ဟင်.....မတ်လ (၂၁) ရက် နေ့ က....ကမ္ဘာ့  ကဗျာ နေ့...ဟုတ်လား..။သိပါဘူး ကွယ်...ကိုယ့် အတွက် ကတော့...နေ့တိုင်း ကဗျာ နေ့ချည်း မို့...ထူးမကျင်း ပတော့ ပါဘူး..။နေ့ တိုင်း ကဗျာ တွေဖတ်တယ်...။အမြဲတမ်း လို လို..ကဗျာ တပုဒ် ကို ရွတ် ဆို နေမိ တတ် တယ်...။ဒါ ပေမယ့်
..တိုက် တိုက် ဆိုင် ဆိုင်..ဒီနေ့.....သွားဖတ်မိ့ တဲ့  ကဗျာ တပုဒ် ...ရင်ကို လာ လို့ လှုပ် ။
၂၀၁၁ မတ် လထုတ် ရနံ့ သစ် မဂ္ဂဇင်း ထဲ မှာ...။ မောင် သင်း ခိုင်ရဲ့  ကဗျာတပုဒ်...။ ကဗျာ နံ မယ် က...
``သံ ကြိုး လေး နဲ့  ခွေး ပု လေး လို´´....တဲ့။
နပို လီယံ တဲ့ 
သမိုင်း စာ မျက် နှာထဲ မှာ
ထမင်း သိုး ဟင်း သိုး ဖြစ်စေ..ဖြစ်နေ
နပို လီယံ ဟာ နပို လီယံ အဖြစ် ရှိနေ တုန်း ပါပဲ ။
မြေခနေ တဲ့ ပြင်သစ် သရဖူ ကို
ငါ့ ဓါးနဲ့  ကောက် ယူ မယ်လို့ 
န ပို လီ ယံ ကြုံးဝါးခဲ့ တယ်
သူပြောတဲ့  အတိုင်း လွှတ်ဟုတ်
သူ့ ဓါး အိမ်ထဲ မှာ သရဖူ ရောက် လာတယ်
`` ကြည့် စမ်း ပါ ဦးဗျာ
သူ့ ကိုယ်သူ နပို လီယံ ဆိုပြီး
နပို လီ ယံ ရူး ရူး နေတဲ့ ကောင်
ဘယ် ဟုတ် ရ မှာလဲ
နပို လီယံ အစစ်က ကျုပ် ဗျ´´
စိတ္တ ဇ ဆေး ရုံ က အရူးတွေကလည်း
နပို လီယံ တယ် ဖြစ်ချင် နေကြသကိုး။
မြန်မာ နိုင် ငံသား ဦးသန့် ကို ကုလသမဂ္ဂ မှာ
အတွင်း ရေး မှူး ခန့် လိုက်တော့
ပြင်သစ် နိုင် ငံ က ကန့် ကွက် တယ်
ဘာ ကြောင့် ကန့်ကွက် ရသလဲ ဆိုတော့
ဦး သန့် က ပြင်သစ် စာ မတတ်လို့ ဆိုပဲ
ကျွန် တော် ပြင်သစ်စာ မတတ်သလို နပို လီယံ လည်း
ကျွန်တော့် လို အင်္ဂလိပ်စာ မတတ်ပါဘူး
နပိုလီယံ အရပ်အမောင်းက ပေမမီ ဒေါက်မမီ
၅ ပေ ၂လက္မ တောင် မရှိ ပါဘူး
ကျွန် တော်က နပိုလီယံ ထက် အရပ် ပို ရှည်တယ် ။
အဲ့သလို ဦးသန့် က နှုတ်လှန်ထိုးလိုက်တော့ ကမ္ဘာ ကပြုံးတယ် ။
ကဗျာ ဆရာ တွေ ကလည်း
နပို လီယံဆို အတော့ကို အော့ နှလုံးနာကြတယ်
ကြည့် ဦးလေ
`` မာယာ ကော့ ဖ်စကီး ´´ကလည်း
သူ့ ရဲ့  ဘောင်းဘီဝတ်မိုးတိမ် ထဲမှာ
ဟော သလို ရေးထား တယ် လေ
ခင် ဗျားတို့လည်း ဖတ်ဖူးကြ မှာ ပါ
`` ရှေ့ မှာတော့
သံ ကြိုး လေးနဲ့ ခွေး ပု လေးလို နပိုလီယံကို
ခေါ်သွားလို့ ။´´
ပြင်သစ် အားလုံး သူခိုး မဟုတ်
သို့  သော် နပို လီယံကတော့ ဟုတ်တယ် အဲ့ ဒါ
အီတလီ စကားပုံ ပါ ၊ ကျွန်တော် ကြားဖူးတာကို
ဖောက်သည် ချ လိုက် တာပါ ။ ။
တကယ်လို့ ကျွန်တော်သာ ပြင်သစ် တယောက်ဖြစ် ခဲ့ ရင်
အီ ဖယ် မျှော်စင်ထိပ်ပေါ် မှာ ရပ်ပြီး
အီတလီ အား လုံးသူခိုး မဟုတ်
သို့  သော် ``မူဆိုလိုနီ´´ ကတော့ ဟုတ်တယ်ဟေ့ လို့
အော် ပြီး သံ ကုန်ဟစ် ပြီး ပြောပစ် မှာ အသေ အချာ ပေါ့။
ကဗျာ က ဒီ မှာပြီးပြီ
ကျ မလဲ...ဆက် အော် လိုက်ဦးမယ်...
အာဏာရှင်တွေ အားလုံး သူခိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ReplyDelete