
လေညှင်းကလေးတွေ သွေးတယ်မေမေ
ပန်းရနံ့လေးတွေမွှေးတယ်မေမေ
စမ်းရေလေးတွေအေးတယ်မေမေ
မြက်ခင်းစိမ်းလေးတွေကလည်း
ပျော်ရွှင်ယိမ်းထိုးလို့ မိုးကိုမျှော်နေတယ်မေမေ
တောပန်းဝါ၀ါလေးတွေပေါ်မှာ
လိပ်ပြာလေးတွေ လူးလားပျံသန်းနေတယ်မေမေ
ဟိုးမှာ..ခွေးအတွေအုပ်ဖွဲ့လို့
အားနည်းတဲ့ ယုန်လေးတွေကို အနိုင်ကျင့်နေတယ်မေမေ
အဲဒါ ဘာဖြစ်လို့လဲလို့
အမေးအမြန်းထူတဲ့ တိမ်ကလေးက
သူ့မေမေထမိန်စလေးကို ဆွဲလို့
အော်ကြီးဟစ်ကျယ်မေးတော့
မေမေက ပြုံးရင်း
တိမ်ကလေးရဲ့ ဆံစလေးကို သပ်ရင်း
တိုးတိုးညှင်းညှင်းလေး ပြောပြတယ်
ဒါတွေမင်းမြင်ဖို့
ဒါတွေမင်းခံစားဖို့
ဒါတွေ မင်းစာနာဖို့
မင့်ကိုမေမေ လောကထဲကို ပို့ခဲ့တယ်တဲ့..။
နီဇူလိုင်(၃၁.၈.၁၅)မေမေ့မွေးနေ့ အမှတ်တရ