Saturday, October 30, 2010

ကြယ်တွေ..ဘယ်ရောက်သွားပြီလဲ


လကွယ်ညသန်းခေါင်ယံမှာ

တို့အလံပေါ်က

ကြယ်တွေ...ဘယ်ရောက်သွားပြီလဲ...။

ပြောသာပြောရ

ကြယ်တွေတကယ်စုံတဲ့ည

ရောက်မှမရောက်ရသေးဘဲ

ကြယ်တွေဘယ်ရောက်သွားပြီလဲ....။

ကြောင်ခံတွင်းပျက်နဲ့ ဇရက် တောင်ပံကျိုး

တို့အလံပေါ်က ကြယ်တွေဖြုတ်ခိုးပြီး

သူခိုးဈေးကွက်မှာ

ကြမ်းခင်းဈေးနဲ့ ဈေးတဲ့ သွားလေသလား

ကြယ်တွေ ဘယ်ရောက်သွားပြီလဲ....။

တလုံးတည်းငေါင်းစင်းစင်း

ညီညွတ်ခြင်း...

ညီညွတ်ခြင်းလို့...ဗန်းပြ

အတင်းစုချည်ထား ခံရတဲ့...ကြယ်ကြီးက

အဟုန်ပြင်းပြင်းနဲ့ ...ပေါက်ကွဲတော့မယ့်

ယမ်းအိုးကြီးတလုံးလို

ယမ်းငွေ့တွေ...တလှိုက်လှိုက်အူလို့

ကြယ်တွေ...ဘယ်ရောက်သွားပြီလဲ...။

ကြယ်တွေ တကယ်စုံမယ့်ည

ကြယ်တလုံးတိုင်းစီတောက်ပ

ဒုတိယပင်လုံညီလာခံ

အဲဒီအခါကျရင်...အောင်ပွဲခံမယ်...။

ခုတော့...

ကြယ်တွေ..ဘယ်ရောက်သွားပြီလဲ..။

ကြယ်တွေ..ဘယ်ရောက်သွားပြီ လဲ...။

ကြယ်တွေ...ဘယ်ရောက်သွားပြီလဲ...။

4 comments:

  1. ဟာသ ကြယ်တလုံး မီးပွိုင့်ပေါ်ရောက်သွားပြီ။
    ကဗျာလေးကောင်းလို့ ကျမ အစ်မဆီပို့ပေးပါရစေနော်။

    ReplyDelete
  2. ကြယ်တွေ လူတွေရဲ့ ရင်ထဲကို ရောက်သွားပြီ မမနီရေ..

    ReplyDelete
  3. ကျနော် တော်တော်သဘောကျသွားတယ် ဒီကဗျာလေးကို ။
    ဘလော့ရေးတာ သိပ်မကြာသေးတဲ့အပြင် စာဖတ်အားပဲ ရှိတာမို့ လိုက်ကြည့်တော့ ဒီဘလော့လေးကို သဘောကျပါတယ်ဗျာ။

    မကေ ဘလော့က နေ ခွဲထွက်သွားတယ်ဆိုလို့ လာကြည့်တာ။ ပြောင်မြောက်တာလေးတွေတွေ့တော့ ကျနော့ အကိုတွေ အမတွေအတွက် ယူသွားပြီ ။ ခွင့်ပြုပါဗျာ။ ကျနော့ဆိုဒ်လေးမှာလည်း တင်ချင်လို့ ။

    ဒီဆိုဒ်ကို လင့်ခ်ချိတ်ပေးထားခဲ့ပါ့မယ်။ကျေးဇူး။

    ReplyDelete
  4. ကြယ်တွေ ပြည်သူတွေရင်ဘတ်ထဲ ကြွေကုန်ပြီ

    ReplyDelete