“ ရူးချင်ယောင်ဆောင်မနေနဲ့ ”
+++ရူးချင်ယောင်
ဆောင်မနေနဲ့  +++ရူးချင်ယောင် ဆောင်မနေနဲ့ +++
ခုခေတ်
သီချင်းတပုဒ်ရဲ့  ရေပန်းစား နေတဲ့  စာသားလေးပါ..။ခုခေတ် လူငယ်တွေ ကြား ထဲမှာလဲ ဒီဝေါဟာရ
အသုံးကလေးက တော်တော် တွင်ကျယ်သား…။လူတယောက်ယောက်က အခွင့် အရေးတခုခုကို ရယူနိုင်ဖို့ 
နည်းမှန်လမ်းမှန်
ရိုးရိုးသားသား မကြိုးစားပဲ..ရူးသလိုလို သွပ်သလိုလို..အရူးပါးစတိုင်
နဲ့  အချောင်ကြိုးစား
တတ်သူတွေကို.”ဟေ
့ကောင်..ရူးချင်ယောင် ဆောင်မနေနဲ့ ..”လို့ နှိမ်
့ချ ပြောဆိုတတ်တယ်..။ဒါမှ မဟုတ်
ကိုယ်တာဝန်ယူရမယ်
့ ကိစ္စမျိုးကို တာဝန်မယူချင်တဲ့  အခါမျိုးမှာ
ဟိုလိုလို ဒီလိုလို မသိသလို လုပ်နေရင်လဲ “ဒီကောင်..ရူးချင်ယောင်
ဆောင်နေတယ်..”လို့  ပြောတတ်ကြတယ်..။ပြောကြဆိုကြတဲ့  လေသံတွေကို ကြည့်ရင်ကို ရူးချင်ယောင်ဆောင်တယ်..ဆိုတာ
ကောင်းတဲ့  အပြုအမူ မဟုတ်မှန်းသိသာထင်ရှားနေပါတယ်။
တကယ်တော့ ခပ်ရိုင်းရိုင်းစကားလုံးနဲ့  အရူးလို
့ အခေါ်ခံရတတ်တဲ့  တကယ်စိတ်မနှံ့ သူတွေကို
လူအများက တော်ရုံတန်ရုံ ဗွေ မယူ..ကြ။ခွင်
့လွှတ်ထားတတ်ကြတယ်။ဒါကို အခွင့် ကောင်းယူပြီး.တဖက်
သားရဲ့  စာနာထောက်ထားမှုကို အလွဲသုံးစား လုပ်ကာ ရူးချင်သွပ်ချင်ယောင် ဆောင်ပြီး ကိုယ့်လိုဘ ပြည့် ဖို့  ကြိုးစားရယူတတ်သူတွေကို လူတော်တော်များများက ရွံရှာကြ ပါတယ်။ဘယ်သူမှလည်း အထင်ကြီးတန်ဖိုး
ထားကြမယ်
မထင်ပါ..။တနည်းအားဖြင့်  ဟန်ဆောင်တယ်.. ဆိုခြင်းဟာ …လိမ်လည်ခြင်း တမျိုးပါပဲ..။
ကိုယ်အလိုရှိရာ
တခုခုကို ရဖို့ ဟန်ဆောင်ကြိုးစားပြီး ရလာတဲ
့ အရာကကော..အမှန်စင်စစ် တန်ဖိုးရှိ နိုင်ပါ့ မလား..။
ဒါပေမယ့် ခုတလော..ရူးချင်ဟန်ဆောင်သူတွေ များလာ လို့ လားမသိ..။ရူးချင်ယောင်
ဆောင်မနေနဲ
့ .” ဆိုတဲ့  စကားလုံးက လူထုကြားမှာ ရေပန်းစားလာတဲ့  ဝေါဟာရ တခုဖြစ်လာနေတယ်..။. လူငယ်တွေကြားမှာ
ရူးချင်ယောင်ဆောင်မနေနဲ့ ..လို့  ရှုံ့ ချသံ
တွေ ကြားလာရတယ်..။ဘာဖြစ်လို့  ရူးချင်
ယောင်ဆောင်သူတွေ
ပေါများ လာရသလဲ..။လူတွေရဲ့ ပင်ကို သဘောအရလား..။ပတ်ဝန်းကျင်..ခေတ်စနစ်
ရဲ့  ရိုက်ခတ်မှုတွေ ကြောင့် လား..။
+++++ +++++
+++++
တလောက ရန်ကုန်ရောက်တုံး ရန်ကုန်မြို့ ရဲ့ နံမယ်ကြီးကျောင်းတကျောင်းမှာ ပညာသင်
ကြားနေတဲ
့ ငါးတန်းကျောင်းသူ တူမကလေး ရဲ့  စာကျက်သံကို ကြားလိုက်တော့ အလန့် တကြားဖြစ်သွားမိ
တယ်..။သူကျက်နေတဲ
့ စာက ငါးတန်းမြန်မာဖတ်စာထဲ မှာပါတဲ့  ကဗျာသင်ခန်းစာ တခုပါ။
“ပညာလိုသော်” ဆိုတဲ့  ကဗျာ တပုဒ်ရဲ့  ဆက်စပ်အမေးအဖြေ တွေကို ကျက်နေတာပါ..။
မေးခွန်း(၃)။ ။ ပညာရှိထံသို
့ မည်သို့  ချဉ်းကပ်ရမည် နည်း။
အဖြေ(၃)။ ။ ပညာရှိထံသို့  ရူးသွပ်ချင်ဟန်ဆောင်ရွေ့  အခါအခွင်
့ကို ချောင်းမြောင်းကာ အနီးကပ်ဝင် ရောက်ရွေ့  ပညာသင်ယူရပါမည်..။
ကြားရချက်
က နားထဲမှာ ခိုးလိုးခုလု ဖြစ်သွားတော့.. “ သမီး စာက အဆန်းပါလား..။ပညာရှာ.ပမာသူဖုန်းစား
ဆိုတာထက်တောင် ဆိုးနေပါလား..။” လို့  ပြောမိတယ်..။သမီးလေးက ခေါင်းကလေးကို ကုပ်ရင်း..
“သမီးလဲ
ဆရာမသင်လို့ သာကျက်နေရတာ..။ဘာကြီးမှန်းလဲ မသိဘူး။ပညာရှာ ပမာသူဖုန်းစားဆိုတာကကော
ဘာလဲဟင်” လို့  မျက်မှောင်ကလေးကုပ်ရင်း
ပြန်မေးရှာတယ်..။
“ ဟိုးရှေးရှေး တွေတုံးက ပညာရှိကြီးတွေက ပညာတွေကို လျှို့ ဝှက်ထားတတ်တော့ ပညာလို
ချင်သူတွေက သူဖုန်းစားလို..တောင်းပန်ခယပြီး သင်ကြရတယ်..။ခုခေတ်လို ပညာရွာခေတ်ကြီးမှာ ပညာတွေ
ကို လျှို
့ဝှက်ထားလို့  မရတော့ဘူး..။ပညာရပ်တခုခု ကို ရရင်ချက်ချင်း ဖြန့် ဝေနေကြတဲ့  ခေတ်ကြီးကို ရောက်နေပြီ..။ဒီလို
ခေတ်ကြီးမှာ ပညာရှာပမာသူဖုန်းစားဆိုတာ တောင် ခေတ်မမီတော့ တဲ့  အတွေးအခေါ်
တရပ် ဖြစ်နေပြီ။အခု
ကဗျာထဲကလို ပညာလိုလို့  ရူးချင်သွပ်ချင်ယောင် ဆောင်ပြီး ချဉ်းကပ်ရမယ်..ဆိုတဲ့ 
နည်းနာ တွေက ပိုတောင် ဒိတ်အောက်နေပြီ..” လို့  ရှင်းပြမိတယ်.။ ပြီးတော့ စိတ်ဝင်စားတာနဲ့  သူ့ မြန်မာစာဖတ်စာနဲ့  လေ့ကျင်
့ခန်းစာအုပ်ကလေးတွေကို ယူကြည့်မိပါတယ်..။့
ပဉ္စမတန်း
မြန်မာဖတ်စာရဲ့  စာမျက်နှာ(၂၅)မှာ “ ပညာလိုသော်” ဆိုတဲ့  ကဗျာကို တွေ့ ပါတယ်..။
“ပညာလိုသော်”
ပညာလိုသော်၊ပညာရှိကို
ယှဉ်
မေးစဉ်နေ
့ညမပြတ်။
အဖတ်အအံ၊အကြံအရေး
ရှေးရှေးထုံးကိုဆောင်။
ရူးကျွန်မူရွေ့ ကပ်
သွပ်ကျွန်မူရွေ
့ချောင်း
ခင်ပွန်းကောင်းကိုလိုသော်
သူ့ စီးပွါးကိုရှာ။
ချစ်သသူကို
ဥစ္စာ မငှားရ ။ ။တဲ့ ..။
ကဗျာအောက်ခြေမှာ
ကဗျာရေးသူ စာဆိုအမည် မပါပါ..။ကျမတို့  ငယ်ငယ်က
သင်ခဲ့ ရတဲ့  ကဗျာတွေ စာတွေ
မှာ စာဆိုအမည်
တင်မက စာဆိုဖြတ်သန်းတဲ့  ခေတ်တောင် ပါတတ်ပါတယ်..။အမည်မသိရင်တောင်.
.အမည်မသိစာဆို
လို့ ပါတတ်ပါတယ်..။ဒါပေမယ့်  (၁၉၈၈) အလွန်နှစ်တွေမှာ သူပုန်စာဆိုလို့ 
သတ်မှတ်ခံခဲ
့ရတဲ့  မျိုးချစ်စာဆိုကြီးတွေ(ဆရာကြီးမင်းသုဝဏ်၊ဆရာကြီးတင်မိုး..တို
့လို)ရဲ့  စာတွေ ကဗျာတွေကို ကျောင်းသုံးပြဌာန်းစာအုပ်တွေကနေ..ဖယ်ထုပ်ခဲ့ ဘူးပါတယ်..။ဘယ်လိုမှ
ဖယ်မရတဲ့  ကဗျာတွေဆိုရင်..ကဗျာဆရာအမည်ကို ဖျောက်ပြီး သူခိုးကျင့် သူခိုးကြံ ကြံ တဲ့  ခေတ်ဆိုးကြီးရဲ့ မူအရ
ခုခေတ် ကျောင်းသုံးပြဌာန်း
ကဗျာ တော်တော် များများမှာ စာဆိုအမည် မပါတော့ ပါဘူး..။အခု..ပညာလိုသော်
ကဗျာ ဟာ..
သူ့ ခေတ်သူ့ အခါ က မှန်ကန်တယ်ထင်ခဲ့ တဲ့ မသင့်တော်သော်လည်း ယာယီအောင်မြင်မှုရခဲ့ တဲ
့ အတွေးအခေါ်တွေ ဖြစ်ကောင်းဖြစ်ပါလိမ့် မယ်..။
ကျမ စိတ်ထင်တော့ ဘယ်ခေတ် ဘယ်အခါ မှာမှ ဒီလို မရိုးသားတဲ့  နည်းလမ်းမျိုးကို သုံးပြီး ပညာရှာသင့် တယ် မထင်ပါဘူး..။ ကဗျာနဲ့ အတူ..ခက်ဆစ် ဝေါဟာရ တွေပါတယ်..။အမေးအဖြေမေးခွန်းတွေ
ပါပါတယ်..။ခက်ဆစ်တွေထဲမှာ
ရူးကျွန်မူ=
ရူးဟန်ဆောင်သည်။
သွပ်ကျွန်မူ=သွပ်ဟန်ဆောင်သည်။
လို့  အဓိပ္ပါယ် ဖွင့် ဆိုပေးထားပါတယ်..။
စကားပြေထဲမှာလည်း..ဒီအပိုဒ်ကို
“ပညာရှိထံပါးသို့  ရူးသွပ်ဟန်ဆောင်ရွေ့  အခါအခွင်
့ချောင်းမြောင်းကာ အနီးကပ်ဝင်ရောက်ရွေ့  ပညာသင်
ယူရပါမည်။”လို
့ စကားပြေ ပြန်ပေးထားပါတယ်..။
ငါးတန်းကျောင်းသူလေးရဲ့ အမေ တက္ကသိုလ်ကထိက ဆရာမ..ကျမရဲ
့ မမကြီး ကလည်း “အေးဟယ်..ကလေးတွေကို ဘာတွေ သင်နေပါလိမ့် ။သူ အဲဒီကဗျာကို ကျက်နေတာကြားတိုင်း
စိတ်မချမ်းသာဘူး” လို့  စိတ်မောဟန်နဲ့  ပြောပါတယ်..။
ကျမလည်း ကိုယ့် နယ်ကို ပြန်ရောက်တော့ မနေနိုင် မထိုင်နိုင်..ကျမတို့ နယ်က ငါးတန်းကလေးတွေစာအုပ်တွေ
ယူကြည့်မိပါတယ်..။အကုန် တထပ်တည်းပါပဲ..။သင်တဲ့ ဆရာမတွေကို
မေးကြည့် တော့
သင်ရိုးညွှန်းတန်းအရ တပြည်လုံး ဒီသင်ရိုးအရ
တညီတည်း သင်ရတယ်..လို့ ပြောပါတယ်.။
ဒါဆို တနိုင်ငံလုံးက ငါးတန်းမြန်မာစာသင်ရိုးရဲ့  ပညာလိုသော်
ကဗျာကို သင်ခဲ့ ဖူးသူတိုင်း ရူးချင်ယောင် ဆောင်ပြီး ပညာရှာဖို့  လမ်းပြခံခဲ့ ရမှာပေါ့ ..။သွန်သင် ခံခဲ
့ရမှာပေါ့ ..။ကလေးတွေကို ဒီသင်ခန်းစာသင်ပေး တဲ့  ရည်ရွယ်ချက်က ဘာပါလိမ့် ..။
ပညာ(ကိုယ်လိုချင်တာ) ရဖို့  မသင့် တော်တဲ
နည်းလမ်းမျိုးလဲ..သုံးရမယ်လို့ ဆိုလို ထားတာလား..။
ရေဗူးပေါက်တာ
မလိုချင်ဘူး..ရေပါတာပဲ လိုချင်တယ်..ဆိုတဲ့  အင်မတန် ညံ့ ဖျင်းတဲ့ အတွေးအခေါ်
မျိုးတွေ
ရိုက်သွင်း နေချင်တာလား..။
ကျောင်းတကျောင်းက သူငယ်ချင်းဆရာမကတော့.. ကျမနဲ့  စိတ်ချင်းတူနေတာကို
ဝမ်းသာအားရတွေ့ လိုက်ရပါတယ်..။သူလဲ ဒီကဗျာကြီးကို
မကြိုက်ဘူး..။မသင်ချင်ဘူး..တဲ့ ။
ဒီတော့ ကလေးတွေကို
ကဗျာ ပုဒ်ရင်းကိုပဲ လေ့ ကျင့် ခန်းစာအုပ်ထဲမှာ
ရေးခိုင်းထားလိုက်တယ်တဲ့ ..။စာမေးပွဲ မှာထဲ့  မမေးဘူးလို့ လဲ ကလေးတွေကိုကြေညာထားလိုက် သေးသတဲ့ ..။သူ လည်း သူတတ်နိုင်သလောက်
လုပ်တာနေမှာ ပေါ့ လေ..။
တကယ်တော့..ဒီလို .နုနယ်တဲ့ ကလေးတွေအတွက် အတွေးအခေါ်
အဆိပ်အတောက်
ဖြစ်စေမယ်
့ သင်ခန်းစာမျိုးတွေကို သင်ရိုးထဲမှာ ပြဌာန်းထားတာကိုက သင့် တော်တယ်
မထင်ပါဘူး..။
မိတ်ဆွေတို
့ကော ဘယ်လို ထင်ကြပါသလဲ..။
ကျမကတော့ ငါးတန်းကျောင်းသူ တူမလေးရဲ့  ချက်ကြလက်ကြ ပြောလိုက်တဲ့  စကားလေးကိုပဲ
ကြားယောင်နေပါတယ်..။
“ သမီးလဲ..ဒီစာကြီးကို
သင်ရတာမကြိုက်ပါဘူး..။ပညာလိုချင်လို့  ရူးချင်ယောင် သွပ်ချင်ယောင်ဆောင်ရင်
အရူးပညာပဲ
ရမှာပေါ့ နော်.”.တဲ့  ။ ။
No comments:
Post a Comment