Monday, January 17, 2011

နာရေး


ငါး တယောက်
ပင်လယ် ရေ သောက် ရင်း
နစ်မြုပ် သေ ဆုံး ခြင်း...

ပြာ လဲ့ ပင်လယ် မှာ
ငါးဟာ...ငါးတယောက် လို အသက်ရှူ ဖို့ ကို တောင် ....မေ့
ငါးဟာ...ငါး တယောက်လို ကူးခပ် ဖို့ ကို လည်း....မေ့
ငါးဟာ... သူ့ကိုယ်သူ...ငါး တယောက် ဆို တာ ကိုလည်း...မေ့


နောက် ဆုံး..
သနားစရာ
ပင်လယ်ရေ တွေဟာ
သူမှ... ကုန်စင် အောင် မစုပ်ယူရင်တော့
အလဟသ ဖြစ်ရှာရော့ မယ်လို့
မဟာ ဂရုဏာ ရှင် လို တွေးရင်း
ငါးဟာ...သူကိုယ်တိုင် သနားစရာ ဖြစ် နေတာကိုလည်း..မေ့

ငံပ် ပ် ပင်လယ်ရေကို
ငတ် မပြေ အောင်
သောက်ရင်း...
သောက်ရင်း....
သောက်ရင်း...
ငါး တယောက်
ပင်လယ် မှာ နစ်မြုပ်သေဆုံးခြင်း...။ ။

No comments:

Post a Comment