Sunday, November 3, 2013
နိယာမ
နိယာမ"
နှစ်ချို့ လှိုင်းဟာ
ကမ်းခြေကိုအလုံးအရင်းနဲ့ လာတော့
လူမြင်ကွင်းမှာ...
အမှိုက် တွေဟာ
ခေါင်းပေါင်းစတလူလူ
ပုဝါစ တလွှားလွှား..
လှိုင်းအပြန်
ကမ်းခြေမှာ
နှုံးတင်ကျန်ခဲ့ 
အသံမဲ့ 
(နီဇူလိုင်)
၃.၁၁.၁၃
Tuesday, October 8, 2013
အပိုဘာသာ..မပိုစေလိုပါ
၂၀၁၃-၁၄ စာသင်နှစ်မှာ တနိုင်ငံလုံးက
အခြေခံပညာ မူလတန်းကျောင်းတွေမှာ စိုက်ပျိုးရေးဘာသာကို အပိုဘာသာရပ်တခု အနေနဲ့  သင်ကြားကြရတယ်..။ဟိုးတုန်းကတော့ အခြေခံပညာ ကျောင်းတွေမှာ ပန်းချီ ဆရာတွေ၊အားကစားဆရာတွေကို သီးသန့်ခန့်ပြီး ပန်းချီတို့ အားကစားတို့ကို ကျောင်းသားတွေရဲ့  ဗလငါးတန်ဖွံ့ ဖြိုးစေဖို့ သင်ကြားပေးခဲ့ ကြတယ် လို့လဲ ကြားဖူးပါတယ်..။အခု စိုက်ပျိုးရေးဘာသာ အတွက်တော့ သီးသန့်စိုက်ပျိုးရေး ဆရာတွေ ခန့်ထားတာ မတွေ့ သေးပါဘူး..။နီးစပ်ရာ မူလတန်းကျောင်းကလေးတွေကို ရောက်တိုင်း ဆရာဆရာမတွေကို မေးကြည့်တော့ စိုက်ပျိုးရေးဘာသာကို စာမေးပွဲ မစစ်ပါဘူးတဲ့ ..။ဒါပေမဲ့  ကျောင်းသားတွေကို အခမဲ့  ဖြန့်ဝေထားတဲ့  အခြေခံစိုက်ပျိုးရေးဘာသာ စာအုပ်တွေရဲ့ 
နောက်ဆုံးမှာတော့ စာမေးပွဲ စစ်ဆေးရန် မေးခွန်းများ
ဆိုတာ ပါတယ်..။ဘယ်လောက် အတိုင်းအတာ အထိ
စစ်ဆေးမယ် ဆိုတာတော့ မသိပါ..။
အခြေခံပညာ မူလတန်း အဆင့်ရဲ့  အတန်းတိုင်းအတွက်..စိုက်ပျိုးရေးဘာသာ
ရပ် စာအုပ်တွေကို စက္ကူသားကောင်းကောင်း ရောင်စုံ အရုပ်တွေနဲ့  ငွေကုန်ကြေးကြ အတော်ခံရိုက်နှိပ်ပြီး ကျောင်းသူကျောင်းသားတွေကို ပေးဝေထား ပါတယ်..။စိတ်ဝင်စားလို့  စိုက်ပျိုးရေးဘာသာ စာအုပ်ကလေးတွေကို ယူကြည့်မိပါတယ်..။သင်ရိုးတွေက စိုက်ပျိုးရေးဘာသာရပ် သင်ရိုး အနေနဲ့  အတော် ပြည့်စုံပါတယ်..။ဒါပေမဲ
့ မူလတန်းအဆင့်ကလေးတွေ အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်နေတာကို တွေ့ ရပါတယ်..။ တကယ်တော့ ဒီစာအုပ်မျိုးဟာ လက်တွေ့ လုပ်ဆောင်နေရတဲ့  တောင်သူလယ်သမားတွေ လက်ထဲ
ပို့ရင် ပိုအကျိုးရှိမဲ့ စာအုပ်တွေပါ..။စာအုပ်ရှေ့ ဆုံးက ဆရာများအတွက် အမှာစာ နံပတ်စဉ် (၄)မှာ..
“ ၄။အခြေခံ စိုက်ပျိုးရေးပညာ ကျောင်းသုံးစာအုပ်ကို အခမဲ့ ဖြန့်ဝေခြင်း ဖြစ်ပါသည်..။မူလတန်းအဆင့် အခြေခံ
စိုက်ပျိုးရေး ပညာ သင်ကြားခြင်းသည် အပင်တပင် စိုက်ပျိုးနည်းကို သိဖို့ တတ်ဖို့ထက် အခြေခံစိုက်ပျိုးရေး ပညာကို
ကျောင်းသားလူငယ်များ ရင်းနှီးကျွမ်းဝင်ပြီး
သင်ယူလေ့လာလိုစိတ် နိုးကြားဖြစ်ပေါ်လာစေရန်နှင့်
ခေတ်မီ စိုက်ပျိုးနည်းစနစ် ဆိုင်ရာ သတင်းအချက်အလက်များ မိဘထံရောက်ရှိပြီး လက်တွေ့  အသုံးပြုစေရန် အထိ ရည်ရွယ်ပါသည်
..လို့  ရေးထားပါတယ်..။
ဒီစာအုပ်ကို အခြေခံပညာ သင်ရိုးညွှန်းတမ်း ၊သင်ရိုးမာတိကာ ၊ကျောင်းသုံးစာအုပ် ကော်မတီနှင့် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်တို့
ပူးပေါင်း ပြုစုတယ် လို့  ရေးထားပါတယ်..။ရည်ရွယ်ချက်က တချက်တည်း နဲ့ 
ငှက် နှစ်ကောင်
ပစ်လိုက်တာပါ..။မူလတန်းကလေးတွေကို စိုက်ပျိုးရေး
အခြေခံသိစေရန်နဲ့  မိဘများပါ တခါတည်း စိုက်ပျိုးရေး
ပညာပေးချင်တာပါ..။ဒါပေမဲ့ ..တနိုင်ငံလုံးအတိုင်းအတာနဲ့  ပြဌာန်းလိုက်တာမို့ လယ်ယာစိုက်ပျိုးရေးနဲ့  မနီးစပ်တဲ့ .. မြို့ နေ
မူလတန်းကလေးတွေ အတွက်ကတော့ ဒီပစ်လိုက်တဲ့ 
ခဲက တော်တော် လေးလံဒဏ်ပိစေမယ်လို့ ထင်ပါတယ်...။တောရွာ နေကလေးများအတွက် ကြည့်လိုက်ရင်လဲ..ကလေးနဲ့  မမျှတ တဲ့  သင်ရိုးတွေ
ဖြစ်နေတာမို့....ကလေးတွေကို စိုက်ပျိုးရေးပညာကို ရင်းနှီးကျွမ်းဝင်လိုစိတ်မဖြစ်ပဲ ကြောက်မက်ငြီးငွေ့ ဖွယ် ဘာသာကြီး တခုလို မြင်သွားနိုင်ပါတယ်..။သင်ယူလေ့လာလိုစိတ် နိုးကြားဖြစ်ပေါ်စေဖို့ လက်တွေ့ ကွင်းဆင်း သင်ယူဖို့  ကျောင်းတိုင်းမှာ အခွင့်အရေး..မရရှိ မနီးစပ် နိုင်ပါ..။ဒါပေမဲ့  ကျမ အပိုပူနေမိတာပါ..။လက်လှမ်းမီရာ.. မူလတန်းကျောင်းကလေးတွေတော်တော်များများ ကို ရောက်တိုင်း မေးမြန်းစုံစမ်းကြည့်တော့..ဒီ ..စိုက်ပျိုးရေးဘာသာရပ်ကို
ပညာရေးဌာနရဲ့  ရည်ရွယ်ချက် ပေါက်မြောက်အောင်
သင်ကြားဖို့  အချိန်မရှိကြပါ..။လူကြီးလာစစ်ရင်နဲ့  မတော်တဆ
စာမေးပွဲ စစ်ရမယ် ဆိုရင် ရုပ်မပျက်ဖို့
လောက်ပဲ သင်ထားနိုင်ကြပါတယ်..။ကျောင်းဆရာဆရာမများမှာလည်း တခြား ပိနေသည့် အပို ၀န်တွေက အတော်များသည်ပဲ..။
ဒီတော့
နိုင်ငံတော်က ငွေကုန်ကြေးကျ အများကြီးခံကာ သင်ကြားစေသော အခြေခံပညာ စိုက်ပျိုးရေးဘာသာ သင်ကြားရေး
စီမံကိန်းကြီးသည်လည်း အဟောသိကံ ဖြစ်ဦးမည်.
မှာ မလွဲ လို့ပဲ စိတ်မသက်မသာ
တွေးမိပါတယ်....။ လက်တွေ့ မှာ အဟောသိကံဖြစ်ဖြစ် မဖြစ်ဖြစ်.. ကျောင်းသင်အပိုဘာသာရပ် စိုက်ပျိုးရေးဘာသာ သင်ကို..သင်ရမယ် လို့  အထက်က
မူဝါဒချလိုက်တော့.လဲ....အောက်ခြေကျောင်းတွေမှာ လက်တွေ့  သင်ကြားသင်ယူဖို့ပဲ အကြောင်းဖန်လာပါတယ်..။ခုထိ..လက်တွေ
့အကောင်အထည်ဖော်ရတဲ့  အခြေခံယူနစ်တွေရဲ့  အသံကို
နားမထောင်ပဲ..။အမိန့်မှန်သမျှ အထက်က စီးကျလာတုန်းပါပဲ..။အောက်ခြေကလည်း အထက်က လာတာမှန်သမျှ မှန်ဧ။် မမှန်ဧ။် သင့်တော်ဧ။် မတော်ဧ။်
မဆန်းစစ်ရဲ ..။မဝေဖန် မထောက်ပြရဲ သေးပဲ..။တကယ်.လိုက်နာဆောင်ရွက်လို့  မရရင်လဲ
ဟန်ဆောင် ရုပ်ပြ အညာအလှိုင်းများနှင့်သာ တပွဲထိုးဖြေရှင်း လာကြရင်း
ကျမတို့ရဲ့  ပညာရေးစနစ်ကြီးဟာ ချွတ်ခြုံကျ လာတာကို ဘယ်သူမှ မငြင်းနိုင်ပေ..။
လွန်ခဲ့ တဲ့  ဆယ်စုနှစ် လောက်ကလည်း အိမ်နီးချင်း ထိုင်းနိုင်ငံ နဲ့  ဆက်ဆံရေး မပြေပြစ်တော့..ကျောင်းတွေမှာ အဲဒီ အိမ်နီးချင်းထိုင်းနိုင်ငံအကြောင်း ပညာရပ်တခုလို ချဉ်းကပ်မှု မရှိတဲ့  တဖက်သတ် အပုတ်ချ..၀ါဒဖြန့်ချီချက်တွေ ကို ပြဌာန်းထားတဲ
့ ..ယိုးဒယားသမိုင်း ဆိုတဲ့  အပိုဘာသာတရပ်ကို
သင်ခိုင်းခဲ့ ဖူးတယ်..။ကျောင်းတွေက ဆရာဆရာမတွေကို အဲဒီ ယိုးဒယားသမိုင်းတွေကို သင်ဖို့ 
ရက်တိုသင်တန်း တွေ ငွေကုန်ကြေးကျခံ
ပြီး.. ပေးတယ်..။ယိုးဒယား သမိုင်း ပြဌာန်း စာအုပ်တွေ အများကြီး
ငွေကုန်ကြေးကျခံပြီး ရိုက်နှိပ် ဖြန့်ဝေ
ခဲ့ တယ်..။တကယ်တမ်း လက်တွေ့ သင်ကြားရတဲ့  ဆရာမတွေကလဲ သင်တန်းတက်ဆို တက်။..သင်တာကတော့ ၀တ်ကျေတန်းကျေပေါ့..။အဲဒီဘာသာကို စာမေးပွဲ
စစ်ရမယ် ဆိုတော့ ကလေးတွေကို မေးခွန်းပေး..ပြဌာန်းစာအုပ် ထုတ်ကြည့်ပြီး
ဖြေစေတယ်..။အဲဒီလို လုပ်ကြတာကိုပဲ ကလေးတွေ
ခေါင်းထဲကို မဟုတ်တဲ့  ၀ါဒမှိုင်းတွေ သိပ် မ၀င်တော့ဘူးရယ်လို့  ကျေးဇူးတင်ရဦးမယ်..။အခုတော့ ဒီ ယိုးဒယားသမိုင်း ဆိုတဲ့  သမိုင်းအပိုဘာသာကြီး ဘယ်ချောင်မှာ
တိုးနေပြီလဲ မသိတော့ပါ..။အဲဒီလို တကယ် လက်တွေ့ အကောင်မထည် မဖော်နိုင်တဲ့  အပို
ဘာသာ သင်ကြားရေး
စီမံကိန်းတွေ ရှိသလို..လက်တွေ့ မှာ အတော်အကျိုးရှိခဲ
့တာတွေလဲ ရှိခဲ့ ပါတယ်..။ အဲဒါကတော့..ကျမတို့ ငယ်စဉ်က
လက်တွေ့ သင်ခဲ့ ရတဲ့  အကြိုသက်မွေးပညာ...ကျောင်းသင်အပိုဘာသာ
တွေပါပဲ..။ဒါပေမဲ
့ဒီ ..ကြိုသက်ဘာသာသင်ကြားရေး စီမံကိန်းကလည်း တနိုင်ငံလုံးက
အခြေခံပညာကျောင်း
တိုင်း သင်ရတာတော့ မဟုတ်ပါ..။လက်တွေ့  အကောင်အထည်ဖော်နိုင်ဖို့ နီးစပ်တဲ့  ဒေသတွေက ကျောင်း
တွေ လောက်ကိုသာ..ကြိုသက်ကျောင်းအဖြစ်
သတ်မှတ်သင်ကြားစေခဲ့ တာပါ..။(အခု သင်နေ၇တဲ့  စိုက်ပျိုးရေးဘာသာကိုလည်း တနိုင်ငံလုံးကျောင်းတွေကို ပြဌာန်း သင်ကြားစေမဲ့  အစား..လက်တွေ့ အကောင်
အထည်ဖော်နိုင်မဲ
့ အခြေအနေ ရှိတဲ့  ကျောင်းမျိုးကိုရွေးချယ်
သင်ကြားစေရင်တော့ မလိုလားစရာ အဟော
သိကံတွေ အတော်လျှော့သွားမယ်လို့  တောင် တွေးမိပါတယ်..။)
ကျမသိသလောက်..၁၉၇၀ ခုနှစ်ဝန်းကျင်
က တနိုင်ငံလုံးမှာ အကြိုသက်မွေး အထက်တန်း
ကျောင်းတွေက
လက်ချိုးရေလို
့ရရုံ ဆယ်ဂဏန်းလောက်ပဲ ရှိတယ်..။ဒီလို ကျောင်းတွေမှာ..ရိုးရိုးကျောင်း
သင်ဘာသာရပ်တွေ အပြင် အကြိုသက်မွေး ဘာသာတခုခုကို တွဲသင်ခွင့်ရပါတယ်..။အကြိုသက်မွေး ဘာသာ
တွေ အဖြစ် အိမ်တွင်းမှု ဘာသာ ၊စက်မှုလက်မှု ဘာသာ၊ အနုလက်မှု ဘာသာနဲ့  စိုက်ပျိုးရေးဘာသာတွေ
ကို ပညာရေးဝန်ကြီးဌာနက ခွဲဝေသတ်မှတ်ပေးထားတဲ့  အလိုက် သက်ဆိုင်ရာကျောင်းတွေမှာသင်ရတယ်..။
ကျမတို့ ကျောင်းက မိန်းကလေးတွေက
အိမ်တွင်းမှု ဘာသာရပ်ကို သင်ကြားကြရပြီး..ယောက်ျား
လေးတွေကတော့ စက်မှုလက်မှု
ဘာသာရပ်ကို သင်ကြားရပါတယ်..။အဲဒီ တုန်း ကတော့ အကြိုသက်မွေးဘာသာတွေကိုအလယ်တန်းဆင့်ဖြစ်တဲ
့ ပဉ္စမတန်းကနေ အဌမတန်း အထိ
သင်ရတယ်.။
တပါတ်တာ စာသင်ချိန်ထဲမှာ အကြိုသက်မွေးချိန်
(၂)ချိန်ခန့်ပါတယ်..ထင်ပါတယ်..။ အကြိုသက်မွေးချိန်
ရောက်ရင် သက်ဆိုင်ရာ အကြိုသက်မွေးဘာသာရပ်သင် စာသင်ခန်းတွေ ဆီ အခန်းပြောင်း တက်ရတာကို ကျမတို့ကလေးတွေကသဘောကျကြ ပျော်ကြတယ်..။ဒါကလည်း စာသင်ခန်းတွေထဲမှာ တနေကုန် ညည်းငွေ့
နေရာက နေ
အပြောင်းအလည်းလေး တခု ဖြစ်စေတာမို့ ကလေးတွေ အတွက်
အကြိုသက်မွေးချိန် ရောက်
မှာကို အလိုလိုကို
စိတ်ထက်သန်နေကြတယ်..။စိတ်ထက်သန်မှု ဟာလည်း
သင်ခန်းစာတခုကို သင်ယူရာ
မှာ အရေးပါတဲ့  အချက်တချက်ပါပဲ..။
အကြိုသက်မွေး ဘာသာရပ်လို့ နံမယ်တပ်တဲ့  အတိုင်းဘ၀ခရီးမှာ..အသက်မွေးဝမ်းကျောင်း
နိုင်မဲ့ 
ပညာရပ် တခုကို အကြို သင်ကြားခွင့် ရခဲ့ တာအမှန်ပါ..။ကျမတို့
မိန်းကလေးတွေဆို အခြေခံ
အချုပ်အလုပ်၊အချက်အပြုတ်တွေ
သင်ရတယ်..။လူတဦးမှာ လိုအပ်တဲ့  အာဟာရ ဓါတ်တွေကို
ကျန်းမာရေးနဲ့  ညီအောင် ဘယ်လို ချက်ပြုတ်စားရမယ်..။ကလေးသူငယ်တွေကို
ဘယ်လို ပြုစု ပျိုးထောင်ရမယ်ဆိုတာမျိုးက
အစ သင်ကြားခဲ
့ရလို့..လက်တွေ့ ဘ၀မှာ အတော် အသုံးဝင်ပါတယ်..။ယောက်ျားလေးတွေ
ဆိုလဲ အခြေခံ စက်မှုလက်မှု ပညာရပ်တွေကို သင်ခွင့်ရခဲ့ တယ်..။နောက်ပြီး ..အကြိုသက်မွေး ဘာသာကို စာမေးပွဲ မှာ ဖြေရပေမယ့် ဒီဘာသာနဲ့  အအောင်အရှုံးကို
မသတ်မှတ်ပါ..။တခြားဘာသာရပ်တွေ အမှတ်လိုနေရင် တော့
အကြိုသက်မွေးဘာသာရမှတ်က ကယ်နိုင်ပါတယ်..။ဒီစနစ်ကြောင့် အကြိုသက်မွေးဘာသာကို ကျောင်းသူ
ကျောင်းသားတွေက
ကြောက်စရာလို့  မမြင်..။အပို ဘာသာရပ် ဆိုပြီး
ဝန်ထုပ်ဝန်ပိုးကြီး ပိမနေပါဘူး..။
စိတ်ဝင်တစား
သင်ယူနိုင်ခဲ့ အောင်လည်း အဲဒီခေတ်အခါက အကြိုသက်မွေးဘာသာသင်ကျောင်းတွေမှာ
သင်ထောက်ကူ ပစ္စည်းတွေက
အလျှံအပယ် အလုံအလောက် ပေးထားပါတယ်..။ကလေးတွေအနေနဲ
့
လက်တွေ့ နဲ
့ စာတွေ့  သင်ထောက်ကူတွေ ကောင်းကောင်းသုံးပြီး သင်ရတာလောက်
ပြီးပြည့်စုံတဲ့  သင်ယူမှု မျိုး ရှိမယ်
မထင်ပါဘူး..။
ဒါပေမဲ့  လက်တွေ့ မှာ ကောင်းမွန်တဲ့  မူဝါဒစနစ်တွေဟာ တခါတရံမှာ တာဝန်ယူ ဦးဆောင်သူ လူတဦးဦးကြောင့် လမ်းကြောင်းလွဲ ပျက်ပြယ် သွားတာမျိုးလည်း ကြုံဖူးကြမှာပါ..။
၂၀၀၆ ခုနှစ်မှာတော့ ကြိုသက်ချိန်မှာ
ကလေးတွေ ကြိုသက်ခန်းတွေကို စာသင်မသွားရ
တော့ဘူး..လို
့ သတင်းကြားရပါတယ်..။ကြိုသက်ချိန်တွေကို ကိုယ့်အခန်းမှာပဲ ကိုယ်သင်ရမယ် တဲ့။ ဘာလို့ပါလိမ့်..။စုံစမ်းကြည့်တော့
မှ တိုင်းအဆင့် ပညာရေး တာဝန်ရှိသူတဦးက ကျောင်းကို
စစ်ဆေးရေး လာစဉ်မှာ ကြိုသက်ချိန် အတန်း ပြောင်းလာတဲ့  ကလေးတွေကို
မြင်သွားပါသတဲ့ ..။ကလေး တွေ စာသင်ခန်း အပြင်မှာ ဘာလုပ်နေတာလဲ..။စည်းကမ်း ထိန်းသိမ်းမှု ညံ့တယ်..။ဘာညာနဲ့ကျောင်းအုပ်ဆရာကြီး
ကို ဆူပါလေရောတဲ့ ..။အဲဒီ အချိန်က ဌာနဆိုင်ရာ အကြီးအကဲတွေတော်တော်များများဟာ တသွေးတသံ တမိန့် နဲ့  စစ်စိတ်စစ်မာန်တွေ လျှံနေချိန်ပေါ့..။ရေဗူးပေါက်တာ မလိုချင်ဘူး
..ရေပါတာပဲ လိုချင်တယ် ဆိုတဲ့  ၀ါဒ ကြီးစိုး
နေချိန်မို့  အောက်လက်ငယ်သားတွေကလည်း အထက်ကို
အကျိုးနဲ့  အကြောင်းနဲ့  ပြန်ရှင်းမပြရဲကြတာတွေက
များတယ်..။ အဲဒီအချိန်က ကျောင်းအုပ်ကြီးကလည်း တကယ်ဆို
ဒီကျောင်းက အကြိုသက်မွေး ကျောင်းမို
့ ကြိုသက်ချိန်တွေမှာ စာသင်ခန်း
ပြောင်းသင်ရတာပါလို့  ပြန်မပြောရဲဘူး
တဲ့..။အထက်က အမိန့် အတိုင်း..အောက်ကို ဆက်အမိန့်ထုတ်လိုက်တယ်..။ကြိုသက်ချိန် စာသင်ခန်း
ပြောင်းမသင်ရ..။ဒီလိုနဲ့  ကလေးတွေဟာ ကြိုသက်ကျောင်းမှာ
နေပြီး ကြိုသက်ချိန်မှာ လက်တွေ့  သင်ထောက်ကူတွေ နဲ့  စနစ်တကျ သင်ကြားခွင့်ကို ဆုံးရှုံးခဲ့ ရတယ်..။
ဒီထက်ပို ဆိုးတာက
အတန်းမပြောင်းရပဲ ကိုယ့်အတန်းထဲမှာပဲ
ကိုယ်ကြိုသက်ဘာသာကို သင်ရမယ် ဆိုတော့ ..ယောက်ျားလေး မိန်းကလေး ရှိတဲ့  အတန်းတွေထဲမှာ
စက်မှု လက်မှုနဲ့  အိမ်တွင်းမှု ဘာသာကို တွဲသင်လို့ မရတော့ဘူး..။ဒီတော့ စက်မှုဆရာတွေက
နောက်ပိုင်းမှာ အတန်းမ၀င်တော့ဘူး..။
အိမ်တွင်းမှု
ဆရာမတွေပဲ အတန်းထိန်းရင်း မိန်းကလေးတွေကို အိမ်တွင်းမှု
သင်တယ်.။ယောက်ျားလေး
တွေက ကြိုသက်ချိန်မှာ ဟိုယောင်ယောင်..ဒီယောင်ယောင်.။ကဲ..စည်းကမ်းပို
မပျက်ပေဘူးလား..။
ရေဗူးပေါက်တာမလိုချင်တဲ့  ခေတ်ကြီးမို
့ အထက်ကို ဒီလို..ဒီလို တွေ ဖြစ်နေပါတယ် လို့ ဘယ်သူမှ ပြန်မပြောရဲကြဘူး..။ရှက်တတ်ရင် ရှက်စရာကောင်းတာက ပညာရေးဌာနရဲ့ 
စစ်ဆေးရေး အရာရှိကြီး
တယောက်လုံးက ကိုယ်သွားစစ်ရတဲ
့ ကျောင်းရဲ့  သဘောသဘာဝနဲ့  အခြေခံအချက်အလက်တွေကို မသိခဲ့ တာပါပဲ..။အင်းလေ...ဗူးတောင်းနစ်လို့ ဇောင်းချမ်းပေါ်..တဲ
့ ခေတ်ဆိုးကြီးကိုး..။အဲဒီ ကတည်းက ကျမတို့ရဲ
့ အကြိုသက်မွေးကျောင်းကြီးရဲ့  ကြိုသက်စာသင်ခန်းတွေ ပျက်ခဲ့ တာ
ခုထိပါပဲ..။အခုတော့ ကြိုသက်ဆရာဆရာမတွေကလည်း ရိုးရိုးဘာသာရပ်သင် ဆရာဆရာမတွေ ဖြစ်ကုန်ပါပြီ..။ကြိုသက်စာ
သင်ခန်းတွေတောင် ရိုးရိုး
ဘာသာရပ်သင် စာသင်ခန်းတွေ ဖြစ်ကုန်ပြီ..။
ကျမတို့ ခေတ်က ကြိုသက်စာသင်ခန်း အင်္ဂါရပ်နဲ့  ညီတဲ့  သင်ထောက်ကူ ပစ္စည်း အကောင်းစားတွေ စက်ကြီးတွေဟာလည်း ဟိုချောင်ကပ်..ဒီချောင်ကပ်..။ဟိုတစ..ဒီတစ..။ ဟိုရောက်..
ဒီရောက်ဖြစ်ကုန်ပြီ လို့  ၀မ်းနဲဖွယ်ကြားရပါတယ်..။အဟောသိကံဖြစ်ရတဲ့  တိုင်းပြည်ဘဏ္ဍာတွေပဲ
ပေါ့လေ..။
တကျောင်းတဂါထာ တရွာတပုဒ် ဆန်း ဆိုသလို
တာဝန်ရှိလူကြီး တယောက်ပြောင်းတိုင်း သူတို့
စိတ်ကူးတဲ့  ရာ မူဝါဒတွေ ချမှတ်လိုက်..။နောက်တယောက်
ပြောင်းလာရင် ကောင်းကောင်းဆိုးဆိုး မဝေဖန်
.သူ လက်သင့်ရာ .နောက်တမျိုး ပြောင်းလိုက်ဖြင့် ကျမတို့ နိုင်ငံရဲ့  ပညာရေး စနစ်ကြီး ရေစုန်မျောနေသည်မှာ ကြာချေပြီ..။ကျမတို့ခေတ်တွင်လည်း အစမ်းသပ်ခံ သားကောင်တွေ ဖြစ်ခဲ့ ရသလို
ကျမတို့ သားသမီး မြေးမြစ်များ အထိ ပိုမို
ဆိုးရွားလာသော အစမ်းသပ်ခံ စမ်းတ၀ါးဝါး
ပညာရေးစနစ်ရဲ့  သားကောင်လေးတွေ ဖြစ်နေရမည် ဆိုလျှင်..။ဆက် မတွေးရဲတော့ ပါ..။
Tuesday, September 24, 2013
လယ်သူမကြီး ၀ိသာခါ
အရိပ်မိုးပေးတဲ့  ထီးတလက်
ရုတ်တရက်ပျောက်သွားရှာ
စုံကန္တာ နေပူကြီးမှာ
ဘယ်ထီးမှမယ် မပါ.....
သားနဲ့ သမီး လက်ကိုဆွဲ
ကျွဲနွားနဲ့  အတူရုန်း
မင်္ဂလာဦးက လယ်တတုံး
ဝမ်းမီးဟုန်းဟုန်းကို ငြိမ်းတန်ရဲ့ ...
လယ်ကွင်းမှာကြီး
လယ်သီးကိုစား
လယ်သူမရဲ့ သား
လယ်ယာတက္ကသိုလ်မှာထား
ဘ၀ခြားသွားလေသူနဲ့ 
အိုးစားကွဲ ရိုက်ခွဲ
ညောင်ရေအိုးလေး ကွဲသွားသလို
နှလုံးသားအိုလေး မွမွကြေ...
ရွာက ကလေးတွေ
ပညာရည် နို့
ကောင်းကောင်းစို့နိုင်ဖို့
ကျောင်းသစ်ကြီး ဆောက်ရာ
ဝမ်းမသာနိုင်ဘူးလား...တဲ့ 
အလှူ့ ဒါယိကာမကြီး
ဗလာလက်ချည်း
မြေကြီးခဲကိုကောက်
လယ်ကူလီ ဘ၀ ရောက်ပေါ့...။ ။
(မှတ်တိုင် အထက ကျောင်းသစ်ကြီးဆောက်ရာမှာ လယ်သိမ်းခံလိုက်ရတဲ့  ဒေါ်လေး ဒေါ်အေးန အတွက် ဟိုးတုန်း က ထွက်လာဖူးတဲ့  ကဗျာတပုဒ်)See More
Thursday, September 19, 2013
ဆိုးမွေ
ဆိုးမွေ
ရေးသားသူ- နီဇူလိုင်
``ဟေး… အမေကြီး သိန်း လာပြီ ဟေ့´´
-
ကျမတို့ ညီအမ တတွေ ၀မ်းသာ အားရ ထအော် ကြရင်း၊ အမေကြီးသိန်း လက်ထဲမှ ခြင်းတောင်း လေးကို ဆွဲသူ ဆွဲ။ အမေကြီးသိန်း ထမီစကို ဆွဲပြီး နံဘေးကနေ ခုံဆွ ခုံဆွ လိုက်သူက လိုက်နှင့် တပျော်တပါး ဆီးကြို ကြ စမြဲ။ အမေကြီးသိန်း ဆိုတာ ကျမတို့ ဘဘကြီးရဲ့ အမကြီးပါ။ ကျမတို့ မြို့လေးနဲ့ မလှမ်းမကမ်း ရွာ ကလေးမှာ နေ ပါတယ်။ တခါတခါ သူ့ မောင်လေး ရှိတဲ့ ကျမတို့ အိမ်ကို ခြံထွက် သီးနှံတွေ ပေးရင်း အလည် လာလေ့ ရှိ ပါတယ်။
ကျမတို့ ညီအမ တတွေ ၀မ်းသာ အားရ ထအော် ကြရင်း၊ အမေကြီးသိန်း လက်ထဲမှ ခြင်းတောင်း လေးကို ဆွဲသူ ဆွဲ။ အမေကြီးသိန်း ထမီစကို ဆွဲပြီး နံဘေးကနေ ခုံဆွ ခုံဆွ လိုက်သူက လိုက်နှင့် တပျော်တပါး ဆီးကြို ကြ စမြဲ။ အမေကြီးသိန်း ဆိုတာ ကျမတို့ ဘဘကြီးရဲ့ အမကြီးပါ။ ကျမတို့ မြို့လေးနဲ့ မလှမ်းမကမ်း ရွာ ကလေးမှာ နေ ပါတယ်။ တခါတခါ သူ့ မောင်လေး ရှိတဲ့ ကျမတို့ အိမ်ကို ခြံထွက် သီးနှံတွေ ပေးရင်း အလည် လာလေ့ ရှိ ပါတယ်။
-
ကျမတို့ ညီအမ တွေ သူလာရင် ပျော်ရ တာ က-ငါးရာ့ ငါးဆယ် နိပါတ် တော်လာ ပုံပြင် တွေက အစ ကြားရခဲတဲ့ ကျေးလက် ပုံပြင်တွေ အဆုံး .. ပုံပြင် မျိုးစုံကို ဟန်ပန် အသံနေ အသံထားနဲ့ ပြောတတ် လွန်းလို့ပါ။ အမေကြီး --- ပုံပြောပြပါ---ဆိုပြီး သူ့အနား မှာ ကျမတို့ ၀ိုင်းနေရင် သဘောတွေ ကျပြီး တမျိုးပြီး တမျိုး ပြောလို့ မဆုံး။ ကလေးတွေ တရုံးရုံး နဲ့ ပျော်မဆုံး။
ကျမတို့ ညီအမ တွေ သူလာရင် ပျော်ရ တာ က-ငါးရာ့ ငါးဆယ် နိပါတ် တော်လာ ပုံပြင် တွေက အစ ကြားရခဲတဲ့ ကျေးလက် ပုံပြင်တွေ အဆုံး .. ပုံပြင် မျိုးစုံကို ဟန်ပန် အသံနေ အသံထားနဲ့ ပြောတတ် လွန်းလို့ပါ။ အမေကြီး --- ပုံပြောပြပါ---ဆိုပြီး သူ့အနား မှာ ကျမတို့ ၀ိုင်းနေရင် သဘောတွေ ကျပြီး တမျိုးပြီး တမျိုး ပြောလို့ မဆုံး။ ကလေးတွေ တရုံးရုံး နဲ့ ပျော်မဆုံး။
-
++ ++ ++
++ ++ ++
-
တနေ့
``အမေကြီး သိန်း ကို အချုပ်ထဲမှာ ဖမ်းချုပ် ထားတယ်´´ဆိုတဲ့ သတင်း တခုက ကျမတို့ ညီအမတွေ ကို အကြီးအကျယ် စိတ်ထိခိုက် တုန်လှုပ် စေ ခဲ့ ပါတယ်။
တနေ့
``အမေကြီး သိန်း ကို အချုပ်ထဲမှာ ဖမ်းချုပ် ထားတယ်´´ဆိုတဲ့ သတင်း တခုက ကျမတို့ ညီအမတွေ ကို အကြီးအကျယ် စိတ်ထိခိုက် တုန်လှုပ် စေ ခဲ့ ပါတယ်။
``ဟင်--- အမေကြီးသိန်း ကို ဘာလို့ ဖမ်းချုပ် ကြ တာ လဲ´´
``အမေကြီးသိန်း က လူဆိုးမှ မဟုတ်တာ…´´
``အမေကြီးသိန်း က ဘယ်သူ့ကို ဒုက္ခ ပေးဖူး လို့လဲ… ´´
ကျမတို့ ကလေးတွေ ရဲ့  နုနယ် လှတဲ့ အသိဥာဏ်၊ နှလုံးသား လေးတွေ ထဲမှာ မခံရပ် နိုင်အောင် နာကျင် ရပါတယ်။
-
အပြစ် မရှိတဲ့ လူ တယောက်ကို ဘာလို့များ ဖမ်းချုပ် ထားရ တာပါလိမ့် လို့ တွေးရင်း အမေ ကြီးသိန်း အတွက် စိတ်မကောင်း ကြ။ အိမ်က လူကြီးတွေ ကတော့ အမေကြီးသိန်း အတွက် ထမင်းပို့ဖို့ စီစဉ်ကြ။ အမေကြီးသိန်း မြန်မြန် ပြန်လွတ် လာဖို့ ကြိုးစား ကြနဲ့ အလုပ်တွေ ရှုတ်လို့။
အပြစ် မရှိတဲ့ လူ တယောက်ကို ဘာလို့များ ဖမ်းချုပ် ထားရ တာပါလိမ့် လို့ တွေးရင်း အမေ ကြီးသိန်း အတွက် စိတ်မကောင်း ကြ။ အိမ်က လူကြီးတွေ ကတော့ အမေကြီးသိန်း အတွက် ထမင်းပို့ဖို့ စီစဉ်ကြ။ အမေကြီးသိန်း မြန်မြန် ပြန်လွတ် လာဖို့ ကြိုးစား ကြနဲ့ အလုပ်တွေ ရှုတ်လို့။
``အပြစ်မရှိတဲ့ လူတယောက် အတွက် ထောင် ဆိုတာ (၁) နာရီ မပြောနဲ့ (၁)စက္ကန့် တောင် နေ ဖို့ မသင့်တော် ဘူးလေ။´´
-
++ ++ ++
++ ++ ++
-
``ဟေး--- အမေကြီးသိန်း ပြန်လွတ် လာပြီ ဟေ့´´-
``ဟေး--- အမေကြီးသိန်း ပြန်လွတ် လာပြီ ဟေ့´´-
(၁၄)
ရက် အကြာမှာ အမေကြီးသိန်း ပြန်လွတ် လာပါတယ်။ သူ့ ထုံးစံ အတိုင်း မျက်နှာ
ကလေးက ပြုံးချို နေပေမဲ့ ပိန်သွား လိုက်တာ။ ကျမတို့ ညီအမတွေ သူ့အနားမှာ
ဝိုင်းပြီး မေးခွန်းတွေ တသီကြီး မေး ကြတာပေါ့။
-
-
ခဏ
နေတော့မှ သူ့``နရသိန်ပုံပြင်´´ကို ထုံးစံ အတိုင်း ပြောပြ ပါတယ်။မဲမှောင်
နံစော် နေတဲ့ အမျိုးသမီး အချုပ်ခန်း လေးဟာ အလျား ၁၅ ပေ အနံ ၃ပေ လောက်ဘဲ
ရှိတဲ့ အခန်းလေး တဲ့။ သစ်သား ပြားကြီး တွေနဲ့ ကာထားပြီး တဖက်မှာ အိမ်သာ
ဇလားကြီး ရှိတဲ့ အချုပ်ခန်းကျယ် တခုရှိပြီး အမျိုး သား အချုပ်သားတွေကို
ထားကြောင်း။ အိမ်သာတွေ ဘာတွေ တက်ချင်ရင် အဲဒီ ဇလားကြီး ပေါ်ဘဲ ယောက်ျား
မိန်းမ ရောနှောပြီး သွားရကြောင်း ပြောရင်း သူ့ ထုံးစံအတိုင်း အရွှန်း
ဖောက်ပါတယ်။ သူတို့ကို ထားတာ ရဲအချုပ်ရဲ့  အပေါ်ထပ် ဖြစ်လေတော့ အောက်ထပ်မှာ
ရုံးခန်းတွေ ရှိပြီး ရဲအရာရှိ တွေ နေပါတယ်။
``အမေကြီးကို မတရား ဖမ်းထားတဲ့ ကောင်တွေ အပေါ် ရှုးတွေ အီးတွေ အားရှိ ပါးရှိ ပါပစ် ခဲ့တာပေါ့´´လို့ ဟာသ နှောတော့ ကျမတို့တွေ ရီရင်း မော ခဲ့ရ ပါသေး တယ်။
-
နောက်ရက်မှာ မြို့ကလေးရဲ့ အစွန်မှာ ရှိတဲ့ အကျဉ်းထောင်ကို ပို့လိုက်တော့ သူတို့ကို သစ်သား တထပ်ဆောင် လေးထဲမှာ တခြား ရာဇ၀တ်သား အမျိုးသမီး တွေနဲ့ အတူ ဂန်ဇီ သောက်ရင်း ထောင်ထမင်း နီနီတွေ စားရတဲ့ အကြောင်းတွေ ၊ကြားရတော့ ကျမတို့ အားလုံး ဘယ်လိုမှ လက်မခံ နိုင်ပါ။
-
နောက်ရက်မှာ မြို့ကလေးရဲ့ အစွန်မှာ ရှိတဲ့ အကျဉ်းထောင်ကို ပို့လိုက်တော့ သူတို့ကို သစ်သား တထပ်ဆောင် လေးထဲမှာ တခြား ရာဇ၀တ်သား အမျိုးသမီး တွေနဲ့ အတူ ဂန်ဇီ သောက်ရင်း ထောင်ထမင်း နီနီတွေ စားရတဲ့ အကြောင်းတွေ ၊ကြားရတော့ ကျမတို့ အားလုံး ဘယ်လိုမှ လက်မခံ နိုင်ပါ။
-
အမေကြီးသိန်းလို
လူကောင်း တယောက်ကို ဘယ်လို အတွေး အခေါ်မျိုးနဲ့ လူတွေက ဒီလို အချုပ်ထောင်ထဲ
ပို့ထား နိုင်တာလဲ။ ၅နှစ်အရွယ် ညီမ အငယ်ဆုံးလေး က -
``တို့ အမေကြီးသိန်းကို လူဆိုးလဲ မဟုတ်ဘဲနဲ့ ဘာလို့ ဖမ်းကြတာလဲ´´ လို့ စိတ်ဆိုး မာန်ဆိုး ထအော် ငိုတော့၊ အမေကြီးသိန်းက ခပ်ငေးငေး မျက်နှာလေးနဲ့ -
``တာဝန်ကျေ စပါး မရောင်းလို့ တဲ့လေ´´
သူ့မှာ လယ် ရှိပေမဲ့သားသမီး မရှိတဲ့ မုဆိုးမကြီး ဆိုတော့ လယ်မလုပ်နိုင် ရှာတာနဲ့ တူတယောက် ကို လယ် လုပ်ခိုင်းပြီး အဲဒီက ရတဲ့ လယ်ထောက်ခလေးနဲ့ စား နေ ရတာပါ။ ကံဆိုးတဲ့ အဲဒီနှစ်မှာ မိုးခေါင်တော့ လယ်တွေ ပျက်ပြီး ရနေကျ လယ်ထောက်ခလေးတောင် မရရှာတုံး၊ တာဝန်ကျေ စပါး မရောင်းတဲ့ လယ်သမား တွေကို
မြို့ အာဏာပိုင် တွေက ဖမ်းချုပ်တော့ လယ်ပိုင်ရှင်နံမယ်ပေါက် တဲ့ သူ့ခမျာ အသက် ရ၀ကျော် အရွယ်ကျမှ အဖမ်းအချုပ် ခံရတော့ တာပါဘဲ။
-
-
++ ++ ++ ++
-
၂၀၀၇ အောက်တိုဘာ (၁၆)ရက် ည သန်းခေါင်ကျော် မှာတော့--
ကျမ ကိုယ်တိုင် လွန်ခဲ့တဲ့ နှစ် (၃၀) လောက်က အမေကြီးသိန်း ရောက်ခဲ့တဲ့ နေရာလေး ကို မမျှော်လင့်ဘဲ ရောက်ခဲ့ရ ပြန်ပါတယ်။ သံဃာတော် တွေရဲ့.. မေတ္တာပို့..ဆန္ဒပြ ပွဲ ဂယက်လှိုင်း တွေ ကြားထဲမှာ..ဆန္ဒတွေပြည့်လျှံ ကြ ရင်း.. မဲမှောင် ကျဉ်းမြောင်း ညစ်ပတ် နံစော် နေတဲ့ အခန်းကျဉ်း လေးထဲမှာ တညလုံး ငုတ်တုတ် ထိုင်ပြီး.. အမေကြီးသိန်း ကို သတိရ နေမိတယ်..။ ကပ်ရက် အခန်းက ခင်ပွန်း ဖြစ်သူကို-
၂၀၀၇ အောက်တိုဘာ (၁၆)ရက် ည သန်းခေါင်ကျော် မှာတော့--
ကျမ ကိုယ်တိုင် လွန်ခဲ့တဲ့ နှစ် (၃၀) လောက်က အမေကြီးသိန်း ရောက်ခဲ့တဲ့ နေရာလေး ကို မမျှော်လင့်ဘဲ ရောက်ခဲ့ရ ပြန်ပါတယ်။ သံဃာတော် တွေရဲ့.. မေတ္တာပို့..ဆန္ဒပြ ပွဲ ဂယက်လှိုင်း တွေ ကြားထဲမှာ..ဆန္ဒတွေပြည့်လျှံ ကြ ရင်း.. မဲမှောင် ကျဉ်းမြောင်း ညစ်ပတ် နံစော် နေတဲ့ အခန်းကျဉ်း လေးထဲမှာ တညလုံး ငုတ်တုတ် ထိုင်ပြီး.. အမေကြီးသိန်း ကို သတိရ နေမိတယ်..။ ကပ်ရက် အခန်းက ခင်ပွန်း ဖြစ်သူကို-
-
``ဟေ့---
တို့တွေ တိရစ္ဆာန်ရုံ ထဲက ကျားကြီးတွေ နဲ့ တူနေပြီ” --- လို့ လှမ်း
နောက်ရင်း အိမ်မှာ ကျန် ခဲ့တဲ့ သားနဲ့ ဖေဖေ့ကို မေ့ ချင်ယောင်ဆောင်
ထားပါတယ်။
-
မနက်လင်းတော့ ကျမတို ခြေရင်းမှာ အိပ်နေတဲ့ တာဝန်ကျ ရဲလေးတွေ နိုး လာကြပြီ။ ဒီအထဲမှာ ကျမ တပည့်လေး တယောက် ပါနေ တာကိုး။ မေတ္တာသုတ် ရွတ်နေတဲ့ ကျမ အသံ ကြားတော့ လာ ကြည့်ပြီး
မနက်လင်းတော့ ကျမတို ခြေရင်းမှာ အိပ်နေတဲ့ တာဝန်ကျ ရဲလေးတွေ နိုး လာကြပြီ။ ဒီအထဲမှာ ကျမ တပည့်လေး တယောက် ပါနေ တာကိုး။ မေတ္တာသုတ် ရွတ်နေတဲ့ ကျမ အသံ ကြားတော့ လာ ကြည့်ပြီး
-
``ဟင်-- ဆရာမ--- ဘာလို့ ဒီအထဲ ရောက် နေတာ လဲ´´ တဲ့။
-
-
သူ တကယ်ဘဲ မသိ တာလား။
ကျမ ပြုံးရင်း လက်ပြပြီး ``ကိုယ် လုပ်စရာ ရှိတာ ဆက်လုပ်ပါ´´ လို့ ဘဲ ပြောလိုက်မိပါတယ်။ မျက်ရည်ဝဲ နေတဲ့ သူ့ မျက်လုံး တွေကို သစ်သားတိုင် ကြီး တွေ ကြားက ကျမ မြင် မိအောင် မြင် လိုက်ရတော့... အင်း--- တို့ ငယ်ငယ် တုံးက အမေကြီး အတွက် ခံစား ရသလို နေမှာလို့ ... တွေး မိပါတယ်။
ကျမ ပြုံးရင်း လက်ပြပြီး ``ကိုယ် လုပ်စရာ ရှိတာ ဆက်လုပ်ပါ´´ လို့ ဘဲ ပြောလိုက်မိပါတယ်။ မျက်ရည်ဝဲ နေတဲ့ သူ့ မျက်လုံး တွေကို သစ်သားတိုင် ကြီး တွေ ကြားက ကျမ မြင် မိအောင် မြင် လိုက်ရတော့... အင်း--- တို့ ငယ်ငယ် တုံးက အမေကြီး အတွက် ခံစား ရသလို နေမှာလို့ ... တွေး မိပါတယ်။
-
နောက်တနေ့ နေ့လည် ၂နာရီ လောက် မှာတော့ တရားရုံး က နေ ကျမ တို့ကို ပုဒ်မ (၅၀၅-ခ) ရယ်၊ (၁၅၃) ရယ် နဲ့ တရား စွဲဆိုပြီး ရမာန်ကြီး ၁ပါတ် ထပ်ချိန်းပြီး မြို့စွန်မှာ ရှိတဲ့ ထောင်ထဲကို ပို့ လိုက် ပါတယ်။
-
နောက်တနေ့ နေ့လည် ၂နာရီ လောက် မှာတော့ တရားရုံး က နေ ကျမ တို့ကို ပုဒ်မ (၅၀၅-ခ) ရယ်၊ (၁၅၃) ရယ် နဲ့ တရား စွဲဆိုပြီး ရမာန်ကြီး ၁ပါတ် ထပ်ချိန်းပြီး မြို့စွန်မှာ ရှိတဲ့ ထောင်ထဲကို ပို့ လိုက် ပါတယ်။
-
ထောင်ဗူးဝ
ကနေ ခေါင်းငုံ့ ၀င် ရပေမဲ့ ကျမတို့ စိတ်တွေ ကတော့ ငုံ့လျှိုး မနေခဲ့ပါ။
ကျမကို အမျိုးသမီး ထောင်ဆီ ခေါ်သွားစဉ်မှာ- ကျမ ခင်ပွန်းကို တိုက်ထဲ ပို့
ဆိုတဲ့ အသံကို ကြား လိုက် ရပြီး ဂျိုင်း-ကနဲ တံခါး ပိတ်သံကြီးကို ကြား
လိုက်ရ ပါတယ်။ ပိတ်ချင် သလောက် ပိတ် ..အလုံ ပိတ်ထားတဲ့ ထောင်နံရံ တွေ
ပေါ်မှာ
လွတ်လပ်တဲ့ ကောင်းကင်ပြာ ရှိတယ်။ ။
-
လွတ်လပ်တဲ့ ကောင်းကင်ပြာ ရှိတယ်။ ။
-
++ +++ ++++ ++
-
အမျိုးသမီးထောင် သစ်သား တထပ်ဆောင် မဲမဲ လေးထဲမှာ အကျဉ်းကျ အမျိုးသမီး (၂ဂ) ယောက်ဟာ ပုံသဏ္ဍန် အမျိုးမျိုးနဲ့ ကျမကို ၀ိုင်း ကြည့်နေ ပါတယ်။ ဆရာမ အကျင့် ပါနေတဲ့ ကျမက ``မင်္ဂလာပါ´´လို့ နှုတ်ဆက် လိုက်ပြီးမှ ``တွေ့ရတဲ့ နေရာ ကတော့ သိပ် မင်္ဂလာ မရှိ ဘူးနော်´´ဆိုတော့ သူတို့က ရီကြ ပါတယ်။ သူတို့နဲ့ မိတ်ဖွဲ့ မေး ကြည့်တော့ ချဲမှု၊ လိမ်လည်မှု၊ ခိုးမှု၊ မှောင်ရိပ်ခိုမှု စုံလို့ ပါဘဲ။ ကျမနဲ့ ရှေးဆင့် နောက်ဆင့် ရောက် လာတဲ့`စပယ်´ ဆိုတဲ့ ၁၅ နှစ် အရွယ် ကလေးမ လေးကတော့ မှောင် ရိပ်ခိုမှု နဲ့ မကြာ မကြာ ရောက်လာ တတ်တဲ့ `ညငှက်မလေး´ ဆိုဘဲ။ သူက တခါလာ ရင် နံမည် တမျိုးတဲ့။ တခါ တလေ
အမျိုးသမီးထောင် သစ်သား တထပ်ဆောင် မဲမဲ လေးထဲမှာ အကျဉ်းကျ အမျိုးသမီး (၂ဂ) ယောက်ဟာ ပုံသဏ္ဍန် အမျိုးမျိုးနဲ့ ကျမကို ၀ိုင်း ကြည့်နေ ပါတယ်။ ဆရာမ အကျင့် ပါနေတဲ့ ကျမက ``မင်္ဂလာပါ´´လို့ နှုတ်ဆက် လိုက်ပြီးမှ ``တွေ့ရတဲ့ နေရာ ကတော့ သိပ် မင်္ဂလာ မရှိ ဘူးနော်´´ဆိုတော့ သူတို့က ရီကြ ပါတယ်။ သူတို့နဲ့ မိတ်ဖွဲ့ မေး ကြည့်တော့ ချဲမှု၊ လိမ်လည်မှု၊ ခိုးမှု၊ မှောင်ရိပ်ခိုမှု စုံလို့ ပါဘဲ။ ကျမနဲ့ ရှေးဆင့် နောက်ဆင့် ရောက် လာတဲ့`စပယ်´ ဆိုတဲ့ ၁၅ နှစ် အရွယ် ကလေးမ လေးကတော့ မှောင် ရိပ်ခိုမှု နဲ့ မကြာ မကြာ ရောက်လာ တတ်တဲ့ `ညငှက်မလေး´ ဆိုဘဲ။ သူက တခါလာ ရင် နံမည် တမျိုးတဲ့။ တခါ တလေ
`ထက်ထက်´ ဖြစ်လိုက်။ တခါတလေ `နှင်းဆီ´ ဖြစ် လိုက် ဆိုဘဲ။
-
သူတို့ အားလုံးက ကျမကို ၀ိုင်း မေးကြတယ်။
-
-
`ဘာမှု နဲ့ ကျတာ လဲ´တဲ့။
-
နိုင်ငံရေး မူ လို့ပဲ..အလွယ်တကူ ပြုံးပြီး အဖြေ ပေးလိုက်ရင်း.. ကွယ်လွန် သွားပြီ ဖြစ်တဲ့ အမေကြီးသိန်း ကို ဖျတ်ကနဲ မြင်ယောင် မိ ပါတယ်။ အခုတော့.. ကျမ လည်း.. အမေကြီး သိန်းလို.. ဘယ်သူ့ ကိုမှ.. နစ်နာ အောင် မလုပ်မိ ပဲနဲ့.. မသမာ ခြင်း လည်း အစွန်း မထင် ခဲ့ပါပဲ.. နိုင်ငံတော် မကြိုက်တာ လုပ်မိတဲ့.. အကျဉ်းသား ဖြစ်ခဲ့ ပေါ့။
နိုင်ငံရေး မူ လို့ပဲ..အလွယ်တကူ ပြုံးပြီး အဖြေ ပေးလိုက်ရင်း.. ကွယ်လွန် သွားပြီ ဖြစ်တဲ့ အမေကြီးသိန်း ကို ဖျတ်ကနဲ မြင်ယောင် မိ ပါတယ်။ အခုတော့.. ကျမ လည်း.. အမေကြီး သိန်းလို.. ဘယ်သူ့ ကိုမှ.. နစ်နာ အောင် မလုပ်မိ ပဲနဲ့.. မသမာ ခြင်း လည်း အစွန်း မထင် ခဲ့ပါပဲ.. နိုင်ငံတော် မကြိုက်တာ လုပ်မိတဲ့.. အကျဉ်းသား ဖြစ်ခဲ့ ပေါ့။
-
တကယ်တော့ ကျမတို့ မြေးအဖွား ဟာ စနစ်ရဲ့  သားကောင်တွေ အဖြစ်နဲ့ ဒီ ထောင်ထဲ ကို ရောက် လာ ကြသူ တွေ ပါလား။
တကယ်တော့ ကျမတို့ မြေးအဖွား ဟာ စနစ်ရဲ့  သားကောင်တွေ အဖြစ်နဲ့ ဒီ ထောင်ထဲ ကို ရောက် လာ ကြသူ တွေ ပါလား။
စနစ်ဆိုးရဲ
့ ဆိုးမွေတွေ ကို မတန် တဆ ခံစား နေရသူတွေ ကျမတို့ နိုင်ငံထဲမှာ အများကြီး
ပါလား။ ဘယ်တော့များ ဒီ ဆိုးမွေတွေ ကို ဖယ်ရှား နိုင်ပါ့ မလဲ နော်။ ။
Monday, September 9, 2013
လမ်းကလေးဖတ်တဲ့  ၀တ္ထု
့
ကျနော်လမ်းကလေးပါ
လမ်းကလေးပေါ်မှာ
နေ့စဉ်ဖြတ်သန်းသွားလာနေတဲ့  မိသားစုကလေး တစုမှာ
အဖေကောင်ကလေး
ခမျာ... ပျောက်နေတာ အတော်ကြာပါ ပြီ
ရေဒီယို အစုတ်ကလေးကို
လွယ်လို့
ထင်းသယ် မြက်ပေါက်
တွန်းလှည်းတွန်း
ကူလီ အလုပ်မှန်သမျှ
သူလုပ်တယ်..
မဲပေပွနေတဲ
့ အင်္ကျီ
အစုတ်ကလေးကို သူအမြဲ ၀တ်ပေမဲ့ 
သူ အလစ်မသုတ်ဘူး
ကျပ်မပြည့်ရှာတဲ
့ ..ကလေးမလေးကို သူများလို သူ မစော်ကားဘူး
သားမှတ်မှတ်
မယားမှတ်မှတ် ..သူတတ်သမျှနဲ့  လုပ်ကျွေးတယ်
ကလေးငယ် မဲကျုပ်ကျုပ်ကလေးက သူနဲ့  မတူ..တူ..တူတူ
အရေးမယူ...။အဖေနဲ
့တူအောင် သူရှာဖွေ ကျွေးတယ်
လမ်းကလေးပေါ်မှာ သမုဒ္ဒရာ
ဝမ်းသုံးထွာအတွက်
သူတို့ နေ့စဉ်
လျှောက်ရတယ်..
ခုတော့
အဖေကောင်ကလေး ပျောက်နေတာ အတော်ကြာပြီ
မရှိခိုးနိုး
မှုနဲ့  တရားဥပဒေ စိုးမိုးကြတော့
အကျဉ်းထောင်ထဲကနေ ရဲဘက်စခန်းတွေဆီကို
သူတတ်တဲ့  အလုပ်တွေ
လုပ်ဖို့ ပါသွားသလိုလို
သူ့ အတွက် အပြန်ခရီးကလည်း မှုန်တိမှုန်ဝါး
စမ်းတ၀ါးဝါးနဲ
့ လမ်းသလားနေတဲ့ 
သူ့မဟေသီလေးကို
တော့
ဟိုတနေ့ က နှုတ်ခမ်းနီတွေ အရဲသားနဲ့  တွေ့ လိုက်တယ်..
လမ်းကလေးရဲ ရဲ့  ဟိုဖက် ဒီဖက် ထိပ်တွေမှာ
သူတို့ထက် အူပိုကျယ်တဲ့ 
ဘီယာဆိုင်ကြီး တွေ က အစီအရီ
လမ်းကလေးရဲ
့ အလယ်မှာ
လူကြီးလူကောင်းတွေ လွှတ်တော်တက်တဲ့ 
အအေးခန်း
ဧည့်ရိပ်သာကြီးကလဲ ခန့်ခန့်ညားညား
ကလေးငယ် မဲကျုပ်ကျုပ်ကလေးရဲ
့
တဂျုပ်ဂျုပ်
မြည်နေတဲ့  အစာအိမ်ကလေးကတော့ ..ဘယ်ချောင်ဆီ။
(၉.၉.၂၀၁၃)
Wednesday, June 5, 2013
“မိုးခေါင်ရေရှား ရပ်ဝန်းကလေးများ ”
မုတ်သုန် လာချေပြီ..။ ပင်လယ်ကြီးကို ဖြတ်သန်းကာ ပင်လယ်ကြီးရဲ
့ လက်ဆောင် ရေခိုးရေ
ငွေ့ တွေကို
တိမ်တိုက် ရထား တရွေ့ ရွေ့ နဲ့  တနင့်တပိုး
သယ်ဆောင်..။မုတ်သုန်မိုးစက်ပွင့်ကလေးတွေ အဖြစ် ကျဲပက်.. ။မုတ်သုန်မိုးစက်များနှင့်ထိတွေ
့ နမ်းရှိုက်ရသော အရာအားလုံးသည်.. အေးမြ လန်းဆန်းခြင်း..။နုပျို
သစ်လွင်ခြင်း။စိမ်းစိုရှင်းသန့်ခြင်း..တို့ဖြင့် သြကာသလောကတခွင် အလှဆင်..။
သို့ သော် မုတ်သုန်မိုးစက်တို့ ဖြတ်သန်းသွားပါလျှက် စိမ်းစိုရှင်းသန့်ခွင့်မရ..။ လန်းဆတ်အေးမြခွင့်မရ..။နုပျို သစ်လွင်ခွင့်မရ ။မုတ်သုန်ရန့ံ့ ကို အပြည့်အ၀ ရှူရှိုက်ခွင့် မသာသော မိုးခေါင်ရေရှား ရပ်ဝန်းကလေးတွေတော့..ရှိနေသေးသည်..။
+++ +++++
“မေမေ.. သမီး ရွေးတဲ့  ကျောပိုးအိတ်အသစ်ကလေးက မိုက်တယ်နော်”
သူ့တကိုယ်လုံးကို လှည့်ပတ်ကြည့်ရင်း ကျေနပ်နေတဲ့ ...သမီးလေးကို ကြည့်ရင်း မေ ပြုံးမိ
တယ်..။သမီးလေးရဲ
့ ခေါင်းကလေးကို ခပ်ဖွဖွကလေး
ပုတ်လိုက်ရင်း ..
“အလှကြိုက်မလေး..။ကျော်ပိုးအိတ်အသစ်..ဖိနပ်အသစ်..ရေဗူးအသစ်
..နဲ့  အရမ်း..မိုက်ပါ့တော်။စာလဲ ကြိုးစားနော်..။သမီး ပြီးခဲ့ တဲ့ 
စာသင်နှစ်မှာ ပထမရလို့  ဒါတွေမေမေ ၀ယ်ပေးတာ.။ကဲ..ကျောင်းနောက်ကျ
နေမယ် သွားကြစို့.”
ကျောင်းဖက်ကို ကားမောင်းလာရင်း..မေ တယောက်
အတွေးတွေကဆက်နေမိသည်..။
တဦးတည်းသော
သမီးလေးမို့  ပထမမရလဲ
ဝယ်ပေးမိမှာလို့  မေ့ဖာသာတွေးရင်း မေတို့  ငယ်ငယ်
ကျောင်း ဖွင့်ချိန်တွေကို သတိပြန်ရမိတယ်..။မေတို
့ငယ်ငယ်က မောင်နှမတွေက အစီအရီမို့ ..အတန်းသစ်
တက်တိုင်း ပုံနှိပ်စာအုပ်က အစ..ကျောင်းသုံးပစ္စည်းအဆုံး ကြီးစဉ်ငယ်လိုက် အကိုအမတွေရဲ့ 
အကျကို အငယ်တွေက ဆက်ခံရစမြဲ..။ကျောင်းရှေ့ မှာ ကားကလေးကို ရပ်လိုက်တော့ သမီးလေး က သူ့ကိုယ်သူ
ယုံကြည်မှု
အပြည့်နဲ့  ခုန်ဆင်းကာ....
“ မေမေ ..သမီးကို အတန်းပိုင်တီချယ်က ဘယ်နေရာနေချင်လဲတဲ့ ..။ ဘယ်သူနဲ့ ထိုင်ချင်လဲ
တဲ့ ..။တနေ့က
သမီး သွားကန်တော့တော့ မေးလိုက်တယ်..။သမီးက ရှေ့ ဆုံးတန်းမှာ ဖြူလဲ့ နဲ့  ပဲ တူတူထိုင်
မယ်လို့ 
ပြောလိုက်တယ်..။ သမီးနဲ့ ဖြူလဲ့ က တီချယ့်စာသင်ဝိုင်းမှာလဲ တူတူထိုင်တာလေ..။ဖြူလဲ့ ကလဲ သမီးနဲ့ ပဲ တူတူထိုင်မယ်လို
့ တီချယ်ကို ပြောပြီသားတဲ့ ။သမီးတို့  အစောကြီး ခုံဦးဖို့ မလိုတော့ဘူးမေမေ”
မေတို့
ငယ်ငယ်ကဆို လည်း ကျောင်းဖွင့်စ အတန်းသစ်တက်ရင်
ထိုင်ခုံနေရာ ကောင်းလေး
ရအောင် ဦးဖို
့ အစောကြီး သွားစရာမလို...။ဘယ်လိုပဲ နေရာတွေ ဦးထားထား..။အတန်းပိုင်ဆရာမကကလေး
ရဲ့  အရပ်အနိမ့်အမြင့် ကို လိုက်ပြီး နေရာတွေ
ပြန်ချပေးစမြဲ..။မေက အရပ်ရှည်သူဆိုတော့ ဘယ်လောက်ပဲ
နေရာဦးထားထား
နောက်ဆုံးတော့ တတိယတန်း စတု တ္ထတန်း
လောက်မှာ သာ ထိုင်ရစမြဲ..။
ကျောင်းဝတ်စုံအသစ် နဲ့  သမီးလေးကတော့ မိုးဖွဲဖွဲကြားထဲမှာ မိုးကာအသစ် ကလေးနဲ့ 
ကျောင်းဝင်းထဲကို လန်းဆန်းသစ်လွင် ခုန်ပေါက်မြူးတူးစွာ.၀င်သွားသည်..။သမီးက ကျောင်းကလဲ
အပ်ပြီး
သား..။နေချင်တဲ
့ အတန်းနဲ့  ထိုင်ခုံနေရာကလဲ အဆင်သင့်..။အတန်းပိုင်
တီချယ့် ကျူရှင်မှာကလည်း အပ်
ပြီးသား..မို့။မေလဲ
စိတ်အေးလက်အေး ရှိလှသည်..။
+++
သူများတွေ အဖြူအစိမ်းလေးတွေ နှင့် ကျောင်းသွားနေသည်ကို ကြည့်ရင်း
..တူးတူး မျက်ရည်တွေဝိုင်းလာသည်..။ ဒီနှစ် တော့ ကျောင်းတက်ခွင့်တောင် ရပါ့ မလား..။
သူများလို ကျောင်းစိမ်းဝတ်စုံ အသစ် ၀ယ်ဖို့ နေနေသာသာ..ကျောင်းပင် မအပ်နိုင်သေး..။ငါးတန်းနှစ်က အမေ၀ယ်ပေးသော ကျောင်းစိမ်း
ဝတ်စုံကလေးကလဲ ရေသီနားလိုက်ကာ ပါးပါးလေးပဲ ကျန်တော့သည်..။ဒီ ကျောင်းဝတ်စုံကလေး တစုံကိုပဲ
တနှစ်လုံး
ဒုံးပေချပြီး ၀တ်နေရတော့လဲ ရေသီနားမလိုက် ခံနိုင်ပါ့မလားနော်..လို့  ၀မ်းနဲအားငယ်စွာ တွေးမိ
သည်..။ခြောက်တန်းနှစ်မှာ
ကျောင်းစိမ်းလုံခြည်လေး တထည်လောက် ထပ်ဝယ်ချင်လို့  ကျောင်းပိတ်ရက်
တလျှောက်လုံး
ရေခဲချောင်းရောင်းလိုက်..ဖရဲသီးစိတ်ရောင်းလိုက်
နဲ့ 
စုထားတဲ့  ပိုက်ဆံကလေးတွေကလဲ
အမေ့ဆေးဖိုး
နဲ့  သာ လုံးပါးပါးရရှာ သည်..။ကင်ဆာဝေဒနာရှင် အမေ ကိုက်ခဲနာကျင်လို
့ အော်ဟစ်နေရ
သည်ကို တော့
တူတူးတို့  ညီအမနှစ်ယောက်စလုံး မကြည့်ရက်..။အိမ်နားက ကြီးကြီးတို့ကို အကူအညီတောင်း
ပြီး ရပ်ကွက်ထဲက
ဆေးထိုးဆရာကြီးကို ခေါ်ကာ အကိုက်အခဲ
အနာအကျင် ပျောက်ဆေးတွေကို ထိုးပေးမှ
အမေအိပ်နိုင်သည် ကိုး..။အမေသာ နေကောင်းလို့ကတော့ တူတူးခုလို ၀မ်းနည်း
နေရမှာ မဟုတ်တာ သေချာသည်..။မနှစ်က ငါးတန်းကျောင်းအပ်ချိန်အထိ အမေ အလုပ်လုပ်နိုင်သေးသည်..။
တူးတူး မမကတော့ စာသင်ရတာကို နဲနဲမှ စိတ်မ၀င်စား..။ မဖြစ်ထွန်း... ။အမေနဲ့ အတူ သာ ဒိုးတူဘောင်ဖက် အလုပ်လိုက်လုပ်သည်..။တူးတူးကတော့
ကျောင်းနေချင်သည်..။စာတွေသင်ချင်သည်..။ ပညာမတတ်ရင် ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်စားရမည်
ကို အမေ့ကို ကြည့်ရင်း တူတူးသိသည်..။ခုတော့
အမေ ၀ဋ်ကျွတ်သွားချေပြီ..။ အမေသေတော့
မမက အဖေ့ကြောင့် အမေသေရတာလို့  ပြောပြောပြီးငိုနေသည်..။
အဖေ့ ကျောကုန်းကို ထုရိုက်ပြီးလည်း ငိုသည်..။ အဖေကတော့ ၂၄နာရီစလုံးအရက်
မူးနေသည်မို့  ဘာမှ ပြန်မပြောနိုင်..။အမေ့
အသုဘမှာ ကြီးကြီးတို့ ပြောနေတာတော့
အမေသားအိမ်ကင်ဆာဖြင့် သေရသည်
မှာ အရပ်လက်သည်တွေနဲ
့ ကိုယ်ဝန်တွေခဏခဏ ဖျက်ချရလို့ ဆိုလား..။ဘာပဲဖြစ်ဖြစ်
အရက်မူးလာတိုင်း
သွေးဆိုးသော အရက်ဖိုးမရလျှင်
အမေ့ကို ရိုက်နှက် အနိုင်ကျင့်တတ်သော အဖေ့ကို တူးတူးလည်း မုန်းသည်..။
“တူးတူး..။ရော့..သွား
ကျောင်းအပ်ချေ”
မမအသံကြောင့် တူးတူး အတွေးစတွေ ရပ်သွားသည်..။ပါးပေါ်မှ မျက်ရည်စတွေကို မမမမြင်အောင် ကပျာ
ကယာ သုတ်လိုက်ပေမယ့် အချိန်မမီတော့..။မျက်ရည်များကြားမှ မမကမ်းပေးနေသော ပိုက်ဆံများကို ဝေေ၀
ဝါးဝါး မြင်နေရသည်..။တစ်ထောင်ကျပ်တန်
ငါးရွက်...။
“သွား..ကျောင်းအပ်လို့ပြောနေတယ်..။ကျောင်းအပ်ခက
၁၆၀၀။ပုံနှိပ်က ၁၅၅၀ တဲ့ ..။ပိုတဲ့  ပိုက်ဆံကို ဗလာစာအုပ်နဲ့ ဘောပင်ဝယ်.။အဲဒီ ၅၀၀၀ကျပ်က အန်တီချို့ ဆီက နေ့သွင်း ၂၀၀ဖိုးယူလာတာ..။ငါ့ ကို လာပြီး
ပြူးပြဲကြည့်မနေနဲ
့..။ နင်စောစောက ကျောင်းသွား နေတဲ့  ကလေးတွေကို ကြည့်ပြီးငိုနေတာ..ငါမြင်တယ်..။အဲ့ ဒါကြောင့်
အန်တီချို့ ဆီ သွားယူလာတာ..။တလပြည့်လို့  အခုနေ့သွင်း ၂၀၀ဖိုးကြေရင် နောက်ထပ်
၂၀၀ဖိုး
ထပ်ယူပြီး ကျောင်းစိမ်းဝယ်ပေးမယ်..။အမေရှိရင်လဲ နင့်ကို ကျောင်းတက်စေချင်မှာပါ.”
မမ ကမ်းပေးနေသော
ပိုက်ဆံကလေး ငါးထောင်ကို လှမ်းယူရင်း မမ တယောက် အန်တီချို့ 
ဆီမှာ ဘယ်လောက်တောင်းပန်ခယပြီး
နေ့သွင်းပိုက်ဆံ ယူရလာ ရသည် မသိ.လို့တွေးမိသည်.။အန်တီချို့  အကြောင်း တူးတူး ကောင်းကောင်းသိသည်..။
အမေရှိစဉ်ကတည်းက အရေးပေါ်ငွေလိုလျင်
အန်တီချို့ ဆီက ခုလိုပဲ နေ့သွင်းငွေယူရသည်..။
အမေမှ မဟုတ် ..။တူးတူးတို့ တရပ်ကွက်လုံးက လက်လုပ်လက်စားတွေမို့  အန်တီချို
့ကို ပဲ အားကိုး
နေရသည်...။
..ရပ်ကွက်ထဲက လူတွေ ဆင်းရဲသလောက် အန်တီချို
့ လက်မှာ တော့ ရွှေလက်ကောက်ကြီး
တွေ တကွင်းပြီး တကွင်းတိုးလာသည်....။အန်တီချိုကလည်း နေ့သွင်း ပြန်သွင်းးသည့် လူရဲ့  အခြေအနေ
ပေါ်မှာ ကြည့်ပြီး
မှ ငွေချေးတတ်သည်..။ ပြန်ဆပ်နိုင်ပုံ မပေါ်လျှင် ငွေထုပ်ချေးလေ့မရှိ..။အခုလဲ မမ ဘယ်လို ပြောဆိုပြီးမှ
ရလာသည်မသိ...။တကယ်ဆို တူးတူးတို့ လို အဖေက အရက်သမား.အလုပ်လက်မဲ့ ..။
အမိမဲ့ သမီး
ဥမမယ်
စာမမြောက်ကလေးတွေကို အန်တီချို ငွေချေးစရာ ဘာအာမခံချက်မှ မရှိ.။
ငွေပြန်မဆပ်သူတွေကို
အန်တီချို ဘယ်လိုလုပ်သည်ကိုလဲ တူးတူးတို့ မြင်နေကြားနေရသည်..။တူးတူးတို့ကို အဲဒီလို
လုပ်ခံရမှာ တူးတူးကြောက်သည်..။ မမကို
အန်တီချို ဘယ်လို ငွေချေးလိုက်သည်ကို တူးတူး
အရမ်းသိချင်လာသည်..။
“ မမ.... နင် အဲဒီ နေ့သွင်း (၂၀၀)ကို
ဘယ်လို ပြန်ပေးမှာလဲ..ဟင်”
တူးတူး
မေးခွန်းမေးသံက အဖျားခပ်တုန်ရီ တိုးတိမ်စွာ..။မျှော်လင့်ချက်မဲ
့..စွာ။မမကလည်း ငေးရီစွာ.။
မှုန်မှိုင်းမှိုင်း
မျက်နှာကလေးနှင့် ....
“အန်တီချို့ အိမ်က အလုပ်တွေ
ကူလုပ်ပေးရမှာ..။သူက ငါ့ကို တနေ့  (၅၀၀)ပေးမယ်..။ အဲဒီအထဲက တနေ့ (၂၀၀)သွင်းပေါ့ ..။တလပြည့် ရင် ကျေပြီ..။ငါ့ကို ထမင်းလဲ ကျွေးမယ်..ဆိုတော့ ..ပိုတဲ့  (၃၀၀)က နင်စားဖို့သောက်ဖို့ ရမယ်ပေါ့ ဟာ။ အဖေကတော့ သူ့ထိုက်နဲ့ သူ့ကံပဲ မတတ်နိုင်ဘူး..။သွား..သွား
ကျောင်းအပ်ချေ..။ကြီးကြီးတို့ နတ်လေ ချွန် မေးကြည့်တုံးက အမေကလဲ ၀င်ပူးပြောတယ်တဲ့ ..။တူးတူးကို ကျောင်းဆက်ထားပေးပါတဲ
့..။တူးတူးကို ပညာတတ်ကြီးဖြစ်စေချင်တယ်..တဲ့ ”
တူးတူး
မျက်ရည်တွေကို ခပ်ကြမ်းကြမ်း သုတ်လိုက်ရင်း ..လက်ထဲက ပိုက်ဆံကို ကျစ်ကျစ်
ပါအောင် ဆုပ်ထားရင်း..ကျောင်းဖက်ဆီကို
အပြေးထွက်လာခဲ့ သည်..။
နောင်ခါလာနောင်ခါဈေး..။ ကျောင်းတက်ချိန်ကျမှ တောင်းမည့် ဘာကြေးညာကြေးတွေကိုလဲ တူးတူး
စနေ တနင်္ဂနွေလို ကျောင်းပိတ်ရက်တွေ မှာ ရေခဲချောင်းဖြစ်ဖြစ် ရောင်းပြီး ရှာမည်...။ အမေက တူးတူးကို ပညာတတ်ကြီး ဖြစ်စေချင်သတဲ့ ..။အလွန်အခိုင်း ရက်စက်သော စရိုက်ကြမ်းတမ်းသော အန်တီ့ချို့ အိမ်မှာ မမ တနေကုန်
အလုပ်လုပ်ရမည်ကိုတော့ တူးတူးခဏလောက် မေ့ထားချင်ပါသည်..။
+++++
မိုးခေါင်ရေရှား
ရပ်ဝန်းကလေးများကား ခြောက်သွေ့ ခြင်း၊ ပူလောင်ခြင်း၊
ညှိုးချုံးခြင်း တို့ အတိပြီးလျှက်..။ရှင်သန်ရပ်တည်ခွင့်ကိုပင် ထိပါးခြိမ်းခြောက် ခံနေ ရ..။ တကယ်တော့ မိုးခေါင်ရေရှား ရပ်ဝန်း
လေးတွေ ဆီသို့
မုတ်သုန်မိုးစက်များကို ကို အားလုံးနဲ
့ အညီအမျှ မရောက်ရအောင် မခံစားရအောင် တားဆီးကွယ်ကာထားသော တောင်စွယ် တောင်တန်းကြီးများကား မြင့်မားလွန်း နေပါသေးသည်....။ ။
Subscribe to:
Posts (Atom)







