Tuesday, September 8, 2015

နိုင်ငံရေးဆည်ကြီးက ကျိုးလုကျိုးခင်

နိုင်ငံရေးရေကြီးတယ်.
.နိုင်ငံရေး.ချောင်းရေ...မြစ်ရေလျှံတယ် ဆိုတော့
နိုင်ငံရေးဒိုက်တွေ နိုင်ငံရေးအမှိုက်တွေ
နိင်ငံရေးရေပေါ်မှာ ပေါလောပေါလောပေါ့
နိုင်ငံရေးပလစ်စတစ်တွေစတွေ.
နိုင်ငံရေး.ကြွပ်ကြွပ်အိတ်စတွေ
 အနာဂတ်နိုင်ငံရေးကလေးငယ်တွေအတွက် .
.တကယ့်နိုင်ငံရေးကပ်ဆိုးပေါ့ ဘာပဲဖြစ်ဖြစ်.
.တို့တွေအဲဒီနိုင်ငံရေးရေဘေးထဲမှာ
 ရွေးချယ်စရာမရှိ..
နစ်နေတယ်
 နိုင်ငံရေးရေဘေးဒုက္ခသည်တွေပေါ့
နိုင်ငံရေးဆည်ကြီးကလည်း..
တာရိုးကျိုးလုခင်ခင်..

No comments:

Post a Comment