Monday, March 10, 2014

ရွာ့ပြင်မှာပဲ နေတော့မယ်

အုတ်အရောရော ကျောက်အရောရောထဲမှာ ဖုတ်(ဖုန်) တသောသော ဂဲ(ခဲ) တသောသော နဲ့  မနေချင်တော့ပြီ ငါ့ ဖာသာ ရွာ့ ပြင်မှာပဲ နေတော့မယ်.. ဖောက်ပြန်တဲ့  အထောက်အကန်တွေ နဲ့ လဲ မရပ်တည်ချင်တော့ပြီ ငါ့ ဖာသာ ရွာ့ပြင်မှာပဲ နေတော့မယ်... စဉ်းလဲတဲ့  အသင်းအတွဲ တွေထဲလဲ မ၀င်ဆန့် လိုတော့ပြီ ငါ့ ဖာသာ ရွာ့ပြင်မှာပဲ နေတော့မယ်... ရွာ့ပြင်မှာ မုသာဝါဒ ညှော်နံ့ ကင်းတယ် အဘအဘ နဲ့  ဦးတစောက် စောက် . ဒူးထောက်တဲ့ သူတွေလဲကင်းတယ် ပေါင်းစားတဲ့  သူတောင်စားတွေ နဲ့ လဲ မျက်စိမနောက်ဘူး လူရာဝင်ချင်လို့ စင်ပေါ်အတင်းတက်.တဲ့ .. .ငါးဖျင်းသလက်တွေလဲမရှိ ဘာဘာညာညာ လှိုင်းကြီးလေထန်. .အော့ကြောလန်တွေလဲ ဝေး အေးဆေးပဲ ငါ့ ဖာသာ ရွာ့ပြင်မှာပဲ နေတော့မယ်..။ ။

No comments:

Post a Comment