Thursday, July 22, 2010

ရာသီစာ




စက် ဘီး ကလေး ကိုစီး....လက် ဆွဲ ခြင်းကို ဆွဲ ပြီး အိမ် နဲ့ မ နီး မဝေး က ဈေး ကလေး ကို သွား ရ တာ နေ့ တဓူ ၀....။အိမ် ရှင်မ ဆို တဲ့ အလုပ် က လည်း ဘာ မှသာ မဟုတ် တာ...ဦး နှောက် တ ကယ် စား တော့
``ဆံ ညို တွေ တောင် ...ဖြူ ဖြူလာ ပြီ´´ ဆို တဲ့ သီ ချင်း လေး ဘဲ အော် ဆို ချင် လာပြီ...။

ဒါ ပေ မယ့် ဈေး ထဲ ရောက် တာ နဲ့ လတ် လတ် ဆတ် ဆတ် ရာသီစာ သီးနှံ တွေ ဟင်း ရွက် တွေ အ သား ငါး တွေ က``လာ ပါ ...ယူပါ´´နဲ့ အပြိုင် အဆိုင် စွဲ ဆောင် နေ ကြ တာ လေ...။ ခု လို မိုး ဦး ကျဆို ...ဟင်းသီး ဟင်း ရွက် သာမက မြေ ထဲ က တိုး ထွက် လာ ကြတဲ့ မျှစ် တို့ မှို တို့ အင် ဥ တို့ လို သစ်ဥ သစ်ဖု တွေက ပေါ မှ ပေါ...။

မျှစ် ကိုမှ မျှစ် မျိုးကို စုံလို့..။ ၀ါး ပိုး ၀ါးက ရတဲ့ ၀ါးပိုး မျှစ် စို့ ကြီး တွေကို....အချပ်ကြီး ကြီး ပါးပါး လှီး ထား တဲ့ ၀ါး ပိုး မျှစ် ဆတ် နု နု ဖတ် ဖတ်ကြီး တွေ....။အဲ ဒီ မျှစ်ဆတ် ကို ကြက် သား နဲ့ ရော...။င ရုပ် သီးထောင်း စပ် စပ် ကို သံ ပု ရာရည် ရွှဲ ရွှဲ ညှစ် ထားတဲ့ ဟင်း အဖက် နဲ့ ဆို....။တ ရှူး ရှူး...တရှဲ ရှဲ ...။ထမင်းသုံးလေး ပန်းကန်တော့ အ သာ လေး...။ ကိုယ် တို့ က ပဲ ခူး ရိုးမ ခြေ ကန် ထားတော့ မျှစ် ပေါတဲ့ ဒေသ လေ...။
ခု လို မျှစ် ပေါ တဲ့ အချိန် ဆို တချို့  က မျှစ် တွေ ၀ယ် ပြီးတာရှည် ခံ မျှစ် ချဉ် ထဲ့ ကြတာ။မျှစ် ချဉ် က ရာသီ စာ မျှစ် ချို ချို အရ သာ တော့ ဘယ် မီလိမ့်မလဲ..။ရာ သီ စာ ဆို တာသူ့ အချိန် နဲ့ သူ စားရတာ ။ဒါ တောင် ..အရင် က လောက်မျှစ် မ ပေါ တော့..။ ရိုး မ တပတ်လည်မှာ ဆည် တွေ တည် ဆောက် လိုက် လို့ ၀ါးတော တွေ အ များ ကြီး ရေ အောက် ရောက် သွား လို့ လေ...။


အမ ယ်..ဒီ မှာ ဖျံ တွေ ပါလား..။
ဖျံ ဆိုလို့ သနား စရာ ဖျံသတ္တ ၀ါ လေး တွေ မ ထင် နဲ့ နော်...။စိမ်း စိမ်း အရွက် တွေ..။သူ့ အပင် က ဥကို တချို့  က`၀´ ဥ လို့ ခေါ်သတဲ့။ သူ လဲ မိုး ဦးကျ မှ မြေ ကြီး ထဲက သူ့ အလို လို တိုး ထွက် လာတာ..။တောတွေ ထဲ မှာ ပဲ ပေါက် တဲ့ အပင် တမျိုးလေ..။ဆိတ် ဖူး လို့ ခေါ် တဲ့ ဟင်းခပ် ကလေး ထဲ့..ပုဇွန် ခြောက် နိုင်နိုင် နဲ့.အရ ည် သောက် ကလေး ချက် ရင် ဖျံ ဟင်း.... ချွဲ ပြစ်ပြစ် အရသာ ကလေး..။ မချက်တတ် ရင် တော့ လျှာ ယား တတ် သတဲ့...။

ဒီ မှာက `အင် ဥ´ တွေ..။
သဲ တွေ ကပ် နေတဲ့ အ လုံး ကလေး တွေ..။သူတို့ က အင် ဖက်တော သဲ မြေ မွ မွ ကလေး တွေ ထဲ က တူး
ယူ ရတာ..။သဲ မြေ က လာ တာမို့  ရေစင် စင် ဆေး ရတယ်..။ပါး ပါး လှီး ပြီး ကြက် သွန် ဖြူ နီ ဆီ သတ်...နူး အောင် ကြော် လို့ ကတော့ အသား က အရှုံး ပေး ရ လောက်တယ်....။ သူ့ ကို မှို ဦးနှောက် လို့ လဲ ခေါ် သတဲ့...။အပြင် အခွံ ပါး ပါး လေး အောက် မှာ ဦး နှောက်က လေး လို နူးညံ့  ပျော့ အိ တဲ့ အ နှစ် ကလေး က သိပ် ဆိမ့်  တာ..။(မောင်လေးအ ငယ် ဆုံး ဖိုး ကရင် ဆို သိပ် ကြိုက် တာ..။ဟို တလော က ဖုန်း ထဲ ကနေ ပြောတယ်..အင် ဥ စား ချင် သတဲ့။)


ဟော သ မှာ ..သ ခွား ချဉ် သီးထွားထွား ကြီး တွေ ပါ လား...။
သခွား ခြစ်ကလေးနဲ့  အမျှင် အမျှင် လေးတွေ ခြစ်...။ငါးများ များ...။စိမ်း စားငပိ ကင်မွှေးမွှေး လေး သင့်ယုံ ထဲ့။
ငရုပ် သီးစပ် စပ် ..သံ ပု ရာ ရည် နဲနဲ ညှစ်ပြီး သုပ် စား ရ ရင်...သိပ်ကောင်း။သ ခွား သီးသုပ် နဲ့ ဘာ နဲ့လိုက် မလဲ ဆို တော့....။ခု လို ..မိုးဦး ကျ ...စ ပါး ပင် ပေါက် တွေ ကြား မှာပေါက် တဲ့....လယ်ကြား ငါးခူ ပေါက် ကလေး ကို အိုး ကပ် ဆီ ပြန် လေး ချက်...။ပင်စိမ်း ရွက် မွှေးမွှေးလေး အုပ် ပေါ့...။ ငါးင ပိ ရည် ကျို ..တို့ စ ရာ အစုံ အလင် နဲ့ ဆို..ထမင်း မမြိ န် မှာ ပူ စရာ မလို တော့...။

ပြောသာ နေ တာ...လယ်ကြား ငါး ခူ တွေ လဲ မစား ရ တာ ကြာလှ။
ရှား နေပြီ...။ပါးစပ် အလို လိုက်ပြီး....ငါး လေး တွေ ငယ် ထိပ် မစေ့ ခင် ကတည်းက စား ကြ တဲ့ ကိုယ်တို့ လူ သားတွေ ကြောင့် လား..။ဘက် ထရီ အိုး တွေ နဲ့ ရှော့ ရိုက်ဖမ်း ကြ လို့ လား...။လယ် တွေမှာဓါတ် မြေသြ ဇာ တွေ ပိုး သတ် ဆေးတွေ စည်း ကမ်း မဲ့ သုံး လာ ကြ လို့ လား.....။ဒေသ ငါး မျိုး စိတ် တွေ တနေ့ တခြား ရှားလာ နေ တာ.တော့ သိသိ သာ သာ...။

ဟို ကြည့် သည် ကြည့်  ....။
ဘာ ချက် ရ ပါ့မလဲ...စိတ် ကူးရင်း အသား ငါး တန်း ဖက် ရောက် လာ တယ်...။

အလို..ငါး ရှဉ့်  တွေ..ဈေးဗန်း ထဲ မှာ အခွေ လိုက်။
အကောင် ခပ် သေးသေး တောင် ၁ပိသာ ၅၀၀၀ ကျပ် ဈေး တဲ့..။ဝက်သား နဲ့ ဈေး တူ တူ..။ ငါး ရှဉ့်  ပါး မွဲ လို အကောင် ကြီး တွေဆို မ မြင် ရ တာ အတော် ကြာပြီ..။တ ရုပ် ပြည် ဖက် ခရီး လွန် နေတယ် ထင် ပါ့..။

အ မ လေး...စား ဖား ကြီး တွေက ဗန်း ထဲ မှာ ခြေကား ယား လက် ကား ယား...။တ ပိသာ ၈၀၀၀ ကျပ် ဈေး တဲ့ ..။မေ မေ့ ကို သ တိ ရလိုက် တာ..။မေ မေ တို့ မောင် နှ မ တွေ အ ကြိုက်ပေါ့..။ဖား သား ကြိုက် သူ တွေ က တော့ အဲ ဒီ ကောင် ကြီး တွေ ကို မီး မြှိုက် ကာ..အ ရေ ခွံ တွေ ခြွတ်ပြီး ချက် စား ကြ တာ မြင် ဖူး တယ်..။
မ ကျီး ရွက် စိမ်း စိမ်း လေးတွေ အုပ် လို့..။ဆီပြန် နေ အောင် ချက်ပြီး ဇီ ယာ လို့ ခေါ်တဲ့ ဟင်း ခပ် ရွက် အုပ် ထား တော့ မွှေး လိုက် တာ လွန် ပါ ရော....။ စား ဖို့ နေနေ သာ မြင် ရ တာ နဲ့ တင် အူ ယား လာ လို့ အမြန် လစ် မှ...။

ဟယ်...ရှား ရှား ပါး ပါး... ငါး သ လဲ တိုး လေး တွေ ပါလား..။
မ နေ့ က ရွာ တဲ့ မိုးကြီး နဲ့ ပါ လာ တာ ထင် တယ်။ ရေချို ငါး လေးတွေ..။တစ် ဆယ် သား ကို..၁၂၀၀ ကျပ်
ဈေး တဲ့..။၁ပိသာ..၁၂၀၀၀ကျပ် ဈေး ပေါ့ ..။ဈေး က တော့ ကောင်း ပါ့ လို့ တွေး ရင်း လက်တွန့် သွားမိ တယ်...။ သူ က တနှစ် မှ တခါ ပေါ် တဲ့ ရာ သီ စာ ကိုး..။ မိုး ကြီး ကြီး ရွာ လို့ ရေလျှံ ရင် ငါး သ လဲ တိုး တို့ ငါး စ ရစ် တို့ ငါး တောင် စီး တို့ လို ရေ ချို ငါး လေး တွေ ဟာ သူ တို့ ကို ဥ ချ ခဲ့  တဲ့ ရေ အိုင် စပ် တွေ က နေ အကောင် ပေါက်ပြီး မူ ရင်း လာရာ ချောင်း တွေ ဆီ ကို အုပ် စု လိုက် ပြန် ကြ သတဲ့...။( ငါး စ ရစ်တို့....အပြန် ပေါ့ လေ) ။ လယ် သမား တွေ ကတော့ ရွာ တဲ့ မိုး ကို တောင်...ဒါ..ငစရစ် မိုး..။ဒါ..င သ လဲတိုးမိုး ..။ငတောင် စီး မိုး...စသဖြင့်  ခွဲ သိကြတယ်တဲ့.....။တနှစ် တခါ ဌာနေ ပြန် ကျရှာ တဲ့ ငါး က လေး တွေ ခမျာ ....မ နု သ လူ သား တွေ ရဲ့  ရ သ တ ဏှာ ကြောင့် ပိုက် ထောင် ဖမ်း ဆီး ခံ ရ ရှာ တယ်...။့လူ သား တွေ ခမျာ လဲ မစား ဘဲ မှ နေ လို့ မရတာဘဲ..လို့။ကိုယ့်ဖက် ကို ယက် ပြီး စိတ် ဖြေ လိုက် ပါ တယ်..း)။ မျိုး မ ပြုန်း အောင် တရားလွန်
ဖမ်းဆီးစား သုံးတာ မျိုး ကိုတော့ ကာ ကွယ် ရ မပေါ့ လေ...။(ငါး လေး တွေ ကို သနားတာ ထက် ရေ ရှည် မှာ ကိုယ် စား စ ရာ မရှိ မှာ က ပို သ နား စရာ ကောင်း မယ်..ထင် တယ်..း)

ရေ ချို ငါး တွေရှား ပါး လာ တဲ့ နောက် အကြောင်း ရင်းက မြစ် ချောင်း အင်း အိုင် တွေခန်း ကု န် ကြ တဲ့ ......ကမ္ဘာ ကြီးပူ နွေး လာ လို့လား.. . ....။ကမ္ဘာပြား လာ လို့ လား..။နှစ် ခု စ လုံး ကြောင့်  လည်း ဖြစ် နိုင် ပါတယ်။ရေချို ငါး လေး တွေ ပတ် စ ပို့ လုပ် စ ရာမလို ဘဲ ကမ္ဘာ ပတ် နေကြ သတဲ့...။ဒီ တော့ ရေ ချို ငါး ဈေး က လည်း ဒေါ် လာ နဲ့ တွက် ရ တော့ မယ်...။ငါး ကျီး တို့ ငါး ခူတို့ ဆို လည်း ပု စွန် ထုပ်ဈေး ကို အမီ လိုက် နေဘီ..။

ကဲ ပါ လေ....အဖွား ပြော နေကျ...
``ပိုက် ဆံ ကြီး ကိုက် စား လို့ ရမလား အေ..။မစားဘဲ နေ ရင် ..ငတ် ယုံပေါ့..။ရာ သီ စာဆို တာ စား ကောင်း သ ဟဲ့..´´ ဆို တဲ့ အသံ လေး ပြန် ကြား ယောင် ရင်း ငါး သ လဲ တိုး လေး ၃၀ သား ၃၆၀၀ ဘိုး ကို မျက် စိမှိတ် ၀ယ် လိုက် တယ်။ ဆီပြန်အိုးကပ်ကလေးချက်..။ပင် စိမ်း လေးအုပ် မယ်..။ ရာ သီစာ မျှင် မျှစ် ချို ချို အချောင်း လိုက် ကလေး တွေ က...တပိသာ ၆၀၀ ဈေး နဲ့ ၅၀ ကျပ် သား ၀ယ် တယ်..။အ မျှင် လေး တွေ ခြစ် ပြီး ကြော်ရင် ဟင်း ရွက်ကြော် တခွက် ရမယ်...။နွေ မှာ ရေ လောင်း စိုက် တဲ့ ချဉ် ပေါင် မာ ဆတ် ဆတ် နဲ့ မတူ..နူး ညံ့  ပျော့ပြောင်း တဲ့ မိုး ဦး ကျ ချဉ် ပေါင် လတ် လတ် ဆတ် ဆတ်တွေက လက် ဆုပ် စည်း ၃စည်း ကို ၁၀၀
ကျပ် တဲ့..။ ၃စည်းဆိုတော့ များနေ လို့ ချဉ် ပေါင် ၂စည်း နဲ့ ရုံး ပတီ သီး ၃- ၄တောင့် ကို ၁၀၀ နဲ့ ၀ယ် တော့..။ ဈေး သည် လေး က င ရုပ် သီး စိမ်း လက် တဆုပ် ထဲ့ပေး လိုက် သေး တယ်..။ (ရောင်း သူ ၀ယ် သူ ကျေ နပ် ရင် အို ကေ ပေါ့ နော်..)

ကဲ...ငါး သ လဲ တိုးအိုးကပ်ချက် ရယ်...။ရုံး ပတီ သီးနဲ့  ချဉ် ပေါင် ဟင်း ချွဲ ချွဲ လေး ရယ်ငပိ ထောင်းစပ် စပ် ကလေး ရယ်..။မျှစ် ကြော် တခွက် ရယ်..။ဒါ ဆို....အိမ်သား တွေ ထမင်း မြိန် စေ မယ့် ရာ သီ စာ ထမင်း ပွဲ လေး ဖြစ်ပြီ....။

ဈေး ထဲ က အထွက် ...ပြောင်း ဖူး သည် ကြီး ပြောင်း ခင်း ထဲက... ခု မှ လတ် လတ် ဆတ် ဆတ် ချိုး လာ ပုံ ရ တဲ့ ပြောင်း ဖူး တတွဲ ၀ယ် ခဲ့ တယ်....။ ည နေ မိသားစု ရေ နွေး ၀ိုင်းလေးမှာ...ပြောင်း ဖူးစေ့ ချွေ ကြော် လေး နဲ့
လက်ဖက်သူုပ် ကလေးနဲ့ ပေါ့...။ သူ ကလဲ ရာ သီ စာ ဘဲ။ ၁၂ ရာ သီ လုံး ပေါ် တဲ့ နိုင် လွန် ပြောင်းဖူးတွေ
လောက် မချို ပေမယ့်....စေးစေးတွဲတွဲ စိမ့် စိမ့် ချို ပုံ လေးက မက်စရာ။အဝေး ရောက် နေတဲ့ ညီ မ လေး က ဂျီ တော့ ကနေ..``ပြောင်း ဖူး ပေါ် ပြီလား...စားချင် လိုက် တာ ´´တဲ့။ ကျွေး ချင် လိုက် တာမှ...အရမ်း ။

ကိုယ့် ဒေ သ ထွက် ရာသီ စာ လေး တွေ စား တိုင်း အဝေး ရောက် ညီ အမ တွေ နဲ့ မောင် နှ မတွေ ကို
သ တိ ရ လိုက် တာ...။

6 comments:

  1. ငစိပက်နက်ဆိုလား ရှိသေးတယ်နော်။ ငါးသလဲထိုး ပေါက်စလေးတွေလိုပဲ။ ဗိုက်ဖောက်စရာမလိုဘူးလေ။ အိုးကပ်လေးချက်။ သခွါးချဉ်ကို ငါးခူကင်နဲ့သုပ် ဝက်မလွတ်တို့ နတ်ပြည်မွှေးတို့ ခြစ်ပြီး ကြော်။ မြေလတ်ကို လွမ်းလိုက်တာ မနီရေ။ မျက်စိထဲ ဈေးကို မြင်ယောင်လာတယ်။

    မအယ်

    ReplyDelete
  2. မြန်မာပြည်က ဈေးမနက်ခင်းလေးကို မျက်စိထဲမှာပြန်မြင်ခံစားသွားမိတယ် အမရယ်.
    အမရေးထားတဲ့အတိုင်း မြန်မာပြည်ကထမင်းဝိုင်းလေးကိုလည်းလွမ်းသွားတယ်.
    ပင်လယ်ငါးတွေကိုပဲစားရတိုင်း မြန်မာပြည်တုန်းကစားခဲ့ရတဲ့ ရေချိုငါးတွေကိုသတိရတယ်.
    ငါးမြင်းရေချိုချက်..ငါးဖမ်းမဆားနယ်..ငါးသလောက်လေးလဲနှပ်စားချင်မိတယ်..
    နောက် အင်ဥ...ဗူးချဉ်..သခွားချဉ်..အမရေးထားတဲ့ဈေးတန်းလေးထဲကအတိုင်း ဟင်းစားတွေရယ် ဈေးမြင်ကွင်း ဈေးပတ်ဝန်းကျင်လေးတွေကိုအရမ်းသတိရတယ်.

    ReplyDelete
  3. ကိုယ်တိုင် ဈေးတန်းလေးထဲ လျှောက်နေရသလိုပါပဲလား မမနီ။
    ရာသီစာလေးတွေကို မြန်မာဆန်ဆန်ချက်တာ စားချင်လိုက်တာ..။
    ဈေးတွေကတော့ မိုးပျံလို့ပါလားဗျာ..

    ReplyDelete
  4. ပုံလေးကြည့်လိုက် စာလေးဖတ်လိုက် ..... ကိုယ်တိုင်ဈေးထဲရောက်သွားသလိုပဲ...... အဲဒီထမင်းဝိုင်းလေးပါ လူရှေ့ရောက်လာရင် ဘယ်လောက်ကောင်းလိုက်မလဲ...... :) ဈေးတွေက တကယ့်ကို အော်ပျံနေတာပဲနော်.......

    ReplyDelete
  5. တနယ်ထဲပဲ အစ်မရယ်.. စားစရာတွေ အကုန်တူနေပါလား..။
    ညကတောင် အိမ်ဖုန်းဆက်တော့ မမလေးကပြောတယ်၊ လယ်ငါးခူပေါက်လေးတွေ ပေါ်နေတယ်တဲ့.....။

    ReplyDelete
  6. စာရေးကောင်းပါ့ဗျာ...
    ချိုသင်းရေ..
    ငါလဲဝင်ရောက် သားရည်ကျသွားတယ်..ရှလွတ်...:-)
    ကိုယ့်ကိုကိုယ်လဲဆုံးမပါတယ်..
    စိတ်လျှော့ကိုယ်တော်..ကိုလက်စထရောတွေသိပ်များနေတယ်တဲ့..:-)

    ReplyDelete