Saturday, September 24, 2011
ထာဝရမြစ်
သဘာဝလွန်အတွေးတွေ နဲ့ .
ငါ့ ကိုလာ မဖျက်ဆီးပါနဲ့ 
ငါ့ စီးဆင်း မှု နဲ့ ငါ
ငါ့ ဖာသာ စီးဆင်းလာ ခဲ့  တယ်..
လောဘရမ္မက် ဆိုးတွေနဲ့ 
ငါ့ ကို လာမကျူးကျော်ပါ နဲ့ 
ငါ့ သွေးကြောတွေ နဲ့ ငါ
ငါ့ ဖာသာ စီးဆင်းလာခဲ့ တယ်..
ဟိုး..ရေခဲတောင်တွေဆီက့ 
သဘာဝလက်ဆောင် တထွေးတပွေ့ ကို
ငါ့ သွေးသားတွေအတွက် မျှဝေရင်း
ငါ့ သမိုင်းကြောင်းနဲ့ ငါ
ငါ့ ဖာသာ စီးဆင်းလာခဲ့ တယ်
ငါ့ စီးဆင်းမှုဟာ
သဘာဝတရားမှာသာ သန္ဒေ တည်တယ်
သဘာဝတရားကို ချစ်မက်တဲ့ 
ငါ့ သွေးသားတွေဟာ
ဘိုးဘွားဘီဘင် လက်ထက်ကတည်းက
ငါ့ ဖက်မှာ  ..အမြဲ.ရှိနေတယ်
ငါ့ စီးဆင်းမှုကို
သဘာဝလွန်ပိတ်ဆီးသမျှ
ငါ့ စီးဆင်းမှုအတွက်
ငါ့ သွေးသားတွေက လဲ..ဓါးထက်ထက်သွေးနေကြတယ်
ဘာပဲဖြစ်ဖြစ်
ငါဟာ
ထာဝရ မြစ်  ဖြစ်တယ်.။    ။
1 comment:
  1. ကြားရဲ့ လား..ဟေ့ 
    ငါ့ စီးဆင်းမှုအတွက်
    ငါ့ သွေးသားတွေက လဲ..ဓါးထက်ထက်သွေးနေကြတယ်
    ဟုတ်တယ် ဧရာဝတီ အတွက် သွေးတွေ ဆူနေတယ်
    ReplyDelete