယ် ဖြစ် ထွန်း နေ ရ တဲ ဇစ်မြစ် ကတော့..ခြံ လည် မှာ ဖြတ်သန်းစီး နေတဲ့ စမ်းချောင်းငယ် ကလေး ကြောင့် ပေါ့...။ဟိုး...ရွာ ထိပ် ဖျားကနေ တရွာ လုံးက ခြံ တွေ ခြံတွေ ကို ရစ်ခွေ စီးဆင်းနေတဲ့ ခရီးသည် စမ်းချောင်းကလေး ကြောင့် ကျမ

တို့ ရွာကလေး ရဲ အိမ် တိုင်း စိမ်းစို လန်းဆန်း ပြီး စိုက် ပျိုး ဖြစ် ထွန်း နေ တာ ပေါ့...




+++ +++



ခုတော့... အမိ မဲ့ သား ရေ နည်းငါး ဘ၀ကို ရုတ် တရက် ရောက်သွား ရလို့...ကျ မတို့ စိတ် နှလုံးတွေ ညှိုးနွမ်း ခမ်းခြောက် လို့...။သွေးချင်းနီးပေ မယ့် နှလုံးသားချင်း မနီးတဲ့ သူတယောက် က..ကျမ တို့ မောင် နှမတွေ ကို အုပ် ထိန်း ထားလိုက် တယ်...။ကျမတို့ မောင်နှမတွေ ကိုလည်း စိတ်ဝမ်းတွေကွဲ အောင် အမျိုးမျိုး သွေးထိုးခွဲခြားဖို့ အမြဲ ကြိုးစားနေပြန် တယ်...။သူ့ ကြောင့် ကျမ တို့ စိတ် နှလုံးတွေ ကိုအမျိုးမျိုးကြေကွဲ စေရသလို ......ကျမ တို့ခြံကလေး ဟာ လည်း...သူထင်သလိုချယ်လှယ် နေတာတွေကြောင့် ရုတ်ချည်း ညှိုးနွမ်း ခြောက်သွေ့ လာတော့တယ်...။ဒါပေမယ့် ကျမ တို့မှာအိမ် နီးချင်းတွေ ရှိ နေသေးတယ် လို့ အားကိုးတကြီး လှမ်းမျှော် ကြည့် မိတော့.... အနောက် ဖက် အိမ် က အိမ် နီးချင်း ကြီးက လေ သေနတ် တလက် နဲ့ မုဆိုးဝါသနာ ထုံသူ..။ ကျမ တို့ ခြံ ထဲ က ရှဉ့်ကလေးတွေ ငှက်ကလေးတွေ ကို အမြဲ ချောင်း မြောင်းပစ်ခတ် ဖို့ ကြိုးစားနေသူ..။ ကျမ တို့ မိဘတွေ လက်ထက်က ခြံထဲ က ချစ်စရာ သတ္တ၀ါ ကလေးတွေ ကို လုံခြုံအောင်အကာအကွယ် ပေးနိုင် ခဲ့ ပေမယ့် ...ခုတော့ အုပ် ထိန်းသူကြီးက မုဆိုးကြီးကို ခြံထဲမှာ တံခါးမရှိ ဓါးမရှိ ၀င်ခွင့်ပေးထားလေပြီ... ထိတ် လန့် တကြား ပြေးလွှားနေ ရတဲ့ ရှဉ့်ကလေးတွေ ..တေးမသီ နိုင်တော့ တဲ့ ငှက် ကလေးတွေ...နဲ့ အတူ ကျမတို့ တတွေ ငို ကြွေးထိတ် လန် နေ ရလေပြီ...


မြောက်ဖက် အိမ် က အိမ်နီးချင်း ကြီးကတော့...ကျ မတို့ ခြံ ထဲ မှာ စီးဆင်းနေတဲ့ စမ်းချောင်းကလေး ကို သူ ခြံ ထဲ မှာ တမံ တုပ် ပြီး ပိတ် ချင် နေ ပြန်သတဲ့..။သူ့ခြံ ထဲ က သူ့ စိုက်ခင်းတွေ ရေပေါပေါ သီသီ ရနိုင်ဖို့ အတွက် ဒီစမ်းချောင်းငယ်ကလေး ကို အပိုင်စီးချင် နေ

သူ...။ခုတလော...အုပ်ထိန်းသူကြီး နဲ့  တိုးတိုး တိတ် တိတ် နှုတ် ခမ်းချင်းတွေ ပွတ်လို့....။မုန်းစရာ

ကောင်းလိုက်တာ..သူက ကျမ တို့ ခြံကလေး ကိုတောင် မတန် တဆ ဈေးနှိမ် ၀ယ် ခြင် နေသေး သတဲ့...


အင်း...အရှေ့ ဖက် အိမ်က အိမ်နီးချင်း ကြီးကတော့...တမျိုး။ အမိမဲ့သား ရေနည်းငါးကလေးတွေ ကို နဲနဲ ညှာတာ ထောက် ထား ပုံ ပြ ပေမယ့်.....။အဲသည့် နောက် ကွယ် မှာ ကျမတို့ ပိုင်ဆိုင်ခွင့် တခုခု ကို လို ချင် လောဘ ရှိ နေတာ ကတော့....မဖုံးကွယ် နိုင်...ဘဲ...မြင်နေရတယ်...



+++ ++++



ခုတော့...ကျမ တို့ ခြံ ကလေးခမျာ...မသွေ့ ခြောက်သင့် ဘဲ သွေ့ ခြောက် လို့...။ချစ်စရာ ငှက် ကလေး တွေ ရဲ ကျည် ကျည် ကျာ ကျာ တေးဆိုသံတွေ လဲ တိတ် လို့....။ဇီးတောအုပ်ကလေး ခမျာ လည်း..... တတိတိ ခုတ် ထွင် ရှင်းပစ် ခံ ရလို့...မီးလောင်ရာတွေ နဲ့.ပြောင်တလင်း ခါ နေတော့....အမြီးဖွားဖွား နဲ့ ရှဉ့် ညို လေးတွေ ရေ...မင်းတို့ ဘယ်ဆီ ပုန်းနေသလဲ ကွယ်...။လိပ်ပြာ မောင်နှံ ရောင်စုံလေးတွေ ရေ...ဘယ် မှာ ပျံ ၀ဲ နေလဲ ကွယ်။ ပက်ကြားအက် ရင်ကွဲ ပက် လက် စမ်းချောင်းငယ်လေး လည်း...ခမ်းခြောက် လို့...ရေစီးသံ တိတ် ဆိတ်စွာနဲ့

လဲလျောင်းလို့...


ကျမ တို့ ခြံ တော အုပ်ကလေး ပြန်လည် စိမ်းစိုလန်းဆန်းလာဖို့...

ကျမတို့ ချစ်တဲ့ ငှက်ကလေးတွေ ပြန်လည် တေးသီ နိုင် ဖို့.....

ကျမ တို့...ချစ် တဲ့ လိပ်ပြာ ရောင်စုံ လေးတွေ ပန်းရောင်စုံတွေကြားမှာ ပျော် ပျော် ရွှင်ရွှင်လူး လာ ပျံ ၀ဲ နိုင် ဖို့...

ကျမ တို့ ချစ် တဲ့ ရှဉ့် ညို လေးတွေ အန္တ ရာယ်ကင်းကင်း နဲ့ ပြေးလွှား ပျော် ပါးနေ နိုင် ဖို့...

ကျမ တို့ ရဲ စမ်းချောင်းလေး ရေစီးသံ လွင်လွင် နဲ့ ခရီးဆက်စီးဆင်း နိုင် ဖို့....

ကျမ တို့ ကိုယ် တိုင် ..အုပ် ထိန်းသူ ကြီး ရဲ့  လောင်း ရိပ် က လွတ် မြောက် လန်းဆန်းဖို့...

ကျ တို့...မြန် မြန် ကြီး ပြင်း မှ ဖြစ် မယ်...။မြန် မြန် အင်အားရှိ မှ ...ဖြစ်မယ်.....

ကျ တို့...ဘယ်သူ့ ကို မှ အားကိုးမနေ ဘဲ ကြောက် ရွံ ထိတ် လန့် မနေ ရဘဲ..စည်း စည်း လုံးလုံး နဲ့ ...ကိုယ့် ကိုယ် ကို ကာ ကွယ် နိုင်စွမ်းရှိ လာ ရင်..ဘယ်သူ မှ.....ဘယ်အိမ် နီးချင်း မှ ထိပါး

မျက် စောင်း ထိုး ရဲ မှာ မဟုတ် ဖူး လို့ယုံ ကြည် ပါ တယ်...


အိမ် နီးချင်း ဆိုတာကတော့ အိမ် ချင်း နီးနေ တော့လည်း အိမ် နီးချင်းလိုဘဲသဘောထားရုံ ပေါ့.လေ..... သူတို့ မှာ အိမ်နီးချင်း ကောင်း စိတ် တွေ ပေါ် ပေါက် လာ နိုင် ရင် တော့..ကျမ တို့

တွေ ၀မ်း သာ မှာ ပေါ့ လေ....

No comments:

Post a Comment